အခန်း (၁၄၀၇)
Vol. 101 Ch. 1407
“တည်နေရာ”
“စိတ်ဝင်စားစရာပဲ”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ လေးနက်သော စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော တည်နေရာစွမ်းအားသည် ရောင်စုံပုံစံကွက်များသဖွယ် လှုပ်ရှားနေသည်။
သူက တစ်လှမ်းချင်းစီ ရှေ့ဆက်သွားခဲ့သည်။
သူ၏ အမြန်နှုန်းကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ရောင်စုံအလင်းများက တုန်ခါနေပြီး နောက်တွင် ရောင်စုံအလင်းတန်းတစ်ခုကို ချန်ထားခဲ့သည်။
သူက လက်ဆန့်ထုတ်ပြီး ရှေ့တွင်ရှိသော တည်နေရာကို ဖိနှိပ်သည်။
ရောင်စုံဂိတ်တံခါးတစ်ခုသည် တွန်းဖွင့်ခံလိုက်ရသည်။ လှေကားထစ်ပေါ်တွင်ရှိသော သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။
“သူက ကောင်းကင်အံ့ဖွယ်တည်နေရာကို ဝင်ရောက်သွားပြီ”
စွန်းကျစ်က တီးတိုးရေရွတ်လိုက်ပြီး ပျောက်ကွယ်သွားသော ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။
“ပုံမှန်ပါပဲ။ သူ့လိုလူမျိုးက အဲဒီနေရာကို မဝင်နိုင်ဘူးဆိုရင် ဘယ်သူက ဝင်နိုင်မှာလဲ”
သခင်မ,မင်တုံက တီးတိုးပြောလိုက်သည်။ မျှော်လင့်ချက်တချို့သည် သူမ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
“သူက ဆရာနဲ့ တွေ့နိုင်မလားမသိဘူး ....”
တခြားလူများကလည်း တူညီစွာ မျှော်လင့်နေကြသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ရွှေရောင်စက်လုံးများသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် လည်ပတ်နေကြသည်။
ဤနေရာသည် လျှို့ဝှက်ကောင်းကင်မြို့၏ ကွန်ရက် ဖြစ်သည်။
“လောကအမျိုးမျိုးရဲ့ စွမ်းအားကို အသုံးပြုပြီး အချင်းချင်း ဆွဲငင်ထားတယ်။ နောက်ဆုံးမှာတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားက လှုပ်ရှားလာပြီး သွယ်ယှက်သွားတယ်”
“ဒါက အစစ်အမှန်ကမ္ဘာရဲ့ စက်ဝန်း မဟုတ်ဘူး။ ဒါပေမဲ့ အချိန်နဲ့ တည်နေရာရဲ့ စုစည်းမှုပဲ”
ဟန်မူယဲ့က ရှေ့တွင်ရှိသော မရေမတွက်နိုင်သည့် စက်လုံးများကို ကြည့်လိုက်သည်။ သူ၏ ပုံရိပ်သည် စက်လုံးများ၏ မျက်နှာပြင်တွင် ထင်ဟပ်နေသည်။
သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူ့စိတ်ထဲတွင်ရှိသော စက်လုံးများသည် ထိတွေ့နေပြီး ပျောက်ကွယ်သွားသည်။
“မတူညီတဲ့ တည်နေရာတွေကို တွန့်ခေါက်လိုက်ပြီး မိုင်သန်းချီကွာဝေးတဲ့ ကမ္ဘာတွေကို ချက်ချင်း ဆက်သွယ်နိုင်တယ်”
“အချိန်ကို လိုအပ်နေတာကြောင့် အချိန် - တည်နေရာစွမ်းအားကို ငှားယူရမယ်”
“ဒီဝင်္ကပါကို ဖန်တီးခဲ့တဲ့လူက ပါရမီရှင်ပဲ”
လေဟာနယ် တွန့်ခေါက်ခြင်း၊ အချိန်နှင့် တည်နေရာကို အသုံးပြုခြင်း ....
မရေမတွက်နိုင်သော ကျပန်းထိတွေ့မှုများမှတစ်ဆင့် ကမ္ဘာအားလုံးကို ဆက်သွယ်ခဲ့သည်။
အစပိုင်းတွင် ထိုဆက်သွယ်မှုသည် သေချာပေါက် ဖြစ်လာလိမ့်မည်။
သို့သော် နောက်ပိုင်းတွင် နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ဗဟိုချက်စွမ်းအားကို ထုတ်ယူပြီး လေဟာနယ်စွမ်းအားကို ချိပ်ပိတ်ခဲ့သောကြောင့် တခြားကမ္ဘာများနှင့် ဆက်သွယ်ရန် အခွင့်အရေးကို စောင့်ဆိုင်းရမည်။
“ဒီလိုမျိုး ဆက်သွယ်နိုင်တဲ့ အခွင့်အရေးကို သေချာပေါက် ဖြစ်လာစေဖို့ စက်လုံးတွေအားလုံး ထိတွေ့နိုင်တဲ့ ဖြစ်နိုင်ချေကို ပြန်ပြီး တွက်ချက်ရမယ်”
“လေဟာနယ်စွမ်းအားတွေ အားလုံးရဲ့ စုစည်းမှုကို တွက်ချက်နိုင်ရင် အချိန်တိုင်းမှာ ကမ္ဘာနှစ်ခုထပ်သွားအောင် လုပ်နိုင်လိမ့်မယ်”
“အဲဒါဆိုရင် ဝင်္ကပါကို ပြန်ဖွင့်နိုင်မှာပဲ”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။
သူက လက်ကိုဆန့်ထုတ်ပြီး စက်လုံးကို ဖိချလိုက်သည်။
မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအားသည် အထဲသို့ ဝင်ရောက်သွားသည်။ မရေမတွက်နိုင်သော အချိန်နှင့် တည်နေရာစွမ်းအားသည် သူ့စိတ်ထဲတွင် သွယ်ယှက်နေသည်။
“နှစ်ပေါင်း ဆယ့်ကိုးသိန်း၊ ငါးသောင်း၊ လေးထောင်၊ တစ်ရာလေးဆယ်မှာ စက်လုံး ငါးဆယ့်ကိုးသိန်း၊ သုံးသောင်းခြောက်ထောင်နဲ့ ဆယ့်သုံးခုက ဘေးမှာရှိတဲ့ တစ်ခုနဲ့ ဝင်တိုက်မိလိမ့်မယ်”
“နှစ်ပေါင်း သုံးဆယ့်ငါးသိန်း၊ ရှစ်ထောင်မှာ စက်လုံးပေါင်း ဆယ့်ခြောက်သိန်း၊ လေးသောင်းရှစ်ထောင်နဲ့ နှစ်ရာက ဘေးမှာရှိတဲ့ စက်လုံးသုံးခုနဲ့ ဝင်တိုက်မိလိမ့်မယ်”
“ငါက အဲဒီဖြစ်စဉ်ကို အရှိန်မြှင့်ပေးလိုက်ဖို့ပဲ လိုအပ်တယ်။ ပြီးတော့ တည်နေရာစွမ်းအားကို နှောင့်ယှက်လိုက်ရင် ဝင်္ကပါတစ်ခုလုံး လည်ပတ်ဖို့ ဖြစ်နိုင်တယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် စက်လုံးများအားလုံးက တောက်ပလာပြီး ပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
“တောင်သခင်၊ ဒီဝင်္ကပါကို သဘောကျရဲ့လား”
ထိုပုံရိပ်က ပြောလိုက်သည်။
“မင်းဖြစ်နေမယ်ဆိုတာကို ငါသိသင့်တယ်”
ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်ချလိုက်ပြီး ခပ်ဟဟရယ်လျက် ပြောသည်။
“ရှုအောင်းက ငါ့ကို ခန့်မှန်းကြည့်ဖို့ ပြောခဲ့တယ်။ မင်းက ဒီမှာရှိနေမယ်ဆိုတာကို ငါသိသင့်တယ်”
ပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ဖြည်းဖြည်းချင်း စုစည်းလာသည်။
ထိုပုံရိပ်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးနက်သော မျက်နှာထားကို ပိုင်ဆိုင်သည်။
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အတိတ်ကို သတိရသွားပုံပေါ်သည်။
“ချူကျန်ကျားက ဆရာဟန်ကို နှုတ်ဆက်ပါတယ်”
ချူကျန်ကျား ....
သူက ဟန်မူယဲ့၊ ရှုအောင်းတို့နှင့်အတူ နတ်ဘုရားအဆင့် စမ်းသပ်ပွဲနယ်မြေသို့ ဝင်ရောက်ပြီး သွမ်ထျန်းဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်လာခဲ့သည်။
ရှုအောင်း၏ ပါရမီသည် ရှားပါးသော်လည်း ချူကျန်ကျားနှင့် မယှဉ်နိုင်ပေ။
ရှုကျီယန်ဟု နာမည်ကြီးနေသော ရှုအောင်းက နတ်ဘုရားသားရဲများကို အသုံးပြု၍ လေဟာနယ်မြို့ကို ဖန်တီးခဲ့သည်။ သူ၏ အမွေအနှစ်သည် နှစ်ထောင်ချီကြာမြင့်သွားသော်လည်း ကြယ်စင်စုစကြဝဠာတွင် ဆက်လက်တည်ရှိနေသည်။
ထိုသို့ဆိုလျှင် ရှုအောင်းထက် ပါရမီပိုကောင်းသော ချူကျန်ကျားက မည်သို့ ဖြစ်နေမည်နည်း။
“မင်းက လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ပိုင်ရှင်လား”
ဟန်မူယဲ့က ချူကျန်ကျားကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
“ဒါမှမဟုတ် နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ သခင်လို့ ပြောသင့်လား”
လျှို့ဝှက်ကောင်းကင်မြို့၊ နတ်ဘုရားတစ်သောင်း ဘုရားကျောင်း ....
ရှေးခေတ်၏ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးသော နေရာ ....
ထိုအချိန်တွင် နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် အသန်မာဆုံး သတင်းကွန်ရက်နှင့် အရောင်းအဝယ်ပြုလုပ်ရန် အကောင်းဆုံးနေရာဟု သတ်မှတ်နိုင်သည်။
“ဟုတ်တယ်။ ကျွန်တော်က လျှို့ဝှက်ကောင်းကင်မြို့ကို စောင့်ကြည့်ခဲ့ရတယ်”
ချူကျန်ကျားက ခေါင်းညိတ်လိုက်ပြီး ခေါင်းခါပြန်သည်။
“နတ်ဘုရားတစ်သောင်းဘုရားကျောင်းအတွက်တော့ အစစ်အမှန်သခင် မရှိဘူး။ စိတ်သဘောထားတူညီတဲ့လူတွေ စုစည်းနေရုံပါပဲ”
ချူကျန်ကျားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခါးသီးစွာပြုံးသည်။
“သခင်အဖြစ် ထုတ်ပြောရမယ်ဆိုရင်တော့ ဆရာဟန်ပဲ ဖြစ်လိမ့်မယ်။ နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာက ခင်ဗျားပဲ”
ထိုစကားကြောင့် ဟန်မူယဲ့က ကြောင်အသွားသည်။
သူက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ သခင် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
သို့သော် တွေးကြည့်လိုက်လျှင် ဖြစ်နိုင်သည်။ သူ၏ ဝိညာဉ်ကိုယ်ပွားက ရတနာခုနစ်ခုကို သန့်စင်ခဲ့သည်။ အစီအစဉ်တချို့ ပြုလုပ်ထားခြင်းသည် ပုံမှန်သာဖြစ်သည်။
သို့သော် နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် ရည်မှန်းထားသလို မဖြစ်မလာခဲ့ပေ။ သူတို့က ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းရန် ကျရှုံးခဲ့သည်။
“နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ကပ်ဘေးနဲ့ ကြုံခဲ့ရတာလား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်ထားပြီး ချူကျန်ကျားကို ကြည့်လိုက်သည်။
ချူကျန်ကျားက ဝိညာဉ်တစ်ခုသာ ဖြစ်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေပြီး စွမ်းအားသိပ်မရှိတော့ပေ။
ချူကျန်ကျား၏ ခွန်အားနှင့် ကျွမ်းကျင်မှုအရ ထိုသို့ ဖြစ်နေရန် ခက်ခဲသည်။
“အမှန်ပဲ။ နတ်ဘုရားတစ်သောင်းဘုရားကျောင်းက ပြောင်းလဲသွားတယ်”
ချူကျန်ကျားက ညင်သာစွာ သက်ပြင်းချလိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော ပုံရိပ်ယောင်နယ်မြေကို ကြည့်သည်။
“လူသားတွေရဲ့ သဘာဝပဲ”
“ဆရာဟန်ရဲ့ အကြံအတိုင်း လုပ်ခဲ့သင့်တယ်။ ကျွန်တော်က လူသားတွေရဲ့ နှလုံးသားကို မခန့်မှန်းနိုင်ခဲ့ဘူး”
အံ့ဖွယ်ကိုးပါးတောင်သခင်က နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို တည်ဆောက်ပြီး လောကအသီးသီးနှင့် ဆက်သွယ်ရန် အဆိုပြုခဲ့သည်။
ပထမဆုံး နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် လျှို့ဝှက်ကောင်းကင်မြို့ ဖြစ်သည်။ ထိုမြို့ကို အံ့ဖွယ်ကိုးပါးတောင်၏ စုပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့သည်။
တခြားဘုရားကျောင်းများကို သွမ်ထျန်းဂိုဏ်းက တည်ဆောက်ပေးသည်။
တည်ဆောက်မှုများ မစခင် အံ့ဖွယ်ကိုးပါးတောင်သခင်က ချူကျန်ကျားကို ဘုရားကျောင်းများအားလုံး၏ ကုန်သွယ်မှုအား ထိန်းချုပ်ထားရန် ညွှန်ကြားခဲ့သည်။
ထိုအချိန်တွင် ချူကျန်ကျားက လိုက်နာခဲ့သည်။
သူက ဘုရားကျောင်းများအားလုံး၏ ဗဟိုချက်ကို စုစည်းပြီး လျှို့ဝှက်ကောင်းကင်မြို့တွင် ထားခဲ့သည်။
ဤနေရာတွင် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးက ပျက်စီးသွားလျှင်ပင် လျှို့ဝှက်ကောင်းကင်မြို့သည် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေပြီး စကြဝဠာများအားလုံး၏ ကုန်သွယ်မှုကို ထိန်းချုပ်ထားလိမ့်မည်။
လျှို့ဝှက်ကောင်းကင်မြို့၏ သခင်ဖြစ်သော ချူကျန်ကျားက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အမည်ခံခေါင်းဆောင်အဖြစ် ဆောင်ရွက်နိုင်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အင်အားစုများသည် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးဆိုင်ရာ ထိန်းချုပ်မှုကို မကျေမနပ် ဖြစ်လာသည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် ကြယ်စင်စုစကြဝဠာနှင့် တခြားစကြဝဠာများ၏ အရင်းအမြစ်ကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် အသစ်ပေါ်ထွက်လာမည့် ကျွမ်းကျင်သူများအတွက် အရင်းအမြစ် မလုံလောက်တော့ပေ။
အမြဲ ထိုသို့ပင် ဖြစ်သည်။
ရှေးကျသော ကျွမ်းကျင်သူများသည် အရင်းအမြစ်နှင့် အမိန့်အာဏာကို ထိန်းချုပ်ထားကြသည်။
အရင်းအမြစ်နှင့် အမိန့်အာဏာအတွက် ရုန်းကန်မှုသည် နောက်ဆုံးတွင် လျှို့ဝှက်ကောင်းကင်မြို့သို့ ရောက်လာခဲ့သည်။
သို့သော် ဖြည်းဖြည်းချင်း စုစည်းလာသော ဖိအားတစ်ခု ဖြစ်ခဲ့သည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကျွမ်းကျင်သူများက ထိုအခြေအနေကို ကျေနပ်သည်။
သူတို့က ကုန်သွယ်ရေးစွမ်းအားကို ကိုယ်ပိုင်အဖြစ် ထိန်းချုပ်ထားချင်သည်။
နောက်ဆုံးတွင် လျှို့ဝှက်ကောင်းကင်မြို့ကို ထိန်းချုပ်ရန်အတွက် ဓားနတ်ဘုရားလုယွဲ့ ရောက်လာသောအခါ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုစစ်ပွဲကြောင့် ကြယ်စင်စုစကြဝဠာ၏ အင်အားစုများသည် ပြောင်းလဲသွားခဲ့သည်။ ချူကျန်ကျားက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ထိန်းချုပ်မှုကို လက်လွှတ်လိုက်ရသည်။
“တကယ်လို့ ကုန်သွယ်ရေးဗဟိုချက်ကို လက်မလျော့ခဲ့ရင် ကြယ်စင်စုစကြဝဠာရဲ့ တည်နေရာစွမ်းအားက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်”
ချူကျန်ကျားက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
သူက ဗဟိုချက်ကို လက်လွှတ်လိုက်ပြီး တခြားလူများက ခွဲဝေထိန်းချုပ်ကြသည်။ ချူကျန်ကျားက ရွေးချယ်စရာမရှိဘဲ လျှို့ဝှက်ကောင်းကင်မြို့၏ ဗဟိုချက်နှင့် ပေါင်းစပ်ပြီး တစ်ဝက်တစ်ပျက် အိပ်မောကျသွားသည်။
“ကုန်သွယ်ရေးဗဟိုချက်ကို ထိန်းချုပ်လိုက်တဲ့လူတွေက ကန့်သတ်ချက်ကို ဖယ်ရှားဖို့ မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ခွဲထွက်မှုတွေကိုလည်း ဆက်ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးမှာ တခြားစကြဝဠာတွေကို ထိန်းချုပ်ဖို့ ကျရှုံးသွားတယ်”
“ကျွန်တော့်မှာ နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို ထိန်းချုပ်ဖို့ စွမ်းအားမရှိဘူး။ ကျဆင်းသွားတဲ့ ကြယ်စင်စုစကြဝဠာကို စောင့်ကြည့်နေဖို့ပဲ တတ်နိုင်ခဲ့တယ်”
ချူကျန်ကျားက နောင်တရနေသည်။
သူက အံ့ဖွယ်ကိုးပါးတောင်သခင်၏ ညွှန်ကြားချက်အတိုင်း ဗဟိုချက်ကို သေချာမထိန်းချုပ်နိုင်ခဲ့ပေ။ အဆုံးတွင် သူက အခွင့်အာဏာကို ဆုံးရှုံးသွားသည်။
တခြားစကြဝဠာများနှင့် ဆက်သွယ်ရန်လည်း မဖြစ်နိုင်တော့ပေ။
“သူတို့က တခြားနည်းလမ်းတွေကို ဖန်တီးခဲ့ကြတယ်။ အနန္တလောကယဇ်ပလ္လင်လိုမျိုးပေါ့”
“ဒါပေမဲ့ အဲဒီနည်းလမ်းတွေက ထိရောက်မှုသိပ်မရှိဘူး။ တခြားစကြဝဠာတွေကို ထိန်းချုပ်ဖို့ ပိုပြီး အားနည်းလာတယ်”
အနန္တလောကယဇ်ပလ္လင်သည် တခြားစကြဝဠာများနှင့် ဆက်သွယ်နိုင်သည်။ သို့သော် တိုက်ရိုက်ဆက်သွယ်ထားသော ကုန်သွယ်ရေးနည်းလမ်းကဲ့သို့ မကောင်းမွန်ပေ။
ကြယ်စင်စုစကြဝဠာက ကုန်သွယ်ရေးမှတစ်ဆင့် အရင်းအမြစ်များကို မထိန်းချုပ်နိုင်သောကြောင့် ပါရမီရှင်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။
သို့သော် နည်းလမ်းတိုင်းသည် ထိရောက်မှုမရှိခဲ့ပေ။
“အဲဒီဖြစ်ရပ်မှာ ရှေးခေတ်ကျင့်ကြံခြင်းလောကကို ဖျက်ဆီးခဲ့တဲ့အင်အားစု ပါဝင်နေလား”
“ဓားနတ်ဘုရားလုယွဲ့က ဒီစကြဝဠာကနေ ထွက်သွားဖို့ ဗဟိုချက်စွမ်းအားကို လိုချင်နေတာလား”
ဟန်မူယဲ့က မေးလိုက်သည်။
ဓားနတ်ဘုရားလုယွဲ့သည် တခြားနေရာသို့ ထွက်သွားပြီဟု သူ့ကို ပြောခဲ့သည်။