← Chapters

ချစ်ညီလေး ... မင်းရဲ့ အစ်ကိုကြီးဆီ လာပါဦး။

Vol. 159 Ch. 2219

ချစ်ညီလေး ... မင်းရဲ့ အစ်ကိုကြီးဆီ လာပါဦး။

Vol. 159 Ch. 2219

“ အားရိုး ... ။ ”

“ ဆရာ ... ။ ”

“ အား ... ။ ”

“ ဆရာ ငါက မင်းရဲ့တပည့်ပါ ... ညှာတာပါဦး။

လင်းယွန် တစ်ယောက် သတ္တမ အကြိမ်မြောက် တောင်ပေါ်မှ တွန်းချ ခံလိုက်ရ ပြန်သည်။

“ ကြည့်ရတာ ငါ့ညီလေးက နည်းနည်း အားနည်းနေပုံပဲ ... ယောက်ျားတွေ ဒီလောက် အားနည်းနေတာ မကောင်းဘူး။ ”

ယဲ့ကူဟန်မှ ပြုံးကာ ပြောသည်။

“ အဲဒီလို မပြောပါနဲ့ ... မကြာခင် ဖိအားကို လိုက်လျောညီထွေ လုပ်နိုင်လာလိမ့်မယ်၊ သူက သက်တံဓားရဲ့ အချစ်ဆုံး တပည့်ပဲ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ဝင်ပြောလာ၏။ ထိုစကားကို ယဲ့ကူဟန်က လက်ခံလိုခြင်း မရှိချေ။

“ သူ အကြိမ်တိုင်း ကျရှုံးနေတာ ... ဘယ်နှစ်ခါ ရှိနေပြီလဲ။ ”

“ အဲဒါ အရေးမကြီးဘူး၊ ဟမ့် ... မင်းဓားနဲ့ သူတော်စင်ရောင်ဝါကို ကန့်သတ်ပြီး ... ဘာလို့ သူနဲ့ မပြိုင်ရတာလဲ။ ”

“ ရပြီ မလိုတော့ပါဘူး ... ။ ”

ယဲ့ကူဟန်မှ ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ ဒါမျိုး မဝံ့ရင် ပါးစပ်ပိတ်ထား။ ”

သက်တံဓား သူတော်စင်၏ တပည့်များ ဖြစ်သော်လည်း ခွဲခြား ဆက်ဆံ ခံနေရသဖြင့် ယဲ့ကူဟန်မှ ကူကယ်ရာမဲ့စွာ ပြုံး၏။

လင်းယွန်က ထရပ်သည်။ အကြိမ်ပေါင်း များစွာ ကျရှုံးခဲ့သော်လည်း ဆွဲငင်အား ငါးဆနဲ့ လိုက်လျောညီထွေ ဖြစ်လာခဲ့၏။

အသက် ပြင်းပြင်းရှူပြီး မိုးပြာ နဂါး နတ်ခန္ဓာကို ဖြန့်ကျက်မိသည်။ နဂါးသွေးများ ပွက်ပွက်ဆူလျက် နဂါးပုံရိပ်ကြီး ဖျတ်ခနဲ ပေါ်လာပြန်၏။

စွန့်လွှတ်သော ရောင်ဝါသည် ပို၍ ကြောက်စရာ ကောင်းလာကာ မျက်လုံးများ စူးရှလာခဲ့သည်။

“ ဝှစ် ... ။ ”

ဆွဲငင်အား ငါးဆမှာ ချက်ချင်း လျော့ပါးသွားပြီး မိနစ်အနည်းငယ် အကြာတွင် မူလနဂါး မဟာသူတော်စင် ရှေ့သို့ ပြန်လည် ဆင်းသက်လိုက်၏။

“ ဆရာ ... ပြန်တွေ့ကြပြီ။ ”

သို့သော် မူလနဂါး မဟာ သူတော်စင်မှ အေးစက်စက်ဖြင့် မျက်လုံးများ ဖွင့်ကြည့်လာ ပြန်သည်။ ယင်းကို မြင်ချိန်၌ လင်းယွန်က လက်ဝှေ့ယမ်းပြီး၊

“ ဆရာ မလုပ်နဲ့ ... တပည့်ကိုယ်တိုင်ပဲ ဆင်းလိုက်ပါတော့မယ်။ ”

-ဟု ဝရုန်းသုန်းကား အော်ဟစ်လိုက်၏။

ထိုအပြုအမူကြောင့် မူလနဂါး မဟာ သူတော်စင်မှ ရုတ်တရက် အံ့အားသင့်သွားပြီး ပြုံးရယ်ကာ၊

“ မင်းကို ... ငါတကယ် စိတ်ဆိုးလို့ မရပါလား ... အခု မင်းဘယ်မှာ မှားခဲ့လဲ ဆိုတာ သေချာ ပြန်စဉ်းစားလာခဲ့ ... ။ ”

-ဟု ဆိုလျက် လက်သီးဖြင့် ထိုးချလိုက်သေးသည်။

လင်းယွန် ခမျာ ညည်းတွား သံပြုပြီး ပြုတ်ကျသွား၏။ မဟာ သူတော်စင် တစ်ပါး အနေဖြင့် သူ့ကဲ့သို့ အမည်ခံ သူတော်စင်ကို အနိုင်ကျင့် နေပေသည်။

တောင်ပေါ်တက်စဉ်က ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း ပြုတ်ကျချိန်၌ ဒဏ်ရာများ ရရှိလာခဲ့သည်။

ဤအကြိမ်ပေါင်းများစွာ တွန်းချ ခံရ ပြီးနောက် တောင်ကုန်းကြီးကို ပြန်ကြည့်ကာ လှမ်းတက် လိုက်မိ၏။

ဤတစ်ကြိမ်၌ ဖိအားများ တဖွဲဖွဲ ကျဆင်းလာကာ ကြက်သွေးရောင် ချပ်ဝတ်နှင့် လူတစ်ဦးကို မြင်လိုက်ရသည်။

“ ဟိတ် ... ။ ”

လက်သီးဖြင့် ထိုးခွဲလိုက် သော်လည်း လျင်မြန်စွာ ပြန်လည် ပေါင်းစည်းလျက် ပို၍ သန်မာလာလေသည်။

“ ဝှစ် ... ။ ”

နဂါးသွေးများ ပွက်ပွက်ဆူ လာပြီး နဂါးထွက်သက်ကို ဖော်ကြူး လိုက်တော့၏။ လေစုပ်ဝဲကြီး တစ်ခု ကြက်သွေးရောင် ချပ်ဝတ်နှင့် လူထံ လွင့်ပျံသွားသည်။

ကြက်သွေးရောင် လူရိပ်မှာ ချက်ချင်း ပျက်စီးသွား၏။ ဤသည်မှာ သွေးဧကရာဇ်၏ အငွေ့အသက် ဖြစ်ချေပြီ။

“ ဒီကောင် နည်းနည်းတော့ ... ကြည့်ကောင်းလာ သလိုပဲ။ ”

ယဲ့ကူဟန် မျက်ဝန်းများ တောက်ပလာ၏။

“ မင်းထက် အများကြီး သာတယ်။ ”

“ ဟား ဟား ဟား ... ။”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အလွတ်ပေလိုခြင်း မရှိချေ။ ယဲ့ကူဟန်က ထပ်မပြော တော့ဘဲ ရယ်မောလိုက်၏။

ကြယ်သွေးရောင် လူရိပ် ပျောက်ကွယ် သွားသည်နှင့် လင်းယွန်က လက်နှစ်ဖက်ကို နောက်ပို့ကာ ခဏရပ် လိုက်သည်။

“ ဆရာက ... ငါ့ကို ဘာအတွက် ပြန်ဆင်းခိုင်း နေတာလဲ။ ”

နတ်ခန္ဓာကိုယ်ကို အသက်သွင်း ထားသ၍ တောင်ကုန်းထိပ် ရောက်အောင် အခက်အခဲ မရှိ တက်နိုင်၏။

“ နားလည်ပြီ … ။ ”

လင်းယွန်က တောင်တန်းကြီး အပေါ် မော့ကြည့်ကာ ပြုံးလိုက်သည်။ ဤသည်မှာ ဆွဲငင်အား ဆယ်ဆတောင်တန်း ဖြစ်၏။

လက်ရှိနှုန်းဖြင့် တောင်ကုန်းငယ်ကို ကျော်ကာ တောင်ထိပ်ရောက်ရန် မဖြစ်နိုင်ချေ။ ထိုအတွေးက သူလုပ်ရမည့် အချင်းအရာကို မြင်လာစေ၏။

“ ဒါဆို ... သွေးကို သန့်စင်ဖို့ မဟုတ်လား ... လာ စမ်းကြည့်ရအောင် ... ။ ”

သူတွင် မိုးကြိုးမုန်တိုင်းကို ထိန်းချုပ် နိုင်သော နတ်ခန္ဓာ ရှိသည်။ နတ်ခန္ဓာများ၏ မွေးရာပါ ကိုယ်ပိုင် အရည်အချင်း ပေပင်။

ထို့ကြောင့် သူတော်စင်ရောင်ဝါနှင့် ဓား ရည်ရွယ်ချက်ကို တံဆိပ်ခတ် ထားသော်လည်း မိုးကြိုးမုန်တိုင်းအပေါ် ထိန်းချုပ်နိုင်သေး၏။

“ လေ ... ။ ”

အတွေးတစ်ချက်ဖြင့် လေပြင်းများ သူ့ကို ဖုံးလွှမ်းလာသည်။

“ လျှပ်စီး ... ။ ”

မိုးပြာနဂါး ထွက်ပေါ်လာ သကဲ့သို့ မိုးကြိုးတိမ်တိုက်များ ရောက်ရှိ လာပြန်၏။ ထို့နောက်။

“ မိုးကြိုး မုန်တိုင်း ... ။ ”

ဤအခိုက်တွင် သူသည် မိုးပြာ နဂါး ဖြစ်လာသည်။ ကောင်းကင်အထက်မှ အုပ်စိုးရှင် နက္ခတ်က စွမ်းအင်များ ထောက်ပံ့ပေး၏။

“ ဟုတ်ပြီ ... ။ ”

တစ်ချိန်က မိုးပြာနဂါး နေ-လ ထီးကို အသုံးပြုထား သကဲ့သို့ မိုးပြာနဂါး နက္ခတ်နှင့် ချိတ်ဆက်မှု ရရှိလာသည်။

“ ဒါဆို ... ငါ့ရဲ့ ကိုယ်လုံး ကိုယ်ထည်က အုပ်စိုးရှင် သူတော်စင် လက်ရာလို့ ယူဆနိုင်ပြီ မဟုတ်လား။ ”

များမကြာခင် တောင်ကုန်းငယ်ပေါ်၌ မျက်စိမှိတ် တရားထိုင်နေသော မူလနဂါး မဟာ သူတော်စင်ထံ ရောက်ရှိသွား၏။

“ မဆိုးဘူး ... နောက်ဆုံးတော့ မင်း နားလည်သွားပြီ။ ”

မူလနဂါး မဟာသူတော်စင်မှ ပြုံးပြီး ထရပ်ကာ တောင်တန်းကြီး အပေါ် တစ်လှမ်း တည်းဖြင့် ရွေ့လျားသွား တော့သည်။

“ ဂျိန်း ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခု ပြိုကျကာ မိုးကြိုးမုန်တိုင်းများ ပြိုကွဲတော့ မတတ် ယိမ်းထိုးကုန်၏။

လင်းယွန်ခမျာ အခြား ရွေးချယ်စရာ မရှိတော့ဘဲ နဂါးရောင်ဝါကို တိုးမြှင့်ရန် သွေးကို လောင်ကျွမ်း လိုက်ရသည်။

ဆက်၍ လှမ်းတက်လာစဉ် ဆွဲငင်အား ဆယ်ဆကြောင့် အသက်ရှူကြပ်ပြီး မကြာခင် ကန့်သတ်ချက်သို့ ရောက်ရှိ သွားပြန်၏။

“ ဂျိန်း ... ။ ”

မိုးကြိုးမုန်တိုင်း များဖြင့် ဖုံးအုပ်ထား သော်လည်း ခြေတစ်လှမ်း လှမ်းတက်ရပ်ရန်ပင် ရုန်းကန် နေရသည်။

“ ဒါက အစပဲ ... ၊ မိုးပြာနဂါး နတ်ခန္ဓာမှာ နဂါး ခန္ဓာ၊ နဂါး ဝိညာဉ်နဲ့ နဂါး ရောင်ဝါ ဆိုပြီး အဆင့် သုံးဆင့်ရှိတယ်၊ မင်းရဲ့ နဂါးခန္ဓာက ကျွမ်းကျင်မှု နည်းနေသေးတယ် ...

... သူတော်စင်တွေကို ရင်ဆိုင်ချင်ရင် ... အရိုးနဲ့ အပ်စိုက်မှတ်တွေ ပြောင်းလဲထားရမယ်၊ နဂါးအရိုးဆိုတာ ယန်ဖြစ်ပြီး ... အပ်စိုက်မှတ်က ယင်ပဲ၊ ယင်နဲ့ယန်က ဒီကမ္ဘာပေါ်က ...

... အရာအားလုံး အပေါ်မှာ အမြဲတမ်း တည်ရှိနေတယ်၊ အထူးသဖြင့် ... နတ်ဘုရား ခန္ဓာမှာပဲ၊ မင်းက နဂါးသွေး အထွတ်အထိပ် ရောက်နေပြီမို့ ... အရိုးတွေကို အသွင်ပြောင်း ရလိမ့်မယ် ... စကြရအောင်။ ”

မူလနဂါး မဟာသူတော်စင်က လင်းယွန်၏ ကျင့်ကြံမှု အဆင့်ကို ကန့်သတ်ကာ ခုန်ဆင်းပြီး တိုက်ခိုက်လာ၏။ ဆယ်ကြိမ် အတွင်း လင်းယွန် တစ်ယောက် ကန့်သတ်ချက်သို့ ရောက်ရှိ သွားခဲ့သည်။

“ ဆရာ ... ကျွန်တော် ဆက် မထိန်းနိုင်တော့ဘူး။ ”

ဖိအား (၁၀)ဆအောက်တွင် သူ့အရိုးများ အက်ကြောင်း ပေါ်လာ၏။ ဆက်၍ တိုက်ခိုက် နေခဲ့သော် အရိုးငြမ်း ဖွဲ့စည်းမှု ပုံသဏ္ဍာန် ကွဲသွားမည် ဖြစ်သည်။

“ တကယ်တော့ မင်းရဲ့ နဂါးသွေးက အထွတ်အထိပ်ကို မရောက်သေးဘူး၊ ဒါဆို နဂါး အရိုးကို ဘယ်လိုလုပ် ... ပြောင်းနိုင်မှာလဲ။ ”

မူလနဂါး မဟာသူတော်စင်မှ လက်သီးဖြင့် ထိုးကာ ပြောသည်။ ဤတစ်ကြိမ်တွင် လင်းယွန် တစ်ယောက် တောင်ပေါ်မှ လိမ့်ကျသွား၏။

“ နဂါးတစ်ကောက်လို အသက်ရှုပါ ... မင်းရဲ့သွေးသား စွမ်းအင် ... အထွတ်အထိပ်ကို ပြန်ရောက်လာ လိမ့်မယ်၊ ...

... မိုးပြာနဂါး နတ်ခန္ဓာကို လေ့ကျင့်ထား တာတောင် ... ဒါကို မလုပ်နိုင်တော့ဘူး ဆိုရင် အစကနေ ပြန်တက်လာခဲ့။ ”

မူလနဂါး မဟာ သူတော်စင်မှ ကျယ်လောင်စွာ အော်ငေါက် လိုက်၏။ သို့သော် လင်းယွန်မှာ သူ့စကားများကို မကြားနိုင်ခဲ့ချေ။ လောကကြီးနှင့် ခဏတာ အဆတ်ပြတ် သွားသည်။

ယင်းကြောင့် ယဲ့ကူဟန် ခမျာ ပါးစပ် အဟောင်းသား ဖြစ်လာ၏။ ဤအစီစဉ်ကို သူ အကြံပြုထားခြင်း ဖြစ်သော်လည်း သည်မျှ ကြမ်းကြုတ် လိမ့်မည်ဟု မထင်ထားချေ။

လင်းယွန် ခမျာ နာကျင်မှုကြောင့် သတိလစ်သွားပြီ ဖြစ်၏။

“ လုံယွင် ... နင် အရမ်း ရက်စက်တယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အလွန်အမင်း နာကျင်သွားပြီး မျက်ရည်ဝဲကာ လှမ်းထွက်လာ၏။

မိုးပြာ ကျောက်စိမ်း သူတော်စင် အရည်များကို လင်းယွန် ပါးစပ်ထဲ ချက်ချင်း တိုက်ကြွေး တော့သည်။

“ မလုပ်နဲ့ ... ။ ”

ကေျာက်စိမ်းဓား သူတော်စင်မှ မျက်လုံးဖွင့်လိုက်ပြီး၊

“ သူ့ကန့်သတ်ချက်ကို မရောက်သေးဘူး၊ နင် ဒီလိုသာ လုပ်နေရင် လုံယွင် ကြိုးစားသမျှ မြောင်းထဲ ကျသွားလိမ့်မယ်။ ”

-ဟု သတိပေး လိုက်သည်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လင်းယွန်ကို ဤအခြေအနေဖြင့် မမြင်လိုခဲ့ သော်လည်း ရပ်လိုက်၏။

“ ဒီကလေး ဘဝက ... ဘာလို့ ဒီလောက်တောင် ကြမ်းတမ်း နေရတာလဲ။ ”

မျက်ရည်များ စီးကျလျက် နောက်ဆုတ် သွားလေသည်။ လင်းယွန် နိုးလာသော အခါ၌ လေးနာရီပင် ရှိနေပြီ ဖြစ်၏။ အသက် ရှူတိုင်း တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ နေသည်။

၎င်းနာကျင်မှုသည် ပြင်းထန်ပြီး ပင်ပန်းလှသောကြောင့် လှုပ်ရှားရန် ခွန်အား မရှိတော့ချေ။

“ နဂါး တစ်ကောင်လို အသက်ရှူပါ။ ”

ရုတ်တရက် မျက်လုံးများ မှိတ်ကာ ချက်ချင်း ငြိမ်သက်သွားသည်။

“ နဂါးပြာ အရိုးကို မသုံးနဲ့ ... ။ ”

မူလနဂါး မဟာသူတော်စင် အသံက အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာသည်။ အသက် ရှူသွင်းချိန်သည် မိနစ် အနည်းငယ် ကြာရှည်သွား၏။

“ ဟူး ... ။ ”

ပြန်လည် ရှူထုတ်ချိန်၌ သူ့ခန္ဓာကိုယ် အတွင်း သွေးများ တဟုန်ထိုး ပွက်ပွက်ဆူပြီး လန်းဆန်းလာစေသည်။

ဤနည်းဖြင့် အသက် ရှူသွင်း-ရှူထုတ် လုပ်နေစဉ် နဂါးရောင်ဝါက ပို၍ ကြောက်စရာ ကောင်းလာတော့၏။

သူတော်စင် ရောင်ဝါ ကဲ့သို့ ခန္ဓာကိုယ် အတွင်း၌ ပျံ့နှံ့ စီးဆင်းနေသော စွမ်းအင်အချို့ ရှိနေကြောင်း ခံစားမိလာသည်။

“ ဒါက တကယ့်ကို မှော်ဆန်တယ်။ ”

လင်းယွန်မှ မျက်လုံးဖွင့် လိုက်၏။ တောင်ပေါ်တက်ရန် အလျင်စလို မရှိတော့ဘဲ၊ လှည့်ပတ် လှုပ်ရှားကြည့်မိသည်။

အတွေး တစ်ချက်တည်းဖြင့် ညာလက်ရုံး ထဲသို့ စွမ်းအင်များ တဟုန်ထိုး စုရုံးလာသည်ကို ခံစားလိုက်ရ၏။

“ ဝုန်း ... ။ ”

လက်သီး ပစ်လွှတ်လိုက်သော အခါ အာကာပြင် ကွဲအက်သွားသံက မိုးပြာ နဂါး ဟောက်သံနှင့် တူလာသည်။

“ ငါ့ရဲ့ ကန့်သတ်ချက် မရောက်သေးဘူး။ ”

လင်းယွန် တစ်ယောက် ဝင်သက်အတွင်း ကောင်းကင်နှင့် မြေကြီးကြား ဆက်စပ်နေသော တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။

ဤတစ်ကြိမ်တွင် တောင်ထိပ်သို့ ရောက်ရှိသွားရန် တစ်နာရီသာ အချိန်ပေး ခဲ့ရသည်။

သည်နည်းဖြင့် သွေးသားစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ခုနစ်ရက် အကြာ၌ အရိုးများ ပြောင်းလဲလာ၏။ စိတ်လှုပ်ရှားစွာဖြင့်၊

“ ဆရာ ... ကျွန်တော် အောင်မြင်ပြီ ... ။ ”

-ဟု ပြောကြားလိုက်သည်။

“ မဆိုးဘူး ... ဒါပေမယ့် အခု နောက်ကျနေပြီ။ ”

“ ဒါဆို ... အနားယူ လိုက်ပါ့မယ်။ ”

အထူးသဖြင့် သူ့အရိုးများ အကြိမ်ပေါင်းများစွာ ကွဲအက်ပြီး တောင်ပေါ်မှ တွန်းချခြင်းကို ခုနစ်ရက်လုံးလုံး မအိပ်ဘဲ ခံစားခဲ့ရသည်။ ပင်ပန်းလွန်း လှ၏။

“ ဝှစ် ... ။ ”

အဆုံးတွင် သူ့ဆရာသည် ကြင်နာမှု အနည်းငယ် ရှိနေသေးသည်။ ပြုံးပြီး ဝတ်ရုံစကို ဟန်ပါပါ ရုတ်သိမ်းကာ နောက်ဆုတ် လိုက်မိ၏။

“ ဆက်လုပ်ပါ။ ”

အခြား တောင်ကုန်းတစ်ခု ပေါ်၌ ကျောက်စိမ်းဓား သူတော်စင်နှင့် ယဲ့ကူဟန် ရပ်နေသည်ကို မြင်လိုက်ရ၏။ လင်းယွန် အပြုံးများ ပျောက်ကွယ်သွားတော့သည်။

“ ဘယ်လို ငရဲလဲ။ ”

“ ဟေး ... ညီလေး ... မင်းလွန်ခဲ့တဲ့ ရက်တွေတုန်းက ကောင်းကောင်း စွမ်းဆောင် နိုင်ခဲ့တာပဲ ... လာပါဦး မင်းရဲ့ ချစ်ကိုကြီးဆီ။ ”

ယဲ့ကူဟန်မှ ပြုံးကာ အော်ဟစ်လျက် နှုတ်ဆက်စကား ဆိုလာတော့၏။ လင်းယွန် နှုတ်ခမ်းများ တုန်ယင်လာသည်။

တစ်ဦးခြင်း မှသည် နှစ်ဦး အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ တောင်ကုန်းတစ်ခုနှင့် တစ်ခုကြား စကြာဝဠာတစ်ခု ခြားနေသကဲ့သို့ ရင်ထဲ လေးလံလာတော့သည်။

***

All Chapters