← Chapters

မနာလိုစိတ် ... ။

Vol. 159 Ch. 2214

မနာလိုစိတ် ... ။

Vol. 159 Ch. 2214

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်ကာ လျှို့ဝှက် နယ်မြေထဲ ထိုင်လျက် လင်းယွန် ကျန်ရစ်ခဲ့သည်။

ဝိညာဉ် စွမ်းအင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး ကောင်းကင် နဂါးနှင့် နတ် ဖီးနစ် ပေါ်လာ၏။

ရင်ဘတ်ရှိ နဂါးပြာ အရိုးမှ စွမ်းအင်သည် မိုးပြာ ကျောက်စိမ်း သူတော်စင် အရည်နှင့်အတူ လိုက်ပါ ပျံ့နှံ့လာသည်။

ဤနည်းလမ်းသည် ဖုံးကွယ်ထားသော ဒဏ်ရာများ မကျန်ရစ်အောင် သေချာစေရန် ဖြစ်၏။

ရှေးဟောင်း စစ်မြေပြင်တွင် တစ်ကြိမ် ခံစားခဲ့ဖူး သောကြောင့် ကျင့်ကြံမှု ရပ်တန့်သွား မည်ကို စိုးရိမ်သည်။

ထိုအချိန်တွင် ချင်းကန်သည် နတ်နဂါး အင်ပါယာသို့ ရောက်ရှိ သွား၏။ ကောင်းကင် နဂါးသွေးသည် သူနှင့်အတူ ပါရှိသဖြင့် စိုးရွံ့မိသည်။

ဤသည်မှာ ခွန်လွန် နယ်မြေ အတွင်း၌ တစ်ခုတည်းသာ ကျန်ရှိတော့သည့် ရတနာ ဖြစ် လေသည်။

သဘာဝအတိုင်း မည်မျှ တန်ဖိုး ရှိမည်ကို တွေးဆနိုင်သည်။ အဆုံးတွင် သူသည် နတ်နဂါး အင်ပါယာ နယ်မြေ၌ မည်သူ့ကို ပေးရမည်မှန်း မသိသေးချေ။

တောင်းသော သူကို ပေးရမည်ဟုသာ ဆရာသခင်မှ မိန့်ကြားထားသဖြင့် နိမ့်ကျသည့် အသွင်မျိုး ယူထားရသည်။

မြို့တော်အတွင်း ဖျင်ကြမ်းအင်္ကျီဖြင့် သုံးရက်ခန့် လှည့်လည် သွားလာ ပြီးနောက် တစ်စုံ တစ်ယောက် ဆက်သွယ်လာ၏။

တစ်ဖက် လူသည် ဝတ်ရုံကို ခေါင်းအထိ ခြုံလျက် သူ့ကဲ့သို့ပင် နိမ့်ကျသော ပုံစံယူထား လေသည်။

၎င်းက တိတ်ဆိတ်သော အရပ်သို့ ရောက်သည်နှင့် အဝတ်ပါးပြင်းကို ဖြည်လိုက်ရာ အရာရှိ ဇီလင် ဖြစ်နေခဲ့သည်။

သူမသည် ထူးခြားပြီး မြင့်မားသော ကျင့်ကြံမှု ရှိသည်။ ထို့ကြောင့် ချင်းကန် ခမျာ ထိတ်လန့်သွား၏။

“ ငါ့ကို ပေးပြီး ... မင်းထွက်သွားတော့ ... ။ ”

အရာရှိ ဇီလင်က ပြုံးကာ ပြောလိုက်သည်။

“ မင်းမှာ သံသယ ရှိမှန်း ငါသိတယ်၊ ဒါပေမယ့် ဒါတွေကို မင်းစိတ်ထဲက ဖျောက်ပစ် လိုက်ပါ မွေးခွန်းတွေ မမေးနဲ့၊ နောက်ပြီး ဘာဖြစ်နိုင်တယ် ဆိုတာ ...

... မျိုးလည်း ဆက်ပြီး မတွေးနဲ့၊ ငါက မင်းဆရာကို တာဝန်ပေးခဲ့တဲ့ လူလို့ သိထားရင် ရပြီ။ ”

တျန်ရွှမ်ဇီ ကဲ့သို့ လူတစ်ဦးကို တာဝန် ပေးနိုင်သည်ဟု ပြောခဲ့သည့် အချိန်၌ ဂုဏ်ယူ ဝင့်ကြွားဟန် အပြည့် ပြသလိုက်သည်။

ယင်းက သဘာဝအတိုင်း ချင်းကန်ကို မပျော်မရွှင် ဖြစ်စေ၏။ သို့သော် ဆရာသခင်မှ ညွှန်ကြား ထားသောကြောင့် ချက်ချင်း ထုတ်ပေးလိုက်သည်။

“ တော်တယ် ... ဧကရာဇ် နန်းတော်မှာ လေ့ကျင့်ဖို့ စိတ်ဝင်စားလား မင်းကို သူတော်စင် တပည့်အဖြစ် ခွဲတမ်းပေးလို့ ရတယ်။ ”

“ စိတ်မဝင်စားဘူး ... ။ ”

ချင်းကန်က လက်ဝှေ့ယမ်းကာ ထွက်ခွာ သွားတော့၏။ အရာရှိ ဇီလင်မှ စိတ်ခံစားချက် ကောင်းနေသဖြင့် ပြုံးပြီး လျစ်လျူရှုသည်။

ဤသည်မှာ ပေါ့ပေါ့ပါးပါး ပြောလိုက် ခြင်းသာ ဖြစ်၏။ ကမ္ဘာပေါ်တွင် ဉာဏ်ကြီးရှင် များစွာ ရှိသော်လည်း၊ သူမ မျက်လုံးထဲတွင် အင်ပါယာ၏ ပါရမီရှင်များ သည်သာ တောက်ပချေသည်။

“ ကျေနပ်မယ် ထင်ပါတယ်။ ”

ကောင်းကင် နဂါး သွေးပုလင်းကို စိတ်လှုပ်ရှားစွာ ကြည့်မိ၏။ သူမသည် နဂါးပြာ မှတ်တမ်း အတွင်း မုရွယ်လင်ထံမှ တောင်းဆို ဖူးသည်။

ဧကရီ အနားတွင် အချိန်အတော်ကြာ နေခဲ့ဖူးသဖြင့် ဧကရီ၏ တောင်းတမှု အပေါ် တစ်ကြိမ်ထက် မနည်း ကြားဖူး၏။

ထို့ကြောင့် မုရွယ်လင်မှ ငြင်းဆန်ခဲ့ သော်လည်း တျန်ရွှမ်ဇီကို ခိုင်းစေခဲ့ခြင်း ပေပင်။ သည့်ပြင် တျန်ရွှမ်ဇီ ငြင်းမည် မဟုတ်ကြောင်း သူမ သိထားချေ၏။

တစ်ခုခု အမှားအယွင်း ဖြစ်ခဲ့သော် တျန်ရွှမ်ဇီမှ အပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူ မည်မှာ သေချာသည်။

ထို့ကြောင့် အထင်အမြင် သေးသော အကြည့်များဖြင့် ချင်းကန်ကို မျှော်ကြည့်လိုက် တော့၏။

နေ့ဝက်ကုန်လွန်သွား ပြီးနောက် အရာရှိ ဇီလင်က ဧကရီနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ ရှေးဟောင်း ပလ္လင်တော် ရှေ့တွင် ရေကူးကန် တစ်ကန်ရှိပြီး အမျိုးသမီး တစ်ဦးမှ ရေစိမ် နေခဲ့၏။

မြူခိုးများဖြင့် သူမ အသွင်အပြင်အပေါ် ပိတ်ဆို့ထားသောကြောင့် ခန္ဓာကောက်ကြောင်း ကိုသာ မြင်နိုင်၏။

ဤသည်မှာ ဧကရာဇ် နန်းတော်၏ တားမြစ်မြေ ဖြစ်ပြီး လူအနည်းငယ် သည်သာ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်။

ဧကရီသည် လူရှေ့ မထွက်တော့ သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သူမ ဒဏ်ရာ ရသွားသည် ဟူသော ကောလဟာလ များပင် ထွက်ပေါ်နေခဲ့၏။

သွေးလ ဂိုဏ်းချုပ်နှင့် တိုက်ပွဲတွင် နတ်ဘုရား နယ်ပယ်သို့ အောင်မြင်မှု ရယူရန် ကျရှုံးသွား ခဲ့သည်။ အဆိုပါ ကောလဟာလ များကို ဧကရီမှ ဖြေရှင်းခြင်း မရှိခဲ့ချေ။

“ အရှင်မင်းကြီး ... ဒီမှာ ကောင်းကင် နဂါးသွေး ... ။ ”

အရာရှိ ဇီလင်က ပြုံးလျက် ပြောသည်။ ရုတ်တရက် ဧကရီမှ မျက်လုံးများ ပွင့်လာသဖြင့် ဖိအားများ ခံစားလိုက်ရ၏။

ဖုံးလွှမ်းထားသော မြူများ ပျောက်ကွယ် သွားပြီး ကျောက်စိမ်း ပန်းပုကဲ့သို့ အချိုးအဆစ် သေသပ် လှပသည့် ပုံသဏ္ဍာန် ထွက်ပေါ် လာခဲ့သည်။

မြင့်မြတ်သော နတ်သမီး တစ်ပါး ပေပင်။ ဤသည်မှာ နတ်နဂါးခေတ်၏ အာဏာ အရှိဆုံး အမျိုးသမီး ဖြစ်ချေ၏။

အဝတ်ဗလာ အနေအထားဖြင့် ဖွင့်ထွား လွန်းသော ကောက်ကြောင်းသည် အမျိုးသမီး အချင်းချင်းကိုပင် တံတွေး မျိုချမိစေသည်။

ဧကရီက ရွှေရောင် သလင်းကျောက် ပုလင်းကို လှမ်းယူကာ အချိန် အတော်ကြာ ကြည့်နေခဲ့၏။

“ အရှင်မင်းကြီး ... ။ ”

တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိလာသဖြင့် အရာရှိ ဇီလင်တစ်ယောက် တုန်လှုပ်သွားသည်။

“ တျန်ရွှမ်ဇီ ကိုယ်တိုင် ... ပေးခဲ့တာ သေချာလား။ ”

ဧကရီမှ ရုတ်တရက် မေး၏။

“ ဟုတ် ... ဟုတ်ကဲ့ သေချာပါတယ် ... ။ ”

အရာရှိ ဇီလင်ခမျာ အသံများ တုန်ယင်နေခဲ့သည်။ ဧကရီမှ သက်ပြင်းချ လိုက်၏။

“ ဖြန်း ... ။ ”

ထို့နောက် ပါးရိုက်သံနှင့်အတူ အရာရှိ ဇီလင်၏ ခန္ဓာကိုယ် လွင့်ပျံကာ တိုင်တစ်လုံးနှင့် ထိမှန်သွားသည်။

နာကျင်ကြောင့် မအော်မိစေရန် အံကြိတ်လိုက်စဉ် ပါးစပ်မှ သွေးများ ထွက်ကျ လာ၏။

“ တျန်ရွှမ်ဇီက ဒီလို မလုပ်ဘူး ... ၊ မင်းတောင်းဆို လိုက်ရင် ... ဒါက ငါ့ဆန္ဒလို့ သူ ထင်သွား လိမ့်မယ်။ ”

ခန်းမအတွင်းရှိ လေထုမှာ အပူချိန် ကျဆင်းသွား၏။ ဧကရီ ရည်ညွှန်းသော သူ ဟူသည် မုရွယ်လင် သည်လော၊ တျန်ရွှမ်ဇီ သည်လော သူမသာ သိပေလိမ့်မည်။

ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်တည်နေသော ဧကရာဇ် ရောင်ဝါ ဖိအားများ ပြိုကျလာ၏။

“ မင်းကိုယ်တိုင် သူ့လက်ထဲက ယူလာခဲ့ရင် စိတ်မ၀င်စားဘူး ဒါပေမယ့် ... မင်း မိုက်မဲခဲ့ရင် အကူအညီမဲ့ ဖြစ်လိမ့်မယ်။ ”

... ငါအရင်က ကောင်းကင် နဂါးသွေး အကြောင်း ပြောဖူးပေမယ့် .... ငါ့ကို အကျိုးပြု နိုင်တာ မဟုတ်ဘူး၊ ငါလိုအပ်တာ ... ကောင်းကင် နဂါးအရိုးပဲ၊ ...

... ဒီနေရာမှာ ဒါက ကောင်းကင် နဂါးအရိုး ဆိုရင်တော့ ... မင်းရဲ့ အကျိုးဆောင်မှု အပေါ် ငါ အမှတ်ရ နေမိလိမ့်မယ်။ ”

“ ဖြန်း ... ။ ”

ဧကရီက စကားရပ်ကာ အရာရှိ ဇီလင်ကို ပါးထပ်ရိုက်လိုက်ပြန်သည်။

“ အခုတော့ ... မင်းအရမ်း မိုက်မဲနေတာ စိတ်ပျက်စရာပဲ၊ တောင်ပိုင်း ဧကရာဇ် တောင်မှ ကောင်းကင် ရနံ့သင်းသင်း နတ်တောင်ကို မဝင်ဝံ့ဘူး၊ ဒါဆို ငါက သူ့ထက်ပိုပြီး သတ္တိရှိ နေတယ်လို့ မင်းထင်နေလား။ ”

“ ဖြန်း ... ။ ”

ဤတစ်ကြိမ် ပါးရိုက်ချက် အပြီးတွင် အရာရှိ ဇီလင်တစ်ယောက် အသားများ ဆုတ်ပြဲ သွားပြီး အရိုး ဖြူဖြူများ ငေါထွက်လာ၏။

“ ဝှစ် ... ။ ”

ဧကရီက သလင်းကျောက် ပုလင်းကို ပြန်ပစ်ပေးလာ သဖြင့် အရာရှိ ဇီလင်မှ အမြန် ဖမ်းယူ လိုက်ရသည်။

“ အမြန်ဆုံး နည်းလမ်းနဲ့ သူတော်စင် အကြီးအကဲထံ ပြန်ပို့ပြီး မင်းကို အပြစ်ပေးခိုင်း လိုက်ပါ။ ”

သည့်နောက် ဧကရီက မြူခိုးများ ပြန်၍ သိုင်းခြုံလျက် လှည့်ထွက် သွားတော့၏။ အစမှ အဆုံးတိုင် အရာရှိ ဇီလင်ကို တစ်ချက်မျှ မကြည့်ခဲ့ချေ။

“ သူရှေ့မှာပဲ ... မင်းကိုယ်မင်း သတ်သေလိုက်တာ အကောင်းဆုံး ဖြစ်မယ်။ ”

ယင်းအစား အေးစက်လွန်းသော အသံသည်သာ လေထုအတွင်း ပဲ့တင်ထပ် ကျန်ရစ်ခဲ့ လေသည်။

အရာရှိဇီလင် တစ်ယောက် ချက်ချင်း အသက်မဲ့သွား၏။ လက်ထဲရှိ သလင်းကျောက် ပုလင်းကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် လိုက်မိတော့သည်။

သည်ကိစ္စသည် ဤသို့သော ပုံစံမျိုးဖြင့် အဆုံးသတ်ရလိမ့်မည်ဟု သူမ လုံးဝမျှော်လင့် မထားချေ။

ပုံမှန်အားဖြင့် အေးဆေး တည်ငြိမ်သော ဧကရီသည် ယခု လွန်စွာ ဒေါသ ဖြစ်နေခဲ့သည်။ သူမ တစ်သက် မမြင်ဖူးချေ။

ခုနစ်ရက် ကြာပြီးနောက် သူတော်စင် ရောင်ဝါများ ဖုံးလွှမ်းနေခဲ့သော လင်းယွန်မှ မျက်လုံးများ ဖွင့်ကြည့်လာသည်။

ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားသည် အချိန်မရွေး ပေါက်ကွဲ နိုင်သည့် မီးတောင် ကဲ့သို့ ခံစားလာရ၏။

ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာပြီးနောက် ကောင်းကင် မူလ အဆင့်၏ မြင့်မြတ်သော မီးလျှံကို ရရှိခဲ့သည်။

ခရမ်းရောင် နန်းတော်ထဲတွင် ရွှေရောင် မီးတောက်များ ပေါ်နေ၏။ ၎င်းသည် လေနှင့် မိုးကြိုး တာအိုများ ပါဝင်သည်။

“ ငါ အောင်မြင်မှု တစ်ခု ... လုပ်နိုင်ခဲ့ တာလား။ ”

လင်းယွန်မှ အံ့သြသွားမိသည်။ ဤတစ်ကြိမ်၌ သူပင် မသိလိုက်ဘဲ အောင်မြင်မှု တစ်ခု ရရှိသွားချေပြီ။

ချောမွေ့လွန်း၏။ ခြေ-လက်များအတွင်း ဖြတ်သန်း စီးဆင်းနေသော စွမ်းအင်သည် ထူထဲ လှသည်။

“ မြင့်မြတ်သော မီးလျှံရဲ့ စွမ်းအားနဲ့ သူတော်စင် ရောင်ဝါက ... ပို အားကောင်းနေပြီ၊ သူတော်စင် တာအိုတွေတောင် ချွင်းချက် မရှိဘဲ။ ”

ခွန်အားများ တိုးလာသည်နှင့်အမျှ သူရင်ဆိုင်ရမည့် ရန်သူများ သည်လည်း အဆင့် မြင့်လာသည်။

အတိတ်ကဲ့သို့ အမည်ခံ သူတော်စင်များ မဟုတ်တော့ဘဲ သူတော်စင် သခင်များ ဖြစ်လာ တော့၏။

“ သူတော်စင် မူလက ... အမှုန်အမွှား ဆိုပေမယ့် ကြောက်စရာပဲ ... ကြယ်ဓားတောင် မဖြတ်ကျော်နိုင်ဘူး။ ”

သိမ်းငှက် သူတော်စင် သခင်နှင့် ရန်ပွဲကို သတိရလာကာ မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုစဉ်က ၎င်းပတ်လည်၌ ရေမှုန်ရေမွှားများ ကဲ့သို့ သူတော်စင် စွမ်းအင်များ ရှိနေ၏။

နေလထီး ကြောင့်သာ မဟုတ်သော် ၎င်းကို ဖြတ်ကျော် လွတ်မြောက်ရန် အခွင့်အရေး ရှိမည် မဟုတ်ချေ။ ကြယ်ဓားကို ကောင်းစွာ ပိတ်ဆို့ ထားခဲ့သည်။

“ သူတော်စင် တွေနဲ့ တိုက်ခိုက်ဖို့ ... အစ်ကိုကြီးကို မေးရမဲ့ ပုံပါပဲ။ ”

ဤနေရာတွင် ဆက်တွေး နေခြင်းသည် အချည်းနှီး ပေပင်။ သူတော်စင်များ ဝန်းကျင်ရှိ ရေမှုန်ရေမွှား များသည် မည်သည့် အရာများ ဖြစ်သည်ကို သူ သိချင်၏။

ယဲ့ကူဟန်၏ သူတော်စင် တံဆိပ်ကို ထုတ်ယူကာ အိုင်းရစ် တံဆိပ် ထိုးသွင်းသော အခါတွင် ယဲ့ကူဟန် တစ်ယောက် ဓားသေတ္တာထဲ ရောက်ရှိလာသည်။

“ ဒါက ဘာလဲ ... ။ ”

ယဲ့ကူဟန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၏။

“ အချိန်-အာကာသ ရတနာလား၊ လျှို့ဝှက် နယ်မြေလား ... ခဏလေး ... ။ ”

အစပိုင်းတွင် စိတ်မ၀င်စား သော်လည်း အနည်းငယ် လေ့လာပြီးနောက် ယဲ့ကူဟန်မှ အံသြ သွားသည်။

“ ဒါ အချိန်-အာကာသ ရတနာ တစ်ခုလို့ ငါခံစားရတယ် ဟုတ်တယ် မဟုတ်လား။ ”

“ ကျွန်တော်လည်း မသိဘူး၊ အုပ်စိုးရှင် နတ်ရူရ်တွေ အားလုံးကို ... ဒီမှာ စုပြီး မှသာ ဘာလဲဆိုတာ ပြောနိုင်မယ်။ ”

“ ညီလေး အုပ်စိုးရှင် နတ်ရူရ်တွေက ဘယ်လောက်တောင် ရှားလဲဆိုတာ သိလား၊ ဒါတောင် မင်းက အားလုံးကို လိုချင် နေတာလား။ ”

ယဲ့ကူဟန်က နတ်နဂါး သစ်သီးကို ကိုက်ဝါးလျက် ဖီးနစ်သစ်ပင်မှ အရွက် တစ်ရွက် အပေါ် ဆွတ်ခူးရန် လက်လှမ်းလိုက်၏။

“ အစ်ကိုကြီး ... အဲဒါ ဖီးနစ်သစ်ပင်၊ ဒါကြောင့် မထိပါနဲ့။ ”

လင်းယွန်မှ ချက်ချင်း ဟန့်တား လိုက်မိသည်။ ခရမ်းငယ်သာ သိပါက အရွက် တစ်ရွက်ပင် ဖြစ်သော်လည်း ရူးသွား ပေလိမ့်မည်။

“ ဖီးနစ်သစ်ပင်လား ... ။ ”

ယဲ့ကူဟန်က လက်ကို ရုတ်လိုက်ပြီး ပြုံးရယ်ကာ၊

“ ညီလေး ... မင်း ဟာသ လုပ်နည်းကို တကယ်သိတယ်၊ ဒါက ... ဖီးနစ်သစ်ပင် ဆိုရင် ဒီနေရာက အိုင်းရစ် လျှို့ဝှက်နယ်မြေလို့ မင်း ပြောလိုက်တာနဲ့ အတူတူပေါ့၊ ဟား ... ။ ”

“ ဟုတ်တယ် ... ဒီနေရာက အိုင်းရစ် လျှို့ဝှက်နယ်မြေပါ။ ”

“ ဟမ် ... ။ ”

လင်းယွန် အဖြေကြောင့် ယဲ့ကူဟန် ဆုံးအောင် မရယ်နိုင်တော့ဘဲ မသေချာ မရေရာ အသွင်မျိုးဖြင့်၊

“ သူတော်စင် နယ်ပယ်နဲ့ ... နတ်ဘုရားတွေကို သတ်နိုင်ခဲ့တဲ့ ... အိုင်းရစ်ဓား သူတော်စင်ရဲ့ ဓားသေတ္တာ ... ။ ”

“ မှန်တယ် ... ”

လင်းယွန် အမူအရာသည် နောက်ပြောင် နေပုံမပေါ်ချေ။ ထို့ကြောင့် သစ်ပင်ထံ ပြန်ကြည့် လိုက်မိရာ သစ်ပင်မှ အစိမ်းရောင် တောက်ပမှု တစ်ခုဖြင့် တုန့်ပြန်လာခဲ့၏။

“ ဂျိန်း ... ။ ”

ကောင်းကင်၌ မိုးကြိုး မုန်တိုင်းများ ချက်ချင်း ဖွဲ့တည်လာပြီး၊ အုပ်စိုးရှင် နတ်ရူရ် နှစ်လုံး ထွန်းတောက်လာသည်။

နတ်နဂါးသစ်သီး ဝါးခြင်းကို ရပ်ကာ ယဲ့ကူဟန်မှ အပြောင်းအလဲများထံ ဆက်လက် ကြည့်ရှု နေခဲ့၏။

ဤနေရာသည် လူဆိတ်ညံ သော်လည်း ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ရှိနေသည်။

သည့်နောက် လင်းယွန်ကို မနာလိုစိတ်နှင့် ပြန်ကြည့်မိ၏။ အရသာရှိသော နတ်နဂါးအသီး ခမျာ ချက်ချင်း ခါးသက်သွားတော့သည်။

***

All Chapters