လေ့ကျင့်ရေး ... ။
Vol. 159 Ch. 2218
“ သိချင်လား ... ။ ”
“ အင်း ... ။ ”
ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်တန်း အကြောင်း သူ သိချင်နေ သည်မှာ ကြာပြီဖြစ်၏။
“ ဒါဆို ငါနဲ့လိုက်ခဲ့ ... ။ ”
လင်းယွန်မှ အံ့အားသင့်စွာဖြင့် မော့ကြည့် လိုက်ရာ မုရွယ်လင် တစ်ယောက် နောက်ပြောင် နေခြင်းဖြစ်မှန်း သိလိုက်ရသည်။
“ ငါ့ဆရာ သခင် ... ဆင်းရဲ ဒုက္ခကို ဖြတ်ကျော်ချိန်မှာ ... နတ်တောင်က အာမခံ နိုင်လား။ ”
“ လင်းယွန် ... မင်းလေသံကို ပြင်ပါ၊ နတ်တောင်က မင်းကို ဘာအတွက် ကာကွယ် ပေးရမှာလဲ၊ မင်းကသာ ငါ့ရဲ့ နတ်တောင်ကို အကြွေးတင် နေတဲ့ လူပါ၊ တစ်ချိန်က ...
... ကတိ တစ်ခုကြောင့်သာ မင်းကို ခေါ်သွားဖို့ ဆန္ဒရှိခဲ့တာ ... ငါတို့က ဘာအတွက် အပြင်လူကို ကူညီရမှာလဲ။ ”
“ တောင်းပန်ပါတယ် ... ။ ”
လင်းယွန်မှ အသိဝင်လာ၏။ မုရွယ်လင်ကို ယွဲ့ဝေဝေနှင့် တန်းတူ ဆက်ဆံမိခြင်း ဖြစ်သည်။ ချက်ချင်းပင် မုရွယ်လင်သည် သူ့အပေါ် လုံးဝ သဘော မကျသည်ကို သတိ ပြန်ရလာ၏။
“ တောင်းပန်ပါတယ်။ ”
ဒုတိယ အကြိမ်မြောက် တောင်းပန် လိုက်သည်။ သို့မှသာ မုရွယ်လင် မျက်နှာ ပြေလျော့ သွား၏။
“ ယွဲ့ဝေဝေက အနာဂတ်မှာ ... ကောင်းကင်ရနံ့ သင်းသင်း နတ်တောင်ရဲ့ နတ်သမီး ရာထူး ရရင်တောင် ... မင်းကိစ္စကို နတ်တောင်က စိတ်ဝင်စားမှာ မဟုတ်ဘူး၊ ...
... ဒါကြောင့် အကာ အကွယ်ယူဖို့ ကြိုးစားတာမျိုး မလုပ်ပါနဲ့ ... နတ်တောင်က အပြင် လူတွေကို ကြိုဆိုခဲပါတယ်။ ”
“ နားလည်ပါပြီ ... သူတော်စင် အကြီးအကဲရဲ့ ကြင်နာမှု အတွက် ကျေးဇူး တင်ပါတယ်၊ စောစောက မဆင်မခြင် ပြောလိုက်မိပါတယ်။ ”
“ ကောင်းပြီ ... မင်းဆရာ ကိစ္စက ရှုပ်ထွေးတယ်၊ သူ့မျိုရိုးက မင်းထင်သလောက် မရိုးရှင်းဘူး။ ”
“ သူတော်စင် အကြီးအကဲ ... ကျန့်မျိုးနွယ် အကြောင်း ပြောနေတာလား။ ”
“ မင်းဆရာက ကိစ္စအချို့ကို ... ပြောပြ ထားပုံရတယ် ... ဟုတ်တယ် ကျန့်မျိုးနွယ်က ရှေးခေတ် ဧကရာဇ် မျိုးနွယ် ရှစ်ပါးထဲက တစ်ပါးပဲ၊ သက်တံဓားက မျိုးနွယ်စုရဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့တယ် ...
... ဒါကြောင့် သူ့ကို ကျန့်မျိုးနွယ်က ပစ်ထားခဲ့တာ ဒါပေမယ့် ဇာတ်လမ်း တစ်ခုလုံး ကိုတော့ ငါ မသိပါဘူး။ ”
လင်းယွန်က ခေါင်းညိတ်ပြ လိုက်၏။ ဆက်မမေးတော့ချေ။
“ အခု ... မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ။ ”
မုရွယ်လင်မှ မေးသည်။
“ စီနီယာ အစ်ကိုကြီးကို စောင့်နေတာ ... အစီစဉ်တစ်ခု ငါ့အတွက် လုပ်ပေးနေတယ်။ ”
“ ဘာအစီစဉ်လဲ ... ။ ”
“ လျှို့ဝှက်ချက် ... ။ ”
လင်းယွန်မှ ညစ်ကျယ်ကျယ် အပြုံးဖြင့် ပြန်ဖြေ၏။ သူသည် မုရွယ်လင်ထက် စီနီယာ အစ်ကိုကြီးနှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး ရှိသည်။
ထို့ကြောင့် လျှို့ဝှက်ထားရ ပေမည်။ အဆုံးတွင် သူ့ကို မကူညီနိုင်ဟု သူမ ပြောထား သဖြင့် မကျေနပ်ချက် ရှိနေသေးသည်။
မုရွယ်လင်မှ လင်းယွန် အတွေးကို နားလည်လိုက်၏။ ထို့ကြောင့် အကြောင်းကို မမေးတော့ဘဲ လင်းယွန် နှင့်အတူ ခြံဝန်းထဲ လှမ်းလျှောက် ထွက်လာခဲ့သည်။
“ သူတော်စင် အကြီးအကဲ၊ ငါ့ခြံဝင်းကို မင်းဘယ်လို ထင်လဲ ... ။ ”
“ မဆိုးပါဘူး ... ပြီးတော့ ငါက ဇီဇာကြောင်တဲ့လူ မဟုတ်ဘူး၊ ဒါကြောင့် ငါ အဆင်ပြေပါတယ်။ ”
မုရွယ်လင် အဖြေကြောင့် လင်းယွန်မှ အံ့သြသွားသည်။
“ သူတော်စင် အကြီးအကဲ ... မင်း ပြန်မှာ မဟုတ်ဘူးလား။ ”
“ မဟုတ်ဘူး ... ငါဒီမှာ ခဏနေဦးမယ် ... ။ ”
“ အိုး ... ငါက အလှတရားတွေနဲ့ ပတ်သတ်ရင် တကယ် ကံကောင်းတဲ့ လူပဲ။ ”
“ ဟမ့် ... မင်းဘာတွေ တွေးနေတာလဲ၊ မင်းဘယ်သူလဲ ဆိုတာ လူတိုင်း သိကုန်ကြပြီမို့ သူတော်စင် သခင် မဖြစ်ခင် ... မင်းကို ငါ ကာကွယ်ပေးရမယ်။ ”
“ နားလည်ပါပြီ ... ။ ”
လင်းယွန်က ပြုံးသည်။ နောက်တနေ့ မနက်တွင် ယဲ့ကူဟန်မှ ပြုံးလျက် ရောက်ရှိလာ တော့၏။
“ ညီလေး ... မင်း အဆင်သင့် ဖြစ်ပြီလား။ ”
“ ဟုတ်ကဲ့ ... ဖြစ်ပြီ။ ”
“ ဟမ် ... သူတော်စင် အကြီးအကဲ ရောက်နေပြီလား။ ”
ယဲ့ကူဟန်မှ အံ့သြသွားပြီး မုရွယ်လင်ကို နှုတ်ခမ်းလှုပ်ရုံ စကားလှမ်း ပြောလိုက်သည်။ ပြီးသည်နှင့် ပြုံးကာ၊
“ သူတော်စင် အကြီးအကဲ ... မင်းဘယ်လို ထင်လဲ ... စိတ်ဝင်စားလား။ ”
-ဟု မေးမြန်း လိုက်၏။
မုရွယ်လင်မှ ယဲ့ကူဟန် အစီအစဉ်ကို ကြားချိန်၌ လင်းယွန်ထံ လေးလေးနက်နက် စိုက်ကြည့်လျက်၊
“ ကောင်းတယ် ... ။ ”
-ဟု ခေါင်းညိမ့် ပြလေသည်။
“ ဟား ဟား ဟား ... ကောင်းတယ်၊ ကောင်းတယ် ... ။ ”
ယဲ့ကူယန်မှ သဘောကျစွာ ရယ်သည်။
“ အစ်ကိုကြီး ... ။ ”
လင်းယွန်မှ တစ်ခုခု မှားယွင်းနေကြောင်း သံသယဝင်လာသည်။ ယဲ့ကူဟန်က လင်းယွန် ပခုံးကိုပုတ်ပြီး ပြုံးရယ်ကာ၊
“ အဟား ... မင်းက တကယ့်ကို ကံကောင်းပါတယ် ... အခု မင်းမှာ ပျော်ရွှင်မှု ငါးဆ ပိုရလာတော့မယ်။ ”
-ဟု ပြောကြားလာ၏။
ထို့နောက် သုံးယောက်သား ထွက်ခွာ လာခဲ့သည်။ များမကြာခင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်ရှိနေသည့် တောင်တန်းကြီးသို့ ရောက်ရှိလာ၏။
နေ့ခင်းဘက် ဖြစ်သော်လည်း တောင်တန်းများတွင် ကြက်သွေးရောင် တိမ်မြူ များဖြင့် ဖုံးလှမ်းပြီး အလင်းရောင် ပျောက်ဆုံး နေခဲ့သည်။
“ ဒီနေရာက ဘာလဲ ... ။ ”
လင်းယွန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ့ရှေ့ရှိ တောင်တန်းများမှ ကြောက်မက်ဖွယ် အရိပ်အယောင်ကို ခံစားနိုင်၏။
“ သွေးအကျဉ်းထောင် တောင်တန်း ... ။ ”
“ ဘာလို့ နာမည်က ဒီလောက်တောင် ရက်စက်နေရတာလဲ။ ”
“ တစ်ချိန်က ဧကရာဇ် တစ်ပါးက ကောင်းကင် တာအိုဂိုဏ်းထဲ ဖောက်ဝင်လာပြီး ဒီတောင်ပေါ်မှာ ကွယ်လွန်သွားတယ်။ ”
“ သွေးဧကရာဇ် တားမြစ် နယ်မြေ။ ”
လင်းယွန်မှ ပြန်သတိရ သွားသည်။ ကောင်းကင် တာအိုဂိုဏ်း၏ တားမြစ်နယ်မြေ များအကြောင်း ပြောဆိုသံ ကြားခဲ့ဖူး၏။
“ အစ်ကိုကြီး ... ။ ”
“ ဘာမှားလို့လဲ ... မင်းကြောက်လို့လား၊ ဒါက မင်းအတွက် အထူး ရွေးချယ်ခဲ့တဲ့ နေရာပဲ၊ သူတော်စင်တွေကို ရင်ဆိုင်ချင်ရင် ဒီမှာ လေ့ကျင့်ရမယ်၊ သွားကြစို့ ... ။”
တောင်ခြေသို့ ရောက်သောအခါ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ မူလနဂါး မဟာသူတော်စင်နှင့် ကျောက်စိမ်းဓား သူတော်စင်တို့ စောင့်ဆိုင်း နေသည်။
“ သခင်မ ... ၊ ဆရာ ... ။”
လင်းယွန်က လက်သီးကို လက်ဖဝါးတွင် ဖိကပ်လျက် နှုတ်ဆက်၏။
“ ဟား ဟား ဟား လုံလောက်ပြီ ... လင်းယွန် မင်းသေချာပြီလား၊ အခု နောင်တရဖို့ အချိန်မီသေးတယ်။ ”
“ မဟုတ်ဘူး ... သူ နောင်တရဖို့ နောက်ကျနေပြီ။ ”
မူလနဂါး မဟာ သူတော်စင် စကားကို ယဲ့ကူဟန်မှ ချက်ချင်း ပိတ်လိုက်၏။
“ တပည့် နောင်တမရပါဘူး။ ”
ဤနေရာနှင့် အနည်းငယ် ရင်းနှီးလာ ပြီးနောက် ၎င်းသည် စိတ်ကူးထား သလောက် အန္တရာယ်မရှိကြောင်း သတိပြုမိလာ၏။
“ ကောင်းပြီ ... ငါ့အချစ်ဆုံး ညီလေးက မျှော်လင့်ထားတဲ့ အတိုင်း သတ္တိရှိတယ် ... ကဲ ကိုယ်လုံး ကိုယ်ပေါက်နဲ့ စလိုက်ရအောင်။ ”
မဟာ သူတော်စင် များသည် သူ့ကို ကဏ္ဍပေါင်းစုံမှ လေ့ကျင့် ပေးချင်နေကြမှန်း ချက်ချင်း နားလည်လာ၏။
အပိုအနေဖြင့် မုရွယ်လင် ပါရှိနိုင်သည်။ သန့်ရှင်းသော သားတော် တစ်ပါး အတွက်ပင် ဤသို့သော ညွှန်ကြားချက်မျိုး ရရှိမည် မဟုတ်ချေ။
“ နေဦး ... မင်းရဲ့ ခန္ဓာကိုယ်ကို အသုံးပြုရမှာမို့ သူတော်စင် ရောက်ဝါကို ငါကန့်သတ်ပါရစေ။ ”
မတုံ့ပြန်နိုင်မီ ယဲ့ကူဟန်မှ လင်းယွန်၏ ခရမ်းရောင် နန်းတော်ကို သူ့ဓားဖြင့် ချည်နှောင် လိုက်လေသည်။ ကြယ်ဓားနှစ်လက် အပါအဝင် သူတော်စင် ရောင်ဝါများ တုပ်နှောင်ခံ လိုက်ရ၏။
“ ဓားဝိညာဉ် ရှိသေးတယ်။ ”
ယဲ့ကူဟန် လက်ညှိုးက နဖူးပေါ် ကျရောက်လာသည်။ သူတော်စင် ရောင်ဝါကို လွယ်လွယ် ကူကူ တံဆိပ်ခတ်ပုံနှင့် ယှဉ်ပါက၊ ပို၍ ခက်ခဲနေခဲ့သည်။
“ မဆိုးဘူး ... မဆိုးဘူး ... ။ ”
ယဲ့ကူဟန်မှ ပြုံးပြီး မဟာ တော်ဝင် ဓားကျမ်းကို ဖြန့်ကျက်လိုက်ရာ ဓားခုနစ်လက် ပေါ်လာသည်။
ထို့နောက် ရုန်းကန်နေသော လင်းယွန် ဓားပင်လယ်ကို အပေါ်ယံမှ တုပ်နှောင်ပစ်ရန် ကြိုးစားလိုက်၏။
ဤအရာက ရပ်ကြည့်နေသော မဟာ သူတော်စင်များနှင့် မုရွယ်လင်ကို အံ့အားသင့် သွားစေသည်။
ဆိုလိုသည်မှာ ဓားဝိညာဉ်များသည် ယဲ့ကူဟန်ကို ကောင်းစွာ ခုခံနိုင်၏။ လင်းယွန်မှ ငြင်းဆိုသော် ယဲ့ကူဟန် အောင်မြင်မည် မဟုတ်ချေ။
“ အစ်ကိုကြီး၊ ဒါက အရမ်း ရက်စက်ရာ မရောက်ဘူးလား။ ”
“ ဒီရွေးချယ်မှုကို မင်း တောင်းဆိုခဲ့တာ မဟုတ်လား၊ ဒါဆိုသွားတော့ စကားများ အချိန် ဖြုန်းနေတာကို ရပ်လိုက် ...။ ”
“ ကဲ ... လာ။ ”
မူလနဂါး မဟာ သူတော်စင်က တောင်ကုန်းတစ်ခု ပေါ်သို့ ပျံသန်းကာ ထိုင်ချ လိုက်သည်။
လင်းယွန်က စကား မပြောတော့ဘဲ ထိုတောင်ကုန်းပေါ် တက်တော့၏။ လှေခါးထစ် ပေါ်သို့ ခြေချလိုက်သော အခါ ပေါက်ကွဲသံကို ကြားလိုက်ရသည်။
“ ဘယ်လိုတောင် ... ပြင်းထန်လိုက်တဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်လဲ။ ”
လင်းယွန်က တောင်ကုန်းရှိ မူလနဂါး မဟာသူတော်စင်ထံ မော့ကြည့်ကာ အသက် ပြင်းပြင်း ရှူလိုက်သည်။
ခြေဖဝါး နှစ်ဖက်စလုံး လှေကားထစ်ပေါ် နင်းမိသွားသောအခါတွင် ကြီးမားသည့် ဖိအား ခံစားလိုက်ရ၏။
နဂါးပြာ သူတော်စင် ခန္ဓာကို ဦးစွာ ထုတ်ဖော်လျက် ဆက်၍ တက်လှမ်းမိသည်။ သို့သော် များမကြာမီ နဖူးမှ ချွေးစေးများ ထွက်ပြီး အသက်ရှု ကြပ်လာ၏။
“ ဘာလို့ ဒီလောက်တောင် ပင်ပန်း နေရတာလဲ။ ”
မိနစ် အနည်းငယ် အကြာ၌ သူ့ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ ရပ်လိုက်ရသည်။
ဓား ရည်ရွယ်ချက်နှင့် သူတော်စင် ရောင်ဝါကို ချိပ်ပိတ်ထား လျှင်ပင် ကိုယ်လုံး ကိုယ်ပေါက်မှာ ဤမျှ မပျော့ညံ့သင့်ချေ။
အသက် ပြင်းပြင်းရှူပြီး ဖိအားကို တွန်းလှန်ရန် ကြယ်ဓားထုတ် လိုက်သော်လည်း ချုပ်နှောင်ခံထားရကြောင်း သတိရ သွား၏။
ခေါင်းယမ်းလျက် နတ်ခန္ဓာကို ဖြန့်ကျက် လိုက်သည်။ ရွှေထီးဆောင်းထား သကဲ့သို့ နဂါး တစ်ကောင်က သူ့အပေါ် ရစ်ပတ်လာ၏။
နဂါးပေါ်လာသည်နှင့် သူ့အရှိန်မှာ မြန်လာ၏။ မီတာ တစ်ရာကို အလွယ်တကူ လှမ်းတက် လာနိုင်သည်။
လှေကားထစ် တစ်ဝက်ခန့် တက်ပြီး သောအခါ တရား ထိုင်နေသော မူလနဂါး မဟာ သူတော်စင်ကို မြင်လိုက်သဖြင့်၊
“ ဆရာ ... ။ ”
-ဟု ခေါ်ကာ လျှောက်လှမ်း သွားမိ၏။
မူလနဂါး မဟာ သူတော်စင်မှ မျက်လုံး ဖွင့်ကြည့်လိုက်ကာ၊
“ သွေးဧကရာဇ်ရဲ့ ... အလောင်းကို ဒီတောင်တန်း အောက်မှာ မြှုပ်နှံထားတယ်၊ ဒါကြောင့် ငါထိုင်နေတဲ့ ဒီတောင်ကုန်းငယ်က ဆွဲငင်အား ...
... ပြင်ပထက် ငါးဆတိတိ ပိုတယ် ... တောင်ထိပ်မှာ ဆိုရင် ဆယ်ဆပဲ၊ မင်းနောက် တစ်ကြိမ် ပြန်တက်ပါ။ ”
စကားဆုံးသည်နှင့် မူလနဂါး မဟာ သူတော်စင်က လင်းယွန်ကို တောင်ပေါ်မှ တွန်းချပစ် လိုက်သည်။
“ အွတ် ... ။ ”
လှေကားထစ်များ အတိုင်း လှိမ့်ကျ သွားပြီးနောက် ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ဖုံးလွှမ်းလာတော့၏။
“ နည်းနည်း ကြမ်းတမ်းပေမယ့် ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
လင်းယွန်က အေးစက်သော အပြုံးဖြင့် သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ကာ တောင်ပေါ် နောက်တစ်ကြိမ် ပြန်တက်လေသည်။
***