← Chapters

မင်းလောက်တော့ မဆိုးသေးပါဘူး။

Vol. 159 Ch. 2220

မင်းလောက်တော့ မဆိုးသေးပါဘူး။

Vol. 159 Ch. 2220

ခုနစ်ရက်လုံးလုံး နှိပ်စက် ညှဉ်းပန်း ခံခဲ့ရပြီးနောက် အရိုးများကို နဂါး အရိုးများ အဖြစ် ပြောင်းလဲ နိုင်ခဲ့သည်။

သို့သော် စစ်မှန်သော နဂါးအရိုး ပိုင်ရှင်များကို ယှဉ်၍ မရသေးချေ။ မာကျောမှု အပေါ် တင်စားခြင်းမျှသာ ဖြစ်သည်။

သည့်တိုင်အောင် ဤအရာသည် သူ၏ နတ်ခန္ဓာ စွမ်းအားကို အဆများစွာ တိုးမြင့်လာ စေသည် ။

ယခုအခါတွင် နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်၊ နဂါးသွေးနှင့် မိုးကြိုး မုန်တိုင်း စွမ်းအင် စသည်တို့ကို အသုံးမပြုဘဲ၊ ဆွဲငင်အား ဆယ်ဆအထိ ခံယူလာနိုင်ပြီ ဖြစ်၏။

ယဲ့ကူဟန်က သူ့ကြယ်ဓား ကန့်သတ်မှုကို ဖြည်ချလိုက်သည်။ ယင်းကြောင့် ဖိအားများ ပို၍ လျော့နည်းသွား၏။

ခြေလက်များ လှုပ်ရှားကြည့်ပြီး ရွေ့လျားနိုင်စွမ်း အရှိန် တစ်ဝက်ကို ပြန်လည် ရရှိ လာကြောင်း တွေ့ရှိခဲ့သည်။

“ အစ်ကိုကြီး ... ငါတို့ ဓားရေး လေ့ကျင့်တော့မှာ ဆိုတော့ ငါ့ရဲ့ သူတော်စင် ရောင်ဝါကိုလည်း လွှတ်ပေးပါလား။ ”

လင်ယွန်းက စေ့စပ်ညှိနှိုင်းရန် ကြိုးစား၏။ ယဲ့ကူဟန်မှ နတ်နဂါးသစ်သီးကို ကိုက်ဝါးလျက် ပြုံးသည်။

“ မင်း ... အိပ်မက် မက်နေတာလား ... လုံယွင် ထွက်သွားဖို့ အလျင် မလိုနဲ့ဦး ... သူ့ရဲ့ နတ်ခန္ဓာကို ကန့်သတ်ပေးထားခဲ့ ... ။ ”

ကေျာက်စိမ်းဓား သူတော်စင် စကားကြောင့် လင်းယွန် တစ်ယောက် နာကျည်းသွား၏။

“ အစ်ကိုကြီး၊ ဒီလောက်ထိ ကြမ်းတမ်းနေဖို့ မလိုဘူး မဟုတ်လား။ ”

“ ညီလေး ... ဒီလမ်းကို မင်းကိုယ်တိုင် ရွေးခဲ့တာပါ ... မင်းငါ့ကို ယုံမှတော့ ပြောတာကို နားထောင်သင့်ပါတယ်။ ”

“ နောင်တရဖို့ အရမ်း နောက်ကျနေပြီ ... ။ ”

မူလနဂါး မဟာသူတော်စင်က မျက်မှောင်ကြုတ်ကာ ချိပ်ပိတ်လာတော့သည်။ ထို့နောက်၊

“ စိတ်လိုလက်ရ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒမရှိရင် နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက်ကို ကန့်သတ်ဖို့ မလွယ်ဘူး၊ ပြီးတော့ ဒါက အချိန် ခဏပဲ ရမယ်။ ”

-ဟု ရှင်းပြ၏။

ခန္ဓာကိုယ် သန့်စင်သော သူတော်စင်များ တန်ခိုးကြီးရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ ခွန်အားကို ကန့်သတ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် နတ်ခန္ဓာ တစ်ခု၏ စွမ်းအားသည် သွေး၊ အရိုးများနှင့် အတွင်း အင်္ဂါများမှ ဆင်းသက် လာခြင်းဖြစ်၏။ လင်းယွန်က မျှော်လင့်ချက် အလင်းရောင်ကို မြင်ပြီး ပြုံးရယ်လျက်၊

“ တွေ့လား အစ်ကိုကြီး ... ဒုက္ခဆိုတာ ခဏပဲ။ ”

-ဟု ပြောကြားလိုက်၏။

သို့သော် ယဲ့ကူဟန်က သူ့စကားကို ဂရုမစိုက်ဘဲ ကျောက်စိမ်းဓား သူတော်စင်ထံ လှည့်ကြည့်၏။ ကျောက်စိမ်းဓား သူတော်စင်မှ ဆေးလုံး တစ်လုံးကို ထုတ်ယူပြီး၊

“ ဒါ သွေးဝါးမြိုခြင်း စွမ်းအင်ဆေးပြားပဲ၊ နတ်ခန္ဓာရဲ့ သွေးသားစွမ်းအင်ကို ဝါးမြိုနိုင်တယ် ခုနစ်ရက်ကြာရင် ဆေးပြားက ...

... ခန္ဓာကိုယ်ကို ... စတင် ပုံဖော်ပေး လိမ့်မယ်၊ ဒါကြောင့် ခုနစ်ရက်အတွင်း နတ်ခန္ဓာ အပေါ် ကောင်းကောင်း ကန့်သတ်ထား နိုင်တယ်။ ”

မူလနဂါး မဟာ သူတော်စင်မှ ကြောက်လန့်တကြား ပြန်ကြည့်ကာ၊

“ သက်တံဓား သန့်စင်ထားတဲ့ ဒီအညစ်အကြေးကို ... မင်း သိမ်းထား သေးတာလား။ ”

-ဟု အော်ဟစ် လိုက်၏။

“ ဟမ့် ... ဒါက ဘာစကားလဲ၊ အရင်က နင်ရော မသုံးခဲ့လို့လား ကိုယ်လုံးကိုယ်ပေါက်ကို သူတော်စင် ဆေးပြားလို သန့်စင်ရမယ် ... ။

ထိုစကားကို ကြားသောအခါ လင်းယွန် တစ်ယောက် မျက်လုံးပြူး သွား၏။ ခန္ဓာကိုယ်မှ အညစ်အကြေး များကို ဆေးသန့်စင် သကဲ့သို့ စစ်ထုတ်ခြင်း မည်သည်။ ထိုကာလအတွင်း ရုပ်ခန္ဓာကို ကန့်သတ်ထားမည် ဖြစ်၏။

“ ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့ အရည်အသွေးမျိုး ရရှိလိမ့်မယ် အကောင်းဆုံး အဂ္ဂိရတ်သမား တွေတောင် ဒီလိုမျိုး သန့်စင်ပေးနိုင်မှာ မဟုတ်ဘူး။ ”

မူလနဂါး မဟာ သူတော်စင်က ဆေးလုံးကို ယူကာ ပြုံးပြီး၊

“ ဒါတော့ သေချာပါတယ် ... ဒီစွမ်းအင်လုံးက သွေးကို သန့်စင်ပေးလိမ့်မယ်၊ လုပ်ငန်းစဉ် အတွင်း ရုပ်ခန္ဓာကို ဆေးမီးအိုး အဖြစ် သုံးပြီး ...

... သွေးကို မီးလျှံအဖြစ် ... လောင်ကျွမ်း ရမယ်၊ ဒါမျိုးကို ... နတ်ခန္ဓာ ပိုင်ရှင်တွေ ကသာ လုပ်နိုင်တယ် ... ဘယ်အဂ္ဂိရတ် သမားမှ မစွမ်းဘူး။ ”

-ဟု ဆိုလျက် လင်းယွန်နား ချဉ်းကပ် လာသည်။

ထို့နောက် သက်ပြင်းချလျက်

“ ဒါပေမယ့် ... ဆိုးရွားတဲ့ အတိတ်တစ်ခု ဖြစ်ခဲ့တယ်၊ သက်တံဓား သူတော်စင်က ငါ့ကို ဆေးပြား တစ်ရာကျော် တိုက်ပြီး ရယ်မောခဲ့တယ်၊ ...

... ဆင်-နဂါး သူတော်စင် ဆေးပြားနဲ့ ... ဆင်-နဂါး သွေးသန့်စင်ခြင်းကို လေ့ကျင့်စေ ခဲ့တယ်၊ ဒါက ... ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ ပညာရပ်ပဲ ... ။ ”

ဆေးပြား တစ်ရာကျော် ဟူသော ပမာဏကြောင့် လင်းယွန် နှုတ်ခမ်းများ တုန်ယင်လျက်၊

“ ဆရာ ... မင်းအတွက် အရမ်း ခက်ခဲခဲ့မှာပေါ့ စိတ်မကောင်း ပါဘူး။ ”

-ဟု နှစ်သိမ့်ပေး လိုက်၏။

“ ဟား ဟား ဟား ...ငါလည်း အကျိုး နည်းနည်းတော့ ရှိခဲ့ပါတယ် ... နောက်ပြီး အခု သူ့ရဲ့တပည့် မင်း ရှိနေပြီဆိုတော့ ... မင်းဆရာ အပြစ်တွေအတွက် ပြန်လည် ပေးဆပ်ပါ။ ”

မူလ နဂါး မဟာ သူတော်စင်က အံ့အားသင့်နေသော လင်းယွန် ပါးစပ်ထဲသို့ ဆေးပြားကို ပစ်ထည့် လိုက်သည်။

လင်းယွန် ခန္ဓာကိုယ် အတွင်း သွေးကြောများ ရစ်ပတ်လာ သကဲ့သို့ ဆေးပြား ထံမှ စွမ်းအင်များ ထွက်လာသည်။

ထိုအချိန်၌ သွေးသား စွမ်းအင်ကို လောင်ကျွမ်းပြီး အစွမ်းထုတ်၍ မရကြောင်း သိရှိလိုက်ရ၏။

လက်ရှိ အချိန်၌ သူ့ကိုယ်လုံး ကိုယ်ပေါက်သည် သာမန် သူတော်စင် ခန္ဓာ နှင့်ပင် မယှဉ်နိုင်တော့ချေ။

ထို့ကြောင့် ဒူးတစ်ဖက် ထောက်ကျ သွားသည်။ ဖိအားကို ခံနိုင်ရည်ရှိရန် ဓားကိုသာ အားကိုးနိုင်ခဲ့၏။

“ အဲဒီတုန်းက ... ငါက သူတော်စင် နယ်ပယ်မှာ၊ မင်းကတော့ အမည်ခံ သူတော်စင် နယ်ပယ်မှာ ဖြစ်တဲ့အတွက် ... အခု ကောင်းကောင်း ပျော်နိုင်မှာပါ။ ”

မူလနဂါး မဟာ သူတော်စင်မှ လက်စားချေ ရသဖြင့် ကျေနပ်သွားသည်။

“ မတ်တပ်ရပ်ပါ ... သက်တံဓား မျိုးရိုးက ဘယ်သောအခါမှ ခေါင်းမငုံ့ဘူး။ ”

ရုတ်တရက် ယဲ့ကူဟန်၏ အကြင်နာ ကင်းမဲ့သောအသံ ထွက်ပေါ်လာ၏။ လင်းယွန်မှ အံကြိတ်ကာ ထရပ်လိုက်သည်။

သို့သော် နတ်ခန္ဓာသည် ကန့်သတ်ခံ ထားပြီးဖြစ်သောကြောင့် အားနည်းသွားကာ ကောင်းကောင်း ရပ်နိုင်ခြင်း မရှိတော့ချေ။

“ ဟား ဟား ဟား ... ဆွဲငင်အား ဆယ်ဆပဲ ရှိသေးတယ် ... မင်းက မထိန်းနိုင်ဘူးလား။ ”

ယဲ့ကူဟန်မှ လှောင်ပြောင် ရယ်မော လိုက်သည်။ သူ့စကားကြောင့် လင်းယွန်က အံကြိတ်မိ၏။

“ ရွှပ် ... ။ ”

မည်သူမဆို သူ့ခန္ဓာကိုယ် အတွင်းမှ ကွဲအက်နေသည့် အသံများကို ကြားနိုင်မည်။ သည့်စဉ် ယဲ့ကူဟန်က ဓားအလင်းဖြင့် တောက်ထုတ်လာ၏။

“ ဘုန်း ... ။ ”

လင်းယွန် တစ်ယောက် လွင့်ပျံကာ ကျောက်တုံးကြီး တစ်တုံးနှင့် ထိမှန် လဲကျ သွားခဲ့သည်။

“ ဝေါ့ ... ။ ”

ရင်ဘတ်ကို အုပ်ကိုင်လျက် သွေးအန် လိုက်မိ၏။ မျက်နှာ ဖြူဖျော့ကာ ဒေါသများ တဖွားဖွား ထွက်ပေါ်လာသည်။

ဤစီနီယာ အစ်ကိုသည် တစ်ဖက်လူကို အမြဲတမ်း အလစ်ဝင် တိုက်ခိုက်တတ်သော မဟာ သူတော်စင် တစ်ပါး ပင်လော။ ယဉ်ကျေးမှု တစ်စက်မှ မရှိချေ။

ယဲ့ကူဟန်က ခေါင်းယမ်းကာ၊

“ မင်းကြည့်ရတာ အရမ်း အားနည်း နေပုံရတယ် ဒီခွန်အားနဲ့ သူတော်စင် တစ်ပါးကို စိန်ခေါ်ချင် တာလား၊ ဟမ့် ... သူတော်စင်ကို ဘာထင်နေလဲ ... ။ ”

-ဟု နှာခေါင်းရှုံ့ လိုက်၏။

လင်းယွန် မျက်လုံးပြူး သွားသည်။ အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသဖြင့် ပြန်လည် ချေပနိုင်ခြင်း မရှိချေ။

“ ဘာဖြစ်တာလဲ ... ငါပြောတာ မကြိုက်ဘူးလား၊ လူတိုင်းမှာ အစွမ်းထက်တဲ့ သက်တံဓားလို ဆရာမျိုးရှိတယ် ထင်လား၊ ...

... လူတိုင်းမှာ ကာကွယ်ပေးနေတဲ့ လူတစ်ယောက် အမြဲ ပိုင်ဆိုင် ထားတယ်လို့ ထင်နေလား၊ ဟမ့် ... မင်းကတော့ ...

... မင်းဘေးမှာ ကာကွယ်ပေးမဲ့ လူတွေ ... အမြဲ ရှိနေတယ်၊ လျှပ်စီး တိမ်လွှာဓားဂိုဏ်းမှာ ကျန့်ရှင်းရှန်၊ ဓားဂိုဏ်းမှာ ဆရာ၊ ကောင်းကင် တာအိုဂိုဏ်းမှာ ကျတော့ ... သခင်မ နှစ်ယောက်နဲ့ မူလနဂါး ... ။ ”

လင်းယွန်မှ ဒေါသကို မျိုသိပ်ထားရသည်။ လမ်းတစ်လျှောက် အသက်နှင့် သေဆုံးမှုများကို သူ မည်မျှ ကြုံတွေ့ခဲ့ရကြောင်း ပြောချင်၏။

ကာကွယ်ပေးသူများ ရှိနေသည့်တိုင် ယဲ့ကူဟန် ပြောနေသလောက် သူ့လမ်းမှာ မဖြောင့်ဖြူးခဲ့ချေ။

“ ဟမ့် ... ဒီလိုမကြည့်နဲ့ ... သိမ်းငှက် သူတော်စင် သခင်မှာ ... မင်းလို အခြေအနေနဲ့ အခွင့်အရေးမျိုး မရခဲ့ဘူး၊ ဒါဆို နောက်ခံရှိတဲ့ မင်းက သူ့ကို အနိုင်ကျင့်နေတာနဲ့ အတူတူပဲ မဟုတ်လား။ ”

ဤစကားက လင်းယွန်ကို နာကျင်စေ၏။

“ ယဲ့ကူဟန် ... မင်း ပါးစပ်ပိတ်ထား ... ။ ”

လင်းယွန် တစ်ယောက် အံကြိတ်ပြီး ပန်းသင်္ချိုင်းကို ဆွဲထုတ်ကာ ယဲ့ကူဟန်ထံ ခုတ်ပိုင်းချ လိုက်သည်။

“ ရွှပ် ... ။ ”

ဤဓားသည် လျင်မြန်ပြီး အစွမ်းထက်၏။ ယဲ့ကူဟန် သည်သာ လင်းယွန်နှင့် နယ်ပယ်တူ ဖြစ်သော် တစ်ချက်တည်းဖြင့် ဒုက္ခိတ ဖြစ်နိုင်မည်။

ယခုမူ ဓားရောင်ဝါက ယဲ့ကူဟန်၏ အဝတ်များကိုသာ ဆုတ်ဖြဲပစ် နိုင်ခဲ့လေသည်။ ယဲ့ကူဟန်က လက်ဝှေ့ယမ်းပြီး ဓားအလင်းကို ဖယ်ရှားလျက်၊

“ ဒါက ပိုတူတယ် ... ။ ”

-ဟု လှောင်ပြုံး ပြုံးလိုက်တော့သည်။

“ ဒါပေမယ့် ... မင်း အားနည်းသေးတယ်။ ”

တစ်ဆက်တည်းမှာပင် လင်းယွန်ကို အင်္ကျီလက်လှိုင်းဖြင့် လွှဲရိုက်ပစ်၏။ လင်းယွန် တစ်ယောက် မြေပြင်ပေါ် လဲကျသွားပြီး ပြန်ထနိုင်ခြင်း မရှိတော့ချေ။

“ ဒီမှာ ရပ်လိုက်ရအောင်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ခေါင်းခါ လိုက်သည်။ လင်းယွန်မှ အံကြိတ်ပြီး ယဲ့ကူဟန် အပေါ် မကျေမနပ်ဖြင့် ကြည့်နေဆဲ ဖြစ်၏။

ယဲ့ကူဟန်သည် သူ့ကို ရည်ရွယ်ချက် ရှိရှိ ပြောခဲ့မှန်း သိသော်လည်း ဒေါသထွက် နေတုန်း ပေပင်။

“ ဝှစ် ... ။ ”

ထို့ကြောင့် သခင်မကို ကျေးဇူးတင် စကားပြောတော့မည့် အချိန်၌ တောင်ခြေသို့ ပြန်ပို့ခြင်း ခံလိုက်ရသည်။

“ အခု သူ့ကို သင်ပေးလို့ မရသေးဘူး၊ တောင်ခြေက ပြန်စရအောင်။ ”

ကျောက်စိမ်းဓား သူတော်စင်၏ စိတ်ပျက်နေသည့် စကားများကို ပြုတ်ကျနေ လျက်မှ လင်းယွန် ကြားလိုက်ရသည်။

အလူးလူး အလိမ့်လိမ့် ပြုတ်ကျခြင်း ဖြစ်သဖြင့် နာကျင်မှုမှာ အသည်းခိုက် လှပေ၏။ နတ်ခန္ဓာကို ကန့်သတ်ထား သောကြောင့် သာ၍ ဆိုးချေပြီ။

“ သူ့မျက်လုံးထဲမှာ ... နာကြည်းမှုတွေ အရမ်းများနေပြီ။ ”

ယဲ့ကူဟန်မှ ပြုံးကာ မှတ်ချက်ပေး၏။

“ မင်းပြောတာ ... နည်းနည်းတော့ လွန်တယ်။ ”

“ ဒါက သူ့ကို ဒေါသ ထိန်းစေချင်လို့ပါ၊ တကယ်တော့ တချို့ သူတော်စင် သခင် တွေက တကယ့်ကို ကြောက်စရာ ကောင်းပါတယ် ... စကားစစ်ထိုး ရာမှာလည်း ... အစွမ်းထက် ကြတယ်။ ”

“ မင်းလောက်တော့ မဆိုးသေးပါဘူး။ ”

ကျောက်စိမ်းဓား သူတော်စင် ကပင် ပြောကြားလာ သဖြင့် ယဲ့ကူဟန် တစ်ယောက် ခေါင်းကုတ် လိုက်မိသည်။ ဇာတ်ကောင် နေရာ မှသည် ချက်ချင်း ဗီလိန်ဖြစ်သွား၏။

ဤရက်များသည် လင်းယွန် အတွက် ငရဲခန်းဖြစ်၏။ ဓားရည်ရွယ်ချက်ကို ဆွဲငင်အား ဖြင့်၊ လိုက်လျောညီထွေ ဖြစ်အောင် ကြံရွယ် နေစဉ်၊ ယဲ့ကူဟန်မှ ခိုးဝင် တိုက်ခိုက်လာ တတ်သည်။

အရေးအကြီးဆုံးမှာ သခင်မမှ ပိုးစုန်းကြူး နတ်ဓားဖြင့် တိုက်လာခြင်းဖြစ်၏။ ယဲ့ကူဟန်က တော်ဝင် ဓားကျမ်းကို သုံးသည်။

ထို့ကြောင့် ၎င်းတို့ လက်တွင် လှုပ်ရှားမှု ဆယ်ကြိမ်ထက် ပို၍ မခံနိုင်ခဲ့ချေ။ တစ်ဖက်မှ အင်အား အပြည့်အ၀ မဟုတ်သော်လည်း ကြောက်စရာ ကောင်းနေသေးသည်။

“ ကျွန်တော် ... မထိန်းနိုင်တော့ဘူး။ ”

သုံးရက် အကြာတွင် လင်းယွန်က လက်ဝှေ့ယမ်းကာ အသက်ရှု မဝ ဖြစ်လာသည်။ ယဲ့ကူဟန်မှ ပြုံးပြီး ကူညီပေးရန် အနား လျှောက်လာ၏။

သို့သော် မြေပြင်၌ ပျော့ခွေနေသော လင်းယွန်က ရုတ်တရက် ထရပ်ကာ သူ့ကို လှမ်းထိုတော့သည်။

“ ဟိတ် ... ။ ”

လင်းယွန် နှစ်ယောက် ခွဲထွက်သွားပြီး ပိုးစုန်းကြူး နတ်ဓားနှင့် အပူပင်ကင်းသော ဓားကိုးကွက်ကို ထုတ်ဖော်လာ၏။

နဂါးဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းမှ ပိုးစုန်းကြူး နတ်ဓားကို ခွန်အားပေးကာ၊ တော်ဝင် ဓားကျမ်းသည် အပူပင်ကင်းသော ဓားကိုးလက်အပေါ် ထောက်ပံ့၏။

ထို့ကြောင့် လင်းယွန် နှစ်ယောက် ဖြစ်သွားသည်။ သို့သော် မလုံလောက်သေးချေ။ ယဲ့ကူဟန်၏ ပြေးလမ်းကို ပိတ်ထားချင် သဖြင့် နောက်ထပ် နှစ်ယောက် ခွဲပစ်လိုက် ပြန်၏။

***

All Chapters