← Chapters

မင်းရဲ့ အစ်ကိုကြီးက ... ဉာဏ်ကြီးရှင်ဆိုတာ မမေ့နဲ့။

Vol. 159 Ch. 2221

မင်းရဲ့ အစ်ကိုကြီးက ... ဉာဏ်ကြီးရှင်ဆိုတာ မမေ့နဲ့။

Vol. 159 Ch. 2221

လွန်ခဲ့သည့် သုံးရက်အတွင်း သူသည် များစွာသော နာကြင်မှုများ ခံစားခဲ့ရ၏။ သခင်မ အပေါ် လက်စားချေရန် မဝံ့သော်လည်း ယဲ့ကူဟန်ကိုမူ လက်စားချေ ဝံ့သည်။

ထို့အပြင် အစ်ကိုကြီးသည် လေ့ကျင့်ရေး အသွင်ဆောင်ပြီး သူ့အပေါ် လက်စားချေ နေခဲ့ သည်ဟု သံသယ ရှိမိ၏။

“ မဆိုးပါဘူး ... မင်းမှာ ... ဉာဏ်နီဉာဏ်နက်တွေ အပြည့်ရှိနေတယ်။ ”

လင်းယွန် လေးယောက်ကို ကြည့်ကာ ယဲ့ကူဟန်မှ လှောင်ပြောင်လိုက်၏။ လက်သီးမှာ သူ့ကို မထိခဲ့ချေ။

“ ဝှစ် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ လေထဲ ပျံဝဲလိုက်ပြီး ဤမြင်ကွင်းကြောင့် ခေါင်းညိတ် လိုက်လေသည်။

အချိန်အတော်ကြာ မတိုးတက်ခဲ့သော ကြယ်ဓားသည် ပေါင်းစပ်မှု ပုံစံတစ်ခု ဖြစ်သွား သည်ကို သူမ မြင်၏။ လင်းယွန်ပင် သတိထား မိပုံ မရချေ။

“ ကောင်းကင် ... ။ ”

“ လရောင် အလင်းပြန်ခြင်း ... ။ ”

လင်းယွန်က ကောင်းကင်ဓားပုံစံနှင့် လရောင်အလင်း ပြန်ခြင်းကို ဆက်၌ ထုတ်ဖော် လိုက်ပြန်၏။

ဓားပညာနှစ်ခု ပေါင်းစပ် သွားပြီး ပုံရိပ်ယောင်နှင့် လက်တွေ့ဘဝအကြား မခွဲခြား နိုင်တော့ချေ။

သူတော်စင် ရောင်ဝါကို တံဆိပ်ခတ် ထားသည်မှာ ယဲ့ကူဟန် အတွက် ကံကောင်း ချေ၏။ ဓားသုတ္တန် နှစ်ခုဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် များကို အသုံးချခွင့် ရခဲ့သော် ကြောက်စရာ ကောင်းပေလိမ့်မည်။

“ ထွက်သွား ... ။ ”

လင်းယွန်က ယဲ့ကူဟန်ကို တောင်ပေါ်မှ တွန်းချလိုသော ခံစားချက်ဖြင့် အော်ဟစ်လိုက် တော့သည်။

“ မဆိုးပါဘူး ... ချစ်ရတဲ့ ငါ့ရဲ့ဂျူနီယာ ညီလေး ... မင်းက ငါမျှော်လင့်ထားတဲ့ အတိုင်း ပါပဲ။ ”

ယဲ့ကူဟန်မှ ပြုံးပြီး၊

“ ဒါပေမယ့် ငါကလည်း ... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာတုန်းက ခွန်လွန်ရဲ့ ဇာတ်ဆောင် တစ်ယောက်ပါ၊ ဟား ဟား ဟား ... ။ ”

ယဲ့ကူဟန် ဆံပင်များ လေထဲ တဖျပ်ဖျပ် ခတ်လာ၏။ ရယ်မောလျက် မာနများ ဖြာထွက် လာတော့သည်။

ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ငါးရာခန့်က အရှေ့ဘက် ပျက်စီးမြေ၏ ကြယ် နှစ်ဖော် ဖြစ်သည်။ တျန်ရွှမ်ဇီနှင့် သူ ဖြစ်၏။

“ ဓားတာအို ... ။ ”

ဟောက်သံနှင့်အတူ ဓားချက် (၈၁)ချက် ချက်ချင်း ထုတ်လွှတ်လာ၏။ ဓား(၈၁)ချက်က တာအိုပန်း တစ်ပွင့်ကဲ့သို့ တောက်ပစွာ ပေါင်းစည်းသွားသည်။

လင်းယွန်၏ တိုက်ခိုက်မှုများသည် အပေါက်များ ဖြစ်ပေါ်လာပြီး လှိုင်းလုံးများ ကဲ့သို့ ပြန့်ကျဲကုန်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။

နှုတ်ခမ်းမှ သွေးများကို သုတ်လျက် ရပ်ခြေငြိမ်ရန် ဆယ်မီတာ အကွာသို့ ဆုတ်ခွာ ပေးလိုက်ရသည်။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ယဲ့ကူဟန်သည် သူ့ထက် မြင့်မားသည့် ကျင့်ကြံမှုကို မသုံးထားချေ။ ဤပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအင်များ ကိုသာ စုပ်ယူထား၏။

ဆိုလိုသည်မှာ အမည်ခံ သူတော်စင် တစ်ပါးကို ရှုံးနိမ့်ခြင်း မည်သည်။ ဤရက်များ အတွင်း ကြံစည်ထားသမျှ ပြီးဆုံးသွား ချေပြီ။

“ ဒါ တာအိုပုံစံ ပိုးစုန်းကြူး နတ်ဓားရဲ့ ပထမဓားပဲ ... ကြယ်တာရာ ပေါက်ကွဲမှုလို့ ခေါ်တယ်။ ”

ကေျာက်စိမ်းဓား သူတော်စင်မှ ပြောကြားလာ၏။

“ အစ်ကိုကြီး ... မင်း လှည့်စားတယ်။ ”

သခင်မ စကားကြောင့် လင်းယွန်မှ ဒေါသ ထွက်သွားသည်။ ဤဓားရေး၏ တာအိုပုံစံသည် အမည်ခံ သူတော်စင် နယ်ပယ်ဖြင့် ထုတ်သုံး နိုင်ခြင်း မရှိချေ။

ယဲ့ကူဟန်မှ ရှက်ဖွယ်ကောင်းသော အနိုင်ကျင့်မှုကို ဂရုစိုက်ပုံ မပြဘဲ ပြုံးလာ၏။

“ မင်းကိုယ်မင်းပဲ အပြစ်တင်ပါ၊ မင်းရဲ့ အစ်ကိုကြီးက ဉာဏ်ကြီးရှင် တစ်ယောက်ပဲ၊ အခု ... ပြန်ဆင်းလို့ ရပြီ ... ။ ”

သူ့ စကားဆုံးသည်နှင့် ဘောလုံး တစ်လုံးကဲ့သို့ ပြုတ်ကျသွားအောင် လင်းယွန်ကို ရိုက်နှက် လိုက်တော့သည်။

“ အား ... ။ ”

“ သုံးရက်ပဲ ရှိသေးတယ် ... ဒီကောင်ကို အနိုင်ယူဖို့ ပိုခက်ခဲလာပြီ။ ”

လင်းယွန်၏ နာကျင်ဖွယ် အော်ဟစ်သံကို နားထောင်လျက် ယဲ့ကူဟန်မှ ညည်းတွား လိုက် လေသည်။

“ မင်းလို အစ်ကိုကြီး တစ်ယောက်နဲ့ တိုးတက်ဖို့ မခက်ပါဘူး၊ မဟုတ်ရင် သူ သေဖို့ပဲ ကျန်တော့တယ်။ ”

ကျောက်စမ်းဓား သူတော်စင် စကားကြောင့် ယဲ့ကူဟန် ပါးစပ်ပိတ်သွားသည်။

“ မြန်မြန် တိုးတက်လာတာ မကောင်းဘူး၊ ကြာကြာ ခံနိုင်ဖို့ လိုတယ်။ ”

“ စိတ်မပူပါနဲ့ ... သခင်မ၊ ဒါကို ... ကျွန်တော်ဆီ ထားခဲ့ပါ ... မကြာခင် သူခံနိုင်ရည် ပိုတိုးလာပါလိမ့်မယ်။ ”

နောက်ထပ် လေးရက် အကြာတွင် လင်းယွန်သည် ယဲ့ကူဟန်နှင့် ကျောက်စိမ်းဓား သူတော်စင်ကို ပြန်လည် တိုက်ခိုက် လာနိုင်ခဲ့သည်။

လှုပ်ရှားမှု ငါးဆယ်ကျော်ပြီး သည့်တိုင် ဆိုးရွားသော အနေအထားသို့ မကျရောက်ချေ။ အကြိမ်တစ်ရာ လှုပ်ရှားပြီးမှသာ ရှုံးသွား၏။

ဤသည်မှာ ကြောက်စရာ ကောင်းသည့် တိုးတက်မှု တစ်ခု ပေပင်။ ခုနစ်ရက် မတိုင်မီက သူသည် မတ်တပ်ပင် ရပ်နိုင်သူ တစ်ယောက် မဟုတ်ခဲ့ချေ။

“ ဒါဆို နောက်တစ်ဆင့်ကို ဆက်သွားရအောင်။ ”

လင်းယွန်မှ သူ့ဓားကို သိမ်းကာ ပြောလိုက်၏။ ယဲ့ကူဟန်နှင့် ကျောက်စိမ်းဓား သူတော်စင်မှ အကြည့်ချင်း ဖလှယ်မိသည်။

လင်းယွန် တွေးနေသည်ကို သူ သိ၏။ နောက်တစ်ဆင့်ကို လေ့ကျင့်ပေးမည့် သူသည် သတ်ဖြတ်ခြင်း မဟာ သူတော်စင် ဖြစ်သည်။

သူမသည် လင်းယွန်အပေါ် အကြင်နာဆုံး ဖြစ်၏။ ထို့ကြောင့် အနားယူခြင်း မပြုတော့ဘဲ တောင်းဆိုနေခြင်း ပေပင်။

“ ညီလေး ... ကြယ်ဓား အထက်မှာ ဘာရှိလဲလို့ ... မင်းမေးဖူးတယ် မဟုတ်လား။ ”

“ ဟုတ်တယ် မေးဖူးတယ် ... ။ ”

“ ဒါဆို အခု ငါပြောပြမယ် ... အဲဒါက နတ်အလင်းဓားပဲ၊ နတ်အလင်းဓားက သဘာဝ တရားရဲ့ မျက်လုံးပါ၊ အတွေးတစ်ချက်တည်းနဲ့ လေလိုပဲ မိုင်ထောင်ပေါင်း များစွာကို ဖြတ်ကျော်နိုင်တယ်။ ”

ထိုစကားကို ကြားသော အခါ လင်းယွန် တစ်ယောက် လေးလေးနက်နက် တွေးတောမိ သွားသည်။

“ မင်းရဲ့ ကြယ်ဓားက အချိန်အတော် ကြာအောင် စုစည်းထားတဲ့အတွက် နတ်အလင်း ဓားရည်ရွယ်ချက်ကို ရောက်ဖို့ ခြေတစ်လှမ်း လောက်ပဲ လိုတော့တယ်။ ”

“ အစ်ကိုကြီး ... ငါ့ကို သင်ပေးပါ။ ”

လင်းယွန်မှ စိတ်လှုပ်ရှားသွား၏။

“ မင်း ... ငါ့နာမည်ကို တိုက်ရိုက်ခေါ်ပြီး မပြောတော့ဘူးလား။ ”

“ အစ်ကိုကြီး ... ဟာသတွေ ပြောနေတာလား ... အစ်ကိုကြီးက အမြဲတမ်း ငါ့ရဲ့ အစ်ကိုကြီးပါ။ ”

“ ဟမ့် ... ငါတို့ လေ့ကျင့်ရေးကို နောက်တစ်ဆင့် သွားရမှာ မဟုတ်ဘူးလား။ ”

“ အဟဲ ... မဟုတ်ဘူး ... အလျင်လိုစရာ မလိုသေးပါဘူး။ ”

“ ကောင်းပြီ ငါမင်းကို ဟာသလုပ်နေတာ ရပ်လိုက်မယ် ... နောက်ဆုံးတော့ မင်းက ငါ့ရဲ့ အချစ်ဆုံး ညီလေးပဲ၊ ငါဘာလို့ ... စိတ်ဆိုး ရမှာလဲ၊ လာ ... ။ ”

ယဲ့ကူဟန်က လင်းယွန်ကို ချောက်ကမ်းပါး တစ်ခုဆီသို့ ခေါ်ဆောင်လျက်၊

“ မင်း အခု ခုန်ချလိုက်တာနဲ့ ... နတ်အလင်းဓား ရလိမ့်မယ်။ ”

-ဟု ပြောကြား လိုက်၏။

“ အစ်ကိုကြီး ... ။ ”

လင်းယွန်မှ ခေျာက်ကမ်းပါး အောက်ကို ငုံ့ကြည့်ကာ၊

“ ဒါ .. အန္တာရာယ် များတယ် မဟုတ်လား။ ”

-ဟု ရှက်ရွံ့စွာ မေးခွန်းထုတ်မိသည်။

နတ်ခန္ဓာကို တံဆိပ်ခတ်ထားဆဲ ဖြစ်ပြီး လေ့ကျင့်ရေးတွင် နောက်တစ်ဆင့် တက်နိုင်ပြီ ဖြစ်ရာ အန္တရာယ် မယူချင်တော့ချေ။

“ လာပါ ... ငါနဲ့အတူ ခုန်ချရအောင်။ ”

ယဲ့ကူဟန်မှ ပြုံးကာ ပြောသည်။ ချောက်ကမ်းပါး အောက်မှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများကို ခံစားမိ သဖြင့် လင်းယွန်တစ်ယောက် တွန့်ဆုတ် နေ၏။

ခုန်ချလိုက်သော် ဤတောင်တန်း၏ ဆွဲငင်အား ဆယ်ဆကြောင့် သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်နိုင်ပေမည်။ မသေလျှင်ပင် ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိနိုင်၏။

“ ဘာလို့လဲ ... ငါ မင်းနဲ့အတူ လိုက်ပေးမှာလေ။ ”

ယဲ့ကူဟန်မှ ထပ်ပြော၏။ လင်းယွန်က ခေါင်းခါလျက်၊

“ အရင် မခုန်ရင် ... မလုပ်ဘူး။ ”

-ဟု ပြန်ပြောလိုက်သည်။

သို့သော် ထိုစကားကို ချက်ခြင်း နောင်တရသွားပြီး သူ့ကိုယ်သူ ပါးရိုက်ချင်လာ တော့သည်။

“ ဟား ဟား ဟား ... ကောင်းတယ်။ ”

ယဲ့ကူဟန်မှ ရယ်မောလျက် ကျောက်စိမ်းဓား သူတော်စင်ထံ လှည့်ကြည့်ကာ၊

“ သခင်မ ... ကြားတယ်နော် ... ဒီကောင် မခုန်ရင် တွန်းချလိုက်။ ”

-ဟု ပြောကြားလိုက်၏။

လင်းယွန် လှည့်ကြည့်လိုက်ရာ ကျောက်စိမ်းဓား သူတော်စင်မှ စိုက်ကြည့် နေသည်ကို မြင်လိုက်ရသည်။ ဤအရာက သူ့ကို ကျောချမ်းသွား စေ၏။

“ ဝှစ် ... ။ ”

ယဲ့ကူဟန်မှ ချက်ချင်း ခုန်ချသွားသည်။ လင်းယွန် တုန့်ဆိုင်းနေစဉ် ကျောက်စိမ်းဓား သူတော်စင်က လျှောက်လှမ်း လာ၏။

“ ကျွန်တော် ဆင်းမယ် ... ။ ”

ယင်းကြောင့် ခါးသီးသော အပြုံးကို ထုတ်ဖော်ကာ အံကြိတ်လျက် ခုန်ဆင်းလိုက် ရတော့သည်။

“ ဟူး .... ဟူးဟူး ။ ”

ဆံပင်များ လေပြင်းကြောင့် လွင့်မျောကုန်၏။ ရှေ့၌ ယဲ့ကူဟန်ကျောပြင်ကို မြင်နေရသော်လည်း မကြာမီ ချက်ချင်း ပျောက်ကွယ်သွားသည်။

ယင်းကြောင့် စီနီယာ အစ်ကို၏ လှည့်စားခြင်း ခံလိုက်ရ ပြန်ပြီကို သိလိုက်ကာ သူ့ကိုယ်သူ ကျိန်ဆဲလိုက် မိ၏။

ဆွဲငင်အား ဆယ်ဆသည် သူ့ဘဝကို ယူရန်ကြိုးစား နေသည်။ သူ့တွင် ကောင်းကင် ချပ်ဝတ် ရှိသော်လည်း ဤသို့သော သေကြောင်း ကြံစည်မှုကို ကာကွယ်မည် မဟုတ်ချေ။

သေလုမျောပါး အခြေအနေကြောင့် စိတ်ဝိညာဉ်ကွဲလုနီးပါး ထိတ်လန့်လာပြီးနောက် အတွေးများ အေးခဲသွား၏။

သူ့ဗီဇအရ ပတ်၀န်းကျင်မှ လာသော ဖိအားကို တွန်းလှန်ရန် ဓားကို ဖြန့်ကျက်သည်။ သူ့အကန့်အသတ် မည်မျှ ရှိသည်ကို သိချင်ပေ၏။

နေနှင့်လတို့ ရောယှက် ကုန်ပြီး မျက်ဝန်းအတွင်း၌ ရွှေရောင် အလင်းတန်းများ တောက်ပလာသည်။

လေခွင်းအားကြောင့် ခန္ဓာကိုယ် ပြိုကျခါနီးတွင် ဓားရည်ရွယ်ချက် ထွက်လာပြီး ဆွဲငင်အားကို ဖယ်ရှားပေး၏။

“ ဒါပဲ ... ။ ”

“ ခွပ် ... ။ ”

“ အွတ် ... ။ ”

လင်းယွန်မှ ဝမ်းသာသွားသည်။ သို့သော် ထိုအချိန်၌ မြေပြင်နှင့်မျက်နှာ မိတ်ဆက်သွားပြီ ဖြစ်၏။ ဤဝေဒနာသည် နှာနုရိုးမှ လာသဖြင့် တောင်ပေါ်မှ ပြုတ်ကျသည်ထက် ဆယ်ဆ ပိုနာကျင်သည်။

ယဲ့ကူဟန်က ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင် ထိုင်လျက် နတ်နဂါး သစ်သီး ကိုက်စားကာ သူ့ထံ ကြည့်နေခဲ့၏။

“ ယဲ့ ကူ ဟန် ... ”

ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ အိုး ... ဟုတ်သား၊ ငါက ... ထာဝရ တာအိုဖြစ်တဲ့ အာကာသ တာအို ဆုပ်ကိုင်ထား နိုင်တာ မေ့သွားလို့ပါ။ ”

ယဲ့ကူဟန် မျက်ဝန်း၌ ကောက်ကျစ်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ သည့်နောက် မောက်မာသော အသွင်ဖြင့်၊

“ မင်းရဲ့ အစ်ကိုကြီးက ... ဉာဏ်ကြီးရှင် ဆိုတာ မမေ့ပါနဲ့။ ”

-ဟု ထပ်လောင်း ပြောကြားလိုက်သည်။

***

All Chapters