ယန်ယဲ့ ရှင့်ကိုအရမ်းချစ်တယ်
Vol. 67 Ch. 1338
သို့သော် ထိုမျှကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားနှင့်ဆိုလျှင် လေပေါ်တွင် ရပ်တန့်နေသောလူသည် တစ်ချက်တည်းကြည့်လိုက်သည်နှင့် ထိုဓားအလင်းတွင် ကြီးမားပြီးပြိုင်ဘက်ကင်းသည့် သေစေလောက်သော စွမ်းအားပါဝင်သည်ကို သိနိုင်သည်။
ထိုလူများအကြားတွင် ဓားအလင်းကို တားရန်ကြိုးစားသူများဖြစ်သည့် ဂိုဏ်းထောက်လေးယောက်နှင့် ပေထင်းကျင်တို့သည် ခံစားမိဆုံးဖြစ်သည်။ သူတို့၏ခွန်အားသည် ဓားအလင်းကို တိုက်ရိုက်ထိတွေ့ရာ ပေထင်းချင်နှင့် တခြားဂိုဏ်းထောက်လေးယောက်သည် တားနိုင်ဖို့မဆိုနှင့် ထိပင်မထိနိုင်ကြ ပေ။
သို့သော် ယန်ယဲ့သည် တစ်ချက်ကြည့်ရုံနှင့် ဓားအလင်းကို ရပ်အောင်လုပ် နိုင်လေသည်။ သူ၏ခက်ထန်သောမျက်လုံးများ၊ အဆုံးမရှိသည့်အေးစက်မှုဖြင့် ဓားအလင်းနှင့်အတူ တစ်ချိန်တည်းမှာပင် ပင်ဖုန်းကိုပါ ချုပ်ထားလေသည်။ ထိုအခိုက်အတန့်တွင် စီဖုန်းအစောင့်အရှောက်သားရဲကိုပင် အညံ့ခံရန် ခေါင်းမာမာနှင့် ငြင်းဆန်နေသောလူပင်လျှင် ပေထင်းဟွမ်အား ဒူးထောက်ခဲ့ရ သည်။
သူမ၏မျက်နှာဖြူဖျော့ပြီးနောက် ထင်ယောင်ထင်မှားများ ဖြတ်ပြေးလေ ၏။ ဒူးထောက်နေသည့်လူသည် ယန်ယဲ့၏စူးရှသောအကြည့်များအောက်တွင် ခန္ဓာကိုယ်ကို ကိုင်းကာ ရှေ့သို့ဝပ်နေသည်။ ၎င်းသည် မြေကြီးဖြင့် ရိုက်ရာ အသံထွက်ပေါ်လာသည်။
နဂါးနှင့်ဇာမဏီဆက်ခံသူအနေနှင့် ပင်ဖုန်းသည် ခမ်းနားသောမျက်နှာနှင့် အံ့ဩလောက်စရာအလှတရားရှိလေသည်။ ထပ်ပေါင်းပြောရလျှင် သူမသည် တင့်တယ်လှပစွာဝတ်ဆင်တတ်ပြီး ဩဇာရှိသည့်အသွင်ရှိသည်။ သို့သော် ဤ အချိန်တွင် တိုက်ခိုက်မှုကျရှုံးပြီးနောက် ယန်ယဲ့၏စူးရှသောမျက်လုံးများ၏ ဖိနှိပ်မှုကိုခံရပြီး ပေထင်းဟွမ်၏ ခြေရင်းသို့ကျသွားလေသည်။ မိုးကြိုးသွား ၉ ခု ရှိနေသလို အားလုံးခံစားလိုက်ရ၏။
ဤမိန်းကလေးသည် ၃၃ ကောင်းကင်ဘုံတွင် အဆင့်အတန်းမြင့်ပြီး အားကောင်းသည်။ သို့သော် ဤနေရာတွင် သူမသည် ယန်ယဲ့၏ ဖြားယောင်းမှု ကို မလွန်ဆန်နိုင်သည်မှာ အမှန်တကယ်ပင် ထိတ်လန့်စရာပင်။
သိန်းချီသောမျက်လုံးများသည် ပင်ဖုန်းအား စိုက်ကြည့်နေကြသည်။ နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်အနေနှင့် ပင်ဖုန်းသည် ခေါင်းငုံ့ကာ မြေကြီးကို ကြည့်နေရသော်လည်း သိန်းချီသောမျက်လုံးများထဲတွင် အထင်သေးမှုများပါ နေမည်ကို သူမ ခံစားမိတုန်းပင်။
သူမသည် မူလက အဆင့်မြင့်မင်းသမီးတစ်ပါးဖြစ်သည်။ နဂါးနှင့်ဇာမဏီ တောင်ကြား၏ စစ်မှန်သောတော်ဝင်ဇာမဏီသည် ဒုတိယနဂါးနှင့်ဇာမဏီတို့ ဖြစ်လာမည့်အချိန်တွင် ကောင်လေးတစ်ယောက်ရှေ့တွင် ဒူးထောက်ပြီး မြေကြီးပေါ်တွင် ဝပ်နေရသည်။ သူမ ဤဝင်သက်ထွက်သက်ကို မည်သို့ မျိုချရ မည်နည်း။
“ယန်ယဲ့ ရှင့်ကို ကျွန်မအရမ်းချစ်တယ် ပြီးတော့ အဲဒါက နှစ်တစ်သောင်း ကြာရင်တောင် ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ရှင် ကျွန်မကို မချစ်လည်းရတယ်၊ ဒါပေမဲ့ ရှင်က ယောက်ျားတစ်ယောက်အတွက်နဲ့ ကျွန်မကို အရှက်ခွဲတယ်ပေါ့” ပင်ဖုန်းသည် ရင်ထဲတွင် ဒေါသဖြင့် အော်ဟစ်လေသည် “ယန်ယဲ့ ရှင်က ကျွန်မ ကို သစ္စာဖောက်တာပဲ”
ပင်ဖုန်း၏နှလုံးသားထဲတွင် ဒေါသများလိမ့်တက်လာသည့်အချိန်တွင် ရုတ်တရက်ခေါင်းမော့လိုက်သည်။ သူမ၏မျက်လုံးထဲမှ သွေးဆာသည့် အလင်း တန်းများထွက်လာကာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလသည်။ သူမသည် ပေထင်းဟွမ်အား ခက်ထန်သောမျက်လုံးများဖြင့် စိုက်ကြည့်ပြီးနောက် ယန်ယဲ့ ဆီသို့ တဖြည်းဖြည်းအကြည့်ရောက်သွားလေသည် “ယန်ယဲ့ ရှင် ကောင်းကင် က သွေးစာချုပ်ကို ဖောက်ဖျက်ရင် ကောင်းကင်အပြစ်ပေးတာခံရမယ်၊ ရှင်က လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကမ္ဘာကြီးကို ခွဲခဲ့တဲ့နတ်မိစ္ဆာဧကရာဇ်ဆိုရင်တောင် ဒီကောင်လေးကို မနိုင်နိုင်ဘူး၊ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို မနိုင်နိုင်ဘူး”
ရှူး
ရင်ပြင်တစ်ခုလုံးအထက်တွင် လူသိန်းချီသောလူများသည် တညီတညွှတ် တည်း ပင့်သက်ရှိုက်မိကြလေသည်။ ဖိနှိပ်တတ်သည့်လေထုသည် ရှည်လျား ကာ ကြောက်မက်ဖွယ်ရာမြင်ကွင်းလည်း တစ်ခုပြီးတစ်ခုပေါ်လာလေသည်။ အားလုံး၏နှလုံးမှာ ထိုအခိုက်အတန့်ရှိ ထိတ်လန့်မှုကို တောင့်မခံနိုင်ကြပေ။ သို့သော် ပင်ဖုန်း၏စကားများသည် အားလုံးခေါင်းကို မိုးကြိုးပစ်လိုက်သလို ဖြစ်ရာ အားလုံးမှာ သတိပြန်မဝင်နိုင်ကြတော့ပေ။
နတ်မိစ္ဆာဧကရာဇ်ဟုတ်လား။ ယန်မြို့ရဲ့သခင်က နတ်မိစ္ဆာဧကရာဇ် လား။ မဖြစ်နိုင်ပုံပေါက်သော်လည်း စဉ်းစားကြည့်လျှင် ယန်ချန်းသည် ပင်မ တိုက်ကြီးပေါ်ပေါက်စဉ်ကတည်းကတည်ရှိခဲ့ပြီး နှစ်ပေါင်းတစ်သောင်းတွင် ယန်ချန်းသည် စွဲစွဲမြဲမြဲနေရာရခဲ့သည်။ ပင်မတိုက်ကြီးမှနတ်ဘုရားအဆင့်သာ ယန်ချန်းတွင် မွေးဖွားကြသည်။
ထိုအခိုက်အတန့်တွင် အားလုံး၏မျက်လုံးများသည် ယန်ယဲ့ဆီသို့ ရောက် သွားသည်။ သူသည် ဖိနှိပ်မှုအပြည့်ဖြစ်သော်လည်း လူများသည် စွန့်စားကာ သူ့အားကြည့်ကြလေသည်။ ပတ္တမြားကမ္ဘာကို လှည့်ပတ်လိုက်သည့် နတ်ဘုရားနှင့်တူသည့်လူသည် မည်သို့ဖြစ်မည်ဟု ရှင်းလင်းစွာကြည့်ချင်ကြ သည်။