← Chapters

ခရီးစဉ် ... ။

Vol. 159 Ch. 2225

ခရီးစဉ် ... ။

Vol. 159 Ch. 2225

“ ဆရာ ... ငါဧကရာဇ် ဖြစ်တာကို မြင်ခွင့်မရတော့တဲ့ အတွက် ... စိတ်မကောင်း ဖြစ်တယ်လို့ ဆိုလိုချင်တာလား။ ”

လင်းယွန်မှ သူ့ဆရာ စကားကို ခန့်မှန်းလိုက်၏။ မူလနဂါး မဟာ သူတော်စင်မှ

ပြန်မဖြေဘဲ လင်းယွန် ပခုံးကိုအားပြုကာ မတ်တပ်ထရပ်လိုက်သည်။

သည့်နောက် စကားပြောတော့မ်ည့ အချိန်တွင် လင်းယွွန်က ခေါင်းမော့ကြည့်ပြီး၊

“ ကျွန်တော် ဧကရာဇ် ဖြစ်မလား မဖြစ်လားဆိုတာကို ... ဆရာ မြင်ခွင့် ရှိ-မရှိ မသိနိုင်ပေမယ့်၊ ဆရာဧကရာဇ် ဖြစ်တာကို ကျွန်တော် ကြည့်မယ် ... ယုံပါ။ ”

လင်းယွန်၏ အသံမှာ ရိုးသားလေသည်။

“ မင်း ... ။ ”

မူလနဂါး မဟာသူတော်စင်မှ မျက်ရည်များ ဝဲကာ ပြန်ကြည့်၏။ မဟာ သူတော်စင် တစ်ပါး ဖြစ်သော်လည်း မျက်ရည်ကျချင် နေသည်။

ထိုသတ်တံဓားသည် တပည့်ကောင်း တစ်ဦးကို ခေါ်ယူ နိုင်ခဲ့ပုံရ၏။ လေ့ကျင့်ရေးမှာ နှစ်ရက်အကြာတွင် တရားဝင် ပြီးဆုံးသွားသည်။

လင်းယွန်က မဟာ သူတော်စင် များကို နှုတ်ဆက်ကာ မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်လာခဲ့၏။

“ နောက်ဆုံးတော့ ပြန်လာပြီ ... ။ ”

လင်းယွန်ကို မြင်သောအခါ ခရမ်းငယ်မှ ပြုံးပြီးနှုတ်ဆက်လာသည်။

“ နင် ဘယ်သွားနေတာလဲ ... ဟမ့် ဘာလို့ ပိုပြီး သန်မာလာရတာလဲ။ ”

လင်းယွန်သည် မြင့်မြတ်သော မီးလျှံ အဆင့်တွင် ရှိနေသော်လည်း ရောင်ဝါများမှာ ထို့ထက် ပို၍ ပြင်းထန်နေ၏။

သူမ ကိုပင် ခြိမ်းခြောက်နိုင်ချေပြီ။ လင်းယွန်မှ သူ ဖြတ်သန်း ခဲ့ရသည့် လေ့ကျင့်မှု ပုံစံကို ပြန်ပြော ပြမိသည်။

ခရမ်းငယ်မှ ထိုစကားကို ကြားသော အခါတွင် ဤမျှ သန်မာလာသည်မှာ အံ့သြစရာ မဟုတ်ကြောင်း မှတ်ချက်ပေးလိုက်၏။

“ ဒါနဲ့ ... နဂါးလေးရော ... ။ ”

လင်းယွန်မှ စိတ်ဝင်တစား မေးသည်။

“ ဟီးဟီး ... အဲဒီကောင်လေးက ဓားသေတ္တာထဲမှာ ... ကံကောင်းရင် နင့်ထက် အရင်တောင် သူတော်စင် ဖြစ်နိုင်တယ်။ ”

ခရမ်းငယ်က ပြန်ဖြေ၏။ လင်းယွန် တစ်ယောက် မနာလို ဖြစ်သွားသည်။ အဆုံးတွင် နဂါးလေးသည် အရင်းအမြစ်များ ရှိသရွေ့ အောင်မြင်မှုများ ပြုလုပ်နိုင်ပုံရသည်။

“ ပိုင်ရှုရင်ရော အဆင်ပြေသွားပြီလား။ ”

“ ပြေပါတယ် ... ငါသူ့ကို နတ်ဖီးနစ် မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာကို သင်ပေးထားပြီ၊ ဒါက သူရဲ့ ရုပ်ခန္ဓာ ချို့ယွင်းချက်ကို ဖြည့်စွက် နိုင်တယ်၊ ကျန်တာကတော့ ... သူ့ အခွင့်အရေးပေါ် မူတည်လိမ့်မယ်။ ”

“ ဘယ်လို ... အခွင့်အရေးမျိုးလဲ။ ”

“ စစ်မှန်သော နေမီးလျှံ ကြိုးမျှင် ... ဒါပေမယ့် အဲဒါက ရှေးဦးခေတ်တုန်း ကတောင် ရှားပါးတဲ့ ရတနာပဲ ရှာတွေ့နိုင်မလား ဆိုတာ ပြောဖို့ ခက်ပါတယ်။ ”

မည်သို့ပင် ဆိုစေကာမူ ပိုင်ရှုရင် အဆင်ပြေနေပြီ ဖြစ်သောကြောင့် သက်သာရာ ရသွားသည်။

“ လင်းယွန် ... ငါတို့ ဘယ်အချိန်မှာ ... အဲဒီမိစ္ဆာမ နောက်ကို လိုက်ပြီး လနတ်ရူရ်ကို ပြန်ယူကြမလဲ။ ”

နေ-နတ်ရူရ်ကို လက်ဝယ် ရရှိထားပြီ ဖြစ်သဖြင့် လ-နတ်ရူရ် အတွက် စိတ်စောနေ မိသည်။

“ မင်း ဆန္ဒ မရှိရင်တောင် ... ငါသူ့ကို လိုက်ရှာမှာပါ။ ”

လင်းယွန်မှ အေးစက်သော အသွင်ဖြင့် ပြောလိုက်၏။ သူနှင့် ဝမ်မူယန်ကြား၌ ရန်ငြိုး အနည်းငယ် ရှိနေပြီ ဖြစ်သည်။

အတိတ်က မိတ်ဆွေများ ဖြစ်ခဲ့ကြ သော်လည်း (၉)ရက်နေ့ပြီးနောက် ပြောင်းလဲ ကုန်ပြီ ဖြစ်၏။

အထူးသဖြင့် ကောင်းကင် စက်ဝန်း ဘုံကျောင်းကြောင့် လူများစွာ သေဆုံးသွား ရသည်။ ၎င်းသည် ကောင်းကင် တာအို ဂိုဏ်း၏ အဆင့်အတန်းကို ထိုးနှက်ကာ မြင့်မြတ်မြေ အဖြစ်မှ ယုတ်လျော့သွားစေ၏။

“ အဲဒီ မိစ္ဆာမလေးက ... နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ဖြစ်နိုင်တယ်။ ”

ခရမ်းငယ်မှ စိတ်လှုပ်ရှားစွာ ပြောကြား လာသည်။ ထို့နောက် မျက်လုံးများ တောက်ပ လာပြီး၊

“ နင် မရှိတုန်း ... နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ... နတ်ဘုရား အလောင်းပေါ် နေပြီလို့ ငါကြားထားတယ်၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစုနဲ့ သွေးလဂိုဏ်းက ... ခြောက်ပါးသော မြို့တော်ကို ဖျက်ဆီးဖို့ ပူးပေါင်းခဲ့တယ်၊ ...

... ဒါပေမယ် သူတို့ မအောင်မြင်ခဲ့ဘူး၊ ဒါကြောင့် နတ်ဘုရား သင်္ချိုင်း တောင်တန်းက အရမ်း စည်ကားနေပြီ။ ”

“ မင်း အဲဒါကို အရမ်းစိတ်ဝင်စား နေပုံပဲ။ ”

“ ဟမ့်... ဒါက လနတ်ရူရ်နဲ့ သက်ဆိုင် နေတယ်လေ ဒါကြောင့် သဘာဝ အတိုင်း ... ငါ စိတ်ဝင်စား ရမယ်၊ လနတ်ရူရ် မရမချင်း ... ငါ အိပ်ပျော်မှာ မဟုတ်ဘူး။ ”

သူမ ခွန်အားကို ပြန်လည် ရလိုသော် အုပ်စိုးရှင် နတ်ရူရ်များ လိုချေပြီ။ လင်းယွန် သည်လည်း ထိုနည်းလည်းကောင်း ပေပင်။ ဤသည်မှာ သူတို့ နှစ်ဦး၏ ဘုံတူညီချက် ဖြစ်၏။

“ သွားရအောင် အခု နင့်ရဲ့ ခွန်အားတွေ အများကြီး တိုးတတ်လာပြီ ... ငါ့အကူအညီနဲ့ ပန်းသင်္ချိုင်း အမည်ကို ပြန်ပြီး အသက် သွင်းရမယ်။ ”

ခရမ်းငယ်သည် အသိပညာနှင့် ဝိညာဉ်ရေးရာ ကျွမ်းကျင်မှု မျှသာ ရှိသည်။ ခွန်အား မရှိချေ။

ထို့ကြောင့် လင်းယွန်မှ သူမ စကားများအတိုင်း အလျင် မလိုဘဲ ရေနွေးကြမ်း ကောက်သောက်လိုက်ပြီး၊

“ တကယ်လို့ နတ်ဘုရား အလောင်း ရှိနေတယ်ဆိုရင် ... နတ်ဘုရား အသွေးတော် တွေလည်း အဲဒီနေရာမှာ ရှိနိုင်မယ်။ ”

-ဟု တွေးဆဆဖြင့် ရေရွတ်လိုက်သည်။

“ နတ်ဘုရား အသွေးတော် သစ်သီး အတွက်လား ... ဒါက ဘာမှ မဟုတ်သေးပါဘူး၊ နတ်ဘုရား အလောင်းရှိရင် နတ်မီးလျှံ ရှိတယ်၊ ဒါကမှ ရတနာ ... ။ ”

လင်းယွန်က ခွက်ကို ပြန်ချလိုက်၏။

“ အခု ... ကန့်သတ်ချက်တွေ ဖြေလျှော့ ကုန်ပြီ၊ သူတော်စင်တောင် ... ဝင်လို့ ရနေတယ်၊ လူများစွာက တောင်ခြေမှာ စုဝေးနေကြပြီ ... ။ ”

ခရမ်းငယ်မှ စိတ်မရှည်တော့ချေ။ ခံစားချက်အပြည့်ဖြင့် ပြောကြား လာခဲ့သည်။

“ ဒါပေမယ့် ... နတ်မီးတောက် ကိုသာ ရရှိရင် ... ငါတို့နောက်ကို သူတော်စင်တွေက သေချာပေါက် လိုက်လာမှာ ... နတ်မီးတောက် အစား လ-နတ်ရူရ်ကိုပဲ ပြန်ယူရအောင်၊ ...

... နတ်ဘုရား အသွေးတော် ကလည်း အသက်ရှည်ဆေးပဲ ဒါကြောင့် သူတော်စင်တိုင်း လိုက်ကြလိမ့်မယ် ... နင် လုံးဝ စိတ်မကူးနဲ့ ... ၊ လနတ်ရူရ် နောက်ကိုပဲ လိုက်။ ”

ငြိမ်သက်နေသာ လင်းယွန်ကို ကြည့်ကာ ခရမ်းငယ်က တင်းတင်းကြပ်ကြပ် သတိပေး နေခဲ့သည်။

“ ခရမ်းငယ် ... မင်းက နုံအ လွန်းတယ် ဝမ်မူယန်ဆိုတာ သွေလဂိုဏ်းရဲ့ နတ်သမီးတော် မဟုတ်လား ... သူ့အနားမှာ ကာကွယ်သူတွေ မရှိဘဲ နေမလား။ ”

“ အယ် ... ဟုတ်သားပဲ။ ”

ခရမ်းငယ်မှ ခေါင်းကုတ်လိုက်ပြီး၊

“ ဒီမိစ္ဆာမိကို ကိုင်တွယ်ဖို့ တကယ် ခက်တာပဲ ... သူ့မှာ အုပ်ထိန်းသူ မရှိရင်တောင် အဲဒီဘုံကျောင်းက ဒုက္ခ ... ။ ”

-ဟု ညည်းတွား လိုက်၏။

“ ဒါကိုတော့ ကြောက်စရာ မလိုပါဘူး။ ”

လင်းယွန်မှ ဝင်ပြောသည်။ အစောပိုင်း အချိန်များတွင် သူ့ကျင့်ကြံမှု မလုံလောက်ခဲ့ရာ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံကို အသုံးပြုနိုင်ခြင်း မရှိခဲ့ချေ။

ယခုမူ မိုးပြာနဂါး နတ်ခန္ဓာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အသုံးပြုနိုင်ပြီ ဖြစ်၏။

(၉)ရက်နေ့ တိုက်ပွဲတွင် မိုးပြာနဂါး နေလထီးမှာ ပျက်စီးသွားသည်။ ကံကောင်းစေ သည်မှာ ဤလှံသည် ထီးထက် ပိုအားကောင်း နေခဲ့၏။ လျှို့ဝှက် ဆန်းကြယ်ပေသည်။

“ အဲဒါဆို သွားကြရအောင် ... ။ ”

“ ခဏ နေပါဦး ... ငါ့မှာ တောင်ထိပ် သခင်နဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ်။ ”

နတ်ဘုရား သင်္ချိုင်း တောင်တန်း၏ လက်ရှိအခြေအနေများ အပေါ် တိတိပပ သိရန် လိုအပ်နေသေးသည်။

တောင်ထိပ် သခင်သည် သူတော်စင် သခင်ဖြစ်နေပြီ ဖြစ်သောကြောင့် မရဏ မိုးကြိုး သူတော်စင်သခင်ဟု ခေါ်ဆိုသင့်ချေပြီ။

ထို့ကြောင့် ၎င်းထံမှ အကူအညီနှင့် အချက်အလက်များသည် ခရမ်းငယ်ထက် ပိုမို အသုံးဝင် ခိုင်လုံပေမည်။

မရဏ မိုးကြိုး တောင်ထိပ် သခင်က အရှေ့ဘက် ပျက်စီးမြေ၏ လက်ရှိ အခြေအနေ အပေါ် ဝေမျှပေးလာ၏။

“ ဒီလိုပွဲမျိုး အတွက် ... ပုံမှန်အားဖြင့် ကောင်းကင် တာအိုဂိုဏ်းက နွှဲတတ်ပါတယ် အခုတော့ ဂိုဏ်းက ရှုပ်ပွနေပြီ ... ဒါကြောင့် လက်သီး တစ်ထောင် မဟာ သူတော်စင်က၊ ...

... မပါဝင်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ငါ မင်းကို အများကြီး အကူအညီ မပေးနိုင်မှာကို ကြောက်မိတယ်။ ”

လက်အောက်ခံ တပ်များ စွန့်ခွာကုန် ပြီးနောက် ကောင်းကင် တာအို ဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာ၏။

မင်ဂိုဏ်း၊ ကောင်းကင် မီးလျှံဂိုဏ်းနှင့် အနန္တာ မိုးကြိုးဂိုဏ်း သည်လည်း ကောင်းကင် တာအို ဂိုဏ်း၏ နယ်မြေများကို စတင် ကျူးကျော်နေပြီ ဖြစ်သည်။

ကောင်းကင် တာအိုဂိုဏ်းအပေါ် သစ္စာစောင့်သိမှုကို ပြသသူတိုင်း ဖျက်ဆီးခြင်း ခံခဲ့ရ၏။

အကြီးမားဆုံး ပြဿနာမှာ ဂိုဏ်းအတွင်း သွေးလဂိုဏ်း၏ သူလျှိုများ ထပ်မံ ရှိ-မရှိ မသိ ရခြင်း ပေပင်။

“ တောင်ထိပ်သခင် ... စိတ်မပူပါနဲ့ ... ကျွန်တော်က မဆင်မခြင် လုပ်တတ်တဲ့ လူ မဟုတ်ပါဘူး။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်၏။ သို့မှသာ တောင်ထိပ်သခင်က သူသိသမျှကို ဝေမျှပေးလာ လေသည်။

နတ်ဘုရား သင်္ချိုင်း တောင်တန်းတွင် တားမြစ် နယ်မြေများစွာ ရှိခဲ့ပြီး သူတော်စင်များ အတွက်ပင် ပိတ်ပင်ထား၏။

ယခုမူကား တံဆိပ် ပြေလျော့လာပြီ ဖြစ်သောကြောင့် သူတော်စင်များမှာ သဘာဝ အတိုင်း ဝင်ရောက်နိုင်မည်။

နတ်ဘုရား အလောင်းနှင့် ပတ်သက်သော အချက်အလက် ကိုမူ မည်သူမျှ အတည် မပြုနိုင် သေးချေ။

“ သူတော်စင် ဘုရင်တွေတော့ ဝင်ခွင့် မရှိသေးဘူး၊ သူတောင်စင် သခင်တောင် ပထမ အဆင့်ပဲ ဝင်ခွင့်ရနိုင်သေးတယ်၊ အခြေအနေ အတိအကျတော့ ငါလည်း မသိသေးဘူး။ ”

တောင်ထိပ် သခင်မှ သူ့ထင်ကြေးကို ပြောပြလာ၏။ လင်းယွန်က စိတ်သက်သက်ရာ ရသွားသည်။

သူတော်စင် ဘုရင်များ ဝင်ခွင့်ရသော် အန္တရာယ်များပေမည်။ ဗုဒ္ဓဧကရာဇ် ရွှေကြာပန်း လှံ နှင့်ပင် သူ့ဘေးကင်းရေး အပေါ် အာမခံ နိုင်မည် မဟုတ်ချေ။

“ တောင်ထိပ်သခင် ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကို သွားလည်ဖို့ ဆန္ဒ မရှိဘူးလား၊ အခု သူတော်စင် သခင် ဖြစ်နေပြီ ဆိုတော့ ... အခွင့်အရေး ရနိုင်မယ်။ ”

“ ငါက သူတော်စင်သခင် ဖြစ်နေပြီ ဆိုပေမယ့် ... ကြောက်စရာ ကောင်းတဲ့ ရန်သူနဲ့ တွေ့ရင် သေရလိမ့်မယ်။ ”

တောင်ထိပ် သခင်တွင် သွားလိုသော ရည်ရွယ်ချက် မရှိသဖြင့် လင်းယွန်မှ ဆက်ပြီး မပြောတော့ချေ။

တောင်ထိပ်သခင် ထံမှ ပြန်လာသော အခါတွင် သူ၏ ဝှက်ဖဲများကို ပြင်ဆင်မှုအချို့ ပြုလုပ်နေမိသည်။

နေလထီးကို ပြုပြင် နိုင်မည်ဟု မျှော်လင့်မိကာ မုရွယ်လင်ထံ သွားရောက် အပ်နှံ လိုက်၏။

ဤရတနာ အတွက် လေးနက်သော ခံစားချက်များ ရှိခဲ့ပြီး စွန့်ပစ်လိုက်ရန် ဆန္ဒ မရှိချေ။

သို့သော် အံ့သြစရာ ကောင်းသည်မှာ ယဲ့ကူဟန်၊ သခင်မ နှစ်ပါးနှင့် ဆရာသခင်သည် ဤခရီးကို တားဆီးခြင်း မရှိခြင်း ဖြစ်၏။

“ ညီလေး ... မင်း သွားသင့်ပါတယ် မင်းမသွားချင်ရင်တောင် ငါတို့ မင်းကို လိုက်ပို့ ပေးဦးမှာ ... တတ်နိုင်ရင် ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ပြန်ယူခဲ့ ... မတတ်နိုင်လည်း အရေးမကြီးဘူး ...နတ်ဘုရား အသွေးတော် အတွက်ကတော့ ... ။ ”

ယဲ့ကူဟန်မှ စကား ဆက်မပြောဘဲ လင်းယွန်အနား တိုးကပ်လာကာ လက်ဖဝါးနှင့် ပါးစပ်ကို ကွယ်လျက်၊

“ ဘာပဲဖြစ်ဖြစ် ... ဒီသစ်သီးကို ရအောင် ယူရမယ်၊ မူလနဂါး မဟာ သူတော်စင်က သေဖို့ ပြင်ဆင်နေပြီ။ ”

-ဟု သတင်းပေး လာ၏။

လင်းယွန်မှ အံ့အားသင့်သွား၏။ မူလနဂါး မဟာသူတော်စင်မှ သူ့အပေါ် ဤမျှ ကြမ်းကြမ်း တမ်းတမ်း လေ့ကျင့်ပေးသည့် အပေါ် အံ့သြခြင်း မရှိတော့ချေ။ ဆရာသည် သူ့ကို နှုတ်ဆက်ရန် စီစဉ်နေခဲ့၏။

“ အဲဒါကို စိတ်မပူပါနဲ့ ... ။ ”

လင်းယွန်က မျက်ခုံးပင့်ကာ ယုံကြည်မှု အပြည့်နှင့် ပြောကြား လိုက်သည်။ ယဲ့ကူဟန်မှ ကျေနပ်သွားပြီး၊

“ မင်း ... ဒီအကြောင်းကို သိထားတာ ကောင်းပါတယ် ... ကောင်းကင် တာအိုဂိုဏ်းမှာ အချိန်ပြည့် ပုန်းအောင်း နေလို့ မရဘူး၊ ...

... ဒါကြောင့် အပြင် လောကကို ထွက်ကြည့်ပါ ... မင်းက သက်တံဓားရဲ့ တပည့် ပန်းသင်္ချိုင်းဆိုတာ မမေ့စေနဲ့။ ”

***

All Chapters