နတ်မိစ္ဆာဧကရာဇ် သူဘာလုပ်ချင်နေတာလဲ
Vol. 67 Ch. 1336
တောင်ဘက်တွင် မီးတောက်လှိုင်းတံပိုးကဲ့သို့ အနီရောင်ဖြင့်ဖုံးလွှမ်းထား လေသည်။ သို့သော် ကံကောင်းစွာပင် ၎င်းသည် မီးတောက်အစစ်မဟုတ်ပေ။ တောင်ဘက်မှ အဆောက်အဦးများ၊ လူများနှင့် အရာဝတ္ထုများအားလုံးကို အနီ ရောင်ဖြင့်ဖုံးလွှမ်းထားပြီး ကြီးမားသောစွမ်းအင်လှိုင်းလုံးသည် တိုင်များဆီမှ ပျံ့ထွက်လာပြီး ဖိနှိပ်မှုကြောင့် အားလုံးကို ဖြူဖျော့သွားစေသည်။ တောင်ဘက် မှလူများသည် ဖိအားပေးခံနေရသည်။
“အား” လူတချို့သည် ဖြူဖျော့သွားရာ နောက်သို့ဆုတ်ကြသည်။ သို့သော် ရင်ပြင်အလယ်မှ မည်သူမှ ထွက်မသွားဘဲ ပြိုင်ဘက်ကင်းသော အခမ်းအနား ကိုကြည့်ရန် ထိုနေရာတွင်သာနေကြလေသည်။
အနောက်ဘက်တွင် ကျားဖြူ၏ကိုယ်ထည်ပုံရိပ်သည် လင်းနေသည်။ သို့သော် ၎င်းသည် တစ်လွှာချင်းဆီဖြန့်ထွက်ပြီး ကမ္ဘာတစ်ခုလုံးသည် အဖြူ ရောင်အလင်းများဖြင့် တောက်ပနေသည်မှာ ထူထဲနေသည့်မြူခိုးများအလား လေဟာနယ်ကို ဖုံးအုပ်လုနီးပါး ထူထဲနေသည်။
မြောက်ပိုင်းမှာအနက်ရောင်ဖြစ်သည်။ အနက်ရောင်အလင်းဖြင့် ဖုံးအုပ် ထားသည်မှာ ဘာကိုမှမမြင်နိုင်လောက်အောင် လှိုင်းဂယက်များထနေသည့် အလားပင်။ လေဟာနယ်ဝဲဂယက်သည် အနက်ရောင်ဖြင့် ပေါ်ထွက်လာပြီး တခြားသုံးဘက်ကိုပင် ယခုလိုသံသယဝင်စေသည်။ မြောက်ပိုင်းက အခမ်းအနားမှာ လူရှိသေးရဲ့လား။
အရှေ့ချင်းလုံ၊ တောင်စူးဇကူ၊ အနောက်ကျားဖြူနှင့် မြောက်ရွှမ်ဝူတို့ဖြစ် ကြသ်ည။ ၎င်းတို့သည် ကမ္ဘာကြီးကို ကာကွယန်ရန် ဖန်ဆင်းရေးနတ်ဘုရားမှ ဖန်တီးလိုက်သည့် အစောင့်အရှောက်သားရဲလေးပါးဖြစ်သည်။ ကမ္ဘာကြီး၏ စည်းမျဉ်းကိုထိန်းသိမ်းရန် အစောင့်အရှောက်လေးပါးဖြစ်သည်။
ထိုအစောင့်အရှောက်သားရဲများ၏ အသွင်အပြင်ကိုကြည့်ပြီး ပင်ဖုန်း၊ လုကျီနှင့် ကွမ်ယန်းတို့ပင် ထိတ်လန့်မိကြလေသည်။ သူတို့သုံးယောက်သည် သားရဲများမဟုတ်သလို လူသားနှင့်သားရဲတို့၏သားသမီးများလည်းမဟုတ်ကြ ပေ။ သို့သော် ရှေးဟောင်းအစောင့်အရှောက်သားရဲများ၏ ဖိနှိပ်မှုကို နက်ရှိုင်း စွာ နားလည်ထားကြသည်။
ပီဖန်းသည် ထိုဖိနှိပ်မှုကို ခုခံရန် ခန္ဓာကိုယ်ထဲမှ နဂါးနှင့်ဇာမဏီသွေးတို့ ကို လှုံ့ဆော်လိုက်သည်။ သို့သော် ခုခံရန်မည်မျှပင် ခွန်အားသုံးစေကာမူ ဖိနှိပ် မှုသည် သူမဆီသို့ရောက်လာသည်။ သို့သော် နဂါးနှင့်ဇာမဏီတို့မွေးဖွားလာရာ ပတ္တမြားကမ္ဘာတွင် နဂါးနှင့်ဇာမဏီတို့၏သွေးရှိသူသာလျှင် နဂါးနှင့်ဇာမဏီ ဒုတိယသားရဲဖြစ်လာနိုင်သည်။
ကွမ်ယန်းနှင့် လုကျီတို့သည် မသက်မသာဖြစ်လေသည်။ သူတို့သည် ခုခံ ရန် နတ်စွမ်းအားကို အကောင်းဆုံးထုတ်လိုက်သော်လည်း အားပိုထည့်လေ ခြိမ်းခြောက်မှုကြီး ပိုရလိုက်သလိုပင်။ ခုခံရန်လက်လျှော့လိုက်မှသာ သက်သာ ရာရလေသည်။
“နတ်မိစ္ဆာဧကရာဇ် သူ ဘာလုပ်ချင်နေတာလဲ”
သရုပ်မှန်တူညီနေခြင်းကြောင့်လားမသိပေ။ ထိုသားရဲသုံးကောင်သည် ထိုအချိန်တွင် စုစည်းလာကြသည်။ ယန်ယဲ့လုပ်မည့်အရာကို လုကျီ ခန့်မှန်းမိပုံ ရသည်။ သို့သော် သူမသည် မယုံနိုင်သေးပေ။ နတ်မိစ္ဆာဧကရာဇ်သည် ဧကရီ အတွက် ယခုလိုလုပ်လိမ့်မည်ဟု သူမ မယုံနိုင်ပေ။
ပီဖန်းသည် ယန်ယဲ့လုပ်နေသည့်အရာများကို မသိလျှင် စစ်မှန်သော ဇာမဏီဖြစ်ရန် အရည်အချင်းမပြည့်မှီပေ။ လုံဖုန်းဂူဖြစ်ရန် ကျင့်ကြံရာတွင် အားစိုက်မှုအားလုံးထည့်ရမည်ဖြစ်သည်။ သူမသည် အံကိုတင်းတင်းကြိတ်ကာ မည်သို့ပင်ဖြစ်စေကာမူ လက်လျော့ရန်မလိုလားပေ။ သားရဲလေးကောင်သည် နတ်မိစ္ဆာဝိညာဉ်၏ထိပ်တွင် ဘေးဘက်လေးလံတွင် အစောင့်အရှောက်လေးပါး အဖြစ်သုံးမည်ဆိုလျှင်တောင် နဂါးနှင့်ဇာမဏီဖြစ်လာတော့မည့် သူမ၏ သားရဲ များကို မမှီနိုင်ပေ။
“ယန်ယဲ့ အတင့်ရဲလိုက်တာ” ပင်ဖုန်း၏ ဒဏ်ရာရနေသောမျက်လုံးသည် အပြာရောင်ဧရိယာဘက်သို့ထိုးဖောက်ဝင်သွားပြီး အရောင်လေးရောင်ရှိသည့် ဘက်သို့စိုက်ကြည့်နေသည်။ ပေထင်းဟွမ်နှင့်ယန်ယဲ့တို့၏ ပတ်ပတ်လည်တွင် အရောင်လေးရောင်ဝန်းရံလျက်ရှိပြီး သူတို့ဆီသို့ချင်းနင်းဝင်ရောက်နိုင်ခြင်း မရှိပေ။ ထိုလူနှစ်ယောက်ကို ရှင်းလင်းစွာမြင်နေရ၏ “မင်းက အကုန်မေ့ပြီး ပြန်ဝင်စားရင်တောင် သူ့အပေါ်မှာရှိတဲ့မင်းရဲ့အချစ်ကို မေ့မရနိုင်ဘူးပေါ့”
ကောင်းကင်ပေါ်တွင် ကောင်းကင်ဘုံ ၉ ပါးမှဆင်းသက်လာသည့် အဖြူနှင့်အနက်ရောင်အလင်းများသည် သူတို့နှစ်ယောက်အား ဖုံးအုပ်လေ သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြင်နာစွာ စိုက် ကြည့်နေကြသည်။ ပင်ဖုန်းသည် သူတို့နှစ်ယောက်၏ပုံရိပ်ကိုကြည့်နေ၏။ ပေထင်းဟွမ်သည် ယန်ယဲ့၏ပါးပြင်ကိုကိုင်ပြီး အနမ်းပေးနေပုံရလေသည်။