← Chapters

အခန်း (၁၄၀၂)

Vol. 101 Ch. 1402

အခန်း (၁၄၀၂)

Vol. 101 Ch. 1402

အားကောင်းသော ပန်းပဲပညာရှင်အများစုသည် သခင်မ,မင်တုံကဲ့သို့ ဖြစ်သည်။

အစပိုင်းတွင် ကိုယ်ပိုင်အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး တခြားနည်းစနစ်များကို ပေါင်းထည့်သည်။ ထို့နောက် ကိုယ်ပိုင်ဉာဏ်အလင်းဖြင့် အသုံးပြုသည်။

သို့သော် သခင်မ,မင်တုံက ကိုယ်ပိုင်ဉာဏ်အလင်းတွင် လိုအပ်နေသေးသည်။ သူမ၏ အသေးစိတ်ထိန်းချုပ်မှုက မလုံလောက်သေးပေ။

စင်ပေါ်တွင်ရှိသော လူနှစ်ယောက်လုံးက မတူညီသော ပစ္စည်းများကို သန့်စင်နေကြသည်။

သခင်မ,မင်တုံက ဆံထိုးတစ်ခုကို ဖန်တီးနေသည်။ ရွှင်ချူးယွင်ကတော့ ဓားမော့တစ်လက်ကို သန့်စင်ခဲ့သည်။

အောက်တွင်ရှိသော လူတိုင်းက အသက်ရှူအောင့်ထားပြီး သေချာကြည့်နေကြသည်။

စင်မြင့်ပေါ်တွင်ရှိသော လူနှစ်ယောက်လုံးက ထူးခြားသော ကျွမ်းကျင်မှုကို ပြသနေသည်။ တစ်ယောက်က မီးတောက်ကို ကောင်းမွန်စွာ ထိန်းချုပ်ထားပြီး နောက်တစ်ယောက်က တိကျမှုကို အသားပေးသည်။

ယေဘုယျအားဖြင့် ပြောရလျှင် လျှို့ဝှက်ကောင်းကင်မြို့တွင် ပန်းပဲပညာရပ်အတွက် ပထမဆုံးအချက်သည် မီးထိန်းချုပ်မှု ဖြစ်သည်။

မီးတောက်က သန်မာလေ ပန်းပဲပညာရပ်က အားကောင်းလေ ဖြစ်သည်။

ဒုတိယအချက်သည် တိကျမှု ဖြစ်သည်။

တိကျမှုမြင့်မားလေ ရတနာက အားကောင်းလေ ဖြစ်သည်။

သတ္တုကိုလည်း ရွေးချယ်ရသည်။ သို့သော် အဆင့်မြင့်သတ္တုများအား ရွေးချယ်မှုသည် အခြေခံကျပြီး ရိုးရှင်းသောကြောင့် လွယ်ကူသည်ဟု ပြောနိုင်သည်။

မည်သို့ပင်ဖြစ်စေ စင်မြင့်ပေါ်တွင်ရှိသော လူနှစ်ယောက်သည် ပန်းပဲပညာလမ်းစဉ်၏ အဓိကအချက်နှစ်ခုကို အသုံးပြုနေသည်။

သူတို့၏ ယှဉ်ပြိုင်မှုသည် အမှန်ပင် မျက်စိဖမ်းစားနိုင်သည်။

ဟန်မူယဲ့က စင်မြင့်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

သူတို့၏ ပြိုင်ပွဲကို စောင့်ကြည့်ပြီး အကျိုးအမြတ်တချို့ ရခဲ့သည်။

ဥပမာအနေဖြင့် ရွှင်ချူးယွင်၏ မီးတောက်အလွှာနည်းစနစ်ကို အတုယူနိုင်သည်။

သူက အနန္တတာအိုမီးတောက်ကို ပိုင်ဆိုင်ထားသည်။

ထိုနတ်ဘုရားမီးတောက်များသည် အနည်းငယ်စီ ကွာခြားကြသည်။

အကယ်၍ သူက ထိုနတ်ဘုရားမီးတောက်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး နတ်ဘုရားမီးတောက်နယ်မြေကို ဖန်တီးခဲ့လျှင် နတ်ဘုရားလက်နက်များကို တိုက်ရိုက် သန့်စင်နိုင်လိမ့်မည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့က ခရမ်းနေမင်းမီးပြင်းဖို၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

အံ့ဖွယ်ကိုးပါးတောင်တွင်ရှိ‌သော သူ၏ ဝိညာဉ်ကိုယ်ပွားသည် ထိုသို့ ရည်ရွယ်ခဲ့ပုံရသည်။

သို့သော် ထိုနတ်ဘုရားနယ်မြေမျိုးကို လူတစ်ယောက်တည်းက မထိန်းချုပ်နိုင်ပေ။

သူ၏ တွက်ချက်မှု မှန်ကန်လျှင် အံ့ဖွယ်ကိုးပါးတောင်သည် ခရမ်းနေမင်းမီးပြင်းဖိုကို အသုံးပြု၍ တခြားရတနာများကို သန့်စင်ခဲ့လိမ့်မည်။

ဟန်မူယဲ့၏ ဝိညာဉ်ကိုယ်ပွားက တစ်ယောက်တည်း လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ အံ့ဖွယ်ကိုးပါးတောင်တစ်ခုလုံး ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လျန်ထျန်းဂိုဏ်းလည်း ပါဝင်နေလိမ့်မည်။

ဟန်မူယဲ့က စင်မြင့်ပေါ်တွင်ရှိသော မီးတောက်များကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူက ကိုယ်ပွားကြောင့် နားလည်မှုလွဲသွားကြောင်း နားလည်ခဲ့သည်။

နတ်ဘုရားလက်နက်ခုနစ်ခုကို ကိုယ်ပွားက တစ်ယောက်တည်း ဖန်တီးခဲ့ခြင်းမဟုတ်ပေ။

ထိုလက်နက်များကို လျန်ထျန်းဂိုဏ်း၊ သွမ်ထျန်းဂိုဏ်း၊ နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်းနှင့် ရှေးခေတ်ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ နည်းလမ်းများကို အသုံးပြုပြီး ဖန်တီးခဲ့သည်။

ထိုရတနာခုနစ်ခုသည် ရှေးခေတ်၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ထုတ်ရန် အဓိကကျသော ပစ္စည်းများ ဖြစ်နိုင်သည်။ သို့သော် အရေးအကြီးဆုံးအနေဖြင် သူတို့က ထိုခေတ်၏ ထိပ်တန်းအဆင့် အမွေအနှစ်ကို ကိုယ်စားပြုသည်။

အမွေအနှစ် ....

ထိုရတနာခုနစ်ခု၏ အစစ်အမှန်ရည်ရွယ်ချက်သည် အမွေအနှစ် ဖြစ်သည်။

ဟန်မူယဲ့က စင်မြင့်ပေါ်တွင်ရှိသော မီးတောက်များကို ကြည့်လိုက်ပြီး ရင်တုန်သွားသည်။

ရှေးခေတ်၏ ကျွမ်းကျင်သူများသည် မပြောင်းလဲနိုင်သော လောက၏ပျက်စီးမှုကို မြင်လိုက်ရပြီး ရတနာခုနစ်ခုကို ဖန်တီး၍ သူတို့၏ အမွေအနှစ်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

ဟန်မူယဲ့၏ ဝိညာဉ်ကိုယ်ပွားသည် အမှန်တကယ်ပင် စွမ်းရည်ရှိသောကြောင့် ရတနာခုနစ်ပါးကို အံ့ဖွယ်ကိုးပါးတောင်သို့ အပ်နှံခဲ့ခြင်း ဖြစ်လိမ့်မည်။

သူက ဓားသွေးတောင်တွင် လူတိုင်းအတွက် ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုကို ဖော်ထုတ်ပေးခဲ့သည်။

ထို့အပြင် ဟန်မူယဲ့၏ ခန့်မှန်းချက်က မှန်ကန်လျှင် မူလခန္ဓာက ဤခေတ်တွင် ရှိနေသောကြောင့် ဝိညာဉ်ကိုယ်ပွားက ရတနာခုနစ်ခုကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထို့အပြင် သူအာရုံမစိုက်မိသော လူတစ်ယောက်လည်း ရှိနေသည်။

ဓားနတ်ဘုရားလုယွဲ့ ....

ရှေးခေတ်တွင် ဓားအလင်းနှင့် သူ့ဝိညာဉ်ကို အစားထိုးခဲ့ပြီး စကြဝဠာနယ်မြေကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးခဲ့သည်။

ဓားနတ်ဘုရားလုယွဲ့က မူလကမ္ဘာမှ ရောက်လာသည်ဟု ပြောသော်လည်း ရှေးခေတ်တွင် ထိုသို့ အားကောင်းသော ဓားကျင့်ကြံသူမျိုး မရှိခဲ့ပေ။

“လောကရဲ့ ဓားလမ်းစဉ်က တောက်ပပြီး အဆုံးအစမရှိဘူး‌လေ”

ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်ပြီး ရွှင်ချူးယွင်၏ရှေ့တွင် ပုံပေါ်လာသော ဓားမော့ကို ကြည့်သည်။

ဓားမော့၏ အငွေ့အသက်က စုစည်းလာသည်။ ဓားမော့ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့် အအေးဓာတ်သည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲတော့မည်ဟု ထင်ရသည်။

ထိုဓားမော့သည် ကမ္ဘာဦးအဆင့်ဖြစ်ပြီး ကြယ်များကို ခုတ်ပိုင်းနိုင်သည်။

ဟန်မူယဲ့က ဓားမော့၏စွမ်းအားကို မကြည့်ပေ။ ဓားမော့၏ ပုံစံကို ကြည့်နေသည်။

ဓားမော့သည် သွယ်ယှက်နေသော တိမ်ပုံစံအင်းကွက်များကို သယ်ဆောင်ထားသည်။

ထိုအင်းကွက်များသည် သူနှင့် ရင်းနှီးနေသည်။

‘ငါက အဲဒီအင်းကွက်တွေကို ဘယ်မှာ မြင်ဖူးခဲ့တာလဲ’

သူက မျက်လုံးမှိတ်လိုက်သည်။ ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်ထွက်လာကြသည်။

ဓားကျိုး ....

အနက်ရောင်ဓားကျိုးတစ်လက်၏ ပုံရိပ်ကို ပြန်မြင်ရသည်။

မြေအောက်မြစ်၏ အောက်ခြေတွင် ဖြစ်သည်။

မြေအောက်မြစ်၏ တော်ဝင်မြို့တွင် အင်မော်တယ်ဘုရင်မင်ဟယ်က မြေအောက်မြစ်ကို ထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့သည်။ မြစ်ကြမ်းပြင်တွင်ရှိသော မရေမတွက်နိုင်သည့် အကြွင်းအကျန်များကို မြင်ခဲ့ရသည်။

ထိုသို့ လျှပ်တစ်ပြက်အချိန်တွင် ဟန်မူယဲ့က တိမ်ပုံစံအင်းကွက်များနှင့် ဓားကျိုးကို မြင်ခဲ့ရသည်။

သို့သော် ထိုအချိန်တွင် သူက အာရုံမစိုက်မိပေ။

မှိန်ဖျော့သော အလင်းတစ်ခုသည် သူ၏ စိတ်နယ်ပယ်တွင် ပေါ်ထွက်လာသည်။

အင်မော်တယ်ဘုရင်မင်ဟယ်ဆီမှ ဆက်ခံထားသော စည်းမျဉ်းစွမ်းအား ဖြစ်သည်။

သေခြင်းရှင်ခြင်း ....

“ငါနားလည်သွားပြီ ....”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

“အင်မော်တယ်ဘုရင်မင်ဟယ်က ငါ့ကို သေခြင်းရှင်ခြင်းစွမ်းအား ပေးလိုက်ပြီး အဆုံးစွန်အထိ လေ့ကျင့်မယ်လို့ မျှော်လင့်ခဲ့တယ်”

“ဒါပေမဲ့ သူက မှားပြီး တွက်ချက်မိသွားတယ်”

“မြေအောက်မြစ်က မသေမျိုးပဲ။ ဒီလိုမျိုး လွယ်လွယ်ကူကူ သေဆုံးသွားမှာမဟုတ်ဘူး”

“ရုပ်ခန္ဓာကို ဟွမ်ခြောက်ဆီပေးလိုက်တယ်။ စည်းမျဉ်းကို ငါ့ဆီပေးခဲ့တယ်။ မြေအောက်မြစ် .... အစစ်အမှန်မြေအောက်မြစ်က ဘယ်မှာရှိနေတာလဲ”

ဓားမော့နှင့် ဆံထိုးသည် စင်မြင့်ပေါ်တွင် ပြီးပြည့်စုံစွာ ဖြစ်တည်လာသည်။

တခြားလူများက ဓားမော့၏ တိမ်ပုံစံအင်းကွက်များကို မမြင်နိုင်ကြပေ။

ထိုအင်းကွက်များသည် ရှေးခေတ်တွင် ကြယ်စင်စုစကြဝဠာကို ဖျက်ဆီးခဲ့သော အင်အားစုကြီးတစ်ခု၏ အမှတ်အသား ဖြစ်သည်။

ထိုအင်အားစုက မရေမတွက်နိုင်သော လောကများကို လွှမ်းမိုးခဲ့သည်။ မူလစကြဝဠာတွင်လည်း သူတို့၏ လွှမ်းမိုးမှုကို မြင်နိုင်သည်။

ထိုအင်အားစုက ယခုအချိန်အထိ ပျောက်ကွယ်မသွားသေးပေ။

မြေအောက်မြစ် ....

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင် ....

နတ်ဘုရားတစ်သောင်းဘုရားကျောင်း ....

အရာအားလုံးကို ပိုမိုရှင်းလင်းစွာ မြင်လာသည်။

ထိုအင်အားစုများသည် အမျိုးမျိုး‌သော စကြဝဠာများကို ထိန်းချုပ်ရန် အကွက်ချနေကြသည်။

ရတနာနှစ်ခုသည် စင်မြင့်ပေါ်တွင် လွင့်မျောနေကြသည်။

“မင်တုံ၊ မင်းရဲ့ နည်းစနစ်က ကောင်းမွန်ပါတယ်။ ဒါပေမဲ့ လိုအပ်နေသေးတယ်”

ရွှင်ချူးယွင်က ရှေ့တွင်ရှိသော သခင်မ,မင်တုံကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

သူတို့က လက်နက်နှစ်ခုကို နှိုင်းယှဉ်မကြည့်ရသေးသော်လည်း သခင်မ,မင်တုံ၏ ဆံထိုးက ဓားမော့ထက် အားနည်းကြောင်း မြင်နိုင်သည်။

သခင်မ,မင်တုံ၏ မျက်နှာထားက ရှုပ်ထွေးနေပြီး အံကြိတ်ထားသည်။ သူမက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။

“အကြီးအကဲမင်တုံက ပန်းပဲပညာနည်းစနစ်မှာ နည်းနည်းလိုအပ်နေတုန်းပဲ”

“ကျွန်တော်တို့က ဒီတစ်ပွဲကို အရှုံးပေးတယ်”

သူက ပွင့်လင်းစွာ ပြောခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် လူအများက ဟန်မူယဲ့ကို သဘောကျစွာ ကြည့်လိုက်ကြသည်။

“ဟားဟား၊ အနည်းဆုံးတော့ မင်းက ကိုယ့်ကိုယ်ကိုယ် သိသေးတာပဲ”

ရွှင်ချူးယွင်က ပေါ့ပါးစွာပြုံးလိုက်ပြီး ဓားမော့ကို သိမ်းသည်။

သခင်မ,မင်တုံက ခေါင်းညိတ်လိုက်ပြီး ဆံထိုးကို ပြန်ယူသည်။ ထို့နောက် အောက်သို့ ဆင်းလာသည်။

သူမက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ငါ့ရဲ့ ကောင်းကင်ပိုးသားဆံထိုးက လိုအပ်နေသေးပေမဲ့ သူ့ရဲ့ဓားမော့ကလည်း အကောင်းအတိုင်းရှိနေမှာမဟုတ်ဘူး”

ယှဉ်ပြိုင်ကြည့်ပြီး နှစ်ဖက်လုံး ထိခိုက်သွားလျှင် ပြိုင်ဘက်၏ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်သည်။

သူမ၏စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။

“အဲဒီလိုလုပ်ဖို့ မလိုပါဘူး”

“ဒီဆံထိုးကို သေချာဖန်တီးထားခဲ့တာ။ ပျက်စီးသွားရင် နှမြောစရာဖြစ်နေလိမ့်မယ်။ သခင်မအတွက်ပဲ သိမ်းထားလိုက်ပါ”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး စင်ပေါ်သို့ တက်သွားသည်။

“သူက စိတ်ဝင်စားစရာပဲ”

မင်တုံက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

“ငါလည်းအဲလိုပဲထင်တယ်”

သခင်မမူယွဲ့၏အသံသည် သူမနောက်တွင် ပေါ်ထွက်လာသည်။

စင်မြင့်ပေါ်တွင် ဟန်မူယဲ့က ရွှင်ချူးယွင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။

ရွှင်ချူးယွင်က တည်ငြိမ်နေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါက မင်းကို ချီးကျူးမိတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ကျွန်တော်ကလည်း အဲဒီလိုပါပဲ”

ထိုစကားကြောင့် လူတိုင်းက ရယ်မိလုနီးပါး ဖြစ်သွားသည်။

သို့သော် သူတို့၏နှစ်ယောက်၏စကားသည် အမှန်ပင်ဖြစ်သည်။

ဟန်မူယဲ့ဖြစ်စေ၊ ရွှင်ချူးယွင်ဖြစ်စေ လောက၏ ထိပ်တန်းအဆင့် ပန်းပဲနည်းစနစ်များကို ထုတ်ပြခဲ့သည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ချီးကျူးမိခြင်းသည် သင့်တော်သည်။

“ငါတို့ ရွှင်မိသားစုက ကောင်းကင်ရေခဲတူအတွက် အရာရာတိုင်းကို ကမ်းလှမ်းနိုင်တယ်။ မင်းလိုချင်တာကို ပြောလိုက်ပါ”

ရွှင်ချူးယွင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

လိုချင်တာကို ပြောနိုင်သည်။

အကယ်၍ ဟန်မူယဲ့က လုံလောက်သော စွမ်းရည်ကို ထုတ်မပြခဲ့လျှင် ရွှင်ချူးယွင်က ထိုသို့ ပွင့်လင်းစွာ ကမ်းလှမ်းလာမည်မဟုတ်ပေ။

ရွှင်ချူးယွင်၏ ကမ်းလှမ်းချက်ကို ရလာလျှင် လောကတွင်ရှိသော မည်သည့်ပန်းပဲပညာရှင်မဆို ပျော်ရွှင်နေကြလိမ့်မည်။

ရွှင်ချူးယွင်က လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်ကိုပင် သိပ်အထင်မကြီးပေ။

စင်မြင့်၏အောက်တွင်ရှိသော လူတိုင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာသည်။

ဟန်မူယဲ့က အရူးမဟုတ်လျှင် သဘောတူလိမ့်မည်။

ယုကျန်းနှင့် တခြားလူများကပင် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က စိတ်ဝင်စားနေသည်။

ပန်းပဲပညာရှင်အစည်းအရုံးအတွက် ရွှင်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ကောင်းမွန်သောရွေးချယ်မှု မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူတို့က ဆုံးဖြတ်ချက် မချနိုင်ပေ။

စင်မြင့်ပေါ်တွင် ရပ်နေသော ဟန်မူယဲ့ကသာ ဆုံးဖြတ်နိုင်သည်။

ရွှင်မိသားစု၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်သည်။ သို့မဟုတ် ပြိုင်ပွဲတွင် နာမည်ကြီးလာမည့် အခွင့်အရေးကို လောင်းကြေးထပ်နိုင်သည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်နေကြသည်။

“အကြီးအကဲ၊ ကောငးကင်ရေခဲတူကလွဲပြီး ရွှင်မိသားစုက လိုချင်တာကို ပြောနိုင်တယ်”

ဟန်မူယဲ့က ပြောသည်။

ထိုစကားကြောင့် စံအိမ်မှတစ်ဆင့် စောင့်ကြည့်နေသော ရှန့်ကွမ်းချင်က ပါးစပ်ထဲတွင်ရှိသော ရေနွေးကြမ်းကို မှုတ်ထုတ်မိသည်။

ရေနွေးကြမ်းများစင်သွားသော ရှန့်ကွမ်းဟုန်က အတိတ်ကို သတိရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“တောင်သခင်ဟန်က အမြဲရက်ရောခဲ့တယ်”

‘ရက်ရောတယ် ....’

ရှန့်ကွမ်းဟုန်က ရက်ရောသည်ဟု ပြောနေသော်လည်း တခြားလူများ၏အမြင်တွင် ရန်စခြင်း ဖြစ်သည်။

ရွှင်မိသားစုနှင့် ရွှင်ချူးယွင်ကို ရန်စလိုက်သည်။

All Chapters