← Chapters

နတ်အလင်း ဓား ... ။

Vol. 159 Ch. 2222

နတ်အလင်း ဓား ... ။

Vol. 159 Ch. 2222

“ ဘယ်လို ခံစားရလဲ ... ။ ”

ယဲ့ကူဟန်မှ ဖြည်းညှင်းစွာ ထရပ်ပြီး ကျောက်တုံးကြီးပေါ်မှ ခုန်ချ လိုက်လေသည်။

“ မြန်လွန်းတယ် ... ။ ”

လင်းယွန်က စိတ်မဆိုးတော့ဘဲ အမှန်တိုင်း ပြန်ဖြေမိ၏။ နတ်အလင်းကို ထိန်းချုပ် ထားရန် စီမံခဲ့သော်လည်း ထိုအကြောင်းကို ကောင်းစွာ နားမလည်နိုင်မီ မြေပြင်နှင့် မျက်နှာ ထိမှန်လာ သဖြင့် ပျောက်ကွယ်သွားသည်။

“ ဒါက ပုံမှန်ပါပဲ ... မင်းအခု အမည်ခံ နတ်အလင်းဓားကို ရနေပြီ။ ”

လင်းယွန်မှ သံသယ စိတ်များဖြင့်၊

“ ကြယ်ဓားမှာ အထွတ်အထိပ် အဆင့် တစ်ခု ရှိသင့်သေးတယ် ထင်တယ်။ ”

-ဟု မေးလိုက်၏။

“ မင်း ဒီအခြေအနေအထိ ရောက်နေ တာတောင် သတိ မထားမိဘူးလား ... သာလွန် အဆင့်ကို မရောက်သေးရင် ... ငါနဲ့ သခင်မကို မင်းဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ ...

... ပြီးတော့ တောင်ပေါ်ကို ... ဒီလို အခေါက်ခေါက် အခါခါ ဘယ်လိုလုပ် တက်နိုင် မလဲ ... တောင်ပေါ်က ပြုတ်ကျတဲ့ အခါ ... ဆွဲငင်အားက ဆယ်ဆ မကဘူး၊ ဒါ ...

... ဘာကို ဆိုလိုသလဲ မင်းသိလား ... ဒီကာလမှာ မင်းကို ... ပစ်မှတ်ထားနေတာလို့ ခံစားနေရတယ် မဟုတ်လား၊ တကယ်တော့ ငါမင်းကို အမည်ခံ နတ်အလင်း ဓား ... အသုံးပြုနည်း သင်ပေးနေတာ။ ”

ယဲ့ကူဟန် စကားကြောင့် အပြစ် ရှိသည်ဟု ခံစားလိုက်ရပြီး၊ ‘တကယ်တော့ အဲဒီလို မထင်ခဲ့ ပါဘူး၊’ -ဟု ငြင်းဆန်လိုက်မိ၏။

“ ဟား ဟား ဟား ... မင်းက ကြောင်သူတော်ပဲ။ ”

လင်းယွန်မှ သူ့အစ်ကိုကြီး မယုံသည်ကို သိသည်။ သို့သော် ထပ်မံ ရှင်းပြရန် ဆန္ဒ မရှိ သဖြင့် ပါးစပ်ပိတ် ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့မျက်ဝန်းများ အတွင်းရှိ အလင်းရောင်များ ပြန်ပေါ်လာသည်။ ယင်းက သူ့ကို ထာဝရ နတ်ဓား တစ်လက်ကဲ့သို့ ဖြစ်စေသည့် သာလွန်သော စိတ်ဓာတ်မျိုး ပေးစွမ်းနေ၏။

“ ခရစ် ... ။ ”

နတ်အလင်းဓား ပေါ်လာသည့် အခိုက်၌ ပတ်ဝန်းကျင် လေထု ကွဲအက်သွား သည်သာ မကဘဲ အာကာသကိုပင် ခွဲပစ်ခဲ့၏။

အာကာသသည် မှန်ကူကွက်များကဲ့သို့ မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းပြီး ပုံရပ်ယောင်နှင့် လက်တွေ့ နယ်နိမိတ်များကြားတွင် ရှိသည်။

ထိုမျဉ်းကွက်များကို ဓားရည်ရွယ်ချက်ဖြင့် စူးစမ်းရန် ကြိုးစားသော အခါတွင် မှန်ကူကွက် များက ပြန်လည် တွန်းထုတ်လာ၏။ ကြီးကျယ် ခမ်းနားသော စွမ်းအားမျိုး ပေပင်။

“ အာကာသကို ဖြတ်ချင်တာလား၊ မင်း အဲဒီအဆင့်ကို ရောက်ဖို့ ... အလှမ်း ဝေးနေပါ သေးတယ်။ ”

ယဲ့ကူဟန်မှ သူ့စိတ်ကူးကို ချက်ချင်း သိသွားကာ ပြောကြားလာ၏။ လင်းယွန်က အမည်ခံ နတ်အလင်း ဓားကို ပိတ်ကာ၊

“ ဒါက အာကာသလား ” -ဟု မေးသည်။

“ ဟုတ်တယ် ... အာကာသရဲ့ ဖွဲ့စည်းပုံ အသွင်အပြင်ပဲ ... မင်း နားလည်ဖို့ မလွယ်ဘူး၊ အာကာသ ကိုယ်နှိုက်က ကြောက်စရာ ကောင်းပြီး ထိန်းချုပ်လို့ မရဘူး ...

... အဲဒီ မျဉ်းကြောင်းတွေလို ယှက်သိုင်း နေနဲ့ မှန်ကူကွက်တွေကို ခွဲပစ်နိုင်မှသာ သူ့ရဲ့ စွမ်းအား အစစ်အမှန်ကို မြင်ခွင့်ရလိမ့်မယ်။ ”

လင်းယွန် တစ်ယောက် ခေါင်းရှုပ်သွား လေသည်။ အချိန်ပြည့် လေးနက်ပုံ မရှိသော အစ်ကိုကြီးကို အမြင်သစ်ဖြင့် ကြည့်မိ၏။

‘ဉာဏ်ကြီးရှင်’-ဟူသော ဝေါဟာရသည် အစ်ကိုကြီးအတွက် သိပ်နုပ်နေချေပြီ။ ဖော်ပြရန် မလုံလောက်ချေ။

“ မင်း ကြည့်ရတာ ... စိတ်လှုပ်ရှားပုံ မပေါ်ဘူး ... ဒါဆို အမည်ခံ နတ်အလင်းဓားက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ တကယ် မသိသေးပုံပဲ။ ”

ရှင်းပြချက် ကြားပြီးနောက် လင်းယွန်မှ တည်ငြိမ်မှု ရှိနေသေးသည်ကို သတိ ပြုမိသော အခါတွင် ယဲ့ကူဟန်မှ မပြုံးတော့ချေ။

“ ဒါက အမည်ခံ နတ်အလင်းဓား ရည်ရွယ်ချက်ပဲ ... ဘာများ ဂုဏ်ယူနေစရာ ရှိလို့လဲ။ ”

လင်းယွန်၏ အဖြေစကားက ယဲ့ကူဟန်ကို မကျေမနပ် ဖြစ်သွားစေ၏။

“ ဒီရက်တွေ အတွင်းမှာ အကြောင်းပြချက် ရှာပြီး မင်းကို ရိုက်နှက်တာ ငါ့အတွက် နောင်တ မရှိတော့ပါဘူး၊ မင်းက တကယ့်ကို မောက်မာ လွန်းတယ်၊ အခု မင်းရဲ့ ကျင့်ကြံမှုက အမည်ခံ သူတော်စင်ဆိုတာ မမေ့ပါနဲ့။ ”

“ ဒီလောက်တောင် တန်ဖိုးရှိတာလား။ ”

လင်းယွန်က နားမလည်သဖြင့် ပြန်မေး လိုက်သည်။

“ ဟမ့် အမည်ခံ သူတော်စင် မပြောနဲ့ ... သူတော်စင် သခင် ဆိုရင်တောင် ... အမည်ခံ နတ်အလင်းဓား ရည်ရွယ်ချက်က ပြိုင်ဘက်ကင်း နေပြီ။ ”

ယဲ့ကူဟန်က လင်းယွန်နဖူးထံ ညွှန်ပြပြီး ဓားပင်လယ် အတွင်းရှိ ဓားဝိညာဉ် နှစ်ပါးကို ဖွင့်ပေး လိုက်၏။

ခန္ဓာကိုယ်အနှံ့ ဓားရည်ရွယ်ချက်များ ပျံ့ကားလာသည်။ ဤသည်မှာ ကြယ်ဓားနှင့် ကွဲပြားသော ခံစားချက် ရချေ၏။

ဖြောင့်မတ်ခြင်း၊ အလျှော့ မပေးခြင်းနှင့် လွှမ်းမိုးချုပ် ကိုင်လိုခြင်း အပြည့် ရှိနေခဲ့သည်။ ဓားနှလုံးသားကို အသက်သွင်းကာ ၎င်းဖြင့် ပေါင်းစပ်မိ၏။

ငွေရောင် အဆင်းသည် ပတ်ဝန်းကျင်ရှိ တောင်နှင့် မြစ်များထံ ချက်ခြင်း ပေါင်းစပ်သွား လေသည်။

နောက်တစက္ကန့်တွင် လင်းယွန်မှာ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားကာ လေထဲ ကြွတက်လာ၏။

သူ့ကို ဗဟိုပြုလျက် မိုင်ရာဂဏန်း အကွာ အတွင်းရှိ အရာအားလုံး ဆုပ်ကိုင်ထားနိုင် သလို ခံစားလိုက်ရသည်။

“ ဓားနှလုံးသားကြောင့် ... မင်းရဲ့ အမည်ခံ နတ်အလင်းဓားက တခြား လူတွေနဲ့ မတူဘူး၊ ဓားဆွဲ ကြည့်လိုက်။ ”

“ ချွင် ... ။ ”

ပန်းသင်္ချိုင်းကို ဆွဲထုတ်ကြည့် လိုက်ရာ မိုင်တစ်ရာအတွင်းမှ အရာအားလုံး ဓားထဲသို့ ရောက်ရှိ လာချေ၏။

အတွေးတစ်ချက်ဖြင့် ဓားအတွင်း စီးဝင်လာသော စွမ်းအားသည် ဦးရေပြားများကို ယားယံလာစေသည်။

မျက်လုံးပြူးလျက် ‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊’ -ဟု အော်ဟစ် မိတော့သည်။ ဓားအတွင်း ပါရှိသော စွမ်းအားသည် သူ၏ သူတော်စင် ရောင်ဝါနှင့် နတ်ခန္ဓာထက် အဆပေါင်းများစွာ သာလွန်နေ၏။

ယင်းမှာ မယုံနိုင်စရာ ပေပင်။ သူ၏ သူတော်စင်ရောင်ဝါကို ချိပ်ပိတ်ထားခြင်း မရှိက စွမ်းအားကို မတွေးဆ နိုင်တော့ချေ။

သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာပြီး အလောင်းများနှင့် သွေးပင်လယ်ကို မြင်လိုက်ရသည်။

ခဏအကြာတွင် အသိစိတ် ပြန်ဝင်လျက် ကြောက်စိတ်များ လျော့ပါးသွား၏။ ထိတ်လန့် တုန်လှုပ်ခြင်းမှသည် စိတ်လှုပ်ရှားခြင်း ဆီသို့ ပြောင်းလဲသွားသည်။

“ ရွှပ် ... ။ ”

ဓားကို လွှဲလိုက်သည်နှင့် တောင်၊ မြစ်နှင့် မြေပြင်တို့က သူ့ထံသို့ စွမ်းအားများ ချက်ချင်း ထောက်ပံ့လာ၏။

သာမာန်ဓားတစ်ချက်၏ စွမ်းအားသည် ကမ္ဘာကို ဖျက်ဆီးနိုင်သကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေသည်။

“ နေဦး ... ဒါက မမှန်ဘူး၊ စွမ်းအားကို အလဟသ မဖြစ်စေရန် ပိုပြီး ထိန်းထားရမယ်၊ နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်က ကြာကြာ ခံနိုင်တာ မဟုတ်ဘူး။ ”

အားနည်းချက်ကို သတိထားမိကာ အသက်ရှုသံများ မြန်လာသည်။ ဤခွန်အားမှာ အမြင်အရ ကြောက်မက်ဖွယ် ကောင်းရုံမျှသာ ရှိ၏။ အသုံးမ၀င်ချေ။

စည်းချက်ကို ချိန်ညှိလိုက်ပြီး ဓားထံ ထောက်ပံ့နေသော စွမ်းအားအပေါ် လျော့ချပစ် လိုက်သည်။ သို့တိုင် စွမ်းအားမှာ နိမ့်ကျခြင်း မရှိဘဲ သုံးရ ပိုလွယ်လာ၏။ သူ့ကမ္ဘာကြီးက တိတ်ဆိတ် သွားသည်။

အစောပိုင်း ဖန်တီးထားသော ဖြစ်စဉ်မှာ ကြီးမားသည်။ မိုင်တစ်ရာ အတွင်း တောင်နှင့် မြစ်များ အားလုံး သူ့ပခုံးတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရ၏။

ထိုနည်းလမ်းစသည် အားကောင်း သော်လည်း သူ့ကို ပင်ပန်းနွမ်းနယ်စေသည်။ ထိန်းချုပ်နိုင်မှု အပေါ် ကျေနပ်သွားပြီး၊

“ဒါက ... ပိုအဆင်ပြေတယ်။ ”

-ဟု ရေရွတ်လိုက်၏။

“ ဒီကောင်ရဲ့ ... သင်ယူနိုင်စွမ်းက တကယ့်ကို မြန်တယ်။ ”

ပညာပေးရန် စောင့်ကြည့် နေသော ယဲ့ကူဟန်မှ မကျေမနပ် ဖြစ်သွားသည်။ ထိုစဉ် လင်းယွန်၏ စည်းချက်လွန်သွား၏။

“ ဝူး ... ။ ”

တောင်နှင့် မြစ်များ တုန်ခါလျက် သဘာဝဖြစ်စဉ်မှာ ယခင်ထက် ပိုမို ပြင်းထန် လာတော့သည်။

“ တောင်တွေ၊ မြစ်တွေနဲ့ ကမ္ဘာမြေကြီး ပဲ့တင်ထပ်နေပြီ။ ”

ယဲ့ကူဟန် တစ်ယောက် နတ်နဂါး သစ်သီး ပြုတ်ကျသွားသည်။

“ ဘာလို့လဲ အဆင်မပြေဘူးလား။ ”

ထိုစဉ် ကျောက်စိမ်းဓား သူတော်စင် ထွက်ပေါ်လာပြီး လင်းယွန်ထံ စိုက်ကြည့်ကာ မေးမြန်း လိုက်တော့၏။

“ ဂျိန်း ... ။ ”

ဤအခိုက် အတန့်တွင် လင်းယွန်၏ လှုပ်ရှားမှုတိုင်းသည် လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်းနှင့် အမျိုးမျိုးသော ဖြစ်စဉ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သည့်ထက်ပို၍ ကြောက်စရာ ကောင်းသည်မှာ ဓားရည်ရွယ်ချက် အတွင်းမှ တောင်-မြစ် စွမ်းအား ဖြစ်၏။ ဆိုလိုသည်မှာ သွေးအကျဉ်းထောင် တောင်တန်းကြီးက ဓားတစ်လက် ဖြစ်လာခြင်း ပေပင်။

“ သူကို ... ဓားနတ်ဘုရား ဖြစ်လာဖို့ သက်တံဓားက မျှော်လင့်ထားတယ် ... ဝန်ခံပါ မင်းရဲ့ ဓားတာအိုက သူ့ထက် နိမ့်ကျတယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က သုံသပ်စကား ပြောကြားလာ၏။ ယဲ့ကူဟန်မှ နာကျင်ဟန်ဖြင့် ပြုံးလိုက်ပြီး၊

“ တကယ်ဆို ... ဒါကို ဝန်ခံထားတာ ကြာပါပြီ ... ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ သူက ကျွန်တော်ရဲ့ အချစ်ဆုံး ညီလေးပဲ။ ”

“ အစ်ကိုကြီး ... အမည်ခံ နတ်အလင်းဓားက အရမ်း အစွမ်းထက်တယ်။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာသည်။

“ မဆိုးပါဘူး ... ။ ”

ယဲ့ကူဟန်မှ နတ်နဂါးအသီးကို ထပ်မံ ထုတ်ယူကာ ကိုက်ဝါးလျက်မှ ခေါင်းညိမ့်ပြ၏။

“ ဒါပဲလား ... ။ ”

လင်းယွန်က ခေါင်းကုတ်လိုက်လေသည်။ သူ့အစ်ကိုကြီးမှ ချီးကျူးလိမ့်မည်ဟု မျှော်လင့် ထားခြင်း ဖြစ်၏။

ဘေး၌ ကျောက်စိမ်းဓား သူတော်စင် ရောက်ရှိနေသည်ကို သတိရ လာပြီး ပြုံးလျက်

“ သခင်မ .... ကျွန်တော် အမည်ခံ နတ်အလင်းဓားကို ဆုပ်ကိုင်နိုင်ပြီ တကယ့်ကို အစွမ်းထက်တယ်။ ”

-ဟု မျှော်လင့်ကြီးစွာ ထပ်ပြော လိုက်မိ၏။

လင်းယွန်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်ချိန်၌ ကျောက်စိမ်းဓား သူတော်စင် ခမျာ စိတ်မကောင်း ဖြစ်သွားသည်။

“ စောစောက ... မင်းအစ်ကို သုံးခဲ့တဲ့ ပိုးစုန်းကြူး နတ်ဓားကို ငါသင်ပေးမယ်၊ ဒါကို ကြယ်တာရာ ပေါက်ကွဲခြင်းလို့ ခေါ်တယ်။ ”

လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ဓားရောင်ခြည် ရှစ်ဆယ့်တစ်စင်း ပွင့်လာသည်။ ယင်းက သူမကို ဖုံးအုပ်ထားသော ကြယ်ပန်း တစ်ပွင့်လို ပေပင်။

အသေးစိတ် အချက်အလက် များကို ခွဲခြမ်းစိပ်ဖြာကာ စိတ်ထဲတွင် ပုံဖော်နေမိသည်။ တစ်ချက်ကြည့်ရုံဖြင့် လင်းယွန် တစ်ယောက် အများစုကို နားလည်နေပြီ ဖြစ်၏။

“ မင်းက ဓားတာအိုကို ဆုပ်ကိုင် မထားနိုင်သေးတဲ့ အတွက် ... လေနဲ့ မိုးကြိုးကို ကြယ်တာရာတွေ အဖြစ် သုံးနိုင်တယ်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ အသေးစိတ် ရှင်းလင်းပြောကြားလာ၏။

“ ကျွန်တော် နားလည်ပြီ။ ”

လင်းယွန်မှ ခေါင်းညိတ်လိုက်သည်။

“ သခင်မ ... စီနီယာ အစ်ကိုကြီးက ဓားတာအိုကို ချောချောမွေ့မွေ့ ဆုပ်ကိုင်မယ်လို့ ပြောတယ်၊ ဒါကြောင့် ... အခု စမ်းကြည့်ဖို့ မလို သေးဘူးတဲ့ ... ဒါပေမယ့် ကျွန်တော်က နည်းနည်း နှေးတယ်လို့ ခံစားရတယ်။ ”

-ဟု ထုတ်ဖော် ဆွေးနွေးမိ၏။

သူက ဓားတာအို မဖွဲ့စည်းနိုင် မည်ကို စိတ်ပူနေမိသည်။ အဆုံးတွင် ၎င်းသည် လေနှင့် မိုးကြိုးထက် ပို၍ တန်ခိုးကြီး၏။ အုပ်စိုးရှင် တာအို (၃၆)ပါး အနက် တစ်ပါး ဖြစ်သည်။

“ သူ ပြောတာမှန်တယ် ... ဒါပေမယ့် မင်းနားလည်ထား သလိုတော့ မဟုတ်သေးဘူး၊ အခြားလူတွေရဲ့ ဓားတာအိုက ... မိုင်တစ်ရာ ကျယ်တဲ့ မြစ်နဲ့တူတယ်၊ ...

... မင်းကတော့ ပင်လယ်ပဲ ... လက်ရှိမှာ ဓားတာအိုကို မစဉ်းစားနဲ့ဦး၊ မြစ်က သမုဒ္ဒရာကို ယှဉ်နိုင်မယ် ထင်လား၊ နှေးကွေး နေပေမယ့် အလားအလာက အဆုံးမဲ့ပဲ။ ”

သူမ စကားကြောင့် လင်းယွန် ခမျာ အိပ်မက်မှ နိုးထလာ သကဲ့သို့ ဉာဏ်အလင်းရ သွားလေသည်။

“ ကျေးဇူးတင်ပါတယ် သခင်မ ... ။ ”

သူတော်စင် ရောင်ဝါနှင့် သွေးသား စွးမ်အင်အပေါ် ချိပ်ပိတ်သည့် သွေ့သန့်စင်ခြင်း စွမ်းအင် ဆေးပြားကို ယဲ့ကူဟန်က လင်းယွန် ထံမှ ပြန်လည် ထုတ်ယူလိုက်သည်။

ထို့ကြောင့် နဂါးတစ်ကောင် ဟောက်နေ သကဲ့သို့ ကြက်သွေးရောင် မီးတောက် များနှင့် ရွှေရောင်အလင်းများ ပွင့်ထွက်လာ၏။

“ အားရိုး ... ဒီလောက် ပြီးပြည့်စုံတဲ့ မိုးပြာနဂါး သွေးသူတော်စင် ဆေးလုံးကို ... ငါ တစ်ခါမှ မတွေ့ဖူးဘူး၊ ...

... ဒါကို ... ကောင်းကောင်း သိမ်းထား လိုက်ပါ၊ မင်းအသက်ကို တစ်ချိန် ကယ်တင် ပေးလိမ့်မယ်။ ”

ဤသည်မှာ လင်းယွန်၏ သွေးဖြင့် သန့်စင်ထားသော စွမ်းအင် ဆေးပြားအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည်။

“ ဟုတ်ကဲ့ ... ။ ”

“ သွား ... နောက်ဆုံး တစ်ယောက် ... မင်းကို စောင့်နေတယ်။ ”

လင်းယွန်၏ သွေးသား စွမ်းအင်နှင့် ဓားရည်ရွယ်ချက်က အထွတ်အထိပ် ရောက်ရှိ လာပြီး ပို၍ သန်မာလာခဲ့၏။

“ ဒီတစ်ခါ ... တံဆိပ် မလိုတော့ဘူးလား။ ”

“ မလိုဘူး ... သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မင်းကို ကြင်နာတယ်၊ ပြီးတော့ ဒီအဆင့်က အန္တရာယ်များပြီး ... သူတော်စင် ရောင်ဝါနဲ့ နတ်ကိုယ်ခန္ဓာကို တံဆိပ်ခတ် ထားရင် မင်းသေလိမ့်မယ်။ ”

“ ဒါ အမှန်ပဲ ... ။ ”

တုန်လှုပ် ခြောက်ခြားသွားသော လင်းယွန်ကို ကြည့်ကာ ကျောက်စိမ်းဓား သူတော်စင်မှ ခေါင်းညိမ့်လိုက်လေသည်။

***

All Chapters