← Chapters

အခန်း (၁၄၀၁)

Vol. 101 Ch. 1401

အခန်း (၁၄၀၁)

Vol. 101 Ch. 1401

သရေ ....

ဤပြိုင်ပွဲ၏ရလဒ်သည် ထိုသို့ ဖြစ်လာမည်ဟု မည်သူမှ တွေးမထားခဲ့ပေ။

ကျန်းယောင်ရန်နှင့် အရူးလော့တို့ ထွက်သွားသောအခါ လူတိုင်းက ကောင်းကင်တွင်ရှိသော ရတနာများကို ကြည့်လိုက်ကြသည်။

လူအများက လောင်းကြေးထပ်ထားကြသည်။

ပုံမှန်အတိုင်းဆိုလျှင် အနိုင်ရသူနှင့် ရှုံးနိမ့်သူ ပေါ်ထွက်လာမည်။ မည်သူမှ အပြစ်တင်ပြောဆိုမည်မဟုတ်ပေ။

သို့သော် ယခု သရေဖြစ်နေသည်။

ထို့ကြောင့် လူတိုင်းက ဆုံးရှုံးသွားသည်ဟု ပြောနိုင်သည်။

လောင်းကြေးများအားလုံးသည် ရှန့်ကွမ်းချင်ဆီသို့ ရောက်သွားသည်။ ဒိုင်က စားတော့မည်။

အမှန်အတိုင်းပြောရလျှင် ရှန့်ကွမ်းချင်ကိုယ်တိုင်ကပင် ထိုရလဒ်မျိုးကို မျှော်လင့်မထားခဲ့ပေ။

မရေမတွက်နိုင်သော အကြည့်များက သူ့ဆီသို့ ရောက်လာကြသည်။

ရှန့်ကွမ်းချင်က စဉ်းစားကြည့်လိုက်ပြီး စင်မြင့်ကို ကြည့်သည်။

“တာအိုရောင်းရင်းရွှင်၊ မင်းတို့က ဒီပြိုင်ပွဲကို စတင်ခဲ့ကြတယ်။ မင်းအမြင်မှာ ဒီတစ်ပွဲကို ထည့်တွက်သင့်လား”

ရှန့်ကွမ်းချင်၏အသံ ပေါ်ထွက်လာသည်။

‘ဒီတစ်ပွဲကို ထည့်တွက်မှာလား’

ရွှင်ချူးယွင်က ကောင်းကင်အား အရောင်သန်းနေစေသော ရတနာများကို ကြည့်လိုက်သည်။

ထောင်ချီသော ကမ္ဘာဦးအဆင့်ရတနာများ ပါဝင်နေသည်။

ထိုရတနာများသည် မိသားစုကြီးခုနစ်ခုအတွက် အားကျစရာမဟုတ်‌သော်လည်း များပြားသော ကြွယ်ဝမှုတစ်ခု ဖြစ်နေသည်။

ထို့အပြင် လူတိုင်း၏ရှေ့တွင် လောင်းကြေးကို လက်ခံခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရမည်။

“ညီအစ်ကိုရှန့်ကွမ်း၊ ဒါကို ထည့်တွက်ရမှာပေါ့”

ရွှင်ချူးယွင်က ပွင့်လင်းစွာပြောသည်။

“ရွှင်မိသားစုက လောင်းကြေးကို ပြန်ယူမှာမဟုတ်ဘူး”

သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ငါးရုပ်ကို လောင်းကြေးထပ်ခဲ့သော်လည်း ပြဿနာမရှာဘဲ လက်လွှတ်နိုင်သည်။

အမှန်တကယ်ပင် ရက်ရောသည်။

သို့သော် တခြားကျင့်ကြံသူများအတွက် လောင်းကြေးဆုံးရှုံးခြင်းသည် ရင်နာရသည်။

ရှန့်ကွမ်းချင်က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

ရွှင်ချူးယွင်က ခပ်ဟဟရယ်လိုက်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ငါးရုပ်ကို စွန့်လွှတ်ပြီး ရှန့်ကွမ်းချင်၏ အထင်အမြင်ကောင်းကို ရရှိနိုင်လျှင် ထိုက်တန်သည်။

ရှန့်ကွမ်းချင်က ယုကျန်းနှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။ ထို့နောက် ဟန်မူယဲ့ကို ဆက်ကြည့်သည်။

“ဆရာဟန်ရော ဘယ်လိုထင်လဲ”

‘သူက ဘာပြောနိုင်မှာလဲ’

‘ရွှင်မိသားစုရဲ့ ရွှင်ချူးယွင်က လောင်းကြေးကို ထည့်တွက်မယ်လို့ ပြောခဲ့တယ်လေ။ သူက ဘာပြောနိုင်အုံးမှာလဲ’

“ရှန့်ကွမ်းမိသားစုက ဒီလိုကိစ္စလေးတွေကို ဂရုစိုက်နေတာလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

‘ဒီလိုကိစ္စလေးကို ဂရုစိုက်နေတာလား ....’

ထိုစကားကြောင့် တစ်ဖက်တွင်ရှိသော ရွှင်ချူးယွင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

‘ကိစ္စလေးတဲ့လား’

ရှန့်ကွမ်းချင်က အံ့အားသင့်နေပြီး ကျေနပ်စွာ ရယ်လိုက်သည်။

“ဆရာဟန်က စကားပြောကောင်းတာပဲ။ ငါ ရှန့်ကွမ်းချင်က အတွေးလွန်နေတယ်”

သူက စကားပြောလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပတ်ဝန်းကျင်တွင်ရှိသော လူအုပ်ကို ဦးညွတ်သည်။

“လောင်းကြေးထပ်ပြီးပြီဆိုတော့ ပြန်ယူလိုက်ရင်လည်း အဓိပ္ပာယ်မရှိဘူး”

“ဒါပေမဲ့ ဆရာကျန်းနဲ့ ဆရာလော့ရဲ့ ပြိုင်ပွဲကို ထည့်မတွက်တော့ဘူး”

ရှန့်ကွမ်းချင်က တည်ငြိမ်စွာပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“ဒီလောင်းကြေးတွေကို ရွှင်မိသားစုနဲ့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ နောက်ဆုံးပြိုင်ပွဲမှာ အသုံးပြုလိုက်မယ်။ လောင်းကြေးအားလုံးက နှစ်ဆ တစ်ဆပဲ။ လူတိုင်းကို ရွေးချယ်မှုပြန်ပြောင်းဖို့အတွက် အသက်ရှူကြိမ်ဆယ်ခါ အချိန်ပေးမယ်”

လောင်းကြေးပြောင်းရန် အသက်ရှူကြိမ်ဆယ်ခါ ....

ရှန့်ကွမ်းချင်၏စကားကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

လူတိုင်းက ဆုံးရှုံးသွားသောလောင်းကြေးကို ပြန်ရမည်ဟု ထင်မထားခဲ့ပေ။

သူတို့က လောင်းကြေးကို ပြန်ရလိုက်ရုံသာမက နောက်တစ်ကြိမ် လောင်းကြေးထပ်နိုင်သည်။

ထို့အပြင် လျော်ကြေးကိုလည်း နှစ်ဆ တစ်ဆအဖြစ် ပြောင်းလဲခဲ့သည်။

သူတို့က သေချာပေါက် အမြတ်ရမည်။

ရှန့်ကွမ်းမိသားစုက ကြွယ်ဝမှုကို ဝေမျှနေခြင်း ဖြစ်သည်။

‘သူတို့က တကယ်ရက်ရောတာပဲ’

‘စကြဝဠာနယ်မြေရဲ့ ထိပ်တန်းမိသားစုကြီးသုံးခု ဖြစ်သင့်ပါတယ်’

‘အခုအချိန်မှာ မသက်မသာဖြစ်နေတဲ့လူက ရွှင်ချူးယွင်ပဲ ဖြစ်လိမ့်မယ်’

‘ရွှင်မိသားစုကလည်း မိသားစုကြီးခုနစ်ခုထဲမှာ ပါပေမဲ့ ရှန့်ကွမ်းမိသားစုနဲ့ မယှဉ်နိုင်ဘူးပဲ’

‘ထိပ်တန်းအဆင့် မိသားစုကြီးသုံးခုနဲ့ အောက်အဆင့် မိသားစုကြီးလေးခုက အရမ်းကွာခြားနေတာ မထူးဆန်းတော့ပါဘူး’

အမှန်ပင်ဖြစ်သည်။

ယခုအချိန်တွင် ရွှင်ချူးယွင်က ဒေါသထွက်နေသည်။

ဟန်မူယဲ့၏ စကားတစ်ခွန်းကြောင့် ရှန့်ကွမ်းချင်က စိတ်ပြောင်းပြီး မရေမတွက်နိုင်သော ရတနာများကို စွန့်လွှတ်လိုက်သည်။

နာမည်ကောင်းရရန်အတွက် ဖြစ်သည်။

အကယ်၍ စီးပွားရေးအတွက်ဆိုလျှင် ရှန့်ကွမ်းချင်၏ လုပ်ရပ်သည် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်။

သို့သော် သူကိုယ်တိုင်က ရှန့်ကွမ်းချင်၏နေရာတွင် ရှိနေလျှင် တူညီသော ‌ရွေးချယ်မှုကိုပင် ပြုလုပ်မည်ဖြစ်ကြောင်း ရွှင်ချူးယွင်က သိနေသည်။

တစ်ခါတလေတွင် ဂုဏ်သတင်းက ကြွယ်ဝမှုထက် ပိုတန်ဖိုးရှိသည်။

ယခုအချိန်ကဲ့သို့ ဖြစ်သည်။

စွမ်းအင်အလင်းသည် တဖျပ်ဖျပ်တောက်ပနေပြီး ကောင်းကင်သည် ရတနာများဖြင့် ပြည့်နေသည်။

လောင်းကြးထပ်ထည့်သောလူ သိပ်မရှိပေ။ သို့သော် လောင်ကြေးအများအပြားက ရွှင်ချူးယွင်၏ဘက်သို့ ရောက်သွားကြသည်။

ရွှင်မိသားစု၏ အနိုင်ပွဲအတွက် ရှန့်ကွမ်းဟုန် သတ်မှတ်ထားသော ‌လျော်ကြေးသည် ၁.၂၅ဆ ဖြစ်သည်။ ရှန့်ကွမ်းချင်ပြောလိုက်သော နှစ်ဆထက် ပိုနည်းသည်။

အသက်ရှူကြိမ်ဆယ်ခါအကြာတွင် ကောင်းကင်တွင်ရှိသော ရတနာများ၏အလင်းက တည်ငြိမ်သွားသည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ဘက်တွင် ရတနာများ၏ အလင်းရောင်က မှေးမှိန်နေသည်။ ရွှင်ချူးယွင်တို့ဘက်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။

သို့သော် ထိုပမာဏသည် အထင်ကြီးလောက်သည်။

ရှန့်ကွမ်းဟုန်လက်ခံခဲ့သော လောင်းကြေးတွင် ပန်းပဲပညာရှင်အစည်းအရုံး၏ ပမာဏက မပြောပလောက်ပေ။

ရှန့်ကွမ်းချင်က ပြုံးလိုက်ပြီး ရတနာများအားလုံးကို တည်ငြိမ်အောင်ထားလိုက်သည်။ ထို့နောက် အောက်သို့ကြည့်ပြီး ပြောသည်။

“အားလုံးပဲ ဆက်လုပ်ကြပါ”

ထို့နောက် သူက ပျောက်ကွယ်သွားသည်။

ရှန့်ကွမ်းချင်ထွက်သွားသောအချိန်တွင် ရွှင်ချူးယွင်က စင်မြင့်ပေါ်သို့ တက်လာသည်။

သူက လွှမ်းမိုးနိုင်သောအငွေ့အသက်နှင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ရိုးရှင်းစွာပြောသည်။

“ဒီတစ်ခါ ငါပြိုင်မယ်”

ပန်းပဲပညာရှင်အစည်းအရုံး၏ဘက်တွင် ဟန်မူယဲ့မှလွဲ၍ တခြားလူများက တွန့်ဆုတ်နေကြသည်။

လျှို့ဝှက်ကောင်းကင်မြို့၏ ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်ပင် ရွှင်ချူးယွင်နှင့် တိုက်ရိုက်ရင်မဆိုင်ရဲကြပေ။

ရုတ်တရက်ဆိုသလိုပင် လူတိုင်းက တိတ်ဆိတ်သွားသည်။

ရွှင်ချူးယွင်က အေးစက်စွာရယ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ ပြောသည်။

“မင်းတို့ဘက်က တစ်ယောက်မှထွက်မလာဘူးဆိုရင် ငါက ရှေးခေတ်ပန်းပဲနည်းစနစ်တွေကို စိတ်ဝင်စားတယ်။ ငါတို့ ပြိုင်ကြည့်ကြမလား”

အကယ်၍ တခြားလူများ ထွက်မလာလျှင် ဟန်မူယဲ့တစ်ယောက်သာ ကျန်တော့သည်။

ထိုစကားကြောင့် ဟန်မူယဲ့၏ နောက်တွင်ရှိသော ပန်းပဲပညာရှင်အစည်းအရုံး၏ လူများက ရှက်သွားကြသည်။

“စိတ်ချပါအကြီးအကဲ။ ကျွန်တော်က ဒီပွဲမှာ မပြိုင်ဘူး”

ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းခါသည်။

“ဒါပေမဲ့ အနိုင်ရသူကို ဆုံးဖြတ်ဖို့ဆိုရင်တော့ နောက်ဆုတ်နေမှာမဟုတ်ဘူး”

အနိုင်ရသူကို ဆုံးဖြတ်မည်။

ဟန်မူယဲ့က နောက်ဆုံးပွဲတွင် သေချာပေါက် ဝင်ပါမည်ဟု ပြောနေသည်။

ရွှင်ချူးယွင်၏ မျက်လုံးများက မှေးကျဉ်းသွားသည်။

ဟန်မူယဲ့က သူ့ကို ခြိမ်းချောက်နိုင်သည်။

“ငါလုပ်လိုက်မယ်”

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်မုတ်ဆိတ်မွေးများရှိသော ရှစ်ကျန်းနန်က ခါးသီးစွာပြုံးလျက် ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် အနိုင်အရှုံးက ငါ့အတွက် သိပ်အရေးမကြီးဘူး”

သူက နောင်တများဖြင့် ခေါင်းခါပြီး တီးတိုးပြောသည်။

“ဟန်မူယဲ့က ပထမပွဲကို အနိုင်ရထားတာ နှမြောစရာပဲ”

အကယ်၍ ဟန်မူယဲ့က ပထမပွဲကို အနိုင်ရထားပြီး သူတို့က ဒုတိယပွဲကို အနိုင်ယူခဲ့လျှင် ပန်းပဲပညာရှင်အစည်းအရုံးက အောင်ပွဲရလိမ့်မည်။

အကယ်၍ ဤပွဲတွင် ရှုံးနိမ့်သွားလျှင် နောက်ဆုံးတစ်ပွဲဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်ရမည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က တတိယပွဲတွင် ဝင်ပါမည်ဟု ပြောထားသည်။

“ထားလိုက်ပါတော့။ ကျွန်မကြိုးစားကြည့်မယ်”

ရှစ်ကျန်းနန်က စင်ပေါ်သို့ တက်မသွားခင် အသံတစ်သံ ပေါ်ထွက်လာသည်။

သခင်မမူယွဲ့၏ဘေးတွင် ရပ်နေသော သခင်မ,မင်တုံက လှုပ်ရှားလိုက်ပြီး စင်မြင့်ပေါ်သို့ ရောက်သွားသည်။

“တာအိုရောင်းရင်းချူးယွင်၊ ကျွန်မကို သင်ပြပေးပါအုံး”

သူမက ရှားပါးသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ဦးဖြစ်ပြီး လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်ထဲတွင် ပါဝင်သည်။

သူမက အလွန်နာမည်ကြီးသည်။

ယခု သခင်မ,မင်တုံက စင်မြင့်ပေါ်သို့ ရောက်လာသောကြောင့် လူအများက ထိတ်လန့်စွာ အသံပြုမိပြီး စောင့်စားနေကြသည်။

အကယ်၍ သူမက ရွှင်ချူးယွင်ကို အနိုင်ရသွားလျှင် အလွန်ကျေနပ်စရာကောင်းလိမ့်မည်။

လျှို့ဝှက်ကောင်းကင်မြို့တွင်ရှိသော လူတိုင်း၏သဘောထားက အလိုလျောက် ပြောင်းလဲသွားသည်။

အစပိုင်းတွင် ဟန်မူယဲ့က ဆရာသခင်ယွင်ကျီနှင့် ယှဉ်ပြိုင်ခဲ့သည်။ လူတိုင်းက ရွှင်မိသားစုနှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ ပြိုင်ပွဲဟုသာ မြင်ခဲ့သည်။

သို့သော် ကျန်းယောင်ရန်နှင့် အရူးလော့တို့ ယှဉ်ပြိုင်ခဲ့သောအချိန်တွင် အင်အားစုနှစ်ခု၏ အားပြိုင်မှုက ကျိုးပျက်သွားသည်။

သူတို့၏ ပြိုင်ပွဲမဟုတ်တော့ဘဲ ပန်းပဲပညာရှင်များ၏ စည်းဝေးပွဲ ဖြစ်နေသည်။

စောင့်ကြည့်နေသော ပန်းပဲပညာရှင်များ၏အမြင်တွင် အနိုင်အရှုံးသည် အရေးမပါပေ။ ယနေ့တွင် အကြီးမားဆုံးအကျိုးအမြတ်သည် သူတို့အတွက် ဖြစ်သည်။

အဆင့်မြင့်ကျွမ်းကျင်သူများ၏ လက်နက်သန့်စင်ခြင်းကို မျက်မြင်ကြုံတွေ့နိုင်သည်။

မည်သို့ပင်ဖြစ်စေ ထိုအခွင့်အရေးမျိုးကို ပန်းပဲပညာရှင်အစည်းအရုံးက ဖော်ထုတ်ပေးခဲ့သည်။

ထို့အပြင် ဟန်မူယဲ့၏စကားကြောင့် ရှန့်ကွမ်းချင်က လောင်းကြေးများကို လက်လွှတ်ခဲ့သည်။

ထိုအရာသည် ထိတွေ့ကိုင်တွယ်နိုင်သော အကျိုးအမြတ် ဖြစ်သည်။

ယခုအချိန်တွင် ပန်းပဲပညာရှင်အစည်းအရုံးက ကောင်းမွန်သည်ဟု လူတိုင်းက ထင်လာကြသည်။

ယခု သခင်မ,မင်တုံက ရွှင်ချူးယွင်နှင့် ယှဉ်ပြိုင်တော့မည်။ လူအများအပြားက သခင်မ,မင်တုံကို အားပေးချင်ကြသည်။

ထို့နောက် သခင်မ,မင်တုံ အနိုင်ရလျှင် သူတို့၏ လောင်းကြေးများ ဆုံးရှုံးမည်ကို တွေးမိပြန်သည်။

အချိန်တစ်ခုကြာသည်အထိ လူတိုင်းက တွေဝေနေကြသည်။

“မင်တုံ”

ရွှင်ချူးယွင်က ရှေ့တွင်ရှိသော သခင်မ,မင်တုံကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ကောင်းပြီ။ အဲဒါဆိုရင် ငါ့ကိုစိန်‌ခေါ်ဖို့ အခွင့်အရေးပေးလိုက်မယ်”

သူက ထိုသို့ပြောလိုက်ပြီး လက်မြှောက်သည်။ မီးတောက်များသည် သူ့ရှေ့တွင် ပေါ်ထွက်လာကြသည်။

သခင်မ,မင်တုံကလည်း နတ်ဘုရားအလင်းကို ထုတ်လွှတ်သည်။

ဟန်မူယဲ့က ရွှင်ချူးယွင်၏ရှေ့တွင်ရှိသော မီးတောက်များကို ကြည့်လိုက်သည်။

အဆင့်မြင့်သော နတ်ဘုရားမီးတောက် ဖြစ်သည်။

မီးတောက်ကို ထိန်းချုပ်ထားသော နည်းလမ်းသည် စကြဝဠာနယ်မြေ၏ ဝိညာဉ်အလွှာနည်းစနစ် ဖြစ်သည်။ ထိုနည်းစနစ်တွင် နတ်ဘုရားမီးတောက်ကို ၁၀၈လွှာအဖြစ် ခွဲထုတ်နိုင်သည်။ အလွှာတိုင်းတွင်ရှိသော အပူချိန်သည် မတူညီကြပေ။

သို့သော် ဟန်မူယဲ့က တခြားအရာကိုလည်း မြင်နေရသည်။

“စည်းမျဉ်းတွေ”

“ကောင်းကင်နဲ့မြေကြီး”

မီးတောက်များသည် ကောင်းကင်နှင့်မြေကြီး ဖြစ်လာပြီး အထဲတွင်ရှိသော စည်းမျဉ်းများသည် အနည်းငယ် ပြောင်းလဲသွားသည်။

အလွှာ ၁၀၈ခုကို ဖြတ်သန်းပြီးသောအခါ စည်းမျဉ်းများသည် အလွန်ပြောင်းလဲသွားသည်။

ထိုအပိုင်းတွင် ရွှင်ချူးယွင်၏ မီးတောက်နှင့်ပတ်သတ်သော နားလည်နိုင်စွမ်းကို စိတ်ကူးမကြည့်နိုင်ပေ။

သူ၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း ကျန်းယောင်ရန်နှင့် ယှဉ်နိုင်လိမ့်မည်။

သူက စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။

သခင်မ,မင်တုံ၏ မီးတောက်များက ရွှင်ချူးယွင်ထက် အနည်းငယ် မှိန်ဖျော့နေသည်။

သို့သော် သခင်မ,မင်တုံက တိကျမှုကို အသားပေးသည်။ သူမက ဝိညာဉ်သတ္တုများကို အတိအကျ စိတ်ပိုင်းပြီး ခွဲထုတ်သည်။ သူမက လုပ်ဆောင်ချက်တိုင်းတွင် အားစိုက်ထားသည်။

“သွမ်ထျန်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့ နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်းရဲ့ နည်းစနစ်ပဲ။ ဒါပေမဲ့ လျှို့ဝှက်ကောင်းကင်မြို့ရဲ့ နည်းလမ်းတွေ ပိုများတယ်”

ဟန်မူယဲ့က သခင်မ,မင်တုံ၏ နည်းလမ်းများမှတစ်ဆင့် စကြဝဠာနယ်မြေ၏ ပန်းပဲပညာရပ်အမွေအနှစ်ကို မြင်ခဲ့ရသည်။

All Chapters