အခန်း (၁၄၁၂)
Vol. 101 Ch. 1412
ဟန်မူယဲ့၏ပုံရိပ်က ရပ်တန့်မသွားပေ။ သူက ခြေကန်ချက်ဖြင့် ပခုံးဆီသို့ဦးတည်၍ ကျဆင်းလာသော ရွှေရောင်တူကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် ချဉ်းကပ်လာသော ကန်အန်းမျိုးနွယ်ဝင်တစ်ယောက်ကို ပြာကျသွားအောင် ရိုက်ချသည်။
“ဘန်း”
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး တိုးဝင်လာသော ဒိုင်းကာကို ဖျက်ဆီးသည်။
ဒိုင်းကာကိုင်ထားသော တောင်ပံခြောက်ခုကန်အန်းက သွေးအန်လိုက်ပြီး နောက်ဆုတ်သွားသည်။
ချက်ချင်းဆိုသလိုပင် တောင်ပံခခြောက်ခုကန်အန်းနှစ်ယောက် ဦးဆောင်လာသော လူအားလုံးက အပြင်းအထန် ဒဏ်ရာရသွားသည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေသည်။ သတ်ဖြတ်လိုစိတ်သည် ပတ်ဝန်းကျင်တွင် စုစည်းလာခဲ့သည်။
အဝေးတစ်နေရာတွင် တစ်ဒါဇင်ကျော်သော ပုံရိပ်များက လျင်မြန်စွာ ပြေးလာကြသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် ရှေ့ဆုံးတွင်ရှိနေပြီး လေပြင်းနှင့် မိုးကြိုးများကို သယ်ဆောင်ထားသည်။
“ဆရာကို ကာကွယ်ကြ”
လုကျီကျန်းက ပြတ်သားစွာ အော်ဟစ်သည်။
လုမိသားစု၏ မျိုးဆက်များက အသည်းအသန် ပြေးလာကြသည်။
သူတို့က တောင်ပံခြောက်ခုကန်အန်းများကို မြင်လိုက်ရသည်။
သူတို့၏ခွန်အားနှင့်ဆိုလျှင် တောင်ပံခြောက်ခုကန်အန်းများကို မယှဉ်နိုင်ပေ။
“သွား”
ခေါင်းဆောင်ကန်အန်းနှစ်ယောက်က သတိထားနေပြီး ဟန်မူယဲ့ကို တစ်ချက်ကြည့်၍ တောင်ပံဖြန့်လိုက်ကြသည်။
လုကျီကျန်းနှင့် တခြားလူများ ရောက်လာသောအချိန်တွင် ကန်အန်းမျိုးနွယ်များက နောက်ဆုတ်သွားကြသည်။
“ဆရာ၊ အဆင်ပြေရဲ့လား”
“ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ”
လုကျီကျန်းနှင့် တခြားလူများက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးစားစွာ ဦးညွတ်ကြသည်။
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“စခန်းကို ပြန်သွားရအောင်”
ခဏအကြာတွင် သင်္ဘောပျံကို ထိန်းချုပ်ထားသော နောက်ဆုံးကျန်ရှိနေသည့် လုမိသားစု၏ မျိုးဆက်နှစ်ယောက် ရောက်လာသည်။ သူတို့အားလုံးက သင်္ဘောပျံပေါ်သို့ တက်လိုက်ပြီး စခန်းဆီသို့ ဦးတည်ခဲ့သည်။
သင်္ဘောပျံကို စီးနင်းလာပြီး ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
လုကျီကျန်းနှင့် တခြားလူများကလည်း တစ်ခုခုလွဲမှားနေကြောင်း ခံစားမိကြသည်။
ရှေ့တွင်ရှိသော စခန်း၏နေရာတွင် ကောင်းကင်အထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသည်။
သူတို့က ဝိုင်းရံခံထားရသည်။
ကျန်းယွဲ့အစောင့်တပ်ဖွဲ့သည် အလင်းတန်းကုန်းမြေတွင် အဖွဲ့ခွဲ ၃၃ခု ရှိသည်။ တပ်ဖွဲ့တစ်ခုစီသည် စစ်သည်နှစ်ထောင်အင်အားကို ပိုင်ဆိုင်ကြသည်။
ထိုစစ်သည်နှစ်ထောင်တွင် အသန်မာဆုံးလူက အနည်းဆုံး စကြဝဠာတစ်ဝက်အဆင့်တွင် ရှိနေသည်။
စကြဝဠာတစ်ဝက်အဆင့် ခေါင်းဆောင်က စစ်သည်နှစ်ထောင်နှင့် ပူးပေါင်းလိုက်လျှင် စကြဝဠာအဆင့်နှင့် တိုက်ခိုက်နိုင်သည်။
အလင်းတန်းကုန်းမြေတွင်ရှိသော ကျန်းယွဲ့အစောင့်တပ်ဖွဲ့ ၃၃ခု၏ ခွန်အားသည် အဓိကအင်အားစုကြီးများနှင့် ယှဉ်နိုင်သည်။
သူတို့ကို ဆုံးရှုံးသွားလျှင် စိတ်ကူးမယဉ်နိုင်သော အကျိုးဆက်ကို ဖြစ်ပေါ်စေလိမ့်မည်။
စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုနှင့် တခြားအင်အားစုများသည် နောက်ကွယ်တွင် နယ်မြေတစ်ခုကို စောင့်ကြပ်ထားကြသည်။ နယ်မြေကို စောင့်ကြပ်ရန် အားထုတ်ထားရသော်လည်း မျိုးဆက်သစ်များကို လေ့ကျင့်ပေးနိုင်သည်။
လုမိသားစု၏ ကျန်းယွဲ့အစောင့်များကြားတွင် ခေါင်းဆောင်ဖြစ်သော မိသားစု၏ အကြီးအကဲမှလွဲ၍ ကျန်လူအများစုက မျိုးဆက်သစ်များ ဖြစ်ကြသည်။
မိသားစု၏ လက်ရွေးစင်တစ်ယောက် ဖြစ်လာရန် အလင်းတန်းကုန်းမြေတွင် နှစ်တစ်ထောင်ကျော် တာဝန်ထမ်းဆောင်ရမည်။
“ဘုန်း”
ရှေ့တွင်ရှိသော စခန်း၏ ကောင်းကင်ထက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားနိုင်သည်။
သွေးရောင်အငွေ့အသက်သည် လေထုထဲတွင် သွယ်ယှက်နေပြီး ကန်အန်းမျိုးနွယ်၏ တောင်ပံများသည် ကောင်းကင်ကို လွှမ်းခြုံထားသည်ဟု ထင်ရသည်။
ထိုနေရာတွင် အနည်းဆုံး ကန်အန်းမျိုးနွယ်ဝင် တစ်သောင်းက တပ်ဖွဲ့စခန်းကို ဝိုင်းရံတိုက်ခိုက်နေသည်။
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
လုယုရှန်း၏မျက်နှာက ဖြူဖျော့သွားပြီး အုပ်စုခေါင်းဆောင်ဖြစ်သော လုကျီကျန်းကို လှည့်ကြည့်သည်။
တခြားလူများကလည်း လုကျီကျန်းကို ကြည့်လိုက်ကြသည်။
“တခြားစခန်းတစ်ခုကို သွားမယ်”
လုကျီကျန်း၏မျက်လုံးများက မီးတောက်နေသည်ဟု ထင်ရသည်။ သို့သော် သူ့အသံက တည်ငြိမ်နေသည်။
“ငါတို့တာဝန်က ဆရာဟန်ကို စခန်းဆီပို့ပေးဖို့ပဲ။ နှောင့်နှေးနေလို့ မဖြစ်ဘူး”
“ပန်းပဲပညာရှင်ဖြစ်တဲ့ ဆရာဟန်က ပိုအရေးကြီးတယ်”
လုမိသားစုက အလင်းတန်းကုန်းမြေကို ထိန်းချုပ်နိုင်ရန် အမျိုးမျိုးသော ရုပ်သေးရုပ်နှင့် စကြဝဠာအဆင့်လက်နက်များအား ပြုပြင်နိုင်မည့် လုံလောက်သော ပန်းပဲပညာရှင်များကို လိုအပ်နေသည်။
ယခုအချိန်တွင် ပန်းပဲပညာရှင်များသည် ရတနာတစ်ပါး ဖြစ်သည်။
စကြဝဠာနယ်မြေ၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများကို ပြုပြင်ပြီး စစ်ကူများ ရောက်မလာခင်အထိ ပန်းပဲပညာရှင်များကို ကာကွယ်ရမည်။
လုကျီကျန်းက ခက်ခဲစွာ ရွေးချယ်ခဲ့ရသည်။
လုယုရှန်းနှင့် တခြားလူများက အံကြိတ်ထားပြီး စကားမပြောပေ။ သူတို့၏ မျက်နှာထားက လေးနက်နေသည်။
ထိုနေရာတွင် သူတို့၏ ရဲဘော်ရဲဘက်နှင့် ညီအစ်ကိုများ ရှိနေသည်။
“နောက်ထပ်စခန်းက မိုင်ရှစ်ထောင်အကွာမှာ ရှိနေတယ်။ ငါတို့က အချက်ပြလိုက်ရင်တောင် သူတို့ တုံ့ပြန်ဖို့ အချိန်ယူရလိမ့်မယ်”
လုကျီကျန်း၏ဘေးတွင်ရှိသော လူသန်ကြီးက အသက်ရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။
လမ်းတစ်လျှောက်တွင် ရန်သူများက သူတို့ကို တားဆီးရန် ကြိုးစားကြလိမ့်မည်။
သူတို့၏ခွန်အားဖြင့် ဟန်မူယဲ့ကို လုံခြုံစွာပို့ပေးနိုင်ရန် ခက်ခဲသည်။
“အဲဒါက အဆင်ပြေပါတယ်။ ဒီနေရာမှာ ဝိုင်းရံခံထားရရင် တခြားစခန်းတွေက စစ်ကူပို့လိမ့်မယ်။ အခု အချိန်ရှိတုန်း ငါတို့ သွားသင့်တယ်”
လုကျီကျန်း၏စကားအဆုံးတွင် ဟန်မူယဲ့က ပြောလိုက်သည်။
“ဒါက မျှားခေါ်တာဖြစ်နေရင်ရော။ သူတို့ရဲ့ အစစ်အမှန်ရည်ရွယ်ချက်က တခြားစခန်းတွေရဲ့ စစ်ကူတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ဟန်မူယဲ့၏စကားကြောင့် လူတိုင်းက ကြောင်အသွားသည်။
“ဒီနေရာမှာ သူတို့က ဆယ်ဆလောက် ခွန်အားပိုသာတယ်။ ဒါပေမဲ့ အမှန်တကယ် မတိုက်ခိုက်သေးဘူး။ ကန်အန်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က ဘယ်လိုဖြစ်မယ်လို့ မင်းတို့ထင်လဲ”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ရှေ့သို့ကြည့်သည်။
ကန်အန်းမျိုးနွယ်က စခန်းတွင်ရှိသော စစ်သည်များထက် ဆယ်ဆခန့် ပိုအားကောင်းသည်။
ထို့ကြောင့် သူတို့က စခန်းကို လွယ်ကူစွာ ဖျက်ဆီးနိုင်သည်။
သို့သော် သူတို့၏တိုက်ပွဲက မပြင်းထန်သေးပေ။
“သူတို့က စစ်ကူတွေကို မျှားခေါ်ချင်တာလား”
လုယုရှန်း၏မျက်နှာက ဖြူဖျော့နေပြီး ရေရွတ်လိုက်သည်။
တခြားလူများကလည်း ထိတ်လန့်သွားကြသည်။
သူတို့က လုမိသားစု၏ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့ထဲတွင် လူတချို့က နောက်မျိုးဆက်အတွက် အဓိကလူများ ဖြစ်သည်။
သို့သော် သူတို့က ငယ်ရွယ်ပြီး သူတို့၏ ကျင့်ကြံဆင့်နှင့် ဉာဏ်ရည်က မလုံလောက်သေးပေ။
ယခုအချိန်မျိုးတွင် သူတို့က မဆုံးဖြတ်နိုင်ပေ။
ရှေ့ဆုံးတွင်ရပ်နေသော လုကျီကျန်းကပင် တုံ့ဆိုင်းနေသည်။
သို့သော် တုံ့ဆိုင်းနေရန် အချိန်မရှိပေ။
“တိုက်ပွဲကို ပြောင်းလဲချင်လား”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။
သူ့စကားကြောင့် လူတိုင်းက ရပ်တန့်သွားသည်။
‘တိုက်ပွဲကို ပြောင်းလဲရမှာလား’
‘ဘယ်လိုပြောင်းလဲမှာလဲ’
လုမိသားစု၏ မျိုးဆက်များက သူတို့၏ ညီအစ်ကိုများကို အမှန်တကယ်ပင် ကယ်တင်ချင်သည်။
သို့သော် သူတို့က အဆတစ်ရာခန့် ပိုအားကောင်းနေလျှင်ပင် တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။
“ဆရာဟန်က ဘာပြောချင်တာလဲ”
လုကျီကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က စကြဝဠာနယ်မြေမှ နောက်ဆုံးရောက်လာသော စစ်ကူတစ်ယောက် ဖြစ်သည်။
သူက ပန်းပဲပညာရှင်တစ်ယောက်လည်း ဖြစ်နေသည်။
‘ဆရာဟန်က တိုက်ပွဲကို ပြောင်းလဲနိုင်မယ့် ပစ္စည်းကို သယ်လာတာလား’
‘ဒီတစ်ကြိမ်မှာ မိသားစုရတနာကို ယူလာမယ်လို့ အကြီးအကဲက ပြောခဲ့တယ်’
တခြားလူများကလည်း ဟန်မူယဲ့ကို ကြည့်နေကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဒါဇင်ချီသော သေတ္တာများကို ထုတ်ပေးသည်။
သူက နောက်တစ်ကြိမ် လက်မြှောက်လိုက်ပြီး သေတ္တာများကို ဖွင့်သည်။ အထဲတွင် ချပ်ဝတ်နှင့် လက်နက်များ ရှိနေသည်။
“ဝိညာဉ်ချပ်ဝတ်နဲ့ ဝိညာဉ်လှံတွေလား”
လုကျီကျန်းနှင့် တခြားလူများက ထိုလက်နက်များကို မှတ်မိကြသည်။
သို့သော် သူတို့က စိတ်ပျက်သွားသည်။
“ဝိညာဉ်ချပ်ဝတ်နဲ့ ဝိညာဉ်လှံတွေက ကောင်းမွန်ပေမဲ့ ငါတို့က မထိန်းချုပ်နိုင်ဘူး”
“ဟုတ်တယ်။ မိသားစုထဲမှာ နတ်ဘုရားအဆင့်၊ ကမ္ဘာဦးအဆင့်နဲ့ စကြဝဠာတစ်ဝက်အဆင့် အကြီးအကဲတွေကပဲ ဒီလက်နက်တွေကို ထိန်းချုပ်နိုင်ကြတယ်”
လုကျီကျန်းက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ပြောသည်။
မျှော်လင့်ချက်ကြီးမားလေ စိတ်ပျက်ရလေ ဖြစ်သည်။
ဟန်မူယဲ့က မိသားစု၏ အစောင့်အကြပ်ရတနာကို ထုတ်ပေးနိုင်မည်မဟုတ်ပေ။
မိသားစုက ထိုရတနာကို အပြင်လူတစ်ယောက်၏လက်ထဲသို့ အပ်လိုက်မည်မဟုတ်ပေ။
ဟန်မူယဲ့က ချပ်ဝတ်နှင့်လှံရှည် ဆယ့်သုံးစုံကို ကြည့်လိုက်သည်။
ရှေးခေတ်ချပ်ဝတ်များသည် ခေတ်သစ်ချပ်ဝတ်များထက် ထိန်းချုပ်ရန် ပိုမိုခက်ခဲသည်။
လုံလောက်သောခွန်အားမရှိလျှင် အသုံးပြုရန် မဖြစ်နိုင်ပေ။
ချပ်ဝတ်နှင့် လက်နက်များသည် သူတို့အတွက် အသုံးမဝင်ပေ။
ထို့အပြင် လက်နက်များအားလုံးက ပျက်စီးနေသောကြောင့် လုံလောက်သော ခွန်အားကို ထုတ်ပေးနိုင်မည်မဟုတ်ပေ။ စွမ်းအင်ကုန်ဆုံးမှုလည်း များပြားလိမ့်မည်။
သို့သော် ဟန်မူယဲ့၏ရှေ့တွင် ထိုအချက်များက ပြဿနာမဟုတ်ပေ။
“ဟမ်”
မီးတောက်တစ်ခုသည် သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
ထိုမီးတောက် ပေါ်လာသောအချိန်တွင် လေးနက်သောအငွေ့အသက်သည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် စုစည်းလာသည်။
ထိုအရာသည် ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါ ဖြစ်သည်။
လုကျီကျန်းက တခြားလူများက အလိုလျောက် ဘေးသို့ ရွေ့ပေးလိုက်ကြသည်။
“ဆရာဟန်က လက်နက်သန့်စင်တော့မှာလား”
“အခုအချိန်မှာလား”
‘ဒီလိုအချိန်မျိုးမှာ လက်နက်သန့်စင်ဖို့ ကြိုးစားနေတာလား’
‘လက်နက်သန့်စင်မယ်ဆိုရင်တောင် တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာသင့်တယ်မဟုတ်လား’
“ဆရာဟန်ကို ကာကွယ်ထားကြ”
လုကျီကျန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ဆရာဟန်က ပန်းပဲပညာရှင်တစ်ယောက်ဖြစ်ပြီး ဤအချိန်မျိုးတွင် လက်နက်သန့်စင်ရန် ရွေးချယ်ခဲ့သောကြောင့် ကိုယ်ပိုင်အတွေးများ ရှိနေလိမ့်မည်။
ယခုအချိန်မျိုးတွင် ငှားရမ်းထားသော ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် ထွက်မသွားဘဲ လှုပ်ရှားရန် ရွေးချယ်ခဲ့သောကြောင့် ကျန်းယွဲ့အစောင့်များဖြစ်သော သူတို့က အပြည့်အဝထောက်ပံ့ပြီး ကာကွယ်ပေးရမည်။
လုမိသားစု၏မျိုးဆက်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဟန်မူယဲ့နှင့် ပေသုံးဆယ်အကွာတွင် နေရာယူလိုက်ကြသည်။
ဟန်မူယဲ့က သူတို့ကို ဂရုမစိုက်ပေ။ သူ့လက်ထဲတွင်ရှိသော ရွှေကျီးကန်းမီးတောက်က ရာချီသော မီးတောက်များအဖြစ် ခွဲထွက်သွားသည်။
ပြန့်ကျဲနေသော ဝိညာဉ်သတ္တုများသည် အရည်ပျော်နေပြီး ရွှေကြိုးမျှင်များအဖြစ် စုစည်းသွားသည်။
နောက်တွင်ရပ်နေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နတ်ဘုရားအလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။
ယခုအချိန်တွင် ဟန်မူယဲ့က ချပ်ဝတ်နှင့်လှံရှည် ဆယ့်သုံးစုံကို ပြုပြင်တော့မည်။
ထိုရှေးခေတ်လက်နက်များကို ပြုပြင်နိုင်လျှင် ဝင်္ကပါဖြင့် အားကောင်းသောစွမ်းအားကို ထုတ်လွှတ်နိုင်ကြောင်း သူက အာရုံခံမိခဲ့သည်။
ထိုစွမ်းအားသည် တောင်ပံဆယ့်နှစ်ခုက ကန်အန်းနှင့် ရင်ဆိုင်နိုင်သည်။