← Chapters

အခန်း (၁၄၁၁)

Vol. 101 Ch. 1411

အခန်း (၁၄၁၁)

Vol. 101 Ch. 1411

ဟန်မူယဲ့က သင်္ဘောပျံထဲမှ ထွက်လာသောအခါတွင် ဒါဇင်ချီသော ပုံရိပ်များက မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ဒါက ငါတို့ လုမိသားစုရဲ့ သင်္ဘောပျံပဲ”

“ပန်းပဲပညာရှင်၊ ဒါက စစ်ကူတွေပဲ”

“မြန်မြန်လေး၊ နောက်က လိုက်လာတဲ့လူတွေ မီလာတော့မယ်”

ဆင်းသက်လာသော ပုံရိပ်များက ဟန်မူယဲ့ရပ်နေသော သင်္ဘောပျံကို ဝိုင်းရံလိုက်ကြသည်။ ထို့နောက် စွမ်းအင်အလင်းက သင်္ဘောပျံကို လွှမ်းခြုံသွားသည်။

သင်္ဘောပျံက အနည်းငယ် တုန်ခါသွားပြီး ဖြည်းဖြည်းချင်း လွင့်မျောလာသည်။

ဟန်မူယဲ့က ထိုလူများကို ကြည့်လိုက်သည်။

သူတို့၏ ကျင့်ကြံဆင့်သည် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ဖြစ်ကြသည်။ သူတို့က ရုပ်သေးရုပ်ကို မထိန်းချုပ်လျှင် ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ ကောင်းမွန်သော လက်နက်များကိုလည်း ကိုင်ဆောင်ထားသည်။

ဟန်မူယဲ့က သူတို့ကို ကြည့်နေကြောင်း မြင်လိုက်ရသောအခါ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်က ပြောသည်။

“ငါက အလင်းတန်းကုန်းမြေမှာ စခန်းချထားတဲ့ ကျန်းယွဲ့အစောင့်တပ်ဖွဲ့ခေါင်းဆောင် လုကျီကျန်းပဲ”

သူတို့ထဲတွင် လုကျီကျန်းကသာ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ထားနိုင်သည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင်စွမ်းအားသည် နတ်ဘုရားအဆင့်၏ ကမ္ဘာဦးအဆင့်တွင် ရှိနေလိမ့်မည်။

“ဒီတစ်ကြိမ်မှာ ကန်အန်းမျိုးနွယ်က အချိန်အတော်ကြာအောင် ကြံစည်ထားတယ်။ သူတို့က စကြဝဠာနယ်မြေနဲ့ ချိတ်ဆက်ထားတဲ့ အလင်းတန်းကုန်းမြေရဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတွေကို ဖျက်ဆီးခဲ့တယ်။ အချိန်တိုအတွင်း နောက်ထပ်စစ်ကူတွေ ရောက်လာနိုင်မှာမဟုတ်ဘူး”

လုကျီကျန်းက ဘေးတွင်ရှိသော လူများကို ကြည့်လိုက်ပြီး လေးနက်စွာပြောသည်။

စစ်ကူများ မရှိပေ။

အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်သည်။

“အဲဒါကြောင့် ခေါင်းဆောင်နဲ့ အကြီးအကဲတွေက ပန်းပဲပညာရှင်တွေကို သေချာကာကွယ်ပြီး အခြေစိုက်စခန်းကိုပို့ဆောင်ဖို့ ညွှန်ကြားထားတယ်”

လုကျီကျန်းက အဝေးတစ်နေရာတွင် ပျံသန်းလာသော ပုံရိပ်များကို ကြည့်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသော ဓားမော့ကို မြှောက်လိုက်သည်။

ပတ်ဝန်းကျင်တွင်ရှိသော တခြားလူများကလည်း အသင့်ပြင်ထားကြသည်။

ဟန်မူယဲ့က ချဉ်းကပ်လာသော ပုံရိပ်များကို အာရုံစိုက်လိုက်သည်။

တောင်ပံနှစ်ခု၊ တောင်ပံလေးခု၊ လက်လေးဖက်၊ မျက်လုံးသုံးလုံး ....

ခွန်းဝူ၏ အပြင်ဘက်တွင် သူက ထိုသက်ရှိများကို သတ်ဖြတ်ခဲ့ဖူးသည်။

“ကန်အန်းမျိုးနွယ်”

ဟန်မူယဲ့က ညင်သာစွာရေရွတ်သည်။

“စိတ်မပူပါနဲ့။ ငါတို့က မင်းကို ကျန်းယွဲ့စခန်းဆီ ပို့ပေးမှာပါ”

ဟန်မူယဲ့က စိုးရိမ်ပြီး ကြောက်ရွံ့နေသည်ဟု ထင်လိုက်‌သောကြောင့် လုကျီကျန်းက ကျယ်လောင်စွာပြောသည်။

သူ့လက်ထဲတွင်ရှိသော ဓားမော့သည် ခမ်းနားသောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

“ကျီမင်နဲ့ယုရှန်း ရန်သူတွေကို တိုက်ခိုက်ဖို့ ငါ့နောက်ကိုလိုက်ခဲ့။ ကျန်တဲ့လူတွေက ပန်းပဲပညာရှင်ကို ခေါ်သွားကြတော့”

လှံကိုင်ထားသော လုမိသားစု၏ မျိုးဆက်နှစ်ယောက်က တုံ့ဆိုင်းမှုမရှိဘဲ သူ့နောက်သို့ လိုက်သွားကြသည်။

ဓားမော့အလင်းနှင့် လှံအလင်းသည် နဂါးသဖွယ် ပြေးထွက်သွားပြီး ပျံသန်းလာသော ပုံရိပ်များကို တိုက်ခိုက်သည်။

လုမိသားစု၏ တခြားလူများက သင်္ဘောပျံကို ကာကွယ်ထားပြီး ထွက်သွားရန် ကြိုးစားသည်။

သို့သော် သင်္ဘောပျံက ထိခိုက်ထားသောကြောင့် နှေးကွေးနေသည်။ ကန်အန်းမျိုးနွယ်၏ လူအများအပြားက လုကျီကျန်းတို့ကို ကျော်ဖြတ်ပြီး သင်္ဘောပျံဆီသို့ ပြေးဝင်လာကြသည်။

“ရန်သူတွေကို တားဆီးကြ”

လုမိသားစု၏ မျိုးဆက်နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး ပြေးထွက်သွားသည်။

တစ်ယောက်က ရုပ်သေးသခင်ဖြစ်ပြီး တစ်ယောက်က ချပ်ဝတ်သခင် ဖြစ်သည်။ သူတော်စင်အဆင့် ရုပ်သေးရုပ်က လှုပ်ရှားလိုက်သည်။ ချပ်ဝတ်သခင်က ရုပ်သေးသခင်ကို ကာကွယ်ပေးနေသည်။

ပျံထွက်လာသော ရုပ်သေးရုပ်က ဆယ်ပေကြီးမားသွားသည်။ ထို့နောက် သံတုတ်တစ်ချောင်းကို ဝှေ့ယမ်းလျက် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးပြီး ပြေးဝင်လာသော ပုံရိပ်များကို တားဆီးသည်။

အချိန်ခဏကြာအောင် ထွက်ပြေးပြီးသောအခါတွင် သင်္ဘောပျံကို ကာကွယ်ပေးရန် လူရှစ်ယောက်သာ ကျန်တော့သည်။ ကျန်ရှိနေသော ဆယ့်တစ်ယောက်က အုပ်စုငါးစုခွဲပြီး ရန်သူများကို တားဆီးထားသည်။

“ဆရာ၊ ကျွန်တော်တို့က ရန်သူတွေကို မျှားခေါ်သွားလိုက်ပါမယ်။ ဆရာက ကျန်းယွဲ့စခန်းကို တစ်ယောက်တည်း သွားလိုက်ပါတော့”

ကန်အန်းမျိုးနွယ်ဝင်များက နောက်တစ်ကြိမ်လိုက်မီလာသောကြောင့် လှံရှည်တစ်ချောင်းကိုင်ထားသော အနက်ရောင်ချပ်ဝတ်နှင့် လုမိသားစုဝင်က ဟန်မူယဲ့ကို တီးတိုးပြောလိုက်သည်။

တခြားလူများက အသင့်ပြင်ထားကြသည်။ လူတစ်ယောက်က အနက်ရောင်ချပ်ဝတ်တစ်ခုကို ဟန်မူယဲ့ဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူ့ကို သင်္ဘောပျံပေါ်မှ တွန်းချသည်။

လုမိသားစု၏ မျိုးဆက်ရှစ်ယောက်တွင် နှစ်ယောက်က သင်္ဘောပျံကို ထိန်းချုပ်ထားပြီး ဆက်လက်ထွက်ပြေးသွားသည်။ ကျန်လူများက လူနှစ်ယောက်စီ အုပ်စုဖွဲ့ပြီး အရပ်မျက်နှာတိုင်းဆီသို့ ခွဲထွက်သွားသည်။

ဟန်မူယဲ့ကို ငယ်ရွယ်သောမျက်နှာနှင့် လူတစ်ယောက်က ဦးဆောင်ထားသည်။

သူတို့က ဆယ့်ငါးမိနစ်ခန့် ထွက်ပြေးပြီးသောအခါ လူငယ်က ရပ်တန့်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

“ဆရာ၊ ကျေးဇူးပြုပြီး ဆက်သွားပါတော့။ ကျွန်တော်က သူတို့ကို တားထားလိုက်ပါမယ်”

ကန်အန်းမျိုးနွယ်၏ လူအနည်းငယ်က သူတို့၏နောက်သို့ လိုက်လာသည်။

လူငယ်က တောင်ပံပုံရိပ်ဆီသို့ ပြေးဝင်သွားသည်။ သူက သုံးပေဓားရှည်နှင့် လွှဲခုတ်သည်။

သူတို့ ရောက်လာပြီး ဟန်မူယဲ့ထွက်ပြေးနိုင်အောင် ကူညီပေးနေသော အချိန်အထိ နာရီဝက်ခန့်သာ ရှိသေးသည်။

ဟန်မူယဲ့က သူတို့နှင့် စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ထိုလူများသည် သူတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ဟန်မူယဲ့၏အမြင်ကို မမေးပေ။ တခြားလူများ၏ သဘောထားကိုလည်း မလိုအပ်ပေ။

သူတို့က တာဝန်အပေါ်တွင် သေခြင်းရှင်ခြင်းကို အပ်နှံထားသည်။

ဟန်မူယဲ့က ကန်အန်းမျိုးနွယ်ဝင်များ၏ ဝိုင်းရံခြင်းကို ခံထားရသော လုမိသားစု၏ အမည်မသိမျိုးဆက်များကို ကြည့်လိုက်သည်။

ထိုလူများသည် စကြဝဠာနယ်မြေ၊ ကြယ်စင်စုစကြဝဠာတွင် ရှားပါးသည်။

ဤနေရာတွင်ရှိသော လူများသည် ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားပြီး သေခြင်းရှင်ခြင်းအခြေအနေကို ရင်ဆိုင်နေသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင်လည်း လူအများအပြားသည် အသက်စွန့်ရန် ဆန္ဒရှိကြသည်။

လူတိုင်းက သေဆုံးခြင်းကို မကြောက်ရွံ့ခြင်း မဟုတ်ပေ။

ရွေးချယ်စရာနှင့် ကြုံလာသောအခါတွင် ကိုယ်ပိုင်အသက်ကို အရေးမပါဟု သတ်မှတ်လိုက်ခြင်းသာ ဖြစ်သည်။

အသက်စွန့်ရန် ဆန္ဒရှိသော လူများသည် သူရဲကောင်းများ ဖြစ်ကြသည်။

“မင်းရဲ့နာမည်က ဘယ်သူလဲ”

အလင်းတန်းသုံးခုက ဆင်းသက်လာပြီး လုမိသားစု၏ မျိုးဆက်ကို နောက်ဆုတ်သွားစေသည်။ ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် မေးလိုက်သည်။

ဟန်မူယဲ့က ထွက်မသွားသေးကြောင်း မြင်လိုက်ရသောအခါတွင် လူငယ်က အခက်တွေ့နေပုံပေါ်သည်။

“ခင်ဗျား”

“ကျွန်တော့်နာမည်က လုယုရှန်းပဲ။ အခု မြန်မြန်ထွက်သွားတော့”

လူငယ်က ဓားအလင်းကို နောက်တစ်ကြိမ်စုစည်းလိုက်ပြီး ချပ်ဝတ်၏စွမ်းအားကို အသက်သွင်းသည်။ သူက အလင်းတန်းသုံးခုဆီသို့ ပြေးဝင်သွားသည်။

တောင်ပံရှိသော ကန်အန်းမျိုးနွယ်ဝင်များသည် မယုံကြည်နိုင်စရာကောင်းသော သွက်လက်မှုကို ပိုင်ဆိုင်သည့်အပြင် အားကောင်းကြသည်။

သူတို့၏ လက်လေးဖက်သည် ဓားမော့၊ လှံ၊ ဒိုင်းကာနှင့် တူများကို ကိုင်ဆောင်နိုင်သည်။ သူတို့၏ ဒေါင်လိုက်မျက်လုံးက လူတစ်ယောက်ကို မလှုပ်ရှားအောင် ချုပ်နှောင်ထားနိုင်သည်။

လုယုရှန်း၏ ကျင့်ကြံဆင့်က ရန်သူများထက် မနိမ့်ကျပေ။ သို့သော် သူ၏ တိုက်ပွဲအတွေ့အကြုံက မလုံလောက်ပေ။ လုယုရှန်းက ကန်အန်းမျိုးနွယ်ဝင်နှစ်ယောက်နှင့် တိုက်ခိုက်နေသောအချိန်တွင် တတိယမြောက် ကန်အန်းမျိုးနွယ်ဝင်က ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ဓားမော့နှစ်လက်ဖြင့် ဟန်မူယဲ့၏ဦးခေါင်းကို ခုတ်ချသည်။

သူတို့က ပန်းပဲပညာရှင်များကို ပစ်မှတ်ထားနေသည်။

“မြန်မြန်ရှောင်လိုက်”

လုယုရှန်းက အော်ဟစ်သည်။

သို့သော် ဟန်မူယဲ့က မရှောင်ခဲ့ပေ။

သူက ခေါင်းမော့ပြီး ဓားမော့နှစ်လက်ကို ရိုးရှင်းစွာ ကြည့်လိုက်သည်။

“ဘုန်း”

ပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏နောက်တွင် ပေါ်ထွက်လာပြီး ကျဆင်းလာသော ဓားမော့နှစ်လက်ကို လက်သီးဖြင့် ထိုးချသည်။ လက်သီးချက်သည် ဓားမော့နှစ်လက်အပြင် ကန်အန်းမျိုးနွယ်ဝင်၏ ရင်ဘတ်ကိုလည်း ထိခိုက်သွားသည်။

ကန်အန်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်က ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်သွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ချက်ချင်းဆိုသလိုပင် လုယုရှန်း၏ဘေးသို့ ရောက်လာပြီး နောက်တစ်ကြိမ် လက်သီးထိုးသည်။

ကန်အန်းမျိုးနွယ်ဝင်နှစ်ယောက်က တုန်ခါနေပြီး လက်သီးချက်ကြောင့် အရိုးများ ကြေမွသွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် သူတို့ထက် အဆပေါင်းများစွာ သန်မာသည်။

လက်သီးတစ်ချက်ကြောင့် လဲကျသွားသော ကန်အန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်ပြီး လုယုရှန်းက ကံကောင်းသည်ဟု ခံစားရသည်။

သူက နောက်တွင်ရှိသော ဟန်မူယဲ့ကို ရုတ်တရက် လှည့်ကြည့်သည်။

“ဆရာ၊ ခင်ဗျား ....”

ပန်းပဲပညာရှင်တစ်ယောက်သည် ထိုစွမ်းရည်မျိုးကို မပိုင်ဆိုင်နိုင်ပေ။

“မင်းက တခြားလူတွေကို မသေစေချင်တူးဆိုရင် ငါ့ရဲ့ရုပ်သေးရုပ်ကိုယူပြီး သွားကယ်လိုက်ပါ”

လုယုရှန်း၏စကား အဆုံးမသတ်ခင် ဟန်မူယဲ့က ဖြတ်ပြောလိုက်သည်။

လူကယ်ရမှာလား ....

အစပိုင်းတွင် သူက ဟန်မူယဲ့ကို လွတ်မြောက်သွားစေရန် အာရုံစိုက်ထားခဲ့သည်။ ယခုအချိန်တွင် ဟန်မူယဲ့က လုံခြုံနေပြီဖြစ်သောကြောင့် သူက ရဲဘော်ရဲဘက်များကို တွေးမိသွားသည်။

“ကောင်းတယ်။ ကောင်းတယ်”

သူက အချိန်ဆွဲမနေဘဲ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး သူ့နောက်မှ လိုက်လာသည်။

ဟန်မူယဲ့က နေရာတွင် ကျန်နေခဲ့ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။

ထိုနေရာတွင် လျင်မြန်စွာ ချဉ်းကပ်လာသော ကန်အန်းမျိုးနွယ်ဝင်များ၏ အငွေ့အသက်ကို မြင်ရသည်။

ခဏအကြာတွင် တောင်ပံခြောက်ခုရှိသော ပုံရိပ်နှစ်ခုက တခြားမျိုးနွယ်ဝင်များကို ဦးဆောင်လျက် ဆင်းသက်လာသည်။

ခေါင်းဆောင်နှစ်ယောက်က စူးရှနေသော တတိယမျက်လုံးကို ဖွင့်လိုက်သည်။

“ဒီတစ်ကြိမ်မှာ ပန်းပဲပညာရှင်တွေ ဘယ်နှယောက် ရောက်လာတာလဲ”

“လုမိသားစုကို ဘယ်သူက ဦးဆောင်လာတာလဲ”

“စကြဝဠာနယ်မြေမှာ ဘယ်မိသားစုတွေက လုမိသားစုနဲ့ မဟာမိတ်ဖွဲ့ထားလဲ”

အုပ်စုခေါင်းဆောင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။

တတိယမျက်လုံး၏ ရွှေအလင်းသည် ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

သို့သော် ထိုအလင်းသည် ဟန်မူယဲ့ဆီသို့မရောက်ခင် တားဆီးခံလိုက်ရသည်။

ထိုဖြစ်ရပ်ကြောင့် ခေါင်းဆောင်က ကြောင်အသွားသည်။

တောင်ပံခြောက်ခုကန်အန်းသည် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူတို့၏ တတိယမျက်လုံးသည် အဆင့်တူများကို လွှမ်းမိုးနိုင်သည်။

တတိယမျက်လုံး၏ ဖိနှိပ်မှုကို ခံရလျှင် ခန္ဓာကိုယ်သာမက ဝိညာဉ်ကလည်း ချုပ်နှောင်ခံရလိမ့်မည်။

အကယ်၍ ဝိညာဉ်က အနည်းငယ် အားနည်းလျှင် သိထားသော အရာအားလုံးကို ထုတ်ပြောလိမ့်မည်။

“ငါက အမှားလုပ်မိတာပဲ”

တောင်ပံခြောက်ခုအကြီးအကဲက နှာမှုတ်လိုက်ပြီး လှံရှည်ဖြင့် ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးသွင်းသည်။

“ဝီ”

လေပြင်းများကို သယ်ဆောင်ထားသော လှံရှည်က ပေသုံးဆယ်ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်သည်။

တခြားလှည့်ကွက်များ မရှိပေ။ အားကောင်းသော လှံချက်တစ်ခုသာ ဖြစ်သည်။

ထိုအရာသည် ကန်အန်းမျိုးနွယ်၏ ခွန်အား ဖြစ်သည်။

မန္တန်များ၊ သဘာဝလွန်စွမ်းအားများသည် အားကောင်းသော ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားရှေ့တွင် မလုံလောက်ပေ။

“ဘုန်း”

ဟန်မူယဲ့က လက်သီးထိုးလိုက်သည်။

သူ၏ လက်သီးချက်သည် လှံထိပ်ဖျားကို ပျက်စီးသွားစေသည်။

တောင်ပံခြောက်ခုအကြီးအကဲက ထိတ်လန့်နေသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး လှံကိုင်ထားသော လက်နှစ်ဖက်ကလည်း ပျက်စီးသွားသည်။

“သတ်”

ကျန်ရှိနေသော တောင်ပံခြောက်ခုကန်အန်းနှင့် တခြားလူများက ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

သူတို့က လျင်မြန်သော်လည်း ဟန်မူယဲ့က ပိုမြန်သည်။

သူက ရှေ့သို့‌ ခြေတစ်လှမ်းတိုးပြီး လက်သီးဖြင့် ထိုးချသည်။

သူ၏ လက်သီးပုံရိပ်သည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပျံသန်းလာသော ကန်အန်းမျိုးနွယ်ဝင်ကို လွင့်ထွက်သွားစေသည်။ ထို့နောက် နဂါးသည် အမြီးဖြင့် တခြားကန်အန်းနှစ်ယောက်ကို ရိုက်ထုတ်လိုက်သည်။

All Chapters