← Chapters

အခန်း (၁၄၀၆)

Vol. 101 Ch. 1406

အခန်း (၁၄၀၆)

Vol. 101 Ch. 1406

ဟန်မူယဲ့က ရွှင်ခွန်းထွက်သွားသည်အထိ အပြင်ဘက်သို့ ထွက်မလာခဲ့ပေ။

ရတနာနှစ်ခုသည် သူ့ရှေ့တွင် လွင့်မျောနေသည်။

မီးပြင်းဖိုနှင့် တူတစ်လက် ဖြစ်သည်။

မီးပြင်းဖိုသည် လောက၏ ရွှေကျီးကန်းနတ်ဘုရားမီးတောက်နှင့် မျှော်လင့်ချက်ကို သယ်ဆောင်ထားသော ခရမ်းနေမင်းမီးပြင်းဖို ဖြစ်သည်။

တူကတော့ ကောင်းကင်ရေခဲတူ ဖြစ်သည်။

ဟန်မူယဲ့က တူကို ဆုပ်ကိုင်လိုက်ပြီး စွမ်းအင်ကို ထည့်သွင်းသည်။ သူ့မျက်လုံးများက တောက်ပလာသည်။

မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

“ဘုန်း”

တောင်တန်းများ ပြိုလဲသွားသည်။ ကောင်းကင်နှင့်မြေကြီးက တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

ပေသောင်းချီကြီးမားသော လူဘီလူးကြီးတစ်ယောက်က တူကိုင်ထားပြီး တူချက်တိုင်းဖြင့် ကမ္ဘာတစ်ခုကို ပျက်စီးသွားစေသည်။

‘ကမ္ဘာတွေကို ဖျက်ဆီးတာလား’

‘မဟုတ်သေးဘူး’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ လူဘီလူးကြီးက တောင်တန်းနှင့် ဝိညာဉ်ပစ္စည်းများကို အပိုင်းအစဖြစ်သွားအောင် ထုချေလိုက်ပြီး စကြဝဠာလောကများနှင့် ပေါင်းစပ်ပေးသည်။

တူ၏ ရေခဲစွမ်းအားသည် ထုချေလိုက်သော အရာဝတ္ထုများ၏ စွမ်းအင်ကို ချုပ်နှောင်ထားသည်။

ထိန်းသိမ်းခြင်း ဖြစ်သည်။

ကမ္ဘာလောကသည် ပြိုလဲသွားတော့မည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေသည်။

လူဘီလူးကြီးသည် တူနှင့်အတူ မရေမတွက်နိုင်သော စကြဝဠာများဆီသို့ သွားခဲ့သည်။ အမျိုးမျိုးသော အဖိုးတန်ဝိညာဉ်သတ္တုများကို ထိန်းသိမ်းခဲ့သည်။

ကောင်းကင်ရေခဲတူ၏ အကြီးမားဆုံးလုပ်ဆောင်ချက်သည် ချိပ်ပိတ်ခြင်း ဖြစ်သည်။

ဝိညာဉ်ပစ္စည်းများအားလုံးကို တခြားလူများရှာမတွေ့အောင် သိမ်းဆည်းခဲ့သည်။

ထိုနည်းလမ်းသည် သဏ္ဍာန်မဲ့နည်းလမ်းမျိုး ဖြစ်သည်။

“အစစ်အမှန်နဲ့ ပုံရိပ်ကြားမှာ ချိပ်ပိတ်ထားတယ်။ လောကကြီး ပြိုလဲသွားရင်တောင် ပျောက်ကွယ်သွားမှာမဟုတ်ဘူး”

“ဒါက ကောင်းကင်ရေခဲတူရဲ့ အစစ်အမှန်လုပ်ဆောင်ချက်ပေါ့”

“ရတနာခုနစ်ခုက နောက်တစ်ကြိမ်မွေးဖွားလာမယ့် ခေတ်သစ်အတွက် ပြင်ဆင်ထားတာပဲ”

“မျှော်လင့်ချက်ကို ထွန်းညှိပေးတယ်”

ကောင်းကင်ရေခဲတူသည် အဆုံးမရှိ‌သော အရင်းအမြစ်ကို ကိုယ်စားပြုသည်။

ဝိညာဉ်သတ္တုများကို ချိပ်ပိတ်ထားသော မှတ်ဉာဏ်သည် ကောင်းကင်ရေခဲတူတွင် ရှိနေသည်။

သူက ကောင်းကင်ရေခဲတူ၏ မှတ်ဉာဏ်များကို ကြည့်နိုင်ကြောင်း ဝိညာဉ်ကိုယ်ပွားက သိထားသည်။

အရာအားလုံးကို သူ့အတွက် ပြင်ဆင်ပေးခဲ့သည်။

မှတ်ဉာဏ်မြင်ကွင်းများထဲတွင် နောက်ဆုံး ဝိညာဉ်သတ္တုကို ချိပ်ပိတ်ပြီးသောအခါ လူဘီလူးကြီးက ကောင်းကင်ရေခဲတူနှင့်အတူ အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်လာသည်။

ထို့နောက် တူကို စောင့်ရှောက်ရန် ရွှင်ခွန်းဆီသို့ ပေးခဲ့သည်။

ရွှင်ခွန်းက အံ့ဖွယ်ကိုးပါးတောင်၏ တပည့်တစ်ယောက် ဖြစ်သည်။

သူက ကောင်းကင်ရေခဲတူနှင့်အတူ ချိပ်ပိတ်ခံလိုက်ပြီး မတူညီသော ခေတ်တစ်ခုတွင် ပြန်လည်နိုးထလာခဲ့သည်။

တချို့အရာများကို မှတ်ဉာဏ်ထဲတွင် မြင်လိုက်ရသည်။ တချို့အရာများကို ရွှင်ခွန်းက ကိုယ်တိုင်ပြောပြခဲ့သည်။

သူက ကောင်းကင်ရေခဲတူကို စောင့်ရှောက်ရန် တာဝန်ယူထားသော်လည်း ဓားနတ်ဘုရားလုယွဲ့က စကြဝဠာနယ်မြေကို ဖျက်ဆီးခဲ့သည်။ သူကလည်း ရှုံးနိမ့်သွားခဲ့သည်။

“လုယွဲ့က ကောင်းကင်ရေခဲတူကို ယူသွားပြီး ကမ္ဘာတွေကြားမှာ တစ်ခုခုကို လိုက်ရှာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာကိုမှ တွေ့မသွားဘူး”

“နောက်ပိုင်းမှာ လုယွဲ့က စကြဝဠာနယ်မြေကနေ ထွက်သွားခဲ့တယ်။ သူက ကောင်းကင်ရေခဲတူကိုလည်း ယူသွားမယ်လို့ ကျွန်တော်ထင်ခဲ့တယ်”

ထို့ကြောင့် ရွှင်ခွန်းက ကြေကွဲဝမ်းနည်းနေပြီး ရွှင်မိသားစုနှင့် နှစ်ပေါင်းများစွာကြာအောင် မတွေ့ဆုံခဲ့ပေ။

သူက လုယွဲ့နှင့် တိုက်ပွဲတွင် ဒဏ်ရာရသွားသည်ဟု တခြားလူများက ထင်ခဲ့ကြသည်။ သို့သော် သူက ကောင်းကင်ရေခဲတူကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်နေခြင်း ဖြစ်သည်။

“ဓားနတ်ဘုရားလုယွဲ့၊ သူက ဘယ်သူလဲ”

“သူက အရေးကြီးတဲ့နေရာတွေမှာ ပေါ်လာပေမဲ့ အပြင်လူတစ်ယောက်လို့ ထင်ရတယ်”

တခြားကမ္ဘာမှ ဤစကြဝဠာသို့ ရောက်လာသော ဟန်မူယဲ့သည် ဓားနတ်ဘုရားလုယွဲ့နှင့် နက်ရှိုင်းစွာ ဆက်သွယ်နေသည်။

စကြဝဠာအဆင့် ကျွမ်းကျင်သူများပင် ရင်မဆိုင်နိုင်သော ဓားအလင်းသည်လည်း ဓားနတ်ဘုရားလုယွဲ့နှင့် ပတ်သတ်နေသည်။

ကောင်းကင်‌ရေခဲတူ၏ မှတ်ဉာဏ်ထဲတွင် စကြဝဠာအမျိုးမျိုးသို့ သွားလာခဲ့သော ဓားနတ်ဘုရားလုယွဲ့၏ ပုံရိပ်များလည်း ပါဝင်နေသည်။

ထိုထဲတွင် မူလစကြဝဠာကိုလည်း မြင်ရသည်။

မူလစကြဝဠာ၏ ဒဏ္ဍာရီများတွင် အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲငါးကောင်အား စိန်ခေါ်ခဲ့သော ပြင်ပဘုံ၏ ဓားသူတော်စင်တစ်ယောက်အကြောင်းကို မှတ်သားထားသည်။

နောက်ပိုင်းတွင် သူက ကိုယ်ပိုင်ဓားကို မူလစကြဝဠာတွင် ချန်ထားခဲ့ပြီး ထွက်သွားသည်။

ထိုဓားသူတော်စင်သည် ဓားနတ်ဘုရားလုယွဲ့ ဖြစ်လိမ့်မည်။

“သူက ကောင်းကင်ရေခဲတူရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်နေတယ်။ ဝိညာဉ်ကိုယ်ပွားက သူ့ကို ပြောမပြခဲ့ဘူး”

“အဲဒါကြောင့် ဝိညာဉ်ကိုယ်ပွားက ဓားနတ်ဘုရားလုယွဲ့ကို မယုံဘူးပဲ”

ဓားနတ်ဘုရားလုယွဲ့က သူတို့ထဲမှတစ်ယောက် ဖြစ်ခဲ့လျှင် လျှို့ဝှက်ချက်တချို့ကို သိနေလိမ့်မည်။

သို့သော် မဟုတ်ခဲ့ပေ။

“နောက်တစ်ကြိမ် ဓားနတ်ဘုရားလုယွဲ့နဲ့ တွေ့ခဲ့ရင် သူကိုယ်တိုင် ငါ့ကို ပြောပြလောက်တယ်”

ဟန်မူယဲ့က အားကောင်းသော တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေပြီး မတ်တပ်ရပ်၍ အခန်းထဲမှ ထွက်လာသည်။

အပြင်ဘက်တွင် စောင့်ကြပ်နေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူ့ကို မြင်လိုက်ရပြီး တီးတိုးပြောသည်။

“ရှန့်ကွမ်းမိသားစုရဲ့ ကျွမ်းကျင်သူက မင်းကို ရှာနေတယ်”

ရှန့်ကွမ်းမိသားစုသည် ထိပ်တန်းမိသားစုကြီးသုံးခုတွင် ပါဝင်သည်။

ရှန့်ကွမ်းမိသားစုမှ လူများအပြင် လျှို့ဝှက်ကောင်းကင်မြို့၏ သခင်မ,မင်တုံ၊ ဆရာသခင်ကျူးယွင်နှင့် တခြားလူများလည်း ရောက်လာခဲ့သည်။

ဟန်မူယဲ့က ပြင်ဆင်မှုတချို့ ပြုလုပ်ပြီး ရှန့်ကွမ်းဟုန်နှင့် သွားတွေ့ခဲ့သည်။

“တောင်သခင်ဟန်၊ ဒါက ကျွန်တော်တို့ သဘောတူထားတဲ့ လောင်းကြေးအကျိုးအမြတ်ပါ”

ရှန့်ကွမ်းဟုန်က ကျောက်စိမ်းသေတ္တာတစ်ခုကို ပွင့်လင်းစွာ ထုတ်ပေးသည်။

လောင်းကြေးပြိုင်ပွဲတွင် အကျိုးအမြတ်အများဆုံး အင်အားစုသည် ရှန့်ကွမ်းမိသားစု ဖြစ်လိမ့်မည်။

ရှန့်ကွမ်းချင်ကပင် ရှန့်ကွမ်းဟုန်၏ လောင်ကြေးအကျိုးအမြတ်ကို အားကျနေခဲ့သည်။

လျှို့ဝှက်ကောင်းကင်မြို့၏ ကျင့်ကြံသူများသည် ချမ်းသာကြသည်။

အထူးသဖြင့် သူတို့က ရွှင်မိသားစု အနိုင်ရမည်ဟု ယုံကြည်ထားသောကြောင့် အကျိုးအမြတ်ရရန် ကြွယ်ဝမှုအများအပြားကို လောင်းကြေးထပ်ခဲ့ကြသည်။

သို့သော် သူတို့က ဆုံးရှုံးသွားခဲ့သည်။

ဟန်မူယဲ့၏ရှေ့တွင်ရှိသော ကျောက်စိမ်းသေတ္တာထဲတွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ ပါဝင်သည်။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ရှစ်ရာကျော်ကို တည်ဆောက်ရန် လုံလောက်သော အဆင့်မြင့်ဝိညာဉ်သတ္တုနှင့် အစိတ်အပိုင်းများလည်း ရှိနေသည်။

ထို့အပြင် တခြားရတနာများလည်း ပါဝင်နေသည်။

ကံကောင်းလျှင် တစ်ချက်တည်း ချမ်းသာသွားနိုင်သည်။

သို့သော် ဤအခွင့်အရေးမျိုးသည် မကြာခဏ ရောက်လာမည်မဟုတ်ပေ။

စကြဝဠာနယ်မြေတွင် ဟန်မူယဲ့နှင့် ယှဉ်ပြိုင်ရဲသောလူများ ရှိတော့မည်မဟုတ်ပေ။

လျှို့ဝှက်ကောင်းကင်မြို့က အရာအားလုံးကို လျှို့ဝှက်ထားရန် အမိန့်ထုတ်ခဲ့သော်လည်း ဟန်မူယဲ့အကြောင်းကို သိချင်သောလူများက သတင်းရနိုင်သည်။

“တောင်သခင်ဟန်က အားလပ်ချိန်ရှိရင် ကျွန်တော်တို့မိသားစုကို အလည်လာနိုင်တယ်လို့ အကြီးအကဲက ပြောလိုက်တယ်”

ရှန့်ကွမ်းဟုန်က နောက်ထပ် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးလိုက်ပြီး ပြောသည်။

ထိုသေတ္တာထဲတွင်ရှိသော ရတနာများသည် အရေအတွက်နည်းပါးသော်လည်း ယခင်သေတ္တာထက် ပိုတန်ဖိုးရှိသည်။

ရှန့်ကွမ်းချင်၏လက်ဆောင် ဖြစ်သည်။

ပြိုင်ပွဲတွင် လောင်းကြေးဖွင့်ပေးခဲ့သော ရှန့်ကွမ်းချင်ကလည်း အကျိုးအမြတ်ရခဲ့သည်။

“ကောင်းပြီ။ အချိန်ရရင် အလည်လာခဲ့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

သူက အမှန်တကယ် အလည်သွားရန် ရည်ရွယ်ထားသည်။

စကြဝဠာနယ်မြေတွင် သူဖြန့်ဝေပေးမည့် ပန်းပဲနည်းစနစ်နှင့် ပြောင်းလဲမှုများအတွက် အင်အားစုကြီးတချို့၏ ထောက်ခံ့မှုကို လိုအပ်သည်။

ဟန်မူယဲ့က ရှန့်ကွမ်းဟုန်ဆီမှ ထွက်လာပြီး လမ်းတွင် ဆရာကျူးယွမ်နှင့် တွေ့ခဲ့သည်။

ဆရာကျူးယွမ်က ဟန်မူယဲ့ကို ဖိတ်ခေါ်ရန် ရောက်လာခဲ့သည်။

လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်ထဲတွင် တံခါးပိတ်ကျင့်ကြံနေသော၊ ခရီးလွန်နေသော ကျွမ်းကျင်သူငါးဦးမှလွဲ၍ ကျန်ရှစ်ယောက်လုံးက ဟန်မူယဲ့နှင့်တွေ့ရန် ရောက်လာကြသည်။

တချို့က ရှေးခေတ်အချိန်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြသည်။

“ကျွန်တော်တို့ လျှို့ဝှက်ကောင်းကင်မြို့က လျန်ထျန်းဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်ပေမဲ့ ရှေးခေတ်ကျမ်းစာတွေထဲမှာ လျန်ထျန်းဂိုဏ်းက ပန်းပဲပညာနဲ့ပတ်သတ်ပြီး အသန်မာဆုံး ဖြစ်ခဲ့တယ်လို့ မှတ်သားထားတယ်”

လျှို့ဝှက်ကောင်းကင်မြို့၏ အသက်အကြီးဆုံးနှင့် အတွေ့အကြုံအများဆုံးဖြစ်သော အကြီးအကဲစွန်းကျစ်က ပြောလိုက်သည်။ သူက ကျင့်ကြံခြင်းစွမ်းရည်တွင်လည်း အကောင်းဆုံးဖြစ်နိုင်သည်။

စွန်းကျစ်က လျှို့ဝှက်ကောင်းကင်မြို့၏ အခမ်းနားဆုံးအချိန်ကို မြင်တွေ့ခဲ့ရသည်။

ထိုအချိန်တွင် လျှို့ဝှက်ကောင်းကင်မြို့က နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ဗဟိုချက်ကွန်ရက်ကို ပိုင်ဆိုင်ထားသည်။

“ကျွန်တော်တို့က လျှို့ဝှက်ကောင်းကင်မြို့ကို ရောက်လာတဲ့ ဆရာဟန်ရဲ့ ရည်ရွယ်ချက်ကို သိထားပါတယ်”

စွန်းကျစ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။

ဤနေရာသို့ ရောက်လာသော အစစ်အမှန် ပန်းပဲပညာရှင်များသည် မြို့၏ ဝင်္ကပါကို လေ့လာချင်ကြသည်။

ဟန်မူယဲ့က စကားမပြောဘဲ ခေါင်းညိတ်သည်။

သူက မြို့၏ ဝင်္ကပါကို အမှန်ပင် လေ့လာချင်သည်။

စကြဝဠာများအား ထိန်းချုပ်ထားသော ဝင်္ကပါကို အသုံးပြုနိုင်မည်လား သိချင်သည်။

အကယ်၍ အသုံးပြုနိုင်လျှင် မူလစကြဝဠာနှင့် ဆက်သွယ်နိုင်လိမ့်မည်။

ဟန်မူယဲ့က ဝင်္ကပါကို လေ့လာချင်ကြောင်း သိနေသောကြောင့် စွန်းကျစ်က ပေါ့ပါးစွာ ပြုံးလိုက်ပြီး သခင်မ,မင်တုံနှင့် တခြားလူများကို ခေါင်းညိတ်ပြသည်။

သူတို့က ဟန်မူယဲ့ကို အဖော်ပြုပြီး မြို့၏ အလယ်ပိုင်းသို့ သွားလိုက်ကြသည်။

နတ်ဘုရားအလင်းများနှင့် သွယ်ယှက်နေ‌သော ယဇ်ပလ္လင်တစ်ခုသည် ထိုနေရာတွင် ရှိနေသည်။

ထိုယဇ်ပလ္လင်သည် အနန္တလောကယဇ်ပလ္လင်နှင့် ဆင်တူသည်။

ထိုယဇ်ပလ္လင်က ပုံရိပ်ယောင်နယ်မြေသို့ လမ်းဖွင့်ပေးနိုင်သည်။

မြို့၏ မဟာဝင်္ကပါက ဤနေရာတွင် ရှိနေလျှင် သတိမထားမိဘဲ မဖြစ်နိုင်ပေ။

“ဟမ်”

စွန်းကျစ်က နတ်ဘုရားအလင်းကို ထုတ်လွှတ်ပြီး လက်ဝါးဖြင့် ရိုက်ချသည်။

တခြားလူများကလည်း လှုပ်ရှားလိုက်ပြီး ကိုယ်ပိုင်နတ်ဘုရားအလင်းနှင့် ဝင်္ကပါ၏စွမ်းအားကို ချိတ်ဆက်သည်။ ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီးက တုန်ခါလာသည်။

ထိုအချိန်တွင် လျှို့ဝှက်ကောင်းကင်မြို့က ပုံရိပ်ယောင်နယ်မြေထဲသို့ ကျဆင်းသွားသည်ဟု ထင်ရသည်။

‘ဒီလိုမျိုးလား’

လျှို့ဝှက်ကောင်းကင်မြို့သည် စကြဝဠာနယ်မြေနှင့် ချိတ်ဆက်မှုမရှိတော့ပေ။

ထို့ကြောင့် တခြားကျွမ်းကျင်သူများက လျှို့ဝှက်ကောင်းကင်မြို့၏ အခြေအနေကို အာရုံခံနိုင်မည်မဟုတ်ပေ။

ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်သာ ရှိနေသည်ဟု ထင်ရသော လျှို့ဝှက်ကောင်းကင်မြို့သည် နောက်ကွယ်တွင်ရှိသော နတ်ဘုရားတစ်သောင်းဘုရားကျောင်းနှင့် ဆက်သွယ်နေပုံရသည်။

သို့သော် လက်ရှိအခြေအနေအရ နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ လူများသည် လျှို့ဝှက်ကောင်းကင်မြို့တွင် လွယ်ကူစွာပေါ်လာမည်မဟုတ်ပေ။

လျှို့ဝှက်ကောင်းကင်မြို့သည် သာမန်ကုန်သွယ်ရေးမြို့ ဖြစ်ပြီး အမျိုးမျိုးသော ရတနာများကို ပိုင်ဆိုင်ထားလျှင် အင်အားစုများက အာရုံစိုက်နေလိမ့်မည်။

“ဟမ်”

ရွှေရောင်လှေကားထစ်များသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။

သူက လှေကားပေါ်သို့ တက်သွားပြီး အလင်းရောင်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

အလင်းရောင်တိုင်းသည် မတူညီသော ကမ္ဘာများကို ဖုံးကွယ်ထားသည်။

ဤလှေကားသည် မတိုင်းတာနိုင်သော ကမ္ဘာတစ်ခု ဖြစ်သည်။

အကယ်၍ တည်နေရာစည်းမျဉ်းကို ထိတွေ့ပြီး တည်နေရာစွမ်းအားကို လုံလောက်စွာ မထိန်းချုပ်နိုင်လျှင် လှေကားထစ်ပေါ်တွင် ခြေတစ်လှမ်းပင် ရွေ့လျားနိုင်မည်မဟုတ်ပေ။

ပန်းပဲပညာရှင်အများအပြားက မြို့၏ ဝင်္ကပါကို လေ့လာချင်သော်လည်း မတတ်နိုင်သောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

လှေကားထစ်များသည် ကျွမ်းကျင်သူများ၏ ၉၉%ကို တားဆီးနိုင်သည်။

ထိပ်ဆန်းအဆင့် ပန်းပဲပညာရှင် ဆယ့်နှစ်ယောက်ထဲတွင် တစ်ဝက်ခန့်ကသာ ဤလှေကားပေါ်သို့ တက်နိုင်လိမ့်မည်။

All Chapters