← Chapters

အခန်း (၁၄၁၄)

Vol. 101 Ch. 1414

အခန်း (၁၄၁၄)

Vol. 101 Ch. 1414

“ဆရာဟန်၊ မူရမြို့ကို ကယ်တင်ပေးမှာလား”

ကျန်းယွဲ့တပ်ဖွဲ့ခေါင်းဆောင် လုကန်းရီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာပြောသည်။

သူတို့၏ မိသားစုခေါင်းဆောင်သည် မူရမြို့တွင် ပိတ်မိနေသည်။ သို့သော် ကျန်းယွဲ့တပ်ဖွဲ့များက သွားမကယ်ရဲကြပေ။

လုကန်းရီ၏စကားကြောင့် တခြားလူများက အံ့အားသင့်နေကြသည်။

ဟန်မူယဲ့က အစစ်အမှန်ခွန်အားကို ထုတ်မပြသေးပေ။ သူ့ရှေ့တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကပင် စကြဝဠာအဆင့်စွမ်းအားကို ထုတ်မပြခဲ့ပေ။ သို့သော် သူ၏ ပန်းပဲစွမ်းရည်က အလွန်အားကောင်းသည်။

လုမိသားစုမှ စစ်သည်ဆယ့်သုံးယောက်၏ ဧရာမဝိညာဉ်စစ်သူကြီးပုံရိပ်များက အားကောင်းသော်လည်း သူတို့၏ လုပ်ဆောင်ချက်အရ တောင်ပံဆယ့်နှစ်ခု ကန်အန်းကို ယှဉ်နိုင်မည်မဟုတ်ပေ။

“ငါက လုမိသားစုခေါင်းဆောင်ကို ကယ်တင်ဖို့ ရောက်လာတာမဟုတ်ဘူး”

ဟန်မူယဲ့က လုကျီကျန်းနှင့် တခြားလူများကို လေးနက်စွာ ကြည့်လိုက်သည်။

“မူရမြို့ကို သွားတဲ့အချိန်မှာ မင်းတို့က ငါ့ကို စောင့်ကြပ်ပေးရမယ်”

သူက အလင်းတန်းကုန်းမြေသို့ အဘယ်ကြောင့် ရောက်လာခဲ့သနည်း။

လုမိသားစု၏ အဆင့်မြင့်ရုပ်သေးရုပ်နှင့် လက်နက်များကို ပြုပြင်ရန်အတွက် ဖြစ်သည်။

ထိုရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် မူရမြို့တွင် ရှိနေသည်။

ဟန်မူယဲ့က မူရမြို့သို့ ဝင်ရောက်နိုင်လျှင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြုပြင်ပေးလိမ့်မည်။

လုံလောက်သော ထိပ်တန်းအဆင့် ရုပ်သေးရုပ်များ ရှိနေလျှင် လုမိသားစုက ပြန်လည်တိုက်ခိုက်နိုင်မည်။

“မူယဲ့မြို့ကို ဝင်ရောက်မှာလား”

လုကန်းရီက ဟန်မူယဲ့ကို ကျေးဇူးတင်စွာ ကြည့်သည်။

လက်ရှိအခြေအနေအရ မူရမြို့သည် အလွန်အန္တရာယ်များသည်။

လုမိသားစု၏ ကျန်းယွဲ့တပ်ဖွဲ့များကပင် ကူညီပေးရန် မသွားနိုင်ကြပေ။ ယခုအချိန်တွင် ဟန်မူယဲ့က မြို့ထဲသို့ ဝင်ရောက်ချင်နေသည်။

“တကယ်လို့ ဆရာဟန်က မူရမြို့ကို သွားချင်ရင် ကျွန်တော်တို့က ကာကွယ်ပေးပါ့မယ်”

လုကန်းရီက လက်သီးဆုပ်ထားပြီး ပြောလိုက်သည်။

သူ့နောက်တွင်ရှိသော လူများကလည်း သဘောတူလိုက်ကြသည်။

လုကျီကျန်းနှင့် တခြားလူများ၏ မျက်နှာထားက ပြတ်သားနေသည်။

အကယ်၍ လုမိသားစုဝင်မဟုတ်သော လူတစ်ယောက်က အန္တရာယ်တောထဲသို့ သွားနိုင်လျှင် သူတို့ကလည်း သွားနိုင်ရမည်။

“မင်းတို့တွေ သေသွားလိမ့်မယ်”

ဟန်မူယဲ့က ငြင်းလိုက်သည်။

“သူတို့ဆယ့်သုံးယောက်က ငါနဲ့အတူ လိုက်လာလိမ့်မယ်။ ဝင်္ကပါရဲ့စွမ်းအားနဲ့ သူတို့ကို အလစ်တိုက်နိုင်ရင် မြို့ထဲကိုဝင်ဖို့ အခွင့်အရေးရှိတယ်”

ဟန်မူယဲ့က စကားပြောလိုက်ပြီး အချိန်ဆွဲမနေဘဲ ပျံထွက်သွားသည်။

“လုကျီကျန်း”

လုကန်းရီက ခပ်အုပ်အုပ်အော်ပြောသည်။

“ကျွန်တော်ရှိပါတယ်”

လုကျီကျန်းက လက်သီးဆုပ်ထားပြီး လေးနက်စွာပြောသည်။

လုကန်းရီ၏မျက်လုံးများက ထက်မြိသောအလင်းဖြင့် တောက်ပနေပြီး ပျံသန်းသွားသော ဟန်မူယဲ့ကို ကြည့်သည်။ သူက အော်ပြောလိုက်သည်။

“ဆရာဟန်နဲ့အတူ မူရမြို့ကို လိုက်သွားပါ။ သူက အဲဒီမှာရှိနေသ၍ မင်းကလည်း အဲဒီမှာ ရှိနေရမယ်”

“မင်းက မရှိတော့ဘူးဆိုရင်တောင် ဆရာဟန်က ဆက်ရှိနေရမယ်”

လုကျီကျန်းက လက်သီးဆုပ်ထားပြီး အံကြိတ်လိုက်သည်။

“ကျွန်တော်တို့က ဆရာဟန်ကို အသက်စွန့်ပြီးကာကွယ်ပေးဖို့ ကျိန်ဆိုပါတယ်”

တခြားဆယ့်နှစ်ယောက်ကလည်း ကျိန်ဆိုလိုက်ပြီး ပျံသန်းသွားသည်။

‌ရွှေအလင်းများသည် ကောင်းကင်တွင် ပျံသန်းသွားသည်။ လုကန်းရီနှင့် တခြားလူများက သူတို့ကို ငေးကြည့်လိုက်ကြသည်။

“တစ်နေ့ကျရင် ငါက ကန်အန်းမျိုးနွယ်ကို ဖျက်ဆီးပစ်မယ်”

သိပ်မဝေးသောနေရာတွင် ရပ်နေသော လုယုရှန်းက လက်သီးဆုပ်ထားပြီး အံကြိတ်လျက် ပြောသည်။

သူ့မှာ ဧရာမဝိညာဉ်ချပ်ဝတ်နှင့် လှံရှည် မရှိပေ။ ထို့ကြောင့် ဟန်မူယဲ့နှင့် လိုက်မသွားနိုင်ပေ။

“သွားကြရအောင်။ ငါတို့က ကန်အန်းမျိုးနွယ်ရဲ့ အစီအစဉ်ကို နှောင့်ယှက်ရမယ်”

မူရမြို့သည် အလင်းတန်းကုန်းမြေ၏ အကြီးဆုံးမြို့ ဖြစ်သည်။ လုမိသားစုသည် ဤနေရာတွင် နှစ်ပေါင်းများစွာကြာအောင် အုတ်မြစ်ချထားသည်။

ယခုအချိန်တွင် မိုင်ရှစ်ရာကျယ်ဝန်းသော မြို့၏ နံရံတံတိုင်းများတွင် သွေးစီးကြောင်းကို မြင်နေရသည်။

လုမိသားစု၏ မျိုးဆက်တစ်သိန်းသည် မြို့တံတိုင်းတွင် သုံးလကြာအောင် နေရာယူပြီး ခုခံထားကြသည်။

ကန်အန်းမျိုးနွယ်သည် မြို့တံတိုင်း၏ အပြင်ဘက်တွင် ရှိနေသည်။ သူတို့၏ လက်လေးဖက်နှင့် မျက်လုံးသုံးလုံးစစ်သည်များက ကောင်းကင်တွင် ပျံဝဲနေကြသည်။

အနည်းဆုံး ကန်အန်းမျိုးနွယ်ဝင် ငါးသန်းသည် မူရမြို့ကို အပြည့်အဝ ဝိုင်းရံထားသည်။

အစပိုင်းတွင် ထိုသို့ များပြားသော ကန်အန်းမျိုးနွယ်ဝင်များ မရှိခဲ့ပေ။

ထိုစစ်တပ်၏ ၈၀%ကျော်သည် လေဟာနယ်လမ်းကြောင်းများမှတစ်ဆင့် အလင်းတန်းကုန်းမြေသို့ ရောက်လာခဲ့သည်။

လုမိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက ထိုဖြစ်ရပ်ကို မျှော်လင့်မထားသောကြောင့် ဝိုင်းရံခံလိုက်ရသည်။

ရက်ပေါင်းများစွာကြာအောင် ပြင်းထန်စွာ တိုက်ခိုက်ပြီးသောအခါ မူရမြို့၏ လုမိသားစုဝင် ငါးသိန်းတွင် သုံးသိန်းခန့်ကသာ ဆက်လက်တိုက်ခိုက်ရန် ခွန်အားရှိတော့သည်။

လုမိသားစု၏ စကြဝဠာအဆင့် အကြီးအကဲများသည် အပြင်းအထန်ထိခိုက်ထားပြီး ကန်အန်းမျိုးနွယ်များ၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြတော့ပေ။

ကန်အန်းမျိုးနွယ်များက ဖြည်းဖြည်းချင်း တိုက်ခိုက်ရန် ဆုံးဖြတ်မထားလျှင် မူရမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်လိမ့်မည်။

“ဘုန်း”

မြို့တံတိုင်းတွင် သတ္တုအမျိုးအစား စစ်ပွဲသားရဲက လက်မြှောက်ပြီး ဆင်းသက်လာသော တူချက်ကို ခုခံလိုက်သည်။

တောင်ပံရှစ်ခုကန်အန်းနှစ်ယောက်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

သတ္တုအမျိုးအစား စစ်ပွဲသားရဲ၏ လက်မောင်းက ပျက်စီးသွားသည်။ သားရဲက နောက်ဆုတ်ပေးလိုက်ရသည်။

“စစ်ပွဲသားရဲစက်ရုပ်ကို မြန်မြန်ပြောင်းလိုက်”

ရွှေရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူက တင်းမာသောမျက်နှာထားဖြင့် အမိန့်ပေးသည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့မှာ လုံလောက်တဲ့ စစ်ပွဲသားရဲစက်ရုပ်တွေ မရှိတော့ပါဘူး။ အများစုက ပျက်စီးနေပါပြီ။ အစားထိုးလို့ မရတော့ပါဘူး”

ရွှေရောင်ဝတ်စုံနှင့်လူ၏ ဘေးတွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် အကြီးအကဲက တီးတိုးပြောသည်။

အကြီးအကဲ၏စကားကြောင့် ရွှေရောင်ဝတ်စုံနှင့်လူ၏ မျက်နှာထားက ဆိုးဝါးသွားသည်။

သူက အံကြိတ်ထားပြီး လက်ကိုဝှေ့ယမ်း၍ ရုပ်သေးရုပ်တစ်ရုပ်ကို မြို့တံတိုင်းဆီသို့ စေလွှတ်သည်။

ထိုရုပ်သေးရုပ်သည် လက်တစ်ဖက်ပြတ်နေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာအများအပြား ရှိနေသည်။

ရုပ်သေးရုပ်ဆီမှ ထွက်ပေါ်လာ‌သော အငွေ့အသက်သည် အားကောင်းသည်။ အနည်းဆုံး ကမ္ဘာဦး အထွတ်အထိပ်အဆင့်တွင် ရှိသည်။

သို့သော် ရုပ်သေးရုပ်က ထိခိုက်ထားသောကြောင့် အတော်လေး အားနည်းနေသည်။

“ငါက ဒီနေရာကို စောင့်ကြပ်ထားမယ်”

ခေါင်းဆောင်က ကောင်းကင်ထက်တွင် စုစည်းနေသော ကန်အန်းမျိုးနွယ်များကို ကြည့်လိုက်ပြီး ပြောသည်။

မြို့တံတိုင်းကို ကာကွယ်ရန်အတွက် စစ်ပွဲသားရဲစက်ရုပ်များ မရှိတော့လျှင် သူတို့က ဤနေရာကို ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

“ခေါင်းဆောင် ....”

ဘေးတွင်ရှိသော အကြီးအကဲက ဝမ်းနည်းနေပုံပေါ်သည်။ သူက လက်ဟန်ဖြင့် ‌ဘေးတွင်ရှိသော ရုပ်သေးရုပ်ကို ရှေ့တက်သွားစေသည်။

ထိုရုပ်သေးရုပ်က ဒဏ်ရာပိုများသည် ပုံမှန်အတိုင်း လှုပ်ရှားရန်ပင် ခက်ခဲနေပုံပေါ်သည်။

“စကြဝဠာနယ်မြေနဲ့ အဆက်အသွယ်ပြတ်သွားပြီး စစ်ကူတွေ တားဆီးမခံရရင် ငါတို့က ဒီလိုမျိုး ဖြစ်နေမှာမဟုတ်ဘူး”

သူတို့က တားဆီးခံလိုက်ရသော စစ်ကူများ၏အကြောင်းကို သိထားသည်။ သို့သော် စကြဝဠာနယ်မြေနှင့် အဆက်အသွယ်ပြတ်နေသောကြောင့် သတင်းမပို့နိုင်ပေ။

“ဘုန်း”

မြို့အပြင်ဘက်တွင် အလင်းတန်းများ ပေါ်ထွက်လာသည်။

ရုပ်သေးရုပ်များ ဖြစ်သည်။

အနည်းဆုံး ကမ္ဘာဦးအဆင့်တွင် ရှိနေသည်။

ထိုမြင်ကွင်းသည် မြို့တံတိုင်းတွင်ရှိသော လူများဆီသို့ မျှော်လင့်ချက်ကို သယ်ဆောင်လာသည်။

သို့သော် ခဏအကြာတွင် ထွက်ပြေးသွားသော ရုပ်သေးရုပ်များကို မြင်လိုက်ရသောကြောင့် သူတို့က ခေါင်းခါလိုက်ကြသည်။

တိုက်ခိုက်နေသော လူများက ကျန်းယွဲ့တပ်ဖွဲ့ဖြစ်စေ၊ စစ်ကူများဖြစ်စေ မြို့ထဲသို့ရောက်လာရန် မဖြစ်နိုင်ပေ။

သူတို့က မြို့ထဲသို့ ရောက်လာလျှင်ပင် အသုံးမဝင်ပေ။

“ပန်းပဲပညာရှင်တွေမရှိရင် အလကားပဲ”

လူတစ်ယောက်က တီးတိုးရေရွတ်သည်။

တိုက်ခိုက်နိုင်စွမ်းအားနည်းသော ပန်းပဲပညာရှင်များက ကိုယ်တိုင်ရောက်မလာနိုင်ပေ။

ဤနေရာသို့ ရောက်လာသော လူတိုင်းက ပြန်ထွက်သွားနိုင်မည်မဟုတ်ပေ။

မူရမြို့က လုမိသားစု၏ မျိုးဆက်များအတွက် သေမင်းထောင်ချောက် ဖြစ်လာသည်။

မိသားစုခေါင်းဆောင်က ကယ်ဆယ်မှုမလုပ်ရန် ညွှန်ကြားထားသည်။

သို့သော် စစ်ကူများမရှိလျှင် မူရမြို့က အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထွက်ပြေးနေသော ရုပ်သေးရုပ်များ၏ အရေအတွက်သည် ဖြည်းဖြည်းချင်း နည်းပါးသွားသည်။

မြို့တံတိုင်းတွင်ရှိနေသော လူများက ထိုမြင်ကွင်းကြောင့် လက်သီးဆုပ်ထားလိုက်ကြသည်။

သူတို့က အကူအညီမပေးနိုင်ပေ။

“ဘုန်း”

ထိုအချိန်တွင် ရွှေရောင်ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

ပေတစ်သောင်းကြီးမားသော ဓားအလင်းသည် ရုပ်သေးရုပ်များအား လိုက်လံတိုက်ခိုက်နေသော ကန်အန်းမျိုးနွယ်ဝင်များကို တိုက်ခိုက်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ရွှေအလင်းတန်းများ ပေါ်ထွက်လာသည်။

ဧရာမဝိညာဉ်စစ်သည်များသည် ဝင်္ကပါဖွဲ့စည်းပြီး လမ်းတစ်လျှောက်တွင်ရှိသော ကန်အန်းမျိုးနွယ်ဝင်များကို ရှင်းထုတ်လိုက်ကြသည်။

“အဲဒါက ဧရာမဝိညာဉ်စစ်သည်တွေပဲ”

မြို့တံတိုင်းတွင်ရှိသော လူတစ်ယောက်က ကျယ်လောင်စွာပြောသည်။

ဧရာမဝိညာဉ်ချပ်ဝတ်နှင့် လှံရှည်များကို ထိန်းချုပ်နိုင်သောလူသည် လုမိသားစု၏ အကြီးအကဲများသာ ဖြစ်လိမ့်မည်။

“ဘုန်း”

ရွှေရောင်ဓားအလင်းသည် ထပ်မံပေါ်ထွက်လာသည်။ စစ်သည်ဆယ့်သုံးယောက်က ဆက်လက်လှုပ်ရှားလိုက်ကြသည်။

မူရမြို့တံတိုင်းတွင် အားပေးသံများကို ကြားနိုင်သည်။

လုမိသားစု၏ စစ်ကူများ ရောက်လာကြသည်။

စစ်သည်ဆယ့်သုံးယောက်သည် လုံလောက်သောခွန်အားကို ပိုင်ဆိုင်ထားသည်။

“တက်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

စစ်သည်ဆယ့်သုံးယောက်က လက်ထဲတွင်ရှိသော လှံရှည်များကို ဝှေ့ယမ်းလိုက်ကြသည်။

သူတို့၏ရှေ့တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် ဓားကိုင်ထားပြီး အစွမ်းကုန်တိုက်ခိုက်နေသည်။

လေဟာနယ်သည် အက်ကွဲသွားသည်။

လမ်းပိတ်ထားသော တောင်ပံရှစ်ခု ကန်အန်းမျိုးနွယ်ဝင်သုံးယောက်က လွင့်ထွက်သွားသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရှေ့သို့ ကြည့်သည်။

“အလင်းတန်းကုန်းမြေရဲ့ ကောင်းကင်ဖိနှိပ်မှုကို ရုတ်သိမ်းလိုက်ပါ”

ဟန်မူယဲ့က အော်ပြောသည်။

ကောင်းကင်ဖိနှိပ်မှု ....

အလင်းတန်းကုန်းမြေသည် ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း၌ အင်အားစုများအားလုံးကို ထိန်းချုပ်ထားသည်။

ထိုသို့မဟုတ်လျှင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ကြယ်များကိုဖျက်ဆီးနိုင်သော ဓားချက်သည် လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခုကိုသာ ဖြစ်လာစေမည်မဟုတ်ပေ။

မူရမြို့တံတိုင်းတွင် လူတိုင်းက ခေါင်းဆောင်ကို လှည့်ကြည့်လိုက်ကြသည်။

‘ဖိနှိပ်မှုကို လျော့ချလိုက်ရမှာလား’

အကယ်၍ ဖိနှိပ်မှုကို လျော့ချလိုက်လျင် ကန်အန်းမျိုးနွယ်က အလွန်အားကောင်းလာလိမ့်မည်။

သူတို့က မူရမြို့ကို လွယ်ကူစွာ ဖျက်ဆီးသွားလိမ့်မည်။

“သူက ဖိနှိပ်မှုကို ရုတ်သိမ်းပြီး စစ်သည်ဆယ့်သုံးယောက်ရဲ့ ခွန်အားနဲ့ ကန်အန်းမျိုးနွယ်ရဲ့ ဝိုင်းရံမှုကို ချိုးဖျက်ချင်တာပဲ”

မြို့တံတိုင်းတွင်ရှိသော အကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။

ဘေးတွင်ရှိသော တခြားအကြီးအကဲများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

သူတို့က ဤနေရာတွင်ရှိသော လုမိသားစု၏ အကြီးအကဲများ ဖြစ်ကြသည်။

စကားပြောလိုက်သောလူသည် မိသားစုခေါင်းဆောင် လုချန်ယွဲ့ ဖြစ်သည်။

“သူ့မှာ လုမိသားစုရဲ့ ဘိုးဘေးခန်းဆောင်က တံဆိပ်ပြား ရှိနေတယ်။ ဒါပေမဲ့ သူက လုမိသားစုဝင် မဟုတ်ဘူး”

“တကယ်လို့ ဖိနှိပ်မှုကို ရုတ်သိမ်းလိုက်ရင် ငါတို့က အများဆုံး အသက်ရှူကြိမ်တစ်ရာပဲ တောင့်ခံနိုင်လိမ့်မယ်”

လုမိသားစု၏ အကြီးအကဲနှစ်ယောက်က ပြောလိုက်သည်။

All Chapters