အချိန်တွေ ပြောင်းလဲကုန်ပြီ။
Vol. 159 Ch. 2226
ဓားသေတ္တာ အတွင်း (၃)ရက်ကြာ ပြင်ဆင်ပြီးနောက် သွားရန် အချိန်ကျလာပြီ ဖြစ်သည်။
“ နဂါးလေး ဘယ်တော့ ... အောင်မြင်မှု ရနိုင်လဲ။ ”
လင်းယွန်က ဖီးနစ်သစ်ပင်အောက်ရှိ အနက်ရောင် မြူများ ဖုံးအုပ်ထားသည့် ကြောင် တစ်ကောင်ကို လှမ်းကြည့်လိုက်၏။
ဤကြောင်နက်သည် ရှေးခေတ် နဂါး မျောက်ဝံ အသွေးအသားကို ပိုင်ဆိုင်ထားသဖြင့် စွမ်းအားသည် ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ သွားနိုင်မည်။
သူတော်စင် သားရဲ ဖြစ်လာပါက အကြီးမားဆုံး အားကိုးဖွယ် အဖော်ကောင်း ဖြစ်ချေ၏။
“ ဆယ်ရက်ကနေ တစ်လ ... အယ် မသေချာဘူး၊ ငါလည်း မပြောတတ်တော့ဘူး။ ”
“ အခု မင်းရဲ့လက်ရှိ အင်အားကရော နတ်နဂါး သူတော်စင် သွေးရည်ကြည်ကို မင်း အများဆုံး သောက်ခဲ့တာ မဟုတ်လား။ ”
ခရမ်းငယ်က နှုတ်ခမ်းဆူလျက်၊
“ ငါ့ ကျင့်ကြံမှု အကြောင်း မမေးနဲ့ ... သူတော်စင်ဘုရင် နယ်ပယ် အောက်မှာ ... ငါက ပြိုင်ဘက်ကင်းပဲ။ ”
-ဟု ပြန်ဖြေ၏။
ဤအဖြေသည် လင်းယွန်ကို မျက်လုံးပြူး သွားစေသည်။ သူမလက်သို့ အုပ်စိုးရှင် နတ်ရူရ် ရောက်ရှိနေသည်မှာ နှစ်နှစ်ခွဲ မျှသာ ရှိသေး၏။
ဝိညာဉ်ရေးရာ ရူရ်နှင့် ဂီတတာအို အောင်မြင်မှုကိုပါ ထည့်တွက်သော် သူမသည် အထင်သေး၍ မရချေ။
သို့သော် ဤပွဲသည် နဂါးလေးကဲ့သို့ ကြမ်းကြုတ်သော ခွန်အား ရှိသူ အပေါ်သာ ပို၍ အားကိုးအားထား ပြုနိုင်၏။
“ ကောင်းပြီ ... ငါ ဒီမှာ ကျင့်ကြံဦးမယ် ... ဓားသေတ္တာကို မင်းနဲ့အတူ ယူသွား၊ ရောက်ရင် ငါ့ကို ပြောပါ။ ”
လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုတွင် ငွေရောင်ခေါင်းတလား တစ်လုံး ရှိသည်။ ၎င်းကို နဂါးပြာ မှတ်တမ်း လျှို့ဝှက်နယ်မြေမှ ရရှိခဲ့ခြင်း ဖြစ်၏။
ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု အတွက် ရတနာတစ်ပါး ဖြစ်သည်။ ၎င်းအတွင်း အိပ်စက် နေခြင်းဖြင့် သက်တမ်းတိုးကာ ကျင့်ကြံမှု မြင့်မားစေ၏။
၎င်းကို ခရမ်းငယ်မှ ပြန်လည် ပြုပြင် ပေးထားသဖြင့် သူ့အတွက် အကောင်းဆုံး အရင်းမြစ် ဖြစ်လာသည်။
“ ကျွီ ... ။ ”
ခေါင်းတလားကို ဖွင့်ကြည့်လိုက်ရာ ကြည်လင် တောက်ပနေသော အရည်များတွင် ရွှေရောင် အဆင်းများ ပြေးနေသည်ကို မြင်လိုက်ရ၏။
ဤသည်မှာ စစ်မှန်သော နဂါး သွေးရည်ကြည် ဖြစ်သည်။ ၎င်းသည် နဝမတန်း အဆင့်ဖြစ်ရာ အညစ်အကြေး ကင်း၏။
“ ဝင်ပြီး ကျင့်ကြံ ကြည့်လိုက် ... ။ ”
ခရမ်းငယ်မှ ပြုံးပြီး ပြောသည်။ ခတ္တမျှ တုန့်ဆိုင်းနေပြီးနောက် လင်းယွန်က နတ်နဂါး သူတော်စင် သွေးရည်ကြည် ပုလင်းကို ထုတ်ပြီး အစက် အနည်းငယ် ချလိုက်၏။
“ ပလောက် ... ပလောက် ... ။ ”
သူသည် နဂါးလေးကဲ့သို့ နတ်ဆိုးသားရဲ မဟုတ်ချေ။ သည့်ပြင် နတ်နဂါး သူတော်စင် သွေးရည်ကြည်သည် အလွန် အဖိုးတန်၏။
သန့်စင်ရ ခက်ခဲချေပြီ။ ထို့ကြောင့် အများကြီး ဖြုန်းတီးမှု မဖြစ်ပွားမိစေရန် ဆင်ခြင်ရ ပေမည်။
“ ဘယ်လို လူယုတ်မာလဲ။ ”
“ ပလောက် ... ပလောက် ... ။ ”
ခရမ်းငယ်မှ ပုလင်းကို လုယူပြီး ငွေခေါင်းတလားထဲ လောင်းထည့် လိုက်သည်။ လင်းယွန်မှ အမြန် ပြန်ဆွဲလု လိုက်သော်လည်း ကီလိုဂရမ် ငါးဆယ်ကျော်ကို ပါရှိသွား၏။
ပုလင်းအတွင်း ကီလိုဂရမ် ငါးရာသာ ကျန်ရှိတော့ပြီး ဤအရာသည် အလွန်ရှားပါး သဖြင့် လင်းယွန်ကို နာကျင်စေသည်။
လင်းယွန်မှ ခေါင်းတလား အတွင်း အိပ်လိုက်သောအခါ ခရမ်းငယ်က ဓားသေတ္တာ လွယ်လျက် ကောင်းကင် တာအိုဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
လင်းယွန်သည် လူတိုင်း အတွက် ထင်သာသော ပစ်မှတ်ဖြစ်သည်။ ခရမ်းငယ် အသွင် သည်သာ အလုံခြုံဆုံး ဖြစ်၏။
လင်းယွန် မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင် ခရမ်းငယ် မျက်နှာကို မြင်လိုက်ရ လေသည်။
“ ဘယ်လိုလဲ ... အိပ်ရတာ ကောင်းလား။ ”
လှောင်ပြောင်သော မေးခွန်းကြောင့် လင်းယွန်က ပြန်မဖြေဘဲ ငွေခေါင်းတလား အတွင်းမှ လှမ်းထွက်လာခဲ့၏။
အတွေးတစ်ချက် တည်းဖြင့် နတ်ခန္ဓာကို ထုတ်ဖော်မိသည်။ ဖြတ်သန်း စီးဆင်းနေသည့် မိုးပြာနဂါး စွမ်းအင်ကို ခံစားနိုင်၏။ သွေးသား စွမ်းအင်မှာ နဂါးကဲ့သို့ ဆူပွက်နေသည်။
အပ်စိုက်မှတ် ခုနစ်ဆယ် ရာခိုင်နှုန်းထက် မနည်း အသွင်ပြောင်းသွားပြီး နှလုံးကာ အရိုးနု များတွင် နတ်ရူရ်များ ထွက်ပေါ်နေ၏။
ယင်းသည် နဂါးနတ်ရူရ်နှင့် ဆင်တူသဖြင့် အံ့သြသွားလေသည်။ သို့သော် ကောက်ကြောင်း မျှသာ ဖြစ်၏။
“ မကြာခင် နတ်ရူရ် အဆင့် ရောက်လာ လိမ့်မယ် အဲဒီအချိန်မှာ မိုးပြာနဂါး နတ်ခန္ဓာက မယုံနိုင်ဖွယ် ကောင်းလာလိမ့်မယ်။ ”
ခရမ်းငယ်မှ ပြုံးပြီး ရှင်းပြ၏။
“ ငါ အိပ်ပျော်နေတာ ဘယ်လောက် ကြာပြီလဲ။ ”
“ ခုနစ်ရက်။ ”
လက်ရှိ ခွန်အားအရ ပထမအဆင့် သူတော်စင်သခင် များကို ရင်ဆိုင်နိုင်ပေ၏။ မည်သည့် ရတနာကိုမှ မသုံးဘဲ ဒုတိယအဆင့် သူတော်စင် သခင်အပေါ် ရင်ဆိုင်ရန် အနည်းငယ် လိုပေဦးမည်။
“ သွားကြည့်ရအောင်။”
လင်းယွန်က ဓားသေတ္တာထဲမှ ထွက်လာခဲ့သည်။ ရောက်ရှိနေသည့် အရပ်သည် ချေောက်ကမ်းပါး အစွန်း တစ်နေရာ ဖြစ်၏။
တောင်တန်းမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ နှင့်အတူ ကျွမ်းကျင်သူ များစွာကို ခံစားမိသည်။
“ အားလုံး ပြောင်းလဲ သွားပြီ။ ”
အစီရင်အတွင်း အက်ကွဲကြောင်းကြီး ဖြစ်ပေါ်နေသည်ကို ခံစားနိုင်၏။ အစီရင် ပြင်ပရှိ သစ်တောများ ကြေမွလျက် ကြက်သွေးရောင် မြူမှုန်များ ပြည့်နှက်နေသည်။
“ ဒီမှာ ဘာဖြစ်သွားတာလဲ … ။ ”
လင်းယွန်က နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ထိတ်လန့်စွာ စိုက်ကြည့်ပြီး မေးမြန်း မိသည်။
“ မသိဘူး ... ဒါပေမယ့် နတ်ဘုရားရဲ့ အရိပ်အာဝါသကို ငါခံစားမိတယ် ... အားနည်း ပေမယ့် တကယ် ရှိနေတယ်။ ”
ခရမ်းငယ်မှ ပြန်ဖြေ၏။ လင်းယွန်က အကြောင်းမပြန်ဘဲ အမည်ခံ နတ်အလင်းဓားကို အသက်သွင်းရန် မျက်လုံးမှိတ်လိုက်သည်။
မမြင်နိုင်သော ဓားရည်ရွယ်ချက်က မိုင်ထောင်ချီ ဖုံးလွှမ်းသွား၏။ လူသတ်လိုသော ရည်ရွယ်ချက်ကို မထုတ်ပြသရွေ့ သူတော်စင် သခင်ပင် သူ့ကို ရှာဖွေတွေ့ ရှိနိုင်မည် မဟုတ်ချေ။
ဓားက ကြက်သွေးရောင် အခိုးအငွေ့များ အတွင်း ပေါင်းစပ်သွား၏။ တောင်တန်း အတွင်း လူတွေ အများကြီး ရှိနေချေပြီ။
မြင့်မြတ်မြေ ငါးပါးနှင့် ကျိကျစ်ရှီပင် ရှိနေခဲ့၏။ သူမသည် သာလွန်ဆန်သော စိတ်နေ စိတ်ထားကို စွန့်လွှတ်ထားသဖြင့် လူအုပ်ကြား ပြတ်ထင်နေခဲ့သည်။
ဖီးနစ်သွေး ပို၍ နိုးကြားလာပြီး မွန်မြတ်သော အသွင် ဆောင်နေ၏။ သည့်ပြင် အင်ပါယာမှ ဖြစ်ပုံရသော ဂိုဏ်းများနှင့် ရှေးဟောင်း အင်အားစု အချို့ကိုလည်း မြင်လိုက်ရသည်။
“ စီယာ ... ဘယ်မှာလဲ။ ”
ဆုစီယာကို မမြင်သောကြောင့် မျက်မှောင်ကြုတ်မိ၏။ သူမ ရှိနေသည်လော။ သို့မဟုတ် ပြန်သွား သည်လော။
“ ဟမ့် ... လူယုတ်မာ ... ဘာလို့ ငါ့ကို လျစ်လျူရှု နေတာလဲ။ ”
ခရမ်းငယ်မှ ဒေါသတကြီး အော်၏။ လင်းယွန်မှ သူမကို စကား ပြန်ပြောတော့မည့် အချိန်တွင် မြူအတွင်း လူတစ်စု ထပ်မံ ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။
ထိုအဖွဲ့ကို ဦးဆောင်သူသည် ကြောက်မက်ဖွယ် ကောင်းသော သူတော်စင် ရောင်ဝါကို ပေးစွမ်းထားသည်။
ဤသူသည် သိမ်းငှက် သူတော်စင် သခင်ထက် ပိုမိုအားကောင်းသော သူတော်စင် သခင် တစ်ပါး ဖြစ်ချေ၏။
“ လူတွေ အများကြီး ရှိနေတာလား။ ”
ထိုသူတော်စင် သခင်သည် အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး အဖိုးအိုတစ်ယောက် ဖြစ်၏။
သူ့အသံကို သူတော်စင် စွမ်းအင်ဖြင့် နတ်ဘုရား သင်္ချိုင်း တောင်တန်း တစ်လျှောက် ပဲ့တင်ထပ် စေလိုက်သည်။
အဘိုးအို ဘွဲ့အမည်ကို အစိမ်းရောင် သူတော်စင်သခင်ဟု ခေါ်ဆိုပြီး နဝမအဆင့် သူတော်စင် သခင် ဖြစ်သည်။
သူတော်စင် ဘုရင် အောက်၌ တန်ခိုးရှင် ဖြစ်ချေ၏။ အနည်းဆုံး အသက် တစ်ထောင်ခန့် ရှိိပြီး ဂိုဏ်းတစ်ဂိုဏ်း၏ မဟာ အကြီးအကဲ တစ်ပါး ဖြစ်ပေမည်။
“ နတ်ဘုရား သင်္ချိုင်း တောင်တန်းထဲကို ငါဝင်ဖို့ စိတ်ပိုင်း ဖြတ်ထားပြီ၊ ဘယ်သူမှ ငါ့ကို တားလို့ မရဘူး။ ”
သူ့ကြွေးကြော်သံကြောင့် ခရမ်းငယ်မှ နှာခေါင်းရှုံ့လေသည်။
“ သေခါနီး အဖိုးကြီးက မောက်မာနေတယ်။ ”
“ သူ့မှာ သက်တမ်း အများကြီး မကျန်တော့ဘူး။ ”
ဤနေရာသို့ ဉာဏ်ကြီးရှင်များ၊ နတ်ဆိုးများနှင့် သက်တမ်း ကုန်နေသော မြေခွေးအိုကြီးများ ဝင်လာပေမည်။
လူတိုင်းက အစီရင် အက်ကြောင်းကို စောင့်ကြည့်နေပြီး စကားစမြည် ပြောဆိုလျက် အဖိုးအိုကို လျစ်လျူရှု လိုက်ကြ၏။ ထို့နောက် လတ်တလော သတင်းများ အကြောင်း ပြောဆိုနေကြသည်။
“ ကောင်းကင် တာအိုဂိုဏ်း ကျဆုံး သွားတာနဲ့ မင်ဂိုဏ်းက နေရာယူလာတယ်၊ သည်းခံနိုင်ပုံ မရတော့ဘူး။ ”
“ ဟုတ်တယ် ... အိုး ဟိုမှာ မင်းဂိုဏ်းရဲ့ သခင်ငယ် မဟုတ်လား သူ ဒီကို ဘယ်အချိန်က ရောက်နေတာလဲ၊ အရမ်း သည်းခံနိုင်တယ်။ ”
“ နတ်ဖီးနစ်တောင် ကသာ ... သူ့ကို ရင်ဆိုင်နိုင် လိမ့်မယ်၊ မဟုတ်ရင် ... သူတို့ကို ထိန်းနိုင်မဲ့လူ မရှိဘူး။ ”
အစိမ်းရောင် သူတော်စင် သခင်က လူအုပ်ကြီးကို စိတ်မဝင်စားဘဲ အက်ကြောင်း အတွင်းဝင်ရန် ပြင်နေသဖြင့် လူတစ်ဦးမှ တားဆီးလိုခဲ့သည်။
မြင့်မြတ်မြေ ငါးပါးမှ ဦးစွာ ဝင်လို၏။ ထို့ကြောင့် ၎င်းတို့ မဝင်မချင်း အခြားသူများကို ခွင့်မပြုနိုင်ချေ။
သို့သော် အစိမ်းရောင် သူတော်စင် သခင်သည် သက်တမ်း မကျန်တော့သည့် အတွက် သေရမည်ကို မကြောက်ချေ။
အတင်းအဓမ္မ ဝင်ရောက်ရန် စိတ်လောနေခဲ့၏။ လူငယ်ဘေးမှ အဖော်က ဟန့်တားလိုက်သည်။ မည်သူမျှ မလှုပ်ဘဲ ရပ်ကြည့်နေလိုက်၏။
ဤသည်မှာ သူတို့အတွက် စမ်းသပ်ခြင်း သည်လည်း မည်၏။ အစိမ်းရောင် သူတော်စင် သခင်မှ သူ့ဂိုဏ်း၏ လျှို့ဝှက်ရတနာကို ထုတ်ကာ လှမ်းဝင်လိုက်သည်။
“ ခရစ် ... ။ ”
လှမ်းဝင် လိုက်သည်နှင့် သူတော်စင် ချပ်ဝတ်သည် အပိုင်းပိုင်း ကွဲသွားသောကြောင့် ချက်ချင်း နောက်ပြန်ဆုတ် လိုက်၏။
သို့သော် အချိန်နှောင်း သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြယ်ကြွေသည့် အလား ပျက်သုဉ်းသွားချေပြီ။
“ ဝှစ် ... ။ ”
ကြောက်စရာကောင်းသော သေခြင်းမျိုး ဖြစ်၏။ အဆုံးတွင် သူတော်စင် မူလ သည်သာ ပြန်လည် လွင့်စဉ်လာ သဖြင့် သူ့ဂိုဏ်းမှ တစ်စုံ တစ်ယောက်က ချက်ချင်း ဖမ်းယူလိုက်သည်။
“ သူတော်စင် ဘုရင်တွေ အပြင် ... နဝမအဆင့် သူတော်စင် သခင်တောင် မဝင်နိုင် ဘူးလား။ ”
အစီရင် အက်ကွဲကြောင်း အတွင်း ကန့်သတ်ချက်မှာ ပျက်ပြယ် သေးပုံ မရချေ။ ပတ်၀န်းကျင်မှ ဆွေးနွေးသံများ ပြန်၍ ထွက်ပေါ် လာတော့သည်။
များမကြာခင် သည်းမခံနိုင်တော့သည့် အင်အားစု အသီးအသီးက ကြိုးစားလာတော့ ၏။
“ ဖောင်း ... ။ ”
“ အဌမအဆင့် ... သူတော်စင် သခင်လည်း မရဘူး။ ”
“ သတ္တမ အဆင့်လည်း မရဘူး။ ”
မြင့်မြတ်မြေ များနှင့် ရှေးဟောင်း သူတော်စင် မျိုးနွယ်စု အများအပြားမှ စေလွှတ် ခဲ့သော သူတော်စင်တိုင်း အသက် ဆုံးရှုံးကုန်၏။
လင်းယွန်မှ မျက်လုံး ပြန်ဖွင့်လာသည်။ သို့သော် မလှုပ်ရှားဝံ့ဘဲ မြူအတွင်း မျှော်ကြည့် လိုက်မိ၏။ သူ့ကိုယ်သူ ပြသသော် ဤလူအုပ်မှာ သူ့ထံ လှည့်လာ ပေလိမ့်မည်။
“ နင် ... ရုပ်ပြောင်းချင်လား။ ”
“ မလိုဘူး ... ပိုးစုန်းကြုး နတ်ဓားနဲ့ နတ်ခန္ဓာကို အသုံးပြု လိုက်တာနဲ့ ငါဘယ်သူလဲ ဆိုတာ သူတို့ သိကြမှာပါ။ ”
လင်းယွန်မှ ခေါင်းခါသည်။ သည့်ပြင် သူ့ကိုယ်သူ မဖုံးကွယ်ချင်တော့ချေ။ ပန်းသင်္ချိုင်း ဟူသည် တိုက်ပွဲကို ကြိုက်၏။ အချိန်အကြာကြီး ပုန်းကွယ် ပြီးနောက် သွေးပူလုပ်ရန် လိုချေပြီ။
“ စောင့်ကြည့်ရအောင် ... ဒီအခြေအနေက ကြာရှည် မခံပါဘူး။ ”
ကြက်သွေးရောင် အက်ကြောင်းထဲ၌ သေဆုံးသူများ ရှိသော်လည်း ဝင်ရောက်ရန် ကြိုးစားသူများ ရှိဆဲ ဖြစ်သည်။
ဤသို့ဖြင့် သုံးရက် ကုန်လွန်လာ၏။ တစ်ရက်တွင် ကြက်သွေးရောင် အခိုးအငွေ့များ ထဲမှ ပျံသန်းလာသော သူတော်စင် ရောင်ဝါ များကို မြင်လိုက်ရသည်။
အနည်းဆုံး လူရာ ဂဏန်းခန့် ရှိ၏။ မျက်မြင်မဟုတ်သော် အရှေ့ဘက် ပျက်စီးမြေ အတွင်း သူတော်စင် သခင်များ ဤမျှ ရှိနေ လိမ့်မည်ဟု ထင်မိမည် မဟုတ်ချေ။
“ ခေတ်တွေ တကယ် ပြောင်းသွားပြီ ... အရင်တုန်းဆိုရင် သူတော်စင် တွေဟာ ပွဲတိုင်း မပါတတ်ဘူး၊ အခုတော့ နေရာတိုင်းမှာ သူတော်စင် သခင်ကို မြင်လာရပြီ။ ”
လင်ယွန်မှ သက်ပြင်းချ လိုက်၏။
“ ဒါက ဘာမှ မဟုတ်သေးပါဘူး ... ရှေးဦးခေတ် တုန်းက ဆိုရင် ကောင်းကင်မှာ မဟာ သူတော်စင်နဲ့ ... ဧကရာဇ်တွေ ပျံဝဲနေ ကြတယ်၊ အခု နင် မြင်တာက သူတော်စင် သခင်လေး တွေပါ။ ”
ခရမ်းငယ်မှ အထင်အမြင်သေးစွာဖြင့် ပြောကြားလာ၏။
“ သွားရအောင် ... ။ ”
လင်းယွန်က ဆက်၍ ငြင်းခုန်ခြင်း မပြုတော့ဘဲ အာကာသ အက်ကြောင်းထံသို့ ဦးတည် ပျံသန်း လိုက်တော့သည်။ လူတိုင်း လှုပ်လှုပ် ရှားရှား ဖြစ်နေသဖြင့် သူ့ကို အာရုံစိုက်မိတော့မည် မဟုတ်ချေ။
***