← Chapters

မွေးရာပါ မြင့်မြတ်သော ခွန်အား။

Vol. 159 Ch. 2223

မွေးရာပါ မြင့်မြတ်သော ခွန်အား။

Vol. 159 Ch. 2223

သွေးအကျဉ်းထောင် တောင်တန်း၏ ဒုတိယ တောင်ကုန်းသို့ လင်းယွန်က လျှောက်လှမ်း လာ ခဲ့သည်။

ဒုတိယ တောင်ကုန်းသည် အလွန် အန္တရာယ်များပြီး လေထုထဲ၌ သွေးဧကရာဇ်၏ အငွေ့အသက်များ ရှိနေ၏။

ထိုရောင်ဝါက ဓားနှင့်တူသည်။ သာမန် အမည်ခံ သူတော်စင်တစ်ပါးဆိုသော် အလောင်း မကျန်ဘဲ ကြေမွသွားနိုင်၏။

ဓားရည်ရွယ်ချက် သက်သက်ကို အားကိုးနေပါက တစ်နာရီကျော် ကြာအောင် နေနိုင်မည် မဟုတ်ချေ။

“ သွေးဧကရာဇ်က တကယ့်ကို ရက်စက် ကြမ်းကြုတ်တဲ့ လူပဲ ... ။ ”

လင်းယွန် မျက်လုံးများ မှေးစင်းလျက် ရေရွတ်လိုက်သည်။ သို့သော် စိတ်ချလက်ချ ပြုံးပြီး၊

“ ဒါပေမယ့် ငါက အရင်ထက် အများကြီး ပိုသန်မာလာပါပြီ။ ”

-ဟု ဆိုကာ တာအိုပန်း နှစ်ပွင့်ကို ထုတ်ဖော်လိုက်၏။

လေနှင့် လျှပ်စီးများ ရစ်သိုင်းလျက် ပတ်ဝန်းကျင် ဖိအားနှင့် ဖြည်းညှင်းစွာ ဟန်ချက် ညှိယူ နေခဲ့သည်။

တောင်ထိပ်သို့ ရောက်ရှိချိန်၌ နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို မြင်သောအခါ ပြုံးလျက်၊

“ မင်္ဂလာပါ သခင်မ ... ။ ”

-ဟု နှုတ်ဆက် လိုက်၏။

“ မင်း တော်တော် ဒုက္ခ ရောက်ခဲ့ရတယ် မဟုတ်လား ... ။ ”

“ သခင်မကို တွေ့လိုက်ရလို့ အားလုံး အဆင်ပြေ ပါတယ်။ ”

လင်းယွန်မှ ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ မင်းရဲ့ နှုတ်ဆက် စကားတိုင်းက ချိုသာတယ် ဒါပေမယ့် ငါ မင်းကို လွယ်လွယ်နဲ့ မလွှတ်ပေးမှာ မဟုတ်ဘူး။ ”

“ ဟုတ်ကဲ့ ... လမ်းပြပေးပါဦး ... ။ ”

ကျောက်စိမ်းဓား သူတော်စင်နှင့် ယဲ့ကူဟန်တို့နှင့် ယှဉ်သော် ဤသခင်မသည် ကြင်နာတတ်သဖြင့် စိတ်မပူချေ။

“ ငါ ညွှန်ကြားထားတဲ့ အတိုင်း အဓိပတိ နဂါး လက်သီးကို လေ့ကျင့်ပြီးပြီလား။ ”

လက်သီး နည်းစနစ်သည် ပြီးပြည့်စုံ နေသောကြောင့် လင်းယွန်မှ ခေါင်းညိမ့်ပြလိုက် လေသည်။

“ ဒါဆို ပြပါဦး ... ။ ”

သူမ ခိုင်းသည့် အတိုင်း လင်းယွန်မှ လုပ်ဆောင်ပြလိုက်သည်။ အရောင် ခုနစ်ရောင် တောက်ပလာပြီး နဂါးတံဆိပ် ခုနစ်ခု ပုံပေါ်လာ၏။

တစ်ချိန်တည်းမှာပင် လင်းယွန် ထံမှ တန်ခိုးကြီးသော နဂါး အငွေ့အသက် ထွက်ပေါ် လာသည်။ သူတော်စင် သခင် ပထမအဆင့် ရောင်ဝါနှင့် ယှဉ်နိုင်ချေပြီ။

“ မဆိုးပါဘူး ... ဒါပေမယ့် မလုံလောက်သေးဘူး ... မင်းက နတ်ဘုရား ကိုယ်လုံး ကိုယ်ပေါက် ရှိတဲ့အတွက် အုပ်စိုးရှင် ရောင်ဝါမျိုး လွှမ်းမိုး နေသင့်တယ်၊ ...

... မဟုတ်ရင် ဧကရာဇ် နဂါးလက်သီးနဲ့ ကောင်းကင် တာအို လက်သီးကို မင်းဘယ်လို တိုက်ခိုက်မလဲ။ ”

“ ကျွန်တော့်ကို လမ်းပြပေးပါ။ ”

အဓိပတိ နဂါးလက်သီးနှင့် ဧကရာဇ် နဂါးလက်သီးသည် ကမ္ဘာပေါ်၌ အပြင်းထန်ဆုံး လက်သီး နည်းစနစ် နှစ်ရပ် ဖြစ်သည်။

ကောင်းကင် တာအို လက်သီးသည် ၎င်းတို့အထက်၌ ရှိသော်လည်း နဂါးမိသားစု နည်းစနစ် နှစ်ခုမှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိဟု မဆိုလိုချေ။

“ မင်းမှာ မိုးပြာနဂါး ... နတ်ခန္ဓာရှိတဲ့ အတွက် အဲဒါကို အပြည့်အဝ အသုံးပြုနိုင်ရင် ကျန်လက်သီး နည်းစနစ် နှစ်ခုကို ကျော်သွားလိမ့်မယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင် စကားကြောင့် လင်းယွန် တစ်ယောက် ငေးငိုင် သွားမိသည်။

“ အဓိပတိ နဂါးလက်သီးကို လေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ”

“ ဒါ ... ။ ”

ထိုမေးခွန်းကို တစ်ကြိမ်မျှ မတွေးမိခဲ့ သောကြောင့် အဖြေ မပေးနိုင်ချေ။ ထို့ကြောင့် အမှန်အတိုင်း ဝန်ခံလိုက်ရ၏။

“ ဝှက်ဖဲ နောက်တစ်ချပ် ရရုံပါ။ ”

“ ဒါတော့ ... အဆင်မပြေဘူး၊ မင်းမှာ ဓားမရှိတဲ့အခါ တိုက်ပွဲဝင် စွမ်းအားက ပြဿနာ ဖြစ်လိမ့်မယ်၊ ... ထားတော့ ... ရွေ့လျားမှု နည်းစနစ်ကို အရင်သွားကြမယ် ... ဒါမှသာ နတ်ခန္ဓာရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်လိမ့်မယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ခေတ္တ ဆိုင်းငံ့ပြီးနောက်၊

“ မင်းနဲ့ နယ်ပယ်တူ အထိ ... ငါ့ကျင့်ကြံမှုကို ကန့်သတ်ထားမယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

“ ဒါဆို ငါ့လက်သီးကို ခံနိုင်ရည် ရှိအောင် အစွမ်းကုန်ကြိုးစားပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ ပြုံးပြီး ခေါင်းညိမ့် ပြသည်။ သူ့သွေးနှင့် အရိုးများသည် နဂါးသွေးနှင့် နဂါး အရိုး အဖြစ်သို့ ပြောင်းလဲထားပြီး ဖြစ်သည်။ ထို့ကြောင့် အလွန်ယုံကြည်မှု ရှိ၏။

နယ်ပယ်တူ ပြိုင်ဘက် ဖြစ်သော် ဓား ရည်ရွယ်ချက် သို့မဟုတ် သူတော်စင် ရောင်ဝါ ကိုပင် အသုံးပြုရန် မလိုအပ်ချေ။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ လက်သီးမှာ လင်းယွန် ခန္ဓာကိုယ်နှင့် ယှဉ်သော အခါတွင် အလွန် သေးငယ်၏။

“ ခွပ် ... ။ ”

ရင်ဘတ်ပေါ် ထိမှန် သွားချိန်၌ အသံ တစ်ခုသာ ထွက်ပေါ်လာသည်။ ခြေတစ်လှမ်းပင် ရွေ့လျားခြင်း မရှိခဲ့ချေ။

ဤသခင်မသည် သူ့ကို ကြင်နာကြောင်း သက်သေဖြစ်၏။ ထို့ကြောင့် ပြုံးပြီး၊

“ သခင်မ ... စိတ်ပူစရာ မလိုပါဘူး၊ ခွန်အား အပြည့်သုံးပါ။ ”

“ မင်း ... သေချာလား။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ တုံ့ဆိုင်းသွား၏။

“ ဟုတ်ကဲ့ ... ။ ”

လင်းယွင်က ယုံကြည်မှု အပြည့်နှင့် တုန့်ပြန်လိုက်သည်။

“ ကောင်းပြီ ... ဒါဆို ငါ့ရဲ့ သွေးသားကို မချိုးနှိမ်တော့ဘူး။ ”

ယင်းသည် နဂါးမျိုးရိုး၏ သွေးသား ဖြစ်နိုင်သည်ဟု လင်းယွန်မှ တွေးလိုက်မိ၏။ ထို့ကြောင့် အဆင်ပြေ သင့်သည်။

ရွှေရောင် အဆင်း သဏ္ဍာန်များ ဖြာလျက် သခင်မ၏ လက်သီးတွင် ရွှေနဂါး တစ်ကောင် ရစ်သိုင်းလာ၏။

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

တစ်ခုခု မှားမှန်း သိချိန်၌ လက်သီးက သူ့အပေါ်ထိမှန်ကာ သွေးများ ပါးစပ်အပြည့် အန် လိုက်ရသည်။

နံရိုးများ ကွဲအက်ကာ မျက်နှာပြင် ဖြူဖျော့လျက် ရင်ဘတ်ပေါ် အုပ်ကိုင်ပြီး ဒူး တစ်ဖက် ထောက်ကျသွား၏။

“ ယွန်အာ ... အဆင်ပြေရဲ့လား ... ငါ့ခွန်အားကို ဘယ်လို ထိန်းရမလဲ တကယ် မသိတော့ဘူး ... အဲဒီတုန်းက သက်တံဓား ကိုလည်း ရက်အနည်းငယ် ကြာအောင် အိပ်ယာပေါ် သိပ်ခဲ့မိသေးတယ်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အလွန်စိုးရိမ်သွားပြီး မျက်ရည်များ စီးကျလု နီးနီး ဖြစ်လာ၏။

“ အဟွတ် အဟွတ် ... ကောင်းပါတယ် ... ကျွန်တော် အဆင်ပြေပါတယ်။ ”

လင်းယွန်မှ အမြန်ထရပ်ကာ ပြုံးပြ လိုက်သည်။ ယင်းကို မြင်မှာသာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ သက်ပြင်းချနိုင်၏။

“ သခင်မ ... စွမ်းအား ဘယ်လောက်သုံးခဲ့လဲ။ ”

“နှစ်ဆယ်ရာခိုင်နှုန်း ... ဒါက ဧကရာဇ် နဂါးလက်သီးရဲ့ ပထမ ပုံစံပဲ၊ အလုံးစုံ မဟုတ် သေးဘူး။ ”

လင်းယွန်မှ အံ့သြသွားသည်။

“ နှစ်ဆယ်ရာခိုင်နှုန်းလား ... ကျွန်တော့် ဆရာကို တိုက်တုန်းက အင်အား ဘယ်လောက် သုံးခဲ့လဲ။ ”

“ အပြည့် ... ။ ”

“ အိုး .. ခွန်အား အပြည့်နဲ့တောင် အိပ်ယာပေါ်မှာ ရက်နည်းနည်းပဲ နေရတာလား၊ ဒါဆို ဆရာက တကယ် သန်မာတာပဲ။ ”

လင်းယွန်မှ ကူကယ်ရာမဲ့စွာ ပြုံးမိ၏၊ အကယ်၍သာ သူဆိုက သေဆုံးနိုင်ဖွယ် ရှိသည်။

“ ငါ နည်းနည်း ထပ်လျော့လိုက်မယ်။ ”

“ မလုပ်နဲ့ ... ဆက်သွားပါ၊ ကျွန်တော် ထိန်းထားနိုင်ပါတယ်။ ”

သခင်မ သည်သာ သက်ညှာလိုက်ပါက အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ချေ။

“ ဒါဆို စလိုက်ကြရအောင် ... မင်းရဲ့ သူတော်စင်ရောင်ဝါနဲ့ ကြယ်ဓားကို သုံးပြီးတိုက် ... နတ်ခန္ဓာ မပါစေနဲ့ ... ရွေ့လျားမှု ပညာရပ် ကိုလည်း သုံးနိုင်တယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ သဘောတူ လိုက်သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လေထဲသို့ တဟုန်ထိုး ပျံတက်လိုက်၏။

“ ဟိတ် ... ။ ”

“ ဘုန်း ... ။ ”

“ အ ... ။ ”

နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို ထုတ်ဖော် လိုက်သော်လည်း လက်သီးချက်မှာ လင်းယွန်ပခုံးပေါ် ထိမှန် သွားသေးသည်။

“ နှေးလွန်းတယ်။ ”

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ဤတစ်ကြိမ်တွင် သူတော်စင် ရောင်ဝါနှင့် ဓားကို အသုံးပြုထားသောကြောင့် ဒဏ်ရာ မရရှိ ခဲ့ပေ။ သို့တိုင် အဝေးသို့ လွင့်စဉ်နေသေး၏။

ရွှေရောင် ဥက္ကာခဲကဲ့သို့ သခင်မ၏ လက်သီးက ဖြတ်ပျံလာပြန်၏။ သူမသည် အလွန် လျင်မြန်လွန်း သောကြောင့် သာမန် မျက်စိဖြင့် မမြင်ရတော့ချေ။

ထို့ကြောင့် ဗီဇ အသိစိတ်ဖြင့်သာ ရှောင်တိမ်းနိုင် ခဲ့သည်။ သို့သော် အချည်းနှီး ပေပင်။ ချက်ချင်း ချွေးများ ဖုံးလွှမ်း လာ၏။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်၏ လက်သီးချက်တိုင်းသည် ရွှေနဂါး တစ်ကောင် နှင့် တူလာသည်။

နဂါး ဟောက်သံ တစ်ခုတည်းကပင် လင်းယွန်ကို ကြီးမားသော ဖိအားများ ပေးစွမ်း နေ၏။

အမည်ခံ နတ်အလင်းဓားကို ဆုပ်ကိုင်နိုင်ခဲ့သော ကြောင့်သာ ကံကောင်းခြင်း ဖြစ်ပေသည်။

သူမ လှုပ်ရှားလိုက်သည့် အချိန်တိုင်း မမြင်ရသော လေးကြိုးကို ဆွဲလိုက် သကဲ့သို့ ခံစားရ စေ၏။ အဟုန်သည် ပေါက်ကွဲနိုင်သော စွမ်းအားကို ထုတ်လွှတ်သည်။

လင်းယွန်မှာ အံ့အားသင့် လာ၏။ အမြန်နှုန်းသည် တူညီသော ပြိုင်ဘက်အပေါ် ကြီးကြီးမားမား ကွာခြားချက် မရှိသင့်ချေ။

အဆုံးတွင် နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်သည် ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီ ဖြစ်၏။

“ အမြန်နှုန်းက သတ်မှတ်ထားတဲ့ အမြင့် ရောက်တဲ့အခါ ... အာကာသရဲ့ ကန့်သတ်ချက် တွေကို ရင်ဆိုင်လာရ လိမ့်မယ်၊ ...

... ဒါကြောင့် အာကာသရဲ့ တည်ရှိမှုကို ခံစားကြည့်ဖို့ ... အာကာသ တာအိုကို သင်ယူပါ၊ ဒါကို နားမလည်နိုင်ရင် ... မင်းရဲ့ ရွေ့လျားမှုက အကန့်အသတ် ရှိလိမ့်မယ်၊ ...

... သူတော်စင်ကို တိုက်ချင်ရင် အဲဒါကို ပြီးအောင် အရင်လုပ် ... လာ ငါ့ကို တိုက်ခိုက် နေနတ်ဘုရား ဖမ်းဆီးခြင်းကို သုံးပြမယ်။ ”

လင်းယွန်က ခေါင်းညိမ့်ပြီး ရိပ်ခနဲ လှမ်းတက်၏။ မည်မျှပင် ကြိုးစားစေကာမူ သခင်မကို မမီချေ။

လိုက်မီပြီဟု ထင်ချိန်၌ သူမက အဝေး ရောက်ရှိသွား ပြန်သည်။ ထို့ကြောင့် လင်းယွန် ပတ်ဝန်းကျင်၌ ရွှေရောင် အရိပ်များ ပြည့်နှက် လာ၏။

“ သူက သုံးနှစ်သမီး အရွယ် တည်းက လက်ဗလာနဲ့ နတ်ဆိုး သားရဲ တစ်ကောင်ကို သတ်ပစ်နိုင်တယ် ...

... မွေးရာပါ မြင့်မြတ်သော ခန္ဓာကိုယ်ပဲ၊ သက်တံဓားတောင် သူ့ကို အနိုင်မယူ နိုင်ခဲ့ဘူး ... အခု ပွဲစနေပြီ။ ”

လင်းယွန်တို့ ပြေးလွှား နေခြင်းကို ကျောက်စိမ်းဓား သူတော်စင်က အဝေးမှ ကြည့်ကာ ပြောကြားလိုက်သည်။

“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။ ”

သူမစကားကြောင့် နတ်နဂါး သစ်သီးကို ကိုက်ဝါးနေသော ယဲ့ကူဟန်မှ ပြုံးလိုက်သည်။

“ ညီလေး ... တကယ်တော့ မင်းကို ကြင်နာတဲ့ လူက ငါတို့ထဲမှာ အရက်စက်ဆုံး ဆိုတာ မင်းသိရဲ့လား။ ”

***

All Chapters