← Chapters

အခန်း (၈၇၀)

Vol. 58 Ch. 870

အခန်း (၈၇၀)

Vol. 58 Ch. 870

ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်မှာ နင်ချန်က ကမ္ဘာဖျက်လျှပ်စီးအား ကမ်းပေးသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ပို၍ပို၍ပြင်းထန်စွာတုန်ခါလာသည်။ ယခုသူတို့က တစ်သားတည်းဖြစ်နေသောကြောင့် ကောင်းကင်မီးတောက်အနေဖြင့် ပို၍ပို၍စိတ်လှုပ်ရှားသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

တစ်ချိန်တည်း၌ နင်ချန်၏လက်ထဲရှိကမ္ဘာဖျက်လျှပ်စီးကလည်း ပို၍ပြင်းထန်စွာအပြင်းအထန်စတင်ရုန်းကန်လာသည်။ ၎င်းတို့နှစ်ခုလုံးက ကောင်းကင်အဆင့်မီးတောက်များဖြစ်ကြသည်။ သွေးနီရောင်မီးတောက်က ၎င်းအားအာရုံခံနိုင်သလို ၎င်းကလည်း သွေးနီရောင်မီးတောက်ကိုအာရုံခံနိုင်သည်ဖြစ်သည်။

ကောင်းကင်မီးတောက်တစ်ခုအား ပိုင်ဆိုင်ထားသော ဤလူ၏လက်အတွင်းသို့ကျရောက်သွားလျှင် ဖြစ်ပျက်လာမည့်အရာကို ကမ္ဘာဖျက်လျှပ်စီးအနေဖြင့်ကောင်းကောင်းသိသည်ဖြစ်သည်။

၎င်းက သွေးနီရောင်မီးတောက်ဆင့်ကဲတိုးတက်လာဖို့အတွက် စွမ်းအင်ဖြစ်လာလိမ့်မည်ဖြစ်ပြီး လုံးဝသုတ်သင်ခံရလိမ့်မည်ဖြစ်သည်။

“မဟုတ်ဘူး..မဟုတ်ဘူး. ငါတောင်းပန်ပါတယ်.. ငါ့အသက်ကိုမင်းကိုနှင်းအပ်မယ်လို့ငါတောင်းပန်ပါတယ်.ငါဒီဘဝတစ်လျှောက်လုံး မင်းကို လုံးဝမဆန့်ကျင်ပါဘူး”

ကမ္ဘာဖျက်မီးတောက်က နင်ချန်အားအသနားခံသည့်လေသံဖြင့်ပြောသည်။

ဤအချိန်တွင်ရှစ်ဖုန့်ကသူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး နင်ချန်ကိုပြောလိုက်သည်။

“အောင်းလိုင်ရှင်းက မင်းရဲ့ အကျဉ်းသားပဲ..ဒီကောင်းကင်မီးတောက်ကို မင်းဆန္ဒရှိသလိုကိုင်တွယ်နိုင်တယ်.. ဒါမှမဟုတ် မင်းဆရာကို ခွင့်လွှတ်ပေးတဲ့အတွက် လက်ဆောင်အနေနဲ့ဆက်သနိုင်တယ်”

“ကောင်လေး. မင်းကမိုက်မဲတာပဲ”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် သွေးနီရောင်မီးတောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

“တိတ်စမ်း.ခင်ဗျားကအခုဒီသခင်လေးရဲ့ဒန်တန်ပဲ. ဘယ်လိုလုပ်ရမယ်ဆိုတာကို ဒီသခင်လေးကိုလာပြီး သင်ပေးနေစရာမလိုဘူး”

ရှစ်ဖုန့်ကကောင်းကင်မီးတောက်အားသူ၏ ဝိညာဉ်စွမ်းအားဖြင့်အေးစက်စွာအော်ပြောလိုက်သည်။

“ဆရာ့ကိုဆက်သရမယ်”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်နင်ချန်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူ၏မျက်နှာကပျော်ရွှင်မှုဖြင့်အရောင်လက်သွားသည်။ သူကရှစ်ဖုန့်ကိုလျှင်မြန်စွာကျေးဇူးတင်စကားဆိုလိုက်၏။

“ ဘိုးဘေးရဲ့ ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်”

သူနှင့်သူ့ဆရာ၏ကြားထဲမှ ကိစ္စအတွက် အကယ်၍ ဘိုးဘေးကသာသူ့အတွက်ကြားဝင်ပေးပြီး ဆရာ့အတွက်ဤကောင်းကင်မီးတောက်နှင့် သာဆိုလျှင် သူ့ဆရာသူ့ကိုခွင့်လွှတ်ပေးမည့်အခွင့်အရေးက အနည်းငယ်မြင့်တက်လာလိမ့်မည်ဖြစ်သည် ။

ထို့နောက်ရှစ်ဖုန့်ကနင်ချန်၏လက်ထဲ ရှိအောင်းလိုင်ရှင်းကိုထပ်မံကြည့်လိုက်သည်။ အောင်းလိုင်ရှင်း၏ရင်ဘက်က ထွင်းဖောက်ခံထားရ၏။ သူကမသေသေးသော်လည်းလတ်ဆက်သောသွေးများကရင်ဘက်မှ ပန်းထွက်နေဆဲဖြစ်သည်။

ရှစ်ဖုန့်၏ညာလက်က လက်သည်းတစ်ခုအဖြစ်ပုံဖော်သွားပြီး အောင်းလိုင်ရှင်းအားရုတ်ခြည်းစုပ်ယူလိုက်သည်။ ရှစ်ဖုန့်၏ အပြုအမူအားမြင်ရသောအခါတွင် နင်ချန်က အောင်းလိုင်ရှင်းကိုလွှတ်ပေးလိုက်သည်။ အောင်းလိုင်ရှင်းမှာရှစ်ဖုန့်၏ရှေ့သို့ ချက်ချင်းစုပ်ယူခံလိုက်ရ၏။ ရှစ်ဖုန့်၏လက်သည်းကအောင်းလိုင်ရှင်း၏ ရင်ဘက်ကို ထွင်းဖောက်သွားသည်။

“အား”

အောင်းလိုင်ရှင်းက နောက်တစ်ကြိမ် နာကျင်မှုအပြည့်ဖြင့်ဟစ်အော်လိုက်သည်။

ထို့နောက် သူ၏ကိုယ်အတွင်းရှိသွေးတို့က စတင်ပြင်းထန်စွာဆူပွက်လာပြီး သူ၏ရင်ဘက်၌ စုစည်းလာကြောင်းအောင်းလိုင်ရှင်း သဘောပေါက်လိုက်သည်။ သူ၏ကိုယ်အားဖြတ်သန်း၍ နှို်ငးယှဉ်ဖော်ပြ၍ မရနိုင်သော နာကျင်မှုက ပြန့်နှံ့လာသည်။

“ယိုမင်.. မင်း.မင်း.. ငါမင်းကိုမုန်းတယ်. အရင်က ငါတို့မင်းကိုရှင်းရှင်းလင်းလင်းသတ်ခဲ့ပြီး မင်းရဲ့ဝိညာဉ်ကအစိတ်စိတ်အမွှာမွှာပြိုကွဲသွားတယ်.. မင်း..မင်းဘာလို့ပြန်လာခဲ့တာလဲ.. ဘာလို့မင်းသေပြီးမှ ပြန်လာခဲ့တာလဲ..”

အောင်းလိုင်ရှင်းကလက်သင့်မခံနိုင်မှု၊နာကျင်မှု၊ဒေါသတရားတို့ဖြင့် ဟစ်အော်နေသည်။

သူတို့ယခင်က အပင်ပန်းခံကာသတ်ဖြတ်ခဲ့သောသူက ယခုကမ္ဘာပေါ်သို့ပြန်လည်ရှင်သန်ရောက် ရှိလာပြီး သူတို့ကိုသတ်တော့မည်ဖြစ်သည်။

ထို့နောက်အောင်းလိုင်ရှင်း၏ ကိုယ်နှင့် မလိုမုန်းထားသောမျက်နှာတို့က လျှင်မြန်စွာရှုံ့တွလာသည်။ သူကခြောက်သွေ့သော အလောင်းတစ်ခုအဖြစ်ပြောင်းလဲသွားသော်လည်း သူ၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေဆဲဖြစ်သည်။ သူကနာကြည်းချက်တို့ဖြင့် သေဆုံးသွားရသည်မှာရှင်းလင်းသည်ဖြစ်သည်။

အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ် နယ်ပယ်ဖြစ်သူ မိုးကြိုးဧကရာဇ်အောင်းလိုင်ရှင်းတစ်ယောက် ကျဆုံးသွားပြီဖြစ်သည်။

အောင်းလိုင်ရှင်း၏ သေခြင်းစွမ်းအင်နှင့် သွေးတို့အား ဝါးမျိုပြီးနောက် ရှစ်ဖုန့်က အလွယ်တကူ လွှတ်ပေးအုံးမည်မဟုတ်ပေ။ သူ၏ ဘယ်လက်ကလက်သည်းတစ်ခုဖြစ်သွားပြီး ဘန်းဟူသောအသံတစ်ခုနှင့်အတူ အောင်းလိုင်ရှင်း၏ ဦးခေါင်းက ပေါက်ကွဲသွားသည်။ သူ၏လက်အတွင်း၌ ထွင်းဖောက်မြင်ရသော ဝိညာဉ်တစ်ခုကို ဖမ်းဆီးထား၏။

“ဝုန်း”

ရှစ်ဖုန့်၏ဘယ်လက်၌သွေးနီရောင်မီးတောက်တစ်ခုတောက်လောင်လာသည်။ ၎င်းကလွန်စွာအေးစက်သော အအေးဓာတ်အော်ရာတစ်ခုကိုထုတ်လွှတ်ပြီး အောင်းလိုင်ရှင်း၏ဝညာဉ်ကိုလောင်ကျွမ်းနေ၏။

“အား..အား.အား.အား.အား”

ထို့နောက်သွေးနီရောင်မီးတောက်အတွင်းမှ မချိမဆံ့ဟစ်အော်သံတို့တစ်လှိုင်းပြီးတစ်လှိုင်းထွက်လာ၏။ သူ၏ကာယခန္ဓာကိုယ်က သေဆုံးသွားပြီဖြစ်သော်လည်း အောင်းလိုင်ရှင်း၏ ဝိညာဉ်ကတော့ သွေးနီရောင်မီးတောက်၏ လောင်ကျွမ်းမှုကိုမချိမဆံ့ခံနေရဆဲဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏လက်၌သွေးနီရောင် အလင်းတစ်ခုလင်းလက်သွားသည်။ ကောင်းကင်မီးတောက်နှင့် ဝိညာဉ်တို့က ပျောက်ကွယ်သွားပြီး ရှစ်ဖုန့်၏သွေးကျောက်ပြားအတွင်းစုပ်ယူခံလိုက်ရသည်။

ရှစ်ဖုန့်က ငရဲဘုံဘုံနန်းသို့မပြန်ရသေးသောကြောင့် ဤအမှိုက်ဧကရာဇ်နယ်ပယ်အားသွေးကျောက်ပြားအတွင်း၌ ကောင်းကင်မီးတောက်၏လောင်ကျွမ်းမှုဝေဒနာကိုခံစားခိုင်းမည်ဖြစ်သည်။

ငရဲဘုံဘုံနန်းသို့ပြန်လည်ရောက်ရှိသောအခါတွင်ကား တစ္ဆေတစ်သောင်း၏ကိုက်ခဲမှုကိုခံရ လိမ့်မည်ဖြစ်၏။

“ငါယိုမင်ကိုဆန့်ကျင်ရဲတဲ့ဘယ်သူမဆို သူတို့ကိုမလွှတ်ပေးဘူး. အဆတစ်ထောင်ပြန်ပေးဆပ်ရအောင်လုပ်ပစ်မယ်”

“အရင်တုံးကငါ့ကိုလုပ်ကြံခဲ့တုံးက အမှိုက်နှစ်ကောင်တော့ ဝဋ်လည်သွားပြီ.. အလင်းစီရင်စုက ကသုံးယောက်နဲ့ဘယ်ကမှန်းမသိတဲ့ ဆံနီအဘိုးကြီးအပါအဝင် အခုကိုးယောက်ကျန်သေးတယ်.. ဒီအရှင်ကို စောင့်နေကြစမ်းပါ.. မကြာခင် မင်းတို့တွေတစ္ဆေတစ်သောင်းကိုက်ခဲတာကိုခံရဖို့သိပ်ပြီးမလိုတော့ဘူး”

ရှစ်ဖုန့်ကအေးစက်စွာ ရေရွတ်လိုက်သည်။

ယမန်နေ့က ရင်ဖိုစရာကိုကြုံတွေ့ပြီးနောက် သူ့အနေဖြင့်အကျိုးအမြတ်များစွာရရှိခဲ့သည်။ မွန်းစတားမျိုးနွယ်စု၏ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရွှမ်း လက်နက်ဖြစ်သောကောင်းကင်မွန်းစတားဓား ကိုရရှိခဲ့ရုံသာမက အောင်းလိုင်ရှင်း၏ သေခြင်းစွမ်းအင်နှင့်သွေးတို့အား ဝါးမျိုပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းအားလည်းကြီးစွာတိုးတက်လာပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့အဆင့်ချိုးဖျက်ရန်လိုအပ်သောစွမ်းအင်၏သုံး

ပုံနှစ်ပုံသို့လည်းရောက်ရှိလာပြီဖြစ်သည်။

သူကငရဲဘုံကိုးခု ဧကရာဇ် ဘဝက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှင့်သိပ် မဝေးတော့ပေ။ ကမ္ဘာကြီး၏အသန်မာဆုံးပုဂ္ဂိုလ်က ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်သည်။

သိပ်မကြာခင်သူတို့သို့တစ်ယောက်ပြီး တစ်ယောက်တစ်ရှိန်ထိုးလာနေသော အဝေးရှိကောင်းကင်အတွင်းမှ ပုံရိပ်များကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ပထမဆုံးရောက်ရှိလာသူကသူ၏ ဒုတိယတပည့်ဖြစ်သူ မိုရှောင်ယောင်ဖြစ်သည်။

သူ၏နောက်၌ မြဲ့ထျန်း၊အန်းချီနှင့် လင်ယဲ့ဖုန်းတို့ပါလာသည်။

သိပ်မကြာခင် တစ္ဆေစစ်သူကြီးရှစ်ဦး၊ တစ္ဆေစစ်သည်များနှင့်အမှောင်စီရင်စုမှစစ်တပ်ကြီးလည်းရောက်ရှိလာသည်။

သို့သော် နင်ချန်နှင့်ကွေ့ဟွမ်ကဲ့သို့၎င်းတို့အနေဖြင့်မည်သည်အကျဉ်းသားကိုမှ မဖမ်းဆီးနိုင်ခဲ့ပေ။ ကျန်နေသော ဧကရာဇ်နယ်ပယ်များက အဆုံး၌ထွက်ပြေးလွတ်မြောက်သွားကြပုံပေါ်သည်။

“ဆရာ”

မိုရှောင်ယောင်ကရှစ်ဖုန့်၏ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဆံနီအဘိုးကြီးနောက်ကိုကျွန်တော်လိုက်ဖမ်းခဲ့ပေမဲ့ အဆုံးသတ်မှာ သူကထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်”

“ကိစ္စမရှိဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“မနေ့ညကတိုက်ပွဲက ငါတို့အတွက် လုံးဝကိုနိုင်ပွဲရတာပဲ. နင်ချန်ဖမ်းလာတဲ့အောင်းလိုင်ရှင်းကငါသတ်တာကိုခံလိုက်ရပြီ. ကွေ့ဟွမ်ကလည်း လင်မိသားစုရဲ့ကျွမ်းကျင်သူ လင်စန်ကိုဖမ်းခဲ့ပြီး အနာဂတ်မှာအသုံးချဖို့သွေးကျောက်ပြားထဲထည့်ထားတယ်.. မွန်းစတားဧကရာဇ်ရဲ့သား ယောင်ဟွမ်ကလည်းအသတ်ခံလိုက်ရပြီ”

“ဆရာ”

လင်ယဲ့ဖုန်းကရှစ်ဖုန့်၏ဘေးသို့ တစ်ဟုန်ထိုးလာပြီးအော်ပြောလိုက်သည်။

လင်ယဲ့ဖုန်းရောက်လာသောအခါတွင်နင်ချန်၏မျက်နှာထက်၌ရုတ်ခြည်း မျှော်တလင့်လင့်ဖြစ်သောအမူအယာတစ်ခုဖြစ်ပေါ်လာပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။

နင်ချန်၏အကြည့်အားသတိပြုမိသောအခါတွင် ရှစ်ဖုန့်ကပြုံးလိုက်သည်။ နင်ချန်၏ရည်ရွယ်ချက်ကိုသူမြင်နိုင်သည်ဖြစ်သည်။ သူ၏မြေးတပည့်က အကြိမ်ကြိမ်အနည်းငယ်ပုံမှန်မဟုတ်စွာ ထူးခြားသော်လည်း သူ့အားသိုင်းပညာသင်ပေးခဲ့သော လင်ယဲ့ဖုန်း၏ကြင်နာမှုကို တကယ်အမှတ်ရသူဖြစ်သည်။

“ယဲ့ဖုန်း”

ရှစ်ဖုန့်ကလင်ယဲ့ဖုန်းအားကြည့်၍အော်ပြောလိုက်သည်။

“တပည့်ရှိပါတယ်”

လင်ယဲ့ဖုန်းက ချက်ချင်းသူ၏လက်သီးနှစ်ဖက်ကိုဆုပ်၍ ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။

“နင်ချန်က မင်းနဲ့သူနဲ့ကြားထဲကကိစ္စအကြောင်းကိုငါ့ကိုပြောပြီးသွားပြီ. အဲ့ကတည်းကနှစ်ပေါင်းများစွာကြာပြီး ငါတောင်ပြန်လည်မွေးဖွားလာခဲ့ပြီးပြီ. အဲ့တာကိုနှလုံးသားထဲထားမနေနဲ့တော့ ဟုတ်ပြီလား”

ရှစ်ဖုန့်ကတောင်းဆိုလိုက်သည်။

“ဒါက…”

ရှစ်ဖုန့်၏စကားအားကြားသောအခါတွင် လင်ယဲ့ဖုန်း၏မျက်နှာထက်၌တုန့်ဆိုင်း မှုဖြစ်ပေါ်လာသည်။ သူကနင်ချန်ကိုလှည့်ကြည့်လိုက်ပြီး နင်ချန်၏မျက်နှာထက်၌ မျှော်တလင့်လင့်ဖြစ်မှုကိုသာမြင်တွေ့ရသည်။

ထို့နောက်လင်ယဲ့ဖုန်းကရှစ်ဖုန့်အားကြည့်ပြီးပြောလိုက်သည်။

“ ဆရာကတပည့်ကို ဒီတပည့်မိုက်အပေါ်မှာခွင့်လွှတ်ပေး စေချင်မှတော့ ဒီတပည့်သူ့ကိုခွင့်လွှတ်ပေးပါ့မယ်.. ဒါပေမဲ့ သူဆရာ့ကို မလေးမစားပြုလုပ်ရဲတဲ့တစ်နေ့ တပည့်သေချာပေါက်သူ့ကို တပည့်ရဲ့လက်တွေနဲ့ကိုယ်တိုင် သတ်ပစ်မယ်”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters