← Chapters

အခန်း (၁၄၀၉)

Vol. 101 Ch. 1409

အခန်း (၁၄၀၉)

Vol. 101 Ch. 1409

ပိုင်ရှင်မရှိသော နတ်ဘုရားတစ်သောင်းခန်းဆောင် ....

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ရှေးခေတ်၏ ကျွမ်းကျင်သူများသည် မကျဆုံးလျှင် ထွက်ခွာသွားကြသည်။

ယခင်က အင်အားစုအများအပြားသည် အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားသည်။

ချူကျန်ကျား၏ ခန့်မှန်းချက်အရ စကြဝဠာတစ်လျှောက်တွင် ပျံ့နှံ့နေသော ပိုင်ရှင်မဲ့ခန်းဆောင်များ ထောင်ချီ၍ ရှိနေသည်။

ဟန်မူယဲ့က ထိုခန်းဆောင်များကို စိတ်ဝင်စားသော်လည်း အလိုရှိတိုင်း မရနိုင်ပေ။

အကွာအဝေးနှင့် ကြုံတွေ့လာနိုင်သော အားကောင်းသည့် ရန်သူများကို ထည့်တွက်ရမည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်တည်နေရာတွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။

ထိုတည်နေရာကို ထိန်းသိမ်းထားရန် ချူကျန်ကျားအတွက် ခက်ခဲသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ကွန်ရက်၏ ဗဟိုချက်ကို အသက်သွင်းခဲ့သည်။ ယခုအချိန်မှစ၍ ချူကျန်ကျားက အချိန်နှင့်တည်နေရာ၏စွမ်းအားကို စုဆောင်းပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ပေးနိုင်သည်။

ယခုအချိန်တွင် သူက ဝိညာဉ်တစ်ခုသာ ဖြစ်သည်။ သို့သော် ရုပ်ခန္ဓာစုစည်းရန် စိတ်မဝင်စားပေ။

ချူကျန်ကျား၏ ကျင့်ကြံဆင့်နှင့် ပန်းပဲနည်းစနစ်များအရ လုံလောက်စွာသန်မာသော ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် မခက်ပေ။

သို့သော် သူက ကောင်းကင်အံ့ဖွယ်တည်နေရာကို ထိန်းချုပ်ချင်သည်။ ရုပ်ခန္ဓာ၏ ကန့်သတ်မှုကို မလိုချင်ပေ။

“အနာဂတ်မှာ အခွင့်အရေးရှိလာရင် ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးလိုက်မယ်”

သူက ပြောခဲ့သည်။

“အမှန်အတိုင်းပြောရရင် ဆရာဟန်ဖန်တီးနိုင်မယ့် ရုပ်သေးရုပ်ကိုပဲ သိချင်မိတယ်။ စည်းမျဉ်းစွမ်းအားကို စိန်ခေါ်ပြီး အဆင့်အမြင့်ဆုံး ပန်းပဲနည်းလမ်းနဲ့ သန့်စင်ထားတဲ့ ရုပ်သေးရုပ်မျိုးပေါ့”

“အဲဒါက ခင်ဗျားရဲ့ ရည်ရွယ်ချက်လို့ ပြောခဲ့ဖူးတယ်”

သူက မျှော်လင့်ချက်များနှင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ထိတွေ့ကိုင်တွယ်နိုင်‌သော ပန်းပဲနည်းစနစ်မှ သဏ္ဍာန်မဲ့နည်းစနစ်အဖြစ် ပြောင်းလဲမည်။ ထိုနည်းလမ်းသည် ရှေးခေတ်အချိန်မှ ယခုခေတ်အထိ နည်းစနစ်အားလုံးကို ကျော်လွန်နေသည်။

သူက ဉာဏ်အလင်းတချို့ ရထားသော်လည်း မဖမ်းဆုပ်နိုင်သေးပေ။

သူက ထိုရတနာမျိုးကို အမှန်တကယ် ဖန်တီးနိုင်လျှင် စကြဝဠာတစ်ခုလုံး၏ စည်းမျဉ်းကို မြင်နိုင်လိမ့်မည်။

ကောင်းကင်အံ့ဖွယ်တည်နေရာမှ ထွက်လာသောအခါ စွန်းကျစ်တို့က ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“ချူကျန်ကျားက မင်းတို့ကို ပေးလိုက်တယ်”

ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးသည်။

ချူကျန်ကျား ....

ထိုနာမည်သည် လူအနည်းငယ်သာ သိထားသော မြို့သခင်၏နာမည် ဖြစ်သည်။

သို့သော် ထိုနာမည်ကို သိထားသော လူများက တိုက်ရိုက် မပြောရဲကြပေ။

မြို့သခင်ကို နာမည်ခေါ်နိုင်သောလူများက ဤလောကတွင် အလွန်နည်းပါးသည်။

ထို့အပြင် ချူကျန်ကျားက စွန်းကျစ်နှင့် တခြားလူများ၏ဆရာ ဖြစ်ခဲ့သည်။

သူတို့က တရားဝင်တပည့်အဖြစ် သတ်မှတ်မခံရလျှင်ပင် အစစ်အမှန်ဆက်ဆံ‌ရေးကို ဝေမျှထားကြသည်။

စွန်းကျစ်က ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ သူက နတ်အာရုံဖြင့် စမ်းသပ်ကြည့်ပြီး ပျော်ရွှင်သွားသည်။

“ဒါက ဆရာ့ဆီကပဲ”

သူက ပြောလိုက်သည်။

တခြားလူများက လျင်မြန်စွာ စုစည်းလာကြသည်။ သူတို့က နတ်အာရုံကို ပို့လွှတ်လိုက်သည်။

ခဏအကြာတွင် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဟန်မူယဲ့ကို လေးနက်စွာ ဦးညွတ်သည်။

“ဆရာဟန်၊ အခုအချိန်ကစပြီး လျှို့ဝှက်ကောင်းကင်မြို့က ခင်ဗျားရဲ့အမိန့်ကို နာခံပါ့မယ်”

သူတို့က ပြောလိုက်ကြသည်။

ကျောက်စိမ်းပြားထဲတွင် လျှို့ဝှက်ကောင်းကင်မြို့က ဟန်မူယဲ့၏ အစီအစဉ်ကို လိုက်နာရန် ချူကျန်ကျားက မှာကြားလိုက်သည်။

သူတို့၏ဆရာက အဘယ်ကြောင့် ထိုသို့ညွှန်ကြားလိုက်ကြောင်း မသိသော်လည်း နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိနေမည်ဖြစ်ကြောင်း စွန်းကျစ်နှင့် တခြားလူများက နားလည်ကြသည်။

ချူကျန်ကျားက လျှို့ဝှက်ကောင်းကင်မြို့ကို သူ့ဆီသို့ လက်လွှဲပေးမည်ဖြစ်ကြောင်း ဟန်မူယဲ့က နားလည်ထားသည်။

သို့သော် သူ့အမြင်တွင် သူက ဤမြို့ကို အမှန်တကယ်ထိန်းချုပ်ရန် မလိုအပ်ပေ။

“လျှို့ဝှက်ကောင်းကင်မြို့က ဒီအတိုင်းပဲ ရှိနေမှာပါ။ ကြယ်စင်စုစကြဝဠာရဲ့ ပြောင်းလဲသွားတဲ့ ပန်းပဲလမ်းစဉ်ကို အာရုံစိုက်ထားပေးပါ”

သူက ပြောသည်။

“တခြားအင်အားစုတွေနဲ့ ဆက်သွယ်ပြီး ပန်းပဲပညာရှင်တွေရဲ့အဆင့်အတန်းကို တိုးမြှင့်ဖို့ ဖြည်းဖြည်းချင်း လုပ်ဆောင်ကြမယ်”

ဟန်မူယဲ့က စွန်းကျစ်နှင့် ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ရွှင်ချူးယွင်နှင့် လောင်းကြေးတိုက်ပွဲတွင် ဟန်မူယဲ့က ဝိညာဉ်ဖြင့်သန့်စင်ခြင်းနည်းလမ်းကို ထုတ်ပြခဲ့သည်။ ထိုအရာသည် ပန်းပဲပညာလမ်းစဉ်၏ အနာဂတ်ပန်းတိုင်အသစ် ဖြစ်လာမည်။ ထိုအချက်သည် အလွန်အရေးကြီးသည်။

ပန်းပဲပညာရှင်များက ပြောင်းလဲမှုကို ဆောင်ရွက်နိုင်လျှင် သူတို့၏ အဆင့်အတန်းက မြင့်တက်လာလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ပန်းပဲပညာရှင်အများစု သန့်စင်မည့် ရတနာများတွင် ကိုယ်ပိုင်အသိစိတ် ပါဝင်လာမည်။

ဝိညာဉ်ရတနာများ၏ အသိအမှတ်ပြုခြင်းကို ရယူချင်သော ကျင့်ကြံသူများက ပန်းပဲပညာရှင်ကို အားကိုးရမည်။

လွန်ခဲ့သောနှစ်များတွင် လျှို့ဝှက်ကောင်းကင်မြို့နှင့် ပန်းပဲပညာရှင်အစည်းအရုံးက ပန်းပဲပညာရှင်များ၏ အဆင့်အတန်းကို မြှင့်တင်ပေးရန် ကြိုးစားကြသည်။ သို့သော် ကျင့်ကြံခြင်းလောကသည် ကျဆင်းနေသောကြောင့် ပန်းပဲပညာရှင်များက ဖြည်းဖြည်းချင်း လက်အောက်ခံသဖွယ် ဖြစ်လာသည်။

ယခုအချိန်တွင် ဟန်မူယဲ့က ပန်းပဲပညာလမ်းစဉ်ကို ပြောင်းလဲပေးခဲ့သည်။

ဝိညာဉ်ရတနာကို လိုချင်သော လူများက ပန်းပဲပညာရှင်များကို လေးစားရမည်။

“ဆရာဟန်၊ လျှို့ဝှက်ကောင်းကင်မြို့က ပန်းပဲပညာရှင်တွေရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ပန်းပဲပညာရှင်အစည်းအရုံးနဲ့ ပူးပေါင်းသွားမှာပါ”

စွန်းကျစ်က လေးနက်စွာ ပြောသည်။

ထိုစကားသည် အမှန်ပင်ဖြစ်သည်။

သူ့အမြင်တွင် လျှို့ဝှက်ကောင်းကင်မြို့ဖြစ်စေ၊ ပန်းပဲပညာရှင်အစည်းအရုံးဖြစ်စေ ဟန်မူယဲ့အတွက် သိပ်အရေးမပါပေ။

ယနေ့အချိန်အထိ ရှင်သန်လာသော ရှေးခေတ်ကျွမ်းကျင်သူများသည် ပြင်ပလောကကို သိပ်ဂရုမစိုက်ကြပေ။

ထိုကျွမ်းကျင်သူမျိုးနှင့် ဆက်သွယ်ရန် အလွန်ခက်ခဲသည်။

ဟန်မူယဲ့က လျှို့ဝှက်ကောင်းကင်မြို့တွင် ရက်အနည်းငယ်နေထိုင်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ သခင်မမူယွဲ့တို့နှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာလာသည်။

ယုကျန်းနှင့် တခြားလူများက သူ့ကို လိုက်ပို့ချင်သော်လည်း ဟန်မူယဲ့က ငြင်းဆန်ခဲ့သည်။

ဥပမာအနေဖြင့် ချန်ကျန်းက ဟန်မူယဲ့နှင့် လိုက်လာချင်သည်။ သို့သော် သူက ချပ်ဝတ်ကို သန့်စင်ရန် လိုအပ်နေသောကြောင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာနိုင်ပေ။

“တကယ်တော့ နင်ပြောလိုက်ရင် မင်တုံက လိုက်လာလိမ့်မယ်”

သခင်မမူယွဲ့က ဘေးတွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာပြောသည်။

“ကျွန်တော်က ဘာဖြစ်လို့ သူမကို ခေါ်ရမှာလဲ”

ဟန်မူယဲ့က မူယွဲ့ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“ခင်ဗျားက သူမကို လိုက်လာစေချင်ရင် သွားခေါ်လိုက်လေ။ ကျွန်တော့်ကို ဆွဲမထည့်နဲ့”

ထိုစကားကြောင့် သခင်မမူယွဲ့၏ မျက်နှာက တောင့်တင်းသွားသည်။ သူမက တီးတိုးရေရွတ်နေပြီး တစ်ဖက်လှည့်သွားသည်။

ဟန်မူယဲ့တို့က လျှို့ဝှက်ကောင်းကင်မြို့မှ ထွက်လာပြီး တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ ခရီးဆက်ခဲ့သည်။

စကြဝဠာနယ်မြေသည် အလွန်ကျယ်ပြန့်သည်။ လမ်းတစ်လျှောက်တွင် ကွဲပြားသော မြင်ကွင်းများကိုလည်း မြင်ရသည်။

ကြယ်စင်စုစကြဝဠာနှင့် မသက်ဆိုင်သော ကုန်းမြေများလည်း တည်ရှိနေသည်။

ဤနေရာသည် လောကတစ်သောင်း၏ ကျွမ်းကျင်သူများ စုဝေးနေသော စကြဝဠာနယ်မြေ ဖြစ်သည်။

ဟန်မူယဲ့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားသောကြောင့် သူ့ကို ဖိတ်ခေါ်ရန် တစ်ယောက်မှ ရောက်မလာကြပေ။

ရက်တစ်ရာအကြာတွင် သူတို့က စကြဝဠာနယ်မြေ၏ အနောက်တောင်ပိုင်းသို့ ရောက်လာကြသည်။

လုမိသားစုသည် စကြဝဠာနယ်မြေ၏ အနောက်တောင်ပိုင်းကို လွှမ်းမိုးထားသည်။

လုမိသားစုသည် မိသားစုကြီးခုနစ်ခုတွင် ပါဝင်သောကြောင့် ဒါဇင်ချီသော မြို့များကို ပိုင်ဆိုင်ပြီး နယ်မြေကို ထိန်းချုပ်ထားသည်။

ထိုမြို့များတွင် တချို့သည် ဂိုဏ်းများ၏စုရပ်ဖြစ်ပြီး တချို့ကတော့ သာမန်လူသားမြို့များနှင့် ဆင်တူသည်။

သခင်မမူယွဲ့၏စကားအရ လုမိသားစုသည် အနောက်တောင်ပိုင်းတွင်ရှိသော သန်းထောင်ချီသည့် သက်ရှိများကို ထိန်းချုပ်ထားသည်။

ထိုအရာသည် အောက်အဆင့် မိသားစုကြီးလေးခုသာ ဖြစ်သည်။ အထက်အဆင့် မိသားစုကြီးသုံးခုသည် ပိုမိုကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်သည်။

“လုကျီရှုပြောတဲ့မြို့က လော့ယန်မြို့ပဲ။ လုမိသားစုရဲ့ ထိပ်တန်းအဆင့် မိသားစုခွဲတစ်ခုပဲ။ လုမိသားစုရဲ့ အဓိကမြို့က နေသွန်းမြို့ဖြစ်လိမ့်မယ်”

“ငါတို့က အခု နေသွန်းမြို့ရဲ့ အုပ်ချုပ်မှုအတွင်းမှာ ရှိတယ်။ မိုင်တစ်သိန်းလောက်ဆက်သွားရင် နေသွန်းမြို့ကို မြင်ရလိမ့်မယ်”

သခင်မမူယွဲ့က ရှေ့တွင်ရှိသော တိမ်မြူသန်းနေသည့် တောင်တန်းများကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားက ရွှေအလင်းဖြင့် တောက်ပနေသည်။

ထိုကျောက်စိမ်းပြားကို လုမိသားစု၏ ဖိတ်ကြားချက်အဖြစ် လုကျီရှုက ပေးခဲ့သည်။

ရွှေအလင်းတောက်ပနေပြီး ခဏအကြာတွင် သင်္ဘောပျံတစ်စင်း ရောက်လာခဲ့သည်။

“လုမိသားစုရဲ့ ရုပ်သေးရုပ်တွေကို ပြုပြင်ပေးဖို့ ရောက်လာတဲ့ ဆရာဟန်က ဘယ်သူလဲ”

အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် သင်္ဘောပျံပေါ်မှ ဆင်းသက်လာပြီး ဟန်မူယဲ့တို့ကို ကြည့်သည်။

ထိုလူက ဟန်မူယဲ့၏ ရင်ဘတ်တွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားကို မြင်လိုက်ရသည်။

“ငါက ဟန်မူယဲ့ပါ”

ဟန်မူယဲ့က ဦးညွတ်လိုက်သည်။

“ဆရာဟန်က အချိန်ကောင်းမှာ ရောက်လာတာပဲ။ အလင်းတန်းကုန်းမြေရဲ့ ပြင်ပမျိုးနွယ်တွေက မငြိမ်မသက်ဖြစ်နေတယ်။ ကျွန်တော်တို့ လုမိသားစုက ရုပ်သေးရုပ်တွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

လူအိုကြီးက ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ရွှေအလင်းလှေကားထစ်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။

“အလင်းတန်းကုန်းမြေရဲ့ ပြင်ပမျိုးနွယ်တွေလား။ ရှင်တို့ လုမိသားစုက သူတို့ကို မဖိနှိပ်နိုင်သေးဘူးလား”

သခင်မမူယွဲ့က သင်္ဘောပျံပေါ်သို့ ဟန်မူယဲ့နှင့်အတူ လိုက်လာသည်။ သူက အံ့အားသင့်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

သူမ၏စကားကြောင့် အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက နောက်သို့ လှည့်ကြည့်သည်။

“လုမိသားစုရဲ့ အလင်းတန်းကုန်းမြေအကြောင်း သိနေတာလား”

“မင်းက အင်အားစုကြီးတစ်ခုကနေ ရောက်လာတာပဲ ဖြစ်လိမ့်မယ်”

အကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်သည်။ သင်္ဘောပျံက အလင်းတန်းအဖြစ် ပြောင်းလဲပြီး ထွက်ခွာလာသည်။ ထို့နောက် လူငယ်များက ရှေ့တက်လာပြီး ဝိညာဉ်သေရည်နှင့် သစ်သီးများကို ထုတ်ပေးလိုက်သည်။

အကြီးအကဲက လုကန်ရှန်းဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့သည်။ သူက လုမိသားစု၏ အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပြီး စကြဝဠာတစ်ဝက်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

သူက နေရာအမျိုးမျိုးမှ စုစည်းထားသော ပန်းပဲပညာရှင်များကို ကြိုဆိုရန် တာဝန်ယူထားသည်။ အလင်းတန်းကုန်းမြေတွင် တာဝန်ထမ်းဆောင်မည့် ကျင့်ကြံသူများကိုလည်း ထိန်းသိမ်းပေးသည်။

ယခင်က စကြဝဠာနယ်မြေအား တိုက်ခိုက်လာသည့် ပြင်ပမျိုးနွယ်များကို အလင်းတန်းကုန်းမြေတွင် ဖိနှိပ်ထားသည်။

သူတို့က စကြဝဠာနယ်မြေကို မနှစ်သက်သော ပြင်ပဘုံမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးကို တိကျသော နယ်မြေတစ်ခုတွင် ဖိနှိပ်ထားရန် စီစဉ်ခဲ့ကြသည်။

မိသားစုကြီးခုနစ်ခုသာမက တခြားအင်အားစုများကလည်း အမျိုးမျိုးသော ပြင်ပမျိုးနွယ်များကို ဖိနှိပ်နေရသည်။

စကြဝဠာနယ်မြေသည် တစ်စုတစ်စည်းတည်း ရှိနေသောနေရာတစ်ခု မဟုတ်ခဲ့ပေ။

အလင်းတန်းကုန်းမြေ၏ ပြင်ပမျိုးနွယ်များသည် တောင်ပံကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် လက်လေးဖက်နှင့် မျက်လုံးသုံးလုံး ရှိသည်။ သူတို့က အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။

“လက်လေးဖက်နဲ့ မျက်လုံးသုံးလုံး ....”

ဟန်မူယဲ့က တွေးကြည့်နေသည်။

မဟာတောရိုင်းကမ္ဘာ၏ အမွေအနှစ်ကို ဖျက်ဆီးပြီး ယခုအချိန်တွင် ခွန်းဝူကို တိုက်ခိုက်နေသော ပြင်ပမျိုးနွယ်များကလည်း လက်လေးဖက်နှင့် မျက်လုံးသုံးလုံးကို ပိုင်ဆိုင်ကြသည်။

ထိုပြင်ပမျိုးနွယ်များသည် အရင်းအမြစ်မသိနိုင်သော လေဟာနယ်သက်ရှိများ ဖြစ်ကြသည်။ သူတို့က စကြဝဠာကြီး၏ တစ်နေရာတွင် မွေးဖွားလာကြသည်။

“လက်လေးဖက်၊ မျက်လုံးသုံးလုံးရှိတဲ့ မျိုးနွယ်က လေဟာနယ်ရဲ့ အသန်မာဆုံးသက်ရှိတွေပဲ။ သူတို့ကို ကန်အန်းမျိုးနွယ်လို့ ခေါ်တယ်။ လက်လေးဖက်ကန်အန်းတွေပေါ့”

“ကန်အန်းမျိုးနွယ်ရဲ့ အသန်မာဆုံးသက်ရှိတွေက တောင်ပံဆယ့်နှစ်ခုကို ပိုင်ဆိုင်ကြတယ်။ သူတို့ရဲ့ တတိယမျက်လုံးကနေ အချိန်နဲ့ တည်နေရာကို ထိန်းချုပ်နိုင်တယ်”

လုကန်ရှန်းက အလင်းတန်းကုန်းမြေ၏ ပြင်ပမျိုးနွယ်စုအကြောင်းကို ပြောလိုက်သည်။

အားကောင်းသော ရုပ်သေးရုပ်၊ ချပ်ဝတ်နှင့် လက်နက်များကြောင့် မဟုတ်လျှင် လူသားမျိုးနွယ်က ထိုမျိုးနွယ်စုကို ဖိနှိပ်ရန်အတွက် အလွန်ခက်ခဲလိမ့်မည်။

All Chapters