← Chapters

သူတော်စင်ကို ... စိန်ခေါ်ချင်နေတာ မဟုတ်လား၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။

Vol. 159 Ch. 2215

သူတော်စင်ကို ... စိန်ခေါ်ချင်နေတာ မဟုတ်လား၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။

Vol. 159 Ch. 2215

“ ညီလေး ... မင်း ဒါမျိုး လုပ်နေတာက ကောင်းတဲ့ အကျင့်တော့ မဟုတ်ဘူးနော်။ ”

ယဲ့ကူဟန်က နဂါးမောက်သီးကို ပြန်ဝါးလျက်မှ မကျေမနပ်ဖြင့် ပြောလိုက်သည်။ လင်းယွန်မှ ပြုံး၏။

“ မင်းမှာ အရည်အချင်းရှိပြီး ... ရခဲ့တဲ့ အမွေေကလည်း ကြောက်စရာ ကောင်းတယ်၊ မင်းလိုလူက ငါ့ခေတ်မှာ ဆိုရင် သေဒဏ်ပဲ။ ”

“ ဒီလောက် အထိ မဟုတ်သေးပါဘူး၊ ကျွန်တော်က နိမ့်ကျတဲ့ ပုံရိပ် အမြဲ ရှိပါတယ်။ ”

လင်းယွန်မှ ရှက်ရွံ့စွာ ပြောကြားလိုက်သည်။

“ မင်းသာ ငါ့ရဲ့ ... ဆရာတူ ညီလေး မဟုတ်ရင် ရိုက်သတ်ပစ်တာ ကြာပြီ။ ”

“ အဟဲ ... ။ ”

“ ပြောပါ ... အခု ဘာကိစ္စ ငါ့ကို ခေါ်လာတာလဲ။ ”

“ ကျွန်တော် သူတော်စင် သခင် အကြောင်းတွေ သိချင်လို့ ... ။ ”

“ မင်း ... ။ ”

ယဲ့ကူဟန်မှ မျက်လုံးပြူး သွား၏။

“ မင်း ... အရမ်း လွန်နေပြီ ... ဘယ် သူတော်စင်က နှစ်ပေါင်းရာနဲ့ချီ မကျင့်ကြံဖူးသူ ရှိမလဲ၊ သူတို့ ခရီးက လွယ်တာမဟုတ်ဘူး၊ ဒါကို မင်းက အမည်ခံ သူတော်စင်နဲ့ ...

... ရင်ဆိုင်ချင် နေတာယ် ... ဟမ့် ... အထက်တန်းစားတွေ ... သာလွန် ကံကြမ္မာ ရှိတဲ့ လူတွေတောင် ...

... နှစ်ပေါင်း တစ်ရာကြာမှ ... သူတော်စင်တွေ ဖြစ်လာနိုင်ကြတာ ဒါတောင် ခမ်းနားတဲ့ ပါရမီရှင်တွေ အဖြစ် ... သတ်မှတ် ခံနေရပြီ၊ မင်းက အခုမှ (၂၅)နှစ်ပဲ ရှိသေးတယ်၊ သူတို့ကို သတ်ပစ်ဖို့ ကြံစည်နေတယ်။ ”

“ အစ်ကိုကြီး ... မင်းက အရမ်း ပုံကြီး ချဲ့လွန်းပါတယ်။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ ယဲ့ကူဟန်က ဖီးနစ်သစ်ပင် အောက်တွင် ဝင်ထိုင်ကာ ဆက်၍ ရှင်းပြလာ၏။

သူတော်စင်သခင် နယ်ပယ်ကို သူတော်စင် စွမ်းအင်၊ ရေမှုန် ရောင်ဝါ၊ ယင်-ယန်၊ ဝိညာဉ် ပင်လယ်၊ ပေါင်းစည်းခြင်း၊ ရွှေ အနှစ်သာရ၊ ဒြပ်စင်၊ နက်နဲသော အဝါရောင်နှင့် ကောင်းကင် ပလ္လင် ဟူပြီး အဆင့် (၉)ဆင့် ခွဲခြားထား၏။

“ အများကြီး ရှိတာလား ... ။ ”

လင်းယွန်မှ အံ့ဩသွားသည်။

“ ဟုတ်တယ် ... ဒါပေမယ့် ဒါက ... မင်း အတွက် ဘာမှ မဟုတ်သေးပါဘူး၊ ငါပြောတာ ဟုတ်တယ် မဟုတ်လား၊ အခုကြည့် ပါလား ငါ့ဆီ မင်းရောက်လာတာ ... တစ်နှစ်ပဲ ရှိသေးတယ်၊ ...

... အမည်ခံ သူတော်စင် နယ်ပယ်ကို ဖြတ်သန်းနေပြီ၊ ဒီကမ္ဘာကြီးပေါ်က နိယာမတွေ ပြောင်းလဲနေ တာကြောင့် ...

... ခုချိန်က သူတော်စင် တာအိုတွေကို နားလည်ရ ပိုမို လွယ်ကူလာတယ်၊ ငါတို့ခေတ် တုန်းက အသက် တစ်ရာနဲ့ သူတော်စင် သခင် ဖြစ်ရင်ကိုပဲ အထင်ကြီးစရာ ကောင်းနေပြီ။ ”

“ ဒါဆို သိမ်းငှက် သူတော်စင် သခင်က ဘယ်အဆင့်မှာလဲ။ ”

“ ဒုတိယအဆင့် ရေမှုန် ရောင်ဝါ ... ။ ”

ယဲ့ကူဟန်က လက်ဖဝါး ဖြန့်ကာ ဤလျှို့ဝှက်နယ်မြေရှိ ဝိညာဉ် စွမ်းအင်များကို စုစည်းပြလာ၏။

“ ဒါ ... သူတော်စင်သခင် တစ်ပါးရဲ့ ပထမအဆင့်ပဲ၊ မင်းရဲ့ သူတော်စင် ရောင်ဝါကို စွမ်းအင် အဖြစ် ပေါင်းစည်းရမယ်၊ ...

... သူတော်စင် စွမ်းအင်က သူတော်စင် ရောင်ဝါထက် ... ဆယ်ဆ ပိုမို သိပ်သည်းတယ်၊ အဲဒီ သူတော်စင် စွမ်းအင်ကို ... ရေမှုန်ရေမွှား ရောင်ဝါအဖြစ် ပြောင်းလဲခြင်းက ဒုတိယ အဆင့်ပဲ၊ အသွင်ပြောင်းမှု ပြီးဆုံးရင် ...

... သူတော်စင် တာအိုတွေကို အဲဒီအထဲ ပေါင်းစပ်ပြီး ဟန်ချက် ညီအောင် လုပ်ရမယ်၊ အောင်မြင်ရင် ရေမှုန် ရေမွှားတွေက အားကောင်း လာလိမ့်မယ်၊ ...

... ဒါကြောင့် သူ့ကို ချိုးဖျက်လိုရင် ... အဲဒီ သူတော်စင်ကို ... ကောင်းကင်နဲ့ မြေကြီးကနေ ထောက်ပံ့မှု မရအောင် အဆက် ဖြတ်ရမယ်။ ”

နောက်ဆုံးတွင် သိမ်းငှက် သူတော်စင် ဝန်းကျင်ရှိ ရေမှုန်ရေမွှားကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ရသည့် အကြောင်းရင်း အပေါ် နားလည် လာခဲ့သည်။

၎င်းသည် စွမ်းအင် အတားအဆီး အလွှာတစ်ခုဟု ထင်ရသော်လည်း အမှန်တွင် ကောင်းကင်နှင့် မြေကြီး၏ ထောက်ပံပေးမှု ဖြစ်နေ၏။

သူတော်စင် တာအိုများက သူ့ခန္ဓာကိုယ် အနှံ့ကို ချည်နှောင်နေသော ကြိုးမျှင်များ ကဲ့သို့ ခိုင်မြဲစေပေသည်။

“ ဒါပေမယ့် ကြယ်ဓားက ... အဲဒီ ရေမှုန်ရေမွှားကို ဖြတ်နိုင်ရမယ် မဟုတ်လား၊ တော်ဝင်ဓားကျမ်း သုံးပြီး ... ကြယ်ဓားကို ကျွန်တော် သုံးဆ တိုးထားတာပဲ။ ”

လင်းယွန်မှ နားမလည်နိုင် ဖြစ်လာ၏။ ထိုစဉ်က သူ့ကြယ်ဓား အလုပ် မဖြစ်သည်ကို မှတ်မိ နေသေးသည်။

“ သစ်သားချောင်းရဲ့ ထုထည်ကို သုံးဆ တိုးပြီး ... သတ္တုဒိုင်းအပေါ် ထိုးဖောက် ခိုင်းရင် အောင်မြင်နိုင်မယ် ထင်လား။ ”

“ ဒါက ... ။ ”

လင်းယွန်မှ ပြန်မဖြေနိုင်ချေ။ သို့သော် တစ်ခုခု မှားယွင်း နေသေးသည်။ ကြယ်ဓားမှာ သစ်သားဓား မဟုတ်ချေ။

“ ဒါပေမယ့် အဲဒီတုန်းက ကြယ်ဓားနဲ့ ... လုပ်နိုင်တယ်လို့ ကျွန်တော် ခံစားလိုက်ရတယ် အဲဒါ ... ဘာလို့လဲ။ ”

ဤသည်မှာ ဓားသမားနှင့် သူ့ဓား ရည်ရွယ်ချက် အကြား ယုံကြည်ချက် ဖြစ်၏။ ယဲ့ကူဟန်မှ သက်ပြင်းချသည်။

“ မင်းရဲ့ ခံစားချက်က မှန်ပါတယ် ... ၊ တော်ဝင်ဓားကျမ်း မရှိရင်တောင် ကြယ်ဓားကို အဆင့်မြင့် ကျွမ်းကျင်မှု ရထားရင် ... ရေမှုန် ရောင်ဝါကို ခွဲနိုင်တယ်၊ ...

... ဒါပေမယ့် ... မင်း မဟုတ်ဘူး ... သူတော်စင် သခင်ပဲ၊ ဒါဆို ပြဿနာ ဘယ်မှာလဲ မင်း ... စဉ်းစား ကြည့်ပါဦး။ ”

ယဲ့ကူဟန်မှ နောက်ထပ် နတ်နဂါး သစ်သီးကို ထုတ်ယူပြီး ကိုက်ဝါး နေပြန်၏။ လင်းယွန်က စိတ်များ လှုပ်ရှားလာသည်။

များမကြာခင်။

“ တကယ်တော့ အဲဒီအကြောင်းကို နည်းနည်းလေး တွေးကြည့်မိ ဖူးတယ် ... ဒါက သူတော်စင် တာအိုကြောင့် မဟုတ်လား၊ ကျွန်တော် မဟုတ်ဘဲ၊ ...

... ကြယ်ဓားကို နားလည်ထားတဲ့ သူတော်စင် သခင်က ဒါမျိုး ပြီးမြောက်နိုင်တယ် ဆိုမှတော့ ... ကြယ်ဓားက မအောင်မြင်တာ မဟုတ်ဘူး၊ ...

... လိုအပ်နေတာ ... ၊ သူ့ကို သူတော်စင် တာအိုပေါင်းစပ်လိုက်ရင် ... ရေမှုန် ရောင်ဝါကို ဖြတ်နိုင်ပြီ ... ကြယ်ဓားက သူတော်စင် တာအို မဟုတ်တာကြောင့်၊ ...

... သူတော်စင် တာအိုပါတဲ့ ရေမှုန် ရောင်ဝါကို မဖြတ်နိုင်တာ ... ဟုတ်တယ် မဟုတ်လား အစ်ကိုကြီး။ ”

ကူကယ်ရာ မဲ့စွာဖြင့် သူ့ထံ အဖြေ တောင်းဆိုလာမည့် လင်းယွန်ကို သစ်သီးစားပြီး ထိုင်ကြည့်ရန် ပြင်နေသည့် ယဲ့ကူဟန် ခမျာ စိတ်ပျက်သွားသည်။

“ မင်း ... မဆိုးပါဘူး။ ”

“ အယ် ... ။ ”

ယဲ့ကူဟန်၏ အဖြေသည် မသက်မသာ ရှိလှသဖြင့် လင်းယွန်က ပြုံး၏။

“ အစ်ကိုကြီး ... ဒါက ငါ ကြုံရာကျပန်း ခန့်မှန်းလိုက်တာ ရှင်းရှင်းလင်းလင်း နားမလည် နိုင်သေးဘူး၊ ငါ့ကို သင်ပြပါဦး ... ။ ”

“ ဟမ့် ... ကောင်းပြီ ... ”

သို့မှသာ ယဲ့ကူဟန် ပြုံးလာနိုင်၏။

“ မင်းက သူတော်စင်ကို ... စိန်ခေါ်ချင် နေတာ မဟုတ်လား၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”

“ တကယ်လား ... ။ ”

လင်းယွန် တစ်ယောက် မျက်လုံးများ တောက်ပလာသည်။

“ သေချာတာပေါ့ ... မင်းက ငါ့ရဲ့ အချစ်ဆုံး ညီလေးပဲ။ ”

“ သူတော်စင် တာအို အတွက်ရော ... ။ ”

“ အလျင်မလိုနဲ့ ... ဓားတာအို ဆိုတာ ဘုရင်ပဲ၊ တခြား လူတွေအတွက် ခက်ခဲပေမယ့် မင်းကတော့ လွယ်လွယ် ဆုပ်ကိုင်နိုင်မှာပါ၊ အခုတော့ မင်းအတွက် ပွဲတစ်ခု ငါအရင် လုပ်ပေးမယ်။ ”

“ ကျွန်တော်က ဒီလောက်တောင်လား ... ။ ”

လင်းယွန်မှ ဂုဏ်ယူစွာ ပြုံးလိုက်သည်။

“ ညီလေး ... မင်းက ငါ့ရဲ့ ချီးကျူးမှုကို ခံထိုက်ပါတယ်၊ သူတော်စင် ဓားတာအို ဆိုတာ တကယ်ပဲ မင်းအတွက် ဘာမှ မဟုတ်ပါဘူး၊ သူတော်စင် သခင်ရဲ့ အဆင့်တွေ အကြောင်း ဆက်သွား ရအောင်။ ”

ယဲ့ကူဟန်မှ ပြုံးပြီး သရုပ်ပြမှုကို ပြန်လည် စတင်လိုက်သည်။ အဆင့်တစ်ခုစီသည် ခွန်အား အပေါ် များစွာ မြှင့်တင်ပေး၏။

တတိယ အဆင့်သည် နေနှင့်လတို့မှ ဝိညာဉ်စွမ်းအင် များကို စုပ်ယူနိုင်သော ယင်-ယန် ကျောက်တုံးကဲ့သို့ အရှိန်ကို တဟုန်ထိုး တက်လာစေမည်။

ဝိညာဉ် ပင်လယ် အဆင့်တွင်၊ နေနှင့်လ အပြင် ကြယ်များမှ ဝိညာဉ် စွမ်းအင်များ ကိုပါ တိုက်ရိုက် စုပ်ယူနိုင်၏။

ခွန်အားသည် သိသိသာသာ အသွင် ပြောင်းသွားမည် ဖြစ်ပြီး သူတော်စင် စွမ်းအင် သည်လည်း ကြောက်မက်ဖွယ် ကောင်းလာ ပေမည်။

ပေါင်းစည်းခြင်း အဆင့်တွင် သူတော်စင် စွမ်းအင်များ အားလုံးကို သူတော်စင်မူလ အဖြစ် ပေါင်းစပ်ခြင်း ဖြစ်၏။

ရွှေအနှစ်သာရ ဟူသည် သူတော်စင် မူလအပေါ် ရွှေရောင် သလင်းကျောက် အဖြစ်သို့ ပြောင်းလဲခြင်း ပေပင်။

ရွှေအမြုတေ ဟုလည်း တင်စားခေါ်၏။ ၎င်းမှာ စွမ်းအင် အဆိုင်အခဲ ဖြစ်ပြီး သူတော်စင် ရောင်ဝါ ကုန်ဆုံးမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

ဒြပ်စင်၊ နက်နဲသော အဝါရောင်နှင့် ကောင်းကင်ဘုံ ပလ္လင် အဆင့်များ အတွက် သည်လည်း ရှင်းပြခဲ့၏။

လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်ပြီး၊

“ ကမ္ဘာသစ်ကြီး တစ်ခု မြင်လိုက်ရသလို ခံစားရတယ်၊ ဒါကို ပြီးမြောက်ဖို့ ဘယ်လောက် ကြာနိုင်ဦးမလဲလို့ တွေးမိပါတယ်။ ”

-ဟု ညည်းတွားမိ၏။

နဂါးမောက်သီးကို ကိုက်ဝါးလျက် ယဲ့ကူဟန်က ပြုံးပြီး သူ့ပုခုံးပေါ် ပုတ်ကာ၊

“ ကမ္ဘာကြီးရဲ့ ... နိယာမတွေ ပြောင်းပြီး ငါတို့က ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝတဲ့ ခေတ် ရောက်နေပြီ၊ ဒါကြောင့် မင်းဒါကို သုံးနှစ်ကနေ ငါးနှစ်အတွင်း ပြီးနိုင်လိမ့်မယ်၊ ...

... ကောင်းပြီ၊ ငါ မင်းကို အနှောက်အယှက် မပေးတော့ဘူး၊ သူတော်စင်တွေကို စိန်ခေါ်မယ့် မင်းအတွက် ... ငါစီစဉ် လိုက်ဦးမယ်။ ”

“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ... ။ ”

လင်းယွန်မှ ပြုံးရွှင်လာ၏။ ယဲ့ကူဟန်က သခင်မ နှစ်ပါးထံ ချက်ချင်းသွားကာ အစီစဉ်ကို ပြောပြ လိုက်သည်။

မူလနဂါး မဟာ သူတော်စင် ကိုလည်း ချန်လှပ် မထားချေ။

“ ဒါက အရမ်း အန္တရာယ် များတယ်၊ သည်းမခံနိုင်ရင် သေလိမ့်မယ်၊ ဒီကလေး ဘာလို့ အလျင်လို နေရတာလဲ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ စိုးရိမ်စိတ်ဖြင့် ပြောကြား လိုက်သည်။ ချက်ချင်း သံသယ ဝင်လာပြီး ယဲ့ကူဟန်ထံ ကြည့်၏။

“ မင်း ... သူ့ကို လက်စားချေဖို့ ကြိုးစား နေတာတော့ မဟုတ်ပါဘူးနော်။ ”

“ သခင်မ ... သူ ဘယ်သူလဲ လူတိုင်း သိကုန်ပါပြီ၊ ဖိအား မပေးရင် သူအသွင်ပြောင်းဖို့ ခက်သွားလိမ့်မယ်၊ ပြီးတော့ ဒါက သူ့ဆန္ဒပါ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ”

ယဲ့ကူဟန်မှ ကူကယ်ရာမဲ့စွာ ရှင်းပြ လိုက်၏။ အမည်ခံ သူတော်စင်မှ သူတော်စင်ကို တိုက်ချင်နေသည်မှာ မယုံနိုင်စရာ ပေပင်။

“ သူ့ကို သွေးအကျဉ်းထောင် တောင်တန်းဆီ ပို့လိုက်ကြရအောင်။ ”

ကျောက်စိမ်းဓား သူတော်စင်က ပြတ်သားချေ၏။ ယဲ့ကူဟန် သည်ပင် မျက်လုံး ပြူးသွားသည်။

“ အရိုင်းတုံး ဆိုတာ သွေးမှရမယ် ... လုံယွင်က ဒီကလေးရဲ့ ကိုယ်လုံး ကိုယ်ပေါက် အတွက် တာဝန်ယူ၊ ကျင့်ချန်က အဓိပတိ နဂါး လက်သီးကို မြင့်တင်ပြီး၊ ငါက ဓားအတွက် လေ့ကျင့်ပေးမယ်။ ”

သည့်နောက် စကားခဏ ရပ်ကာ ယဲ့ကူဟန်ထံ ပြန်ကြည့်ပြီး၊

“ မင်းက တော်ဝင်ဓားကျမ်း အပြင် ကောင်းကင်ကျမ်းကိုပါ အကျွမ်းတဝင် ရှိအောင် သင်ပေး ... မဟာ သူတော်စင် လေးပါးဆီက သင်ကြားမှုရတယ် ဆိုတာ ... သူ့အတွက် ကံကောင်းတာပဲ မဟုတ်လား။ ”

မဟာ သူတော်စင် လေးပါး၏ မျက်ဝန်းများ ချက်ချင်း မှေးစင်းသွားသည်။ သူတို့ အတွေးများ အပေါ် သူတို့သာ အသိဆုံး ဖြစ်၏။

သွေးအကျဉ်းထောင် တောင်ကြားသည် သူတော်စင်များ အတွက်ပင် တားမြစ်နယ်မြေ ဖြစ်သည်။

ထိုဆွေးနွေးခန်းကို မသိသေးသော လင်းယွန်သည် ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်း နေခဲ့၏။

အားလပ်ချိန်၌ ကောင်းကင် သန့်စင်ခြင်း တောင်ထိပ်သို့ တက်လှမ်း လာမိသည်။

“ ဒင် ... ။ ”

အဝေးမှ ကြိုးကြာ နတ်သမီး၏ ရယ်သံနှင့်အတူ ဗျပ်စောင်းသံများ ထွက်ပေါ် လာသဖြင့် အံ့အားသင့် သွားသည်။

စီနီယာ တျန်းရှင်း ရှိနေသည်လော။ တေးသံမှာ နားဝင် ဆိုးလှပေသည်။ ဤသို့သော လက်သံမျိုး မည်သူမျှ တုပ မတီးခတ် နိုင်ကြောင်း ပြောနိုင်၏။

ခြေလှမ်း သွက်သွက်နှင့် ဇရပ်ထံ လျှောက်လှမ်းလာမိသည်။ သို့သော် ဗျပ်စောင်း တီးခတ် နေသူမှာ စီနီယာ တျန်ရှင်း မဟုတ်ဘဲ လီတာ့ယန် ဖြစ်နေခဲ့၏။

“ ယဲ့ ချင်း ရှန် ... ။ ”

လီတာ့ယန်က ခေါင်းမော့ကြည့်စဉ် သူ့ကိုမြင်သဖြင့် ပြုံးပြလာတော့သည်။ သူသည် လင်းယွန်ကို ယဲ့ချင်းရှန် အဖြစ် ခေါ်ရသည့် အပေါ် ပို၍ နှစ်ခြိုက် နေပေ၏။

“ အဟား ... နင်က ဒီပုံစံနဲ့ ပိုကြည့် ကောင်းတယ်။ ”

ကြိုးကြာ နတ်သမီးက လင်းယွန်ကို မျက်စိတဖက် မှိတ်ပြလာခဲ့သည်။ ၎င်းတို့၏ အမူအရာက လင်းယွန်ကို အနည်းငယ် သက်သာရာ ရစေသည်။

အနည်းဆုံးတော့ ဤအရပ်၌ နားဝင်ဆိုးသော ဗျပ်စောင်းသံများ ရှိနေပြီး၊ ကြိုကြာနတ်သမီး သည်လည်း ပြုံးရွှင် နေသေး၏။

***

All Chapters