← Chapters

ကောင်းကင်ရနံ့ သင်းသင်း တောင်တန်း။

Vol. 159 Ch. 2217

ကောင်းကင်ရနံ့ သင်းသင်း တောင်တန်း။

Vol. 159 Ch. 2217

ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့လေရာ ကြီးမားသော ထိုးနှက်ချက် ဖြစ်လာလာသည်။

“ မင်းရဲ့ ဓားကို အစတည်းက ဘာလို့ မသုံးခဲ့တာလဲ ဆိုတာ ... ငါသိပြီ။ ”

“ ဒီလောက်လည်း မဟုတ်ပါဘူး ... ငါတို့သာ တကယ်တိုက်ရင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်မှ အမှန်အတိုင်း ပြောလိုက်၏။ အဆုံးတွင် ဝါးမြိုခြင်း တာအိုဟူသည် ဒုက္ခပေး နိုင်ချေပြီ။

“ ငါ့ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး ... မင်းရဲ့ဓားက ပြိုင်ဘက်ကင်းပဲ ... ပိုးစုန်းကြူး နတ်ဓားကို စိတ်ဝိညာဉ်ထဲ ... ပေါင်းထည့် လိုက်တာက ဦးတည်ရာကို မမြင်ရတော့ဘူး။ ”

“ ဒါတော့ မှန်တယ် ... ။ ”

လင်းယွန်က ပြုံးလိုက်၏။ ပိုးစုန်းကြူး နတ်ဓား၏ ပထမအပိုင်း နှစ်ပိုင်းကို ခန္ဓာကိုယ် အစိတ်အပိုင်းအဖြစ် ပြောင်းလဲထားသည်။

ဤသည်မှာ ယုချင်းဖန်၏ နားလည်မှုများအပေါ် သုံးသပ်ပြီးနောက် ရရှိ လာသော ရလာဒ်ဖြစ်၏။

ထို့အပြင် သူ၏ နားလည်နိုင်စွမ်းသည် ၎င်းထက် သာလွန်ပြီး ယုချင်းဖန်နှင့် လုံးဝ ကွဲထွက်နေသည်။

ထို့ကြောင့် လီတာ့ယန် ကြုံခဲ့ရသော ဓားသည် တစ်ချက်တည်း ဖြစ်သော်လည်း အပိုင်းနှစ်ပိုင်း၏ စွမ်းအားကို ထည့်သွင်း ထားသည်။

“ မေးခွန်းတစ်ခု မေးချင်တယ်၊ မင်းရဲ့ ကြယ်ဓားကို ငါဖျက်ဆီးပြီးပြီ .. ဒါကို ဘယ်လို လုပ်ပြီး ချက်ချင်း အထွတ်အထိပ် ပြန်ရလာ တာလဲ။ ”

နောက်ဆုံးတွင် ဓားသမား တစ်ဦးသည် ဒဏ်ရာထက် ဓားရောင်ဝါ ဆုတ်ယုတ်သွားပါက ခွန်အားများ ကျဆင်းသွားမည် ဖြစ်သည်။

လင်းယွန်က ချက်ချင်း ပြန်မဖြေသေးဘဲ လေပေါ်နန်းတော်ထံ မော့ကြည့်ပြီး သက်ပြင်းချ လိုက်၏။

“ စီနီယာ တျန်ရှင်းက ... အိမ်မက်နဲ့ လက်တွေ့ဘဝရဲ့ နယ်နိမိတ်ကြားမှာ ဆီမီးခွက် ထွန်းပေးခဲ့တယ်၊ အဲဒီမီးခွက် မငြိမ်းသရွေ့ ... အတွေးတစ်ခုနဲ့ ကြယ်ဓားကို ချက်ချင်း ပြန်ဆည်နိုင်တယ်။ ”

“ အိမ်မက်နဲ့ ... လက်တွေ့ဘဝရဲ့ နယ်နိမိတ်တွေ ကြားမှာ ... ရှိနေတာလား။ ”

လီတာ့ယန်မှ သံယောင်လိုက် ရေရွတ် လေသည်။

“ ဟုတ်တယ် ... ဒါကြောင့် အိပ်မက်ထဲက မီးခွက်ကို တစ်ယောက် ယောက် မငြိမ်းနိုင်သေး သရွေ့ ဓားရောင်ဝါ ဘယ်တော့မှ မငြိမ်းဘူး။ ”

လီတာ့ယန် တစ်ယောက် အသိစိတ် ပြန်ဝင်လာပြီး လင်းယွန်ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်လေသည်။

လင်းယွန်က လီတာ့ယန် အတွေးကို သိချေ၏။ မီးခွက်ထွန်းခြင်းသည် အန္တရာယ်ရှိပြီး လူတိုင်း တတ်စွမ်းနိုင်သည့် အရာမျိုး မဟုတ်ချေ။

“ မီးခွက် မရှိရင်တောင် ... လက်ရှိ ဓားရောင်ဝါကို ငြိမ်းသတ်ဖို့ ခက်ပါတယ်။ ”

လင်းယွန်မှ ခေါင်းစဉ် ပြောင်းလိုက်သည်။

“ ဒါဆို မင်းက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာပေါ့ ... ရှင်းရှင်းလေးပဲ အားနည်းချက် တမင် ပြခဲ့တာ မဟုတ်လား။ ”

“ မဟုတ်ပါဘူး တကယ် ရှုံးလုနီးပါးပါ၊ ဝါးမြိုခြင်းတာအိုကို လျှော့တွက် မိနေတုန်းပဲ၊ ငါတို့က ယှဉ်ပြိုင်တာဆိုတော့ သဘာဝအတိုင်း အားလုံးကို ပေးရမယ်၊ ...

... လှည်းစားခြင်း ဆိုတာ ခွန်အားရဲ့ တစိတ်တပိုင်း တစ်ခုပဲ ... မဟုတ်ရင် ငါသေတာ ကြာပြီပေါ့ ... ။ ”

ထိုစကားကို ကြားသော အခါတွင် လီတာ့ယန် တစ်ယောက် ကျောရိုး အောက်သို့ အအေးလှိုင်း ဖြတ်သန်းသွားသည်။

လင်းယွန် တစ်ယောက် လမ်းခရီး၌ မည်သည့် အရာများ ကြုံတွေ့ခဲ့ရ သည်ကို သူ မသိချေ။ ၎င်းကို စိုက်ကြည့်နေမိ သော်လည်း မမြင်နိုင်ဖြစ်လာ၏။ ထို့ကြောင့် သက်ပြင်းချကာ

“ မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ”

-ဟု မေးလိုက်သည်။

“ အစ်ကိုကြီးရဲ့ အစီစဉ်တွေကို စောင့်နေတယ်၊ အစ်ကိုလီရော ဘယ်လိုလဲ။ ”

လီတာ့ယန်က နန်းတော်ထံ လက်ညှိုး ထိုးပြပြီး၊

“ စီနီယာ တျန်ရှင်းက ဒီနန်းတော်ကို ပေးခဲ့တယ်၊ ဒါကြောင့် ငါဒီမှာ အကြာကြီး နေရ ဦးမယ်။ ”

“ ဒါက တကယ့် ရတနာပဲ။ ”

လင်းယွန်က မနာလိုစွာ ပြော၏။ ပထမအဆင့်သို့သာ ဝင်ခွင့်ရခဲ့ သော်လည်း ယုချင်းဖန်၏ မှတ်စုကဲ့သို့သော တန်ဖိုးရှိသည့် အရာများစွာကို မြင်ခွင့် ရခဲ့သည်။

ထို့ကြောင့် ကျန်အထပ်များ၌ မည်သို့သော ရတာနာများ ရှိနေမည်ကို တွေးကြည့်၍ မရချေ။

“ ဟား ဟား ဟား ... မင်းကို အမြဲ ကြိုဆိုပါတယ်။ ”

“ ဒါဆို ကြိုပြီး ... ကျေးဇူး တင်ရမယ်။ ”

“ ဒီလောက်လည်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

ထို့နောက် လင်းယွန်မှ နှုတ်ဆက် ထွက်ခွာသွားတော့သည်။ လီတာ့ယန်မှ အချိန် အတော်ကြာ တုံ့ဆိုင်းသွားပြီး လင်းယွန် ကျောပြင်ကို ကြည့်ကာ၊

“ ဟေး ... သန့်ရှင်းသော သမီးတော် သတ်သူ ... မင်း မသေစေနဲ့၊ ငါ ဒီတောင်ပေါ်မှာ နှစ်အတော်ကြာ နေတော့မှာမို့ ငါထွက်လာရင် မင်းသေသွားတာ မကြားချင်ဘူး၊ ငါတို့ ထပ်တိုက်ရဦးမယ်။ ”

-ဟု အော်ဟစ် လိုက်သည်။

လင်းယွန်မှ လီတာ့ယန် ရည်ရွယ်ချက်ကို နားလည်လာသည်။ အဆုံးတွင် ဧကရာဇ်ဓားကို ပြန်ယူရန် ကတိပြုထားပုံရ၏။

“ ကံကောင်းပါစေ အစ်ကိုလီ ... သူက ဒေါသကြီးတယ်၊ ငါဧကရာဇ် ဖြစ်ပြီးတာတောင် အစ်ကိုလီ တစ်ယောက် ဒီတောင်ပေါ် ကနေ မဆင်းနိုင်သေးမှာ ကြောက်မိပါတယ်။ ”

“ မင်းရဲ့ ပါးစပ်က ... တကယ် ရွံစရာ ကောင်းတယ်။ ”

လင်းယွန် စကားကြောင့် လီတာ့ယန် မျက်လုံးပြူးသွားသည်။

“ လီတာ့ယန် ပြန်ရအောင်၊ ငါ နင့်ကို စောင့်ကြည့်ပေးမယ်။ ”

ကြိုးကြာ နတ်သမီးက ပြုံးပြီး ဝင်ပြောလာသည်။ လီတာ့ယန်မှ အကြည့်ကို ရုတ်ကာ သက်ပြင်းချလျက်၊

“ အခုက ... ငါ့ရဲ့ အကောင်းဆုံး အချိန် ဖြစ်နေပြီ၊ ဒါပေမယ့် မင်းနဲ့ပဲ ဒီတောင်ပေါ်မှာ အချိန်ကုန် ရတော့မယ်၊ ကမ္ဘာပေါ်က ...

... အလှမယ်လေးတွေ အားလုံးကို နှုတ်ဆက်ပါတယ်၊ မင်းတို့ ... ပန်းသင်္ချိုင်းရဲ့ ဂုဏ်သတင်းမှာ ပျှော်ရွှင်ကြပါစေ။ ”

“ ခစ် ... ခစ် ... ခစ် ... တာ့ယန် နင်က တကယ် ရယ်စရာကောင်းတယ်၊ စုတ်ပြတ်ပြီး ... ရေမချိုးတဲ့ နင့်လို လူငယ်မျိုးနဲ့ ... ငါ့အချိန်တွေ ကုန်ရတာ အရမ်းနံတယ် ... ဟွန့်။ ”

လီတာ့ယန်က သူ့ဆံပင်များနှင့် မုတ်ဆိတ်မွှေး များကို လက်ဖြင့် ခပ်ကြမ်းကြမ်း သပ်ဖယ်ကာ စုတ်ပြဲနေသော အဝတ် အထည်ပေါ် ငုံ့ကြည့်လိုက်၏။

သန့်ရှင်းသော သားတော် အစား သူတောင်းစား လူငယ်ဟူသော ဂုဏ်ပုဒ်မျိုး သည်သာ သူနှင့် လိုက်ဖက်ပေသည်။

“ မင်းဘာသိလို့လဲ ... ဒါက ငါ့ပုံစံပဲ။ ”

လီတာ့ယန်က ကြိုးကြာ နတ်သမီး၏ ဦးခေါင်းကို ပုတ်ကာ ဇရပ်ထံ ပြန်လျှောက်လာ ခဲ့သည်။

မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်လာသော လင်းယွန်သည် မမျှော်လင့် ထားသော ဧည့်သည် တစ်ယောက်ကို မြင်လိုက် ရသဖြင့် အံ့သြသွားသည်။

တောင်ထိပ် သခင်က ထိုဧည့်သည်ကို တလေးတစားဖြင့် သူ့အိမ်၌ ဧည့်ခံနေ၏။ သူ့ကို မြင်သောအခါ ပြုံးလျက်၊

“ သူတော်စင် အကြီးအကဲ ... သူလာပြီ။ ”

-ဟု ပြောကြားလိုက်သည်။

လင်းယွန်က နောက်ကျောမြင်ရုံဖြင့် မုရွယ်လင်မှန်းသိကာ၊

“ မတွေ့တာ ကြာပြီနော်။ ”

-ဟု နှုတ်ဆက် လိုက်လေသည်။

“ မင်းရဲ့ ယဉ်ကျေးမှုက ဘယ်မှာလဲ ... သူတော်စင် အကြီးအကဲက ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်က လာတာ ... ရိုရိုသေသေ နှုတ်ဆက်ပါ။ ”

တောင်ထိပ်သခင်မှ အော်ငေါက်၏။ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလှလေရာ လင်းယွန်မှ ဂါရဝပြုရန် ဝန်လေးနေမိသည်။

“ ဘာကို စောင့်နေသေးတာလဲ ... မြန်မြန် လုပ်ပါ။ ”

တောင်ထိပ် သခင်မှ မကျေမနပ် ဖြစ်လာ၏။

“ လင်းယွန်က ... သူတော်စင် အကြီးအကဲကို ဂါရဝပြုပါတယ်။ ”

“ ဟမ့် ... အဲဒါကမှ ပိုတူသေးတယ် ... သူတော်စင် အကြီးအကဲနဲ့ စကားပြောနေပါ၊ တစ်ခုခုလိုရင် ငါ့ဆီ အကြောင်းကြား ... ။ ”

တောင်ထိပ်သခင်က လင်းယွန်ပခုံးကို ပုတ်ကာ ပြုံးပြီး ထွက်ခွာသွား၏။ ရုတ်တရက် လင်းယွန်မှ တစ်စုံတစ်ရာကို သတိပြုမိပြီး ထွက်ခွာသွားသော တောင်ထိပ်သခင်၏ ကျောပြင်ထံ လှည့်ကြည့်လိုက်မိသည်။

နောက်ဆုံးတွင် တောင်ထိပ်သခင်သည် သူတော်စင် ဖြစ်လာပြီ ဖြစ်သည်။ ထို့ကြောင့် ဆရာတူ အစ်ကိုများ သူတော်စင် နယ်ပယ်သို့ ရောက်ရှိသွားခြင်း ရှိ-မရှိ သိချင်သွား၏။

တတိယ အစ်ကိုသည် ယဲ့ကူဟန်၏ အရည်အချင်းကို မမီသော်လည်း ထိုအဆင့်ပေါ် ပြဿနာ မဖြစ်သင့်ချေ။

အမြဲတမ်း ရိုက်နှက်ခြင်း ခံရသော ဖုန်းကျွယ်အတွက်သာ စိတ်ပူ၏။ ၎င်းသည် သူတော်စင် ဖြစ်ပြီးမှသာလျှင် လူတိုင်းကို အမီလိုက်နိုင်ပေမည်။

ကျန့်ကျင်းရှန်မှာမူ အလွန်ထက်မြက် သော်လည်း လျှပ်စီးတိမ်လွှာဓားဂိုဏ်း၌ ပိတ်မိ နေခဲ့သည်။ ၎င်း၏ ဓားရည်ရွယ်ချက်ကို ယခု အချိန်ထိ သူ မမြင်နိုင်သေးချေ။

“ လင်းယွန် ... ငါမင်းကို စောင့်နေရတာ ကြာပြီ။ ”

မုရွယ်လင်မှ မကျေမနပ်ဖြင့် ပြောသည်။

“ တောင်းပန်ပါတယ် သူတော်စင် အကြီးအကဲ။ ”

“ ဟမ့် ... ။ ”

လင်းယွန်က အခန်းထဲ လှည့်ဝင်လာသည်။ ထို့နောက် လက်ဖက်ရည် တစ်ခွက်ကို ငှဲ့လျက် မုရွယ်လင်ထံ ကမ်းပေးကာ ပြုံးလိုက်၏။

“ ကောင်းကင် နဂါးသွေးကို ... ငါ လာပေးတာ၊ မင်းရဲ့ နှုတ်ခွန်းဆက် စကားကို ငါဘာလို့ မကြားရတာလဲ။ ”

သူမ စကား ပြောနေစဉ် ကောင်းကင် နဂါးသွေးပါရှိသည့် ရွှေရောင် သလင်းကျောက် ပုလင်းကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်၏။

အဆုံးတွင် ဤအရာသည် အဖိုးတန် ရတနာ ဖြစ်သောကြောင့် လင်းယွန်မှ ပြုံးပြီး၊

“ ဟုတ်ပါတယ် ... သူတော်စင် အကြီးအကဲကို နှုတ်ဆက်သင့်တယ်၊ ဆယ်ကြိမ် မဟုတ်သေးဘူး ... အကြိမ် တစ်ရာတောင် ငါ နှုတ်ဆက် နိုင်ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ မင်းရဲ့ မျက်လုံးတွေက ... အခု စိတ်ဝင်စားစရာ ကောင်းတယ် ... ပန်းသင်္ချိုင်းနဲ့ မတူတော့ သလိုပဲ။ ”

“ အဟဲ ... ဒါက ကောင်းကင် နဂါးသွေးပဲ၊ ငါ့အသက်က လွဲရင် တောင်းဆိုသမျှ လိုက်လုပ် နိုင်ပါတယ်။ ”

သူ့မာနသည် ကောင်းကင်နဂါး သွေးနှင့် ယှဉ်၍မရချေ။ သူမကို ဒေါသ ထွက်စေခဲ့သော် ပြန်ယူသွားပါက ခက်ချေ၏။ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်ပေလိမ့်မည်။

“ မင်း စကားတွေ ... အရမ်းသွက်နေတယ်။ ”

မုရွယ်လင်မှ လှောင်ပြုံးဖြင့် ကောင်းကင် နဂါးသွေးကြောင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်း ပြောပြလိုက်တော့သည်။

ကောင်းကင်နဂါးသွေးကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည့်အတွက် လင်းယွန် ခမျာ မျက်နှာ ပြောင်းသွားခဲ့၏။

“ အဲဒီ အရာရှိ ... ဘယ်မှာလဲ။ ”

“ သေပြီ ... တျန်ရွှမ်ဇီ အသက်ကို ကယ်တင်ဖို့ ... ဧကရီက သူ့ကိုယ်သူ သတ်သေ ခိုင်းခဲ့တယ်။ ”

“ အိုး ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က ဒီလောက်တောင် အစွမ်းထက် လို့လား။ ”

လင်းယွန်မှ အံ့ဩသွားသည်။ အဆုံးတွင် ဧကရီသည်ပင် အရာရှိကို မဆိုင်းမတွ သေမိန့် ပေးကာ ကျေနပ်အောင် ပြုမူခဲ့ရသည်။

“ သိချင်လား ... ။ ”

မုရွယ်လင်မှ လင်းယွန်၏ မေးခွန်းကို မျက်လုံးများ မှေးစင်းကာ ပြန်မေးလိုက်တော့ ၏။

***

All Chapters