အခန်း (၁၄၀၅)
Vol. 101 Ch. 1405
“ဟမ်”
ရွှင်ချူးယွင်က လက်မြှောက်ပြီး လှံရှည်ကို ထုတ်ပေးသည်။
ရွှင်မိသားစု၏ရတနာ တိမ်မီးခိုးလှံ ဖြစ်သည်။
သူက ရှုံးနိမ့်သွားသောကြောင့် လောင်းကြေးကို ပေးအပ်ရမည်။
စင်မြင့်၏အောက်တွင်ရှိသော ချင်ကျန်းက အပြုံးတစ်ခုနှင့်အတူ ကောင်းကင်ရေခဲတူကို ပေါ့ပါးစွာ ပစ်လွှတ်လိုက်သည်။
“ဆရာဟန်၊ ဒီရတနာက အခု ဆရာဟန်အတွက်ပါပဲ”
ကောင်းကင်ရေခဲတူ ....
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး တူကို ဖမ်းယူသည်။ သူက ရင်းနှီးသော်လည်း စိမ်းသက်နေသည့် စွမ်းအားကို ခံစားမိသည်။
သူက ကောင်းကင်ရေခဲတူ၏ မှတ်ဉာဏ်များကို ချက်ချင်း ဖတ်မကြည့်ခဲ့ပေ။
ဤနေရာသည် မသင့်တော်ပေ။
သူက ကောင်းကင်ရေခဲတူကို ကိုင်ထားပြီး စဉ်းစားကြည့်လိုက်သည်။ ထို့နောက် လက်မြှောက်၍ ညွှန်ပြသည်။
သူ၏ ချပ်ဝတ်သည် ချန်ကျန်း၏ရှေ့တွင် ပေါ်လာသည်။
“ငါက ကောင်းကင်ရေခဲတူအတွက် ဒီချပ်ဝတ်ကို ပေးမယ်”
ထိုချပ်ဝတ်ကို ဝတ်ဆင်လိုက်လျှင် စကြဝဠာတစ်ဝက်အဆင့် စွမ်းအားကို ချက်ချင်းရလိမ့်မည်။
လူတိုင်းက ချန်ကျန်းကို အားကျစွာ ကြည့်လိုက်ကြသည်။
ထိုချပ်ဝတ်မျိုးကို မလိုချင်ဟု ပြောလျှင် လိမ်ညာနေခြင်း ဖြစ်လိမ့်မည်။
ထိုချပ်ဝတ်ကို ရရှိသွားသောလူသည် ကောင်းကင်အထိ မြင့်တက်လာလိမ့်မည်။
ချန်ကျန်း၏နှုတ်ခမ်းများက အနည်းငယ် တုန်ခါသွားသည်။ သူက တုံ့ဆိုင်းနေပြီး ဘေးတွင်ရှိသော ရှစ်ကျန်းနန်နှင့် တခြားလူများကို ကြည့်သည်။
သူတို့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်ပြသည်။
ထိုအလဲအလှယ်သည် လူတိုင်းကို ပျော်ရွှင်စေလိမ့်မည်။
“ဝီ”
ချန်ကျန်းက လက်ဆန့်ထုတ်လိုက်သည်။ ချပ်ဝတ်က သူ့ကို လွှမ်းခြုံသွားသည်။
အလင်းရောင်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်ထွက်လာပြီး ကောင်းကင်အထိ ရောက်သွားသည်။
သို့သော် ကောင်းကင်ထက်တွင်ရှိသော ရတနာများ၏ အလင်းရောင်သည် ထိုအလင်းရောင်ကို မှေးမိန်သွားစေသည်။
ရှန့်ကွမ်းချင်က ပန်းပဲပညာရှင်အစည်းအရုံး၏ဘက်တွင် လောင်းကြေးထပ်ထားသော လူများကို လျော်ကြေးပေးခဲ့သည်။
ဤတစ်ကြိမ်တွင် မည်သူမှ ကန့်ကွက်စရာမရှိပေ။
လောင်းကြေးတွင် ရှုံးနိမ့်မှုကို လက်ခံနိုင်ရမည်။
နောက်ဆုံးအချိန်တွင် လောင်းကြေးကို ပြောင်းလဲပြီး ရွှင်မိသားစုဘက်သို့ ပြောင်းရွှေ့ခဲ့သော ကျင့်ကြံသူများက သွေးထွက်လာသည်အထိ အံကြိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။
အကယ်၍ သူတို့က လောင်းကြေးကို မပြောင်းခဲ့လျှင် လျော်ကြေးနှစ်ဆ ရလိမ့်မည်။
မရေမတွက်နိုင်သော အလင်းရောင်များ ဆင်းသက်လာသည်။ လျော်ကြေးရသွားသော ကျင့်ကြံသူများက ပျော်ရွှင်နေကြသည်။
ယနေ့သည် မမေ့နိုင်သော နေ့တစ်နေ့ ဖြစ်သည်။
“ဟားဟား။ မိတ်ဆွေလေးဟန်၊ ရှန့်ကွမ်းမိသားစုကို အလည်လာအုံးမလား”
ရှန့်ကွမ်းချင်၏အသံ ပေါ်ထွက်လာသည်။
ထိပ်တန်းမိသားစုကြီးသုံးခုမှ အကြီးအကဲတစ်ယောက်၏ ဖိတ်ခေါ်ချက် ဖြစ်သည်။
လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များကပင် ထိုသို့ ဖိတ်ခေါ်မခံရပေ။
ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“ဝီ”
လောကကြီးတစ်ခုလုံးက တုန်ခါလာသည်။
သခင်မ,မင်တုံ၊ ကျူးယွမ်၊ ယွင်ကျီနှင့် တခြားလူများက အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည်။
အဝေးတစ်နေရာတွင် အလင်းတန်းတစ်ခုကို မြင်ရသည်။
လျှို့ဝှက်ကောင်းကင်မြို့၏ ဝေဟင်ထက်တွင် အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး ယင်ယန်ဝဲကတော့အဖြစ် ပြောင်းလဲသွားသည်။
ထောင်ချီသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ပေါ်ထွက်လာသည်။ သူတို့၏ သွေးနှင့်ချီသည် ကောင်းကင်နှင့် ပေါင်းစပ်သွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ရွှေရောင်မိုးကြိုးကို ဖျတ်ခနဲ မြင်လိုက်ရသည်။
“ရွှပ်”
ဓားတစ်ချက် ဖြစ်သည်။
ကောင်းကင်က ထိုးခွဲခံလိုက်ရသည်။
“အဲဒါက ရွှင်မိသားစုရဲ့ နဂါးစာကလေးမဟုတ်လား”
“နဂါးစာကလေးဓား ပေါ်လာရင် ကောင်းကင်နဲ့မြေကြီးက သွေးစွန်းရလိမ့်မယ်”
မရေမတွက်နိုင်သော စကားသံများကို ကြားနိုင်သည်။
လော့ရှန်းတုံက မျက်မှောင်ကြုတ်လိုက်သည်။ သူက တီးတိုးရေရွတ်ပြီး လက်ဆန့်ထုတ်သည်။ မီးတောက်တစ်ခုသည် မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သူ့ဘေးတွင်ရှိသော ကျန်းယောင်ရန်၏ မျက်နှာထားကလည်း လေးနက်နေသည်။ သူ့လက်ဝါးသည် ကျောက်စိမ်းရောင်ချပ်ပြားအဖြစ် ပြောင်းလဲသွားသည်။
ရှန့်ကွမ်းချင်က ခေါင်းမော့ကြည့်လိုက်သည်။ သူ့လက်ထဲတွင် တစ်ပေခွဲခန့် ရှည်လျားသော ကြေးတင်းပုတ်တစ်ခု ရှိနေသည်။
ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် ရုပ်သေးရုပ်၏ခွန်အားကိုသာ မမှီခိုကြပေ။
သူတို့၏အဆင့်တွင်ရှိသော ကျွမ်းကျင်သူများအတွက် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် သိပ်အသုံးမဝင်တော့ပေ။
ထို့အပြင် ကျန်းယောင်ရန်နှင့် လော့ရှန်းတုံတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်သည် ရုပ်သေးရုပ်များထက်ပင် သန်မာသည်ဟု ပြောနိုင်သည်။
“ရွှင်ခွန်း”
ရှန့်ကွမ်းချင်က ခပ်အုပ်အုပ်အော်ပြောသည်။
“ရှန့်ကွမ်းချင်၊ ငါက မင်းအတွက် ရောက်လာတာမဟုတ်ဘူး”
လေဟာနယ်ထဲတွင် အသံတစ်သံကို ကြားရသည်။
ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်၏ အက်ကွဲကြောင်းမှတစ်ဆင့် မြို့ထဲသို့ ဆင်းသက်လာသည်။
မရေမတွက်နိုင်သော အလင်းတန်းများက စုစည်းလာပြီး ထိုပုံရိပ်ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သူက ဓားမော့တစ်လက်နှင့်အတူ မောက်မာစွာ ရှေ့ဆက်လာသည်။
ထို့အပြင် ရွှေရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကိုလည်း ဝတ်ဆင်ထားသည်။ သူ၏ မျက်ခုံးမွေးများက နားထင်အထိ ရောက်နေကြသည်။
အဆုံးမရှိသော ရွှေအလင်းသည် သူ့ခြေထောက်အောက်တွင် ဟိန်းဟောက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ထိုနဂါးကို စီးနင်းပြီး ဆင်းသက်လာခဲ့သည်။
“ငါကာကွယ်ထားတဲ့ ကောင်းကင်ရေခဲတူကို ဘယ်သူက ယူသွားရဲတာလဲ”
သူ့အသံက ပဲ့တင်ထပ်နေပြီး လျှို့ဝှက်ကောင်းကင်မြို့ကို တုန်ခါသွားစေသည်။ မြို့၏ နံရံတံတိုင်းအချို့က ပြိုကျသွားကြသည်။
အဆင့်ကိုးအောက်တွင်ရှိသော ကျင့်ကြံသူများက လဲကျသွားသည်။
သူတို့က ထိုလူကို မော့ကြည့်ရန်ပင် အခွင့်အရေးမရှိပေ။
ပုံရိပ်က ဥက္ကာခဲသဖွယ် ဆင်းသက်လာပြီး စင်မြင့်ပေါ်သို့ ရောက်သွားသည်။
ကျန်းယောင်ရန်နှင့် လော့ရှန်းတုံတို့က တားဆီးချင်သော်လည်း နဂါးပုံရိပ်ကြောင့် လွင့်ထွက်သွားကြသည်။
ရှန့်ကွမ်းချင်ကပင် မတားဆီးနိုင်ခဲ့ပေ။ သူက တင်းပုတ်ကို မသုံးနိုင်ခင် ချုပ်နှောင်ခံလိုက်ရသည်။
“မင်းတို့ လူငယ်တွေက ဒီလူအိုကြီးနဲ့ ရင်ဆိုင်ဖို့ အရည်အချင်းမရှိသေးဘူး”
ထိုပုံရိပ်က ပြောလိုက်သည်။
ထို့နောက် စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်သည်။
သူက ဓားမော့ကိုမြှောက်လိုက်ပြီး ဟန်မူယဲ့ကို ညွှန်ပြသည်။
“မင်း ....”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဓားမော့က အသံတစ်ချက်နှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“အံ့ဖွယ်ကိုးပါးတောင်သခင် ....”
သူက ဒူးထောက်ကျသွားသည်။ နဂါးပုံရိပ်ကလည်း ပြိုကွဲသွားသည်။
တစ်မြို့လုံးကို လွှမ်းမိုးထားသော တိုက်ခိုက်လိုစိတ်က ပျောက်ကွယ်သွားသည်။ အားကောင်းသော စစ်သည်တော်က အနှစ်သက်ဆုံးအရုပ် ပျောက်ဆုံးသွားသော ကလေးတစ်ယောက်သဖွယ် ငိုကြွေးနေသည်။
လွင့်မျောနေသည့် အလင်းတန်းများက ပျောက်ကွယ်သွားပြီး လူတိုင်းက ထိတ်လန့်စွာ ကျန်ရစ်ခဲ့သည်။
‘ငါအမြင်မှားနေတာလား’
‘ငါနားကန်းသွားတာလား’
‘အဲဒါက မိသားစုကြီးခုနစ်ခုရဲ့ ဘိုးဘေးအဆင့်ကျွမ်းကျင်သူလေ’
‘ဒီလိုမျိုး သာမန်လူတစ်ယောက်လို ငိုကြွေးနေတာလား’
“ဒါ၊ ဒါက ငါအမြင်မှားနေတာပဲ ဖြစ်လိမ့်မယ် ....”
လော့ရှန်းတုံ၏ နှုတ်ခမ်းများက တွန့်သွားသည်။
ရူးသွပ်နေသောလူက သူမဟုတ်ဟု ခံစားလိုက်ရသည်။
ကျန်းယောင်ရန်က တည်ငြိမ်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။
‘ဒီပုံစံအတိုင်းဆိုရင် ငါ့ဆရာရဲ့ အပြုအမူက အတော်လေး သာမန်ဖြစ်နေတာပဲ’
“ထပါ။ အချိန်နဲ့အတူ လူတွေက ပြောင်းလဲသွားပြီ။ ဒီလိုမျိုး ဝမ်းနည်းနေဖို့ မလိုအပ်ပါဘူး”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ထိုခေတ်က ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
“အံ့ဖွယ်ကိုးပါးတောင်သခင်၊ ရွှင်ခွန်းက အသုံးမကျတာပါ။ ကောင်းကင်ရေခဲတူကို မစောင့်ရှောက်နိုင်ခဲ့ဘူး”
ရွှင်ခွန်းက ခေါင်းငုံ့ထားပြီး ပြောသည်။
ဟန်မူယဲ့က ပေါ့ပါးစွာ သက်ပြင်းချလိုက်ပြီး ခေါင်းခါသည်။
ရွှင်ခွန်းကဲ့သို့ လူများက ရှေးခေတ်၏ ဂုဏ်ကျက်သရေကို မမေ့နိုင်ပေ။
ထိုခေတ်၏ တောက်ပမှုသည် သူတို့၏ အရိုးထဲအထိ စိမ့်ဝင်နေသည်။
ထိုသို့ ခမ်းနားသောခေတ်ကို မည်သူက မေ့လျော့နိုင်မည်နည်း။
အကြောင်းပြချက်တချို့ကြောင့် ရွှင်မိသားစု၏ဘိုးဘေးက လျှို့ဝှက်ကောင်းကင်မြို့သို့ ရောက်လာသောသတင်းသည် ပျံ့နှံ့မသွားခဲ့ပေ။
လျှို့ဝှက်ကောင်းကင်မြို့နှင့် ရွှင်မိသားစုတို့က ဂုဏ်သိက္ခာတချို့ကို ထိန်းသိမ်းထားချင်ပုံရသည်။
ရွှင်ခွန်းက တခြားလူတစ်ယောက်၏ ခြေထောက်ကို ဖက်လျက် ငိုကြွေးပြီး တောင်သခင်ဟု ခေါ်နေသော သတင်းသည် ပျံ့နှံ့သွားလျှင် ရွှင်မိသားစုနှင့် လျှို့ဝှက်ကောင်းကင်မြို့အတွက် ရှက်စရာဖြစ်နေလိမ့်မည်။
ထို့အပြင် ရွှင်ခွန်း ဒူးထောက်ပေးရသော လူတစ်ယောက်၏သတင်းသည် အလွန်ထိတ်လန့်စရာကောင်းနေမည်။
အကယ်၍ သတင်းပြန့်သွားလျှင် စကြဝဠာနယ်မြေတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
လျှို့ဝှက်ကောင်းကင်မြို့သည် လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်မလာချင်ပေ။
ထို့ကြောင့် လောင်းကြေးပြိုင်ပွဲအပြီး နာရီဝက်အကြာတွင် အရာအားလုံးကို လျှို့ဝှက်ထားရမည်ဟု အမိန့်ထုတ်ခဲ့သည်။
ပြိုင်ပွဲ၏အကြောင်းနှင့် ရွှင်မိသားစုဘိုးဘေး၏အကြောင်းကို ထုတ်မပြောရပေ။
သို့သော် လျှို့ဝှက်ကောင်းကင်မြို့သည် ဆူညံနေဆဲဖြစ်သည်။
လောင်းကြေးပြိုင်ပွဲသည် ပန်းပဲပညာလမ်းစဉ်၏ အထွတ်အထိပ်ကို ပြသသွားသည်။
လူအများစုအတွက် ထိုပြိုင်ပွဲကို မြင်ခဲ့ရခြင်းသည် ဘဝတစ်လျှောက်လုံး၏ အဖိုးအတန်ဆုံး အတွေ့အကြုံ ဖြစ်သည်။
ရွှင်ခွန်းက လျှို့ဝှက်ကောင်းကင်မြို့တွင် သုံးရက်နေခဲ့သည်။ သူနှင့် ဟန်မူယဲ့၏ စကားဝိုင်းကို အပြင်လူများက မသိနိုင်ကြပေ။
ယုကျန်းနှင့် တခြားလူများကလည်း မမေးကြပေ။
အရူးလော့က စပ်စုချင်သော်လည်း မြို့တွင် အချိန်ကြာမြင့်စွာမနေဘဲ ကျန်းယောင်ရန်နှင့်အတူ ကျန်းမိသားစုသို့ လိုက်သွားခဲ့သည်။
ကျန်းယောင်ရန်အတွက် လွန်းပျံယာဉ်သည် ဟန်မူယဲ့ထက် ပိုအရေးကြီးနေသည်။
ထို့အပြင် ဟန်မူယဲ့က သူ့ကို လိုအပ်ခဲ့လျှင် ခရမ်းနေမင်းမီးပြင်းဖိုကို အသုံးပြုပြီး တိုက်ရိုက်ဆက်သွယ်နိုင်သည်။
ခရမ်းနေမင်းမီးပြင်းဖိုတွင်ရှိသော သူ၏ ဝိညာဉ်သည် မိုင်ထောင်ချီအကွာတွင်ရှိသော သူ့ကို တိုက်ရိုက် ဆက်သွယ်နိုင်သည်။
လောင်းကြေးပြိုင်ပွဲအပြီးတွင် ပန်းပဲပညာရှင်အစည်းအရုံး၏ ဂုဏ်သတင်းက မြင့်တက်လာခဲ့သည်။
ပင်မအကြီးအကဲများက ပန်းပဲလုပ်ငန်းစဉ်ကို ပြသပြီး ဆွေးနွေးပွဲများ လုပ်ခဲ့သည်။
သူတို့၏ကျွမ်းကျင်မှုက သိပ်မဆိုးပေ။ ယခင်က အဆင့်အတန်းကွာခြားချက်အရ သူတို့ကို အထင်သေးနေခြင်းသာ ဖြစ်သည်။
ယခု ပြန်ကြည့်လိုက်သောအခါ သူတို့၏ ကျွမ်းကျင်မှုက အထင်ကြီးလောက်သည်။
ထို့အပြင် ပန်းပဲပညာရှင်အစည်းအရုံး၏ အဆင့်အတန်းကို မည်သူက မေးခွန်းထုတ်ရဲမည်နည်း။
ပင်မအကြီးအကဲတစ်ယောက်ဖြစ်သော ဆရာဟန်၏ နည်းလမ်းများသည် အထွတ်အထိပ်တွင် ရှိနေသည်။
လျှို့ဝှက်ကောင်းကင်မြို့တွင်ရှိသော ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်က သူနှင့် မယှဉ်နိုင်ပေ။ အရူးလော့နှင့် ကျန်းယောင်ရန်တို့ကပင် အရှုံးပေးရလိမ့်မည်။
လောင်းကြေးပြိုင်ပွဲကြောင့် ပန်းပဲပညာရှင်အစည်းအရုံးက ပန်းပဲပညာလမ်းစဉ်၏ ထိပ်တန်းအဆင့်နေရာကို ရယူနိုင်ခဲ့သည်။