← Chapters

ပင်ဖုန်းပစ်လွှတ်ခြင်း

Vol. 67 Ch. 1337

ပင်ဖုန်းပစ်လွှတ်ခြင်း

Vol. 67 Ch. 1337

“ဟွမ်ကျို့ မင်းက သူ့ကိုရှုပ်ထွေးအောင်လုပ်နေတာပဲ၊ ငါ မင်းကို ဒီနေ့ မသတ်ရရင် ပင်ဖုန်းမဟုတ်တော့ဘူး” သူမ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားမှာ ခက်ခက်ခဲခဲနှင့် ပြောင်းလဲလာပြီး နဂါးနှင့်ဇာမဏီဓားသည် ပင်ဖုန်း၏လက်ထဲ တွင်ပေါ်လာသည်။ ၎င်းသည် သာမန်ဓားထက် နှစ်ဆကြီးမားသည်။ လက်ကိုင် တွင် နဂါးနှင့်ဇာမဏီများကိုထွင်းထုထားသည်။ လက်ကိုင်အဆုံး၌ နဂါး ဦးခေါင်းသည် ဇာမဏီ၏ ဦးခေါင်းနှင့် ခေါင်းချင်းဆိုင်လျက်ရှိသည်။ ဓားကိုယ် ထည်တစ်ခုလုံးကို နဂါးခန္ဓာကိုယ်နှင့် ဇာမဏီအမြီးတို့ရောယှက်စွာ ပြုလုပ်ထားသည်။ ဓားအလင်းတစ်ချက်နှင့်ပင် လူများကို ကြောက်လန့်စေ၏။

နတ်စွမ်းအားကို ဓားသွားဆီသို့ထည့်ကာ ပင်ဖုန်းသည်လက်ထဲမှဓားကြီး ကိုမြှောက်ပြီး လေကိုခွင်းလိုက်သည်။ ဓားချိန်ရွယ်ထားသည့်ဘက်သည် ပေထင်းဟွမ်ရှိရာသို့ တည့်တည့်ဝင်သွားလေသည်။ ဓားအလင်းရောက်လာချိန် တွင် ထူထဲပြီး အပြာရောင်လေဟာနယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့လေသည်။ လေကို ခွင်းသည့်စူးရှသည့်အသံသည် ရင်ပြင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားပြီး အားလုံး၏ကျောပြင်ကို အေးစိမ့်ကာ ကြက်သီးများထသွားစေသည်။ တစ်ချိန် တည်းမှာပင် သူတို့၏မျက်လုံးများသည် အသံလာရာဘက်သို့ အာရုံစိုက်ထား ကြသည်။

တစ်စုံတစ်ယောက်သည် ပေထင်းဟွမ်အား တိုက်ခိုက်နေသည်လား။

ချက်ချင်းနီးပါးပင် မရေမတွက်နိုင်သောပုံရိပ်များသည် ထိုဘက်သို့ ရောက်လာကြသည်။ ဂိုဏ်းထောက်လေးယောက်၊ ပေထင်းကျင်၊ တုန်ဖန်းကျောက်နှင့် တခြားသူများသည် ရွှေရောင်ဓားအလင်းကို သူတို့၏ လက်နက်များဖြင့် ကာဆီးကြသည်။ ထိုအချိန်တွင် အော်သံများလည်း ထွက်ပေါ်လာသည် “ရှောင်ကျို့ သတိထား”

အပြာရောင်လေဟာနယ်ဟုဆိုသော်လည်း ၎င်းတွင်ပါဝင်သည့် စွမ်းအား သည် အံ့ဩလောက်စရာဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ပင်ဖုန်း သည် ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ ပေထင်းဟွမ်သည် ခံစားမိပြီးသား ဖြစ်သည်။ သို့သော် သူမ စိုးရိမ်ခြင်းမရှိပေ။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲ ရောက်နေပြီဖြစ်၏။ သူမ၏အသက်ကို ကောင်းကင်မှယူချင်လျှင်တောင် ယန်ယဲ့ သဘောမတူလျှင်အသုံးမဝင်ပေ။

ဘုန်း...

ဓားအလင်းသည် စူးရှသောအလင်းဖြင့် ပေပါက်ကကွဲသွားပြီး တုံ့ဆိုင်းမှု မရှိ ရှေ့သို့တိုးလေသည်။ လေဟာနယ်တစ်ခုလုံးသည် ဓားအလင်းကြောင့် မှန်ကွဲသကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် ပြင်းထန်သောစွမ်းအင်သည် အတက်အကျဖြစ်လျက်ရှိသည်။ လေးဘက်လေးလံသည် ဝရုန်းသုန်းကားဖြစ် လျက်ရှိသည်။

ထိုအခိုက်အတန့်တွင် ယန်ယဲ့သည် ဓားအလင်းကို စောင်းကြည့်လိုက် သည်။ တိုက်ခိုက်သူမှာပင်ဖုန်းဖြစ်သည်ကို မြင်လိုက်ချိန်တွင် နဂိုက ပျော်ရွှင် နေသောမျက်လုံးများသည် စူးရှသွားသည်။ ပင်ဖုန်းနှင့်တခြားသူများသည် ၃၃ ကောင်းကင်ဘုံမှလာသည်ကို သူ သေချာပေါက်သိသည်။ ထိုအချိန်တွင် သူ လုပ်မည့်အရာကို သူတို့သိကြလိမ့်မည်။ သို့သော် သူလုပ်မည့်အရာကို ပင်ဖုန်း လောက်သည် မည်သို့တားနိုင်မည်နည်း။

“ပင်ဖုန်း လုံဖုန်းဂူနဲ့ငါ့ကြားက ခင်မင်မှုက ဒီမှာပဲအဆုံးသတ်ပြီ၊ မင်းက ငါ့ လူတွေကိုတိုက်ခိုက်ရဲတာ သေချင်လို့ပဲဖြစ်မယ်”

ယန်ယဲ့၏အသံသည် လေဟာနယ်ကြောင့် သက်ရောက်မှုရှိပုံမရပေ။ လေဟာနယ်ထဲမှစွမ်းအားသည် တငွေ့ငွေ့လောင်ကျွမ်းလျှင်တောင် သူ၏ ပေါ့ပါးပြီး ရက်စက်သည့်အသံသည် အားလုံးကိုခေါင်းဖြတ်နိုင်စွမ်းရှိသည်ကို ရှင်းလင်းစွာကြားရလေသည်။

နဂါးနှင့်ဇာမဏီတောင်ကြားလား။ ၃၃ ကောင်းကင်ဘုံ၏ စွမ်းအားပင်။ ၃၃ ကောင်းကင်ဘုံမှလူများသည် ပင်မတိုက်ကြီးတွင် ရှိနေသည်မှာလုံလောက် ပြီဟု တွေးမိလောက်စရာပင်။

အားလုံး၏မျက်လုံးများသည် ပင်ဖုန်းပေါ်သို့ကျရောက်နေပြီး သူမ၏ မျက်နှာသည် ဒေါသပြည့်နှက်နေကာ ယန်ယဲ့၏စကားများကိုကြားပြီးနောက် ဖြူဖျော့ကာ တစ်ကိုယ်လုံးတုန်တက်သွားသည်ကို မြင်နေရသည်။ သွားဖြူဖြူ နှစ်ချောင်းသည် နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားပြီး တစ်စုံတစ်ရာကို ခုခံ နေသလိုပင်။

သို့သော် သူမ မည်မျှပင် ခုခံစေကာမူ ယန်ယဲ့သည် ငဲ့ကြည့်ရုံသာကြည့် လေသည်။ ရဲတင်းပြီးအားကောင်းသည်ဓားသည် ပေထင်းဟွမ်နှင့် ၃ မီတာ အကွာ လေထဲတွင်ရပ်တန့်နေပြီး အနားမကပ်နိုင်တော့ပေ။

ကျွတ်

အားလုံး၏မျက်လုံးထဲတွင် ထိုအခိုက်အတန့်၌ ချွင်းချက်မရှိ ကြောက်ရွံ့မှု ဖြစ်ပေါ်နေသည်။ ထိုနေရာတွင်ရှိနေသည့်လူများထဲတွင် တချို့လူများသည် ဝိညာဉ်ဂိုဏ်းသို့ရောက်နေပြီဖြစ်ကာ အားအနည်းဆုံးမှာ ကြယ်ဝိညာဉ်သခင် များဖြစ်ကြသည်။ သူတို့သည် ထိုဓား၏စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်ကြ သည်။

ထိုစွမ်းအားကြီးသောဓားကို ချိုးဖောက်ရန်အတွက် အနည်းဆုံး နတ်ဘုရားအဆင့်ရှိရမည်။ ပင်ဖုန်း၏ခွန်အားသည် နတ်ဘုရားအဆင့်မကသော် လည်း နတ်ဘုရားဘုရင်အဆင့်ရောက်နေသလားဆိုသည်ကို သူတို့မသိကြပေ။ နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်၏ ခွန်အားအားလုံး ထုတ်လိုက်ပါက လူတစ်သိန်းခွန်အားကပင် လှုပ်ခါသွားအောင် အနည်းငယ်ပင်မလုပ်နိုင်ကြပေ။

All Chapters