← Chapters

ဓား … သုံးခွင့် မပြုဘူး။

Vol. 159 Ch. 2216

ဓား … သုံးခွင့် မပြုဘူး။

Vol. 159 Ch. 2216

.

“ ဟဲဟဲ ... ယဲ့ချင်းရှန် ငါနင့်ကို ပန်းသင်္ချိုင်းလို့ ခေါ်သင့်တယ် ထင်တယ်၊ နင့်ရဲ့ ဓားအတွက် ကျေးဇူးတင်ပါတယ်။ ”

ကြိုးကြာ နတ်သမီးက လင်းယွန်ကို မြင်သည်နှင့် ပျော်ရွှင်စွာဖြင့် ကောင်းကင်ခွဲသူ ဓားထုတ်ပြလာသည်။ လင်းယွန်က ပြုံး၏။

“ တာ့ယန် ... အဲဒါကို တွေ့လား ... ဘယ်လောက် ရက်ရောတယ် ဆိုတာ ကြည့်စမ်း နင်နဲ့ငါ သိနေတာ ... နှစ်အတော် ကြာနေပြီ နင်ဘာမှ မပေးခဲ့ဘူး။ ”

ကြိုးကြာ နတ်သမီးက လီတာ့ယန်ကို လှည့်ကြည့်ကာ ပြောသည်။ လီတာ့ယန်က ခေါင်းကုတ်ပြီး၊

“ နောက်တစ်ကြိမ် ... နောက်တစ်ကြိမ် သေချာပေါက် ယူလာပေးမယ်။ ”

“ ဟမ့် ... နင့်ကိုယုံမယ် ထင်လား။ ”

“ စီနီယာ တျန်ရှင်းက ... တစ်ခုခု မှာခဲ့သေးလား။ ”

လင်းယွန်မှ ကြိုးကြာ နတ်သမီးကို မေးသည်။ ကြိုးကြာ နတ်သမီးက သက်ပြင်းချ လိုက်ပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းက အမြဲတမ်း ဓားတစ်လက် လိုနေတယ်လို့ သခင် ညည်းညူ သွားတယ်၊ တကယ်တမ်းသာ ဧကရာဇ်ဓား ရှိနေမယ်ဆိုရင် အခြေအနေက ကွာခြားသွား နိုင်ပါတယ်တဲ့ ... ။ ”

“ အခွင့်အရေး ရရင် ... ငါ စမ်းကြည့်ပေးပါ့မယ်။ ”

လင်းယွန်မှ စိတ်မကောင်းစွာ ပြောလိုက်သည်။

“ တကယ်တော့ သခင်က အဲဒါကို စွဲလန်းနေတာပါ၊ အရှုံးကို လက်မခံနိုင်တဲ့ လူမျိုး မဟုတ်ပါဘူး ... သူ့ကိုယ်သူ ယုချင်းဖန်ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိခဲ့တာ ကြာပြီ။ ”

“ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ... ငါတို့က ဂိုဏ်းအတွက် ဧကရာဇ်ဓားကို ပြန်ယူရမယ် မဟုတ်လား။ ”

လီတာ့ယန်မှ ဝင်ပြောသည်။ ဤနေ့သည် တိုက်ပွဲပြီးသွားသည့် ကိုးရက်မြောက်နေ့ဖြစ်၏။ လီတာ့ယန် တစ်ယောက် တည်ငြိမ် နေချေပြီ။

“ ယဲ့ချင်းရှန် လမ်းလျှောက် ရအောင် ... ။ ”

“ ကောင်းပြီ ... ။ ”

လီတာ့ယန်က ပြုံးပြီး မတ်တပ်ထရပ် လိုက်သည်။ လင်းယွန်မှ ခေါင်းညိမ့်၏။

“ ငါလည်း လိုက်မယ် ... ထားခဲ့ဖို့ မစဉ်းစားနဲ့။ ”

“ ကောင်းပြီ ... ။ ”

ကြိုးကြာ နတ်သမီး စကားကြောင့် လီတာ့ယန်မှ ပြုံး၏။ သုံးယောက်သာ စကား စမြည်များ ပြောဆိုလျက် လျှောက်လှမ်း လာခဲ့သည်။

“ မင်းက သန့်ရှင်းသော သားတော် ... မဖြစ်ချင်တာ အံ့သြစရာ မဟုတ်ပါဘူး၊ မင်းရဲ့ ပန်းသင်္ချိုင်း ဘွဲ့နဲ့တင် လုံလောက်နေပြီ။ ”

“ အခု ဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ”

လင်းယွန်မှ ပြုံးကာ မေးလိုက်သည်။ ကိုးရက်ပြည့်ပြီးနောက် ဂိုဏ်းအတွင်း တိုက်ပွဲ သတင်းသည် ခွန်လွန်သို့ ပျံ့နှံ့သွားပြီ ဖြစ်၏။

“ ဝရုန်းသုန်းကား ... ။ ”

လီတာ့ယန်မှ သက်ပြင်းချကာ၊

“ အဲဒီနေ့ ပြီးတည်းက ကောင်းကင် တာအိုဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုတွေ အားလုံး ထွက်ခွာကုန်တယ်၊ မင်-ဂိုဏ်းနဲ့ အနန္တ မိုးကြိုးဂိုဏ်းက လက်ရှိ အခြေအနေကို စူးစမ်းချင် နေကြတယ်၊ ...

... နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ တံဆိပ်က နောက်တစ်ကြိမ် ဖြေလျော့သွားပြီ၊ မကြာခင် သူတော်စင်တွေတောင် ဝင်ထွက် သွားလာ နိုင်လိမ့်မယ်၊ ...

... ပြီးတော့ နတ်ဘုရား အလောင်း ပေါ်လာတယ် ဆိုတဲ့ ကောလဟာလတွေလည်း ထွက်နေတယ်၊ လူတိုင်းက ဟုတ်-မဟုတ် ရှာဖွေဖို့ ကြိုးစားနေကြပြီ။ ”

“ နတ်ဘုရား အလောင်းလား ... ။ ”

လင်းယွန်က သေချာအောင် မေးသည်။

“ ဟုတ်တယ် ... တစ်စုံတစ်ယောက်က နတ်ဘုရား အလောင်းတော်နဲ့ ဆင်တူလွန်းတဲ့ အရာတစ်ခုကို သတိပြုမိခဲ့တယ်။ ”

“ သွေးလဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိသေးလား။ ”

“ သူတို့ ပျောက်ကွယ် သွားပါပြီ ... ဧကရာဇ်နန်းတော်ရဲ့ နဝမမြောက် မင်းသမီးက သွေးလ ဂိုဏ်းခွဲတိုင်းကို ဖျက်ဆီးနေတယ်၊ ... သူမက လူသတ်ပြီး၊ ...

... အခြေစိုက် စခန်းကို ရှာနေပုံရတယ်၊ ဒီတစ်ကြိမ်တော့ အင်ပါယာက ဒေါသ ဖြစ်နေ သလိုပဲ။ ”

နှစ်ယောက်သား စကားစမြည်များ ပြောလျက်မှ လီတာ့ယန်က လင်းယွန်ထံ ပြန်လှည့်ကြည့်၏။

“ ငါတို့ကြားက ကွာဟချက်ကို မြင်ပါရစေ။ ”

“ တိုက်ချင်လို့လား ... ။ ”

လင်းယွန်မှ ခေတ္တမျှ အံ့အားသင့် ပြီးနောက် မေးလိုက်သည်။

“ ဘယ်သူက ပန်းသင်္ချိုင်းနဲ့ မတိုက်ချင်ပဲ နေမလဲ။ ”

လီတာ့ယန်တွင် တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလျက် ပြုံးလာသည်။

“ နဂါးပြာ မှတ်တမ်းမှာ တုန်းက တာအိုဓားကို ငါနားမလည်သေးဘူး၊ အခုတော့ ဆိုးဆိုးရွားရွား ရှုံးနိမ့်မယ် မထင်ဘူး။ ”

“ ဒါဆို တိုက်ကြရအောင်။ ”

လင်းယွန်မှ မငြင်းတော့ချေ။

“ မင်း အလေးအနက် ထားရမယ်၊ ဒါမှမဟုတ်ရင် ဆိုးဆိုးရွားရွား ရှုံးသွားနိုင်တယ်။ ”

လီတာ့ယန်မှ ပြုံးပြီး မဆိုင်းမတွ သူ့လက်သီးဖြင့် လှမ်းထိုး လိုက်တော့၏။ ခန္ဓာမှ ရွှေရောင် မီးတောက်များက မိုးကုပ်စက်ဝိုင်းကို ထိုးတက်သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော အပူချိန်များ ပျံ့နှံ့လာပြီး၊ ရောင်ဝါသည် မြင့်မြတ်သော မီးလျှံ အဆင့်သို့ ရောက်ရှိလာ၏။

မဟာနေမင်း ကိုယ်ခန္ဓာနှင့် ပေါင်းစပ်ထား သောကြောင့် ထိုရောင်ဝါမှာ သူတော်စင် ဝိညာဉ် အဆင့်ဖြင့် ယှဉ်နိုင်သည်။

ဤအရာက လင်းယွန်ကို ထိတ်လန့်စေ၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်သည် သူ့တပည့်ထံ အရင်းအမြစ် များစွာ ပေးအပ် ခဲ့ပုံရသည်။

“ ဝုန်း ... ။ ”

လက်သီးနှစ်လုံး တိုက်မိကာ မီတာ တစ်ရာအကွာသို့ လင်းယွန် တစ်ယောက် လွင့်စဉ် သွား၏။

“ အစွမ်းထက်တဲ့ ကျင့်ကြံမှု ... ။ ”

“ ဒါပေမယ့် ဓားမဆွဲသေးတဲ့ အတွက် ... မင်းက တိုက်ပွဲအပေါ် အလေးအနက် မထား သေးဘူး။ ”

လီတာ့ယန် စကားကြောင့် လင်းယွန်က တော်ဝင်ဓားကျမ်းကို ဖြန့်ကျက်ကာ နတ်ဘုရား ပုံရိပ်ယောင်ဓားဖြင့် ပစ်ခတ်လိုက်၏။

“ ရွှပ် ... ။ ”

ရွှေရောင် ဓားအလင်းများက လီတာ့ယန် ခန္ဓာကိုယ်အပေါ် အဆက်မပြတ် ကျရောက်ကုန် တော့သည်။ သို့သော် ထူးခြားမှု မရှိချေ။ ပျောက်ကွယ်ကုန်၏။

“ မဟာ တော်ဝင် ဓားအစီရင် ... ။ ”

လင်းယွန် နောက်၌ တောင်ကြီး သုံးလုံး ပေါ်လာကာ ရာနှင့်ချီသော ဓားရောင်ခြည်များ လွင့်ထွက်သွားသည်။

“ ဟိတ် ... ။ ”

ယင်းမှာ အကုန် မဟုတ်သေးချေ။ ကောင်းကင်ပေါ် ခုန်တက်ကာ နေနှင့်လကို ထုတ်လွှတ် လိုက်ပြန်၏၊

“ ဟား ... ဟား ... ဟား ... တောက်လောင်နေတဲ့ နေမင်းရဲ့ ဒေါသ ... ။ ”

လီတာ့ယန်၏ ခန္ဓာကိုယ်သည် ဆေးကြိုအိုးကြီး တစ်လုံးကဲ့သို့ မြည်သံများ ထွက်ပေါ်လာခဲ့သည်။

ကြယ်ကြွေသည့်အလား အမြောက်အမြား ထိုးဆင်းလာသော ဓားရောင်ခြည် အားလုံးကို ၎င်းမှ စုပ်ယူ ဝါးမြိုပစ်လိုက်၏။

“ မဟာ နေမင်း ရောင်ဝါ ... ။ ”

သွေးများ ပွက်ပွက်ဆူလာပြီး ရှေးခေတ် ရူရ်များဖြင့် သူ့ခန္ဓာကိုယ် အပေါ် အလွှာတစ်ခု အဖြစ် ဖွဲ့တည်တော့သည်။

ဤသည်မှာ ရေမှုန် ရောင်ဝါ ဖြစ်၏။ သူတော်စင် သခင် မဟုတ် သော်လည်း မဟာ နေမင်း ခန္ဓာကိုယ်၏ ဆန်းကြယ်မှုဖြင့် အတု ဖန်တီးထားခြင်း ဖြစ်သည်။

“ မိုးပြာနဂါး နတ်ခန္ဓာ ... ။ ”

လင်းယွန်က နတ်ခန္ဓာကို အသက်သွင်း လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှု တစ်ရာကျော် ဖလှယ်မိကြ၏။

သူတို့တိုက်ပွဲသည် ကြိုးကြာ နတ်သမီးကို ထိတ်လန့်သွားစေပြီး တောင်ကြော တစ်ခုလုံး၌ လင်းယွန်နှင့် လီတာ့ယန်၏ အရိပ်များ ပြည့်နှက်နေတော့သည်။

“ ဝုန်း ... ။ ”

လက်သီးနှစ်လုံး တိုက်မိသောအခါ လင်းယွန်မှ သူ့ခွန်အားကို ထိန်းထားချင်ခဲ့သည်။ သို့သော် သူ့ကိုယ် အတွင်းရှိ နဂါးသွေးများက ပြိုင်ဘက်ကောင်းကို တွေ့ရှိလိုက်သကဲ့သို့ ထိန်းမနိုင် သိမ်းမရ လှုပ်ရှားလာ၏။

များမကြာခင် သူ့ဓားရောင်ဝါမှာ တဖြည်းဖြည်း ပါးလျ ပျောက်ကွယ်နေ သည်ကို တွေ့ရှိလိုက်သည်။

“ ဝါးမြိုခြင်း တာအို ... ။ ”

ထိုဝေါဟာရကို သတိ ရလာမိ၏။ ဤသည်မှာ အုပ်စိုးရှင် တာအို ဖြစ်သည်။ ထို့ပြင် လီတာ့ယန်မှာ ကောင်းကင်ဘုံ ဝါးမြိုခြင်း သူတော်စင်ကျမ်းကို လေ့ကျင့်ထား၏။

“ ပန်းသင်္ချိုင်း ... မင်းသိတာ နောက်ကျသွားပြီ၊ ဝါးမြိုပစ်စမ်း ... ဟား ဟား ဟား ... ။ ”

လီတာ့ယန်က ဝါးမြိုခြင်း တာအိုကို ထုတ်လွှတ်လျက် ကျယ်လောင်စွာ ရယ်မော၏။ သူ့ခန္ဓာကိုယ်သည် စကြဝဠာ တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။

အာရုံစူးစိုက်မှုကို နှစ်ပိုင်းခွဲထား သောကြောင့် လင်းယွန်၏ ဓားရောင်ဝါမှာ အားနည်းသွား၏။

ထို့ကြောင့် ညည်းတွားလျက် မြေပြင်ပေါ် လက်တစ်ဖက်ထောက် ကျသွားစဉ် လေပြေများ ထပ်မံ တိုးဝင်လာ သဖြင့် အတတ်နိုင်ဆုံး ကြိုးစား ရှောင်တိမ်း လိုက်ရပြန်သည်။

တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီးက သမုဒ္ဒရာထဲ မျောနေသော ဖောင်ငယ်လေးကဲ့သို့ လင်းယွန်ကို ဖုံးလွှမ်းလာ၏။

များမကြာခင် ကြယ်ဓားရောင်ဝါ နေနှင့်လမှာ လုံးဝ ပေျာက်ကွယ် သွားသည်။ အဝတ်အစားများ စုတ်ပြဲလျက် လင်းယွန် မျက်နှာ ဖြူဖျော့နေ၏။

“ မင်း ... ပြန်ယူလို့ ရပြီ ... ။ ”

လီတာ့ယန်က စိတ်လှုပ်ရှား သွားပြီး သူဝါးမြိုထားသော ဓားရောင်ဝါကို ပြန်ထုတ်ပေး လိုက်ရာ နေနှင့်လ ပြန်ပေါ်လာသည်။

ဤကဲ့သို့ တိုက်ပွဲဝင် ပုံစံမျိုး ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်လေသည်။ ကြယ်ဓား၏ ထက်ရှမှုကို ခံစားလိုက်ရပြီး ဦးရေပြားများ ထုံကျင်လာခဲ့၏။

အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက် နေချပြီ။ ထိုစဉ်က ပြိုင်ဘက်များ သူ့လက်၌ မည်မျှ ကူကယ်ရာမဲ့ ခဲ့ကြသည်ကို ပြန်သတိရမိ၏။

“ ဘယ်လောက်တောင် ဒုက္ခပေးလဲ။ ”

နောက်ဆုတ်ပြီး ပန်းသင်္ချိုင်းကို ဆွဲထုတ်လိုက်၏။ ဓားရောင်ဝါ ကောင်းကင်ပေါ် ထိုးတက်လာသည်။

“ ခရစ် ... ။ ”

လီတာ့ယန်မှ ပြန်အန်ထုတ် ထားသော နေနှင့်လတွင် ရွှေမီးတောက်များ လောင်ကျွမ်း သွားသည်။ သည့်နောက် ရှေးခေတ် ရေမှုန် ရောင်ဝါမှာ ဓားဖြင့် အခွဲခံလိုက်ရ၏။

လီတာ့ယန် တစ်ယောက် နောက်သို့ ယိမ်းယိုင်သွားသဖြင့် ဟန်ချက် ထိန်းညှိနိုင်ရန် ချက်ချင်း နောက်ဆုတ်ပြီး သွေးအန် သွားလေသည်။

သူ့ ညာဘက် လက်သီး တွင်လည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။ မည်သည့် အရာ ဖြစ်ပျက် သွားမှန်း မသိခဲ့ချေ။ သူ မြင်လိုက်ရ သည်မှာ ဓားအလင်း မျှသာ ဖြစ်၏။

ယင်းသည် ပိုးစုန်းကြူးများ ကဲ့သို့ အားနည်းလှ သော်လည်း လမ်းကြောင်း ပေါ်ရှိ အရာအားလုံးကို တိုက်စားသွားလေသည်။

“ အဆင်ပြေ ရဲ့လား ... ။ ”

လင်းယွန်က ဓားပြန်သိမ်းလျက် အပြေး လျှောက်လှမ်း လာ၏။ ရှုပ်ထွေးသော အမူအရာ မျိုးဖြင့် လီတာ့ယန်မှ ပြန်ကြည့်မိသည်။ ပြီးနောက် မကျေမနပ်ဖြင့်၊

“ နောက်တစ်ခါ ... ငါတို့ ရန်ဖြစ်ရင် မင်းဓားကို သုံးခွင့်မရှိဘူး။ ”

-ဟု စည်းမျဉ်း သတ်မှတ်လိုက်တော့၏။ အဆုံးတွင် သူသည် ဓားတစ်ချက် တည်းဖြင့် ရှုံးနိမ့် သွားခဲ့ခြင်း ဖြစ်ချေပြီ။

***

All Chapters