နတ်မိစ္ဆာဧကရာဇ် ပြန်လာခြင်း
Vol. 67 Ch. 1339
အားလုံးသည် ရေးရေးမျှသာကြည့်ခြင်းဖြစ်ရာ သူတို့သည် ရှင်းရှင်းလင်း လင်း မမြင်နိုင်ပေ။ ဤလူတွင် မည်သည့်သရုပ်မှန်ရှိနေသနည်း။ ယန်မြို့တော် ၏ သခင်သည် ညအရှင်သခင်ဖြစ်ကာ ဤလူသည် အမှောင်နတ်မိစ္ဆာနန်းတော် ၏သခင်လည်းဖြစ်သလို၊ နတ်မိစ္ဆာဧကရာဇ်သခင်ကြီးဖြစ်နေသည်မှာ မမှား ပေ။
ထိုအခိုက်အတန့်တွင် ဇာမဏီမြို့မှလူများသည် တခြားသူများထက် ပို ကြောက်လန့်ကြလေသည်။ အားလုံးသည် ခေါင်းမော့ကာ အမှောင်ရောင်ဝါ ထွက်နေသည့် မိုးပေါ်မှလူကို ကြည့်ကြလေသည်။ လေထဲတွင်ပေါလောပေါ်နေ ပြီး ရှည်လျားသောငွေရောင်ဆံပင်သည် ဝတ်ရုံပေါ်တွင် လွင့်နေပြီး တစ်ဖက် ကမ်းတွင် ပန်းများဖူးပွင့်နေသကဲ့သို့ပင်။
သူ၏မျက်နှာပေါ်တွင် သူ၏မျက်လုံးထောင့်များသည် ကလက်တက် တက်ပုံစံအဖြစ် ပြောင်းလေသည်။ မျက်လုံးထောင့်မှ နားထင်ထိ ခရမ်းရောင် အလွှာသည် အနက်ရောင်အဖြစ်ပြောင်းသွားပြီး သူ့ကို ပို၍အန္တရာယ်ရှိပုံပေါက် စေသည်။ ထိုမျက်လုံးတစ်စုံသည် ငရဲမှတက်လာသည့် သေမင်းကဲ့သို့ပင်။ ခရမ်းရောင်မျက်လုံးများသည် ထိုအခိုက်တွင် ခရမ်းရောင့်ရောင်အဖြစ်ပြောင်း ကာ အမှောင်ထုအလွှာသည် သလင်းကျောက်စိုက်ဝင်နေသကဲ့သို့ဖြစ်နေ၏။ စကြာဝဠာထဲတွင် အဆုံးမရှိသော တွင်းနက်ကဲ့သို့ ကမ္ဘာပေါ်မှ အရာအားလုံး ကို ဝါးမျိုနိုင်သကဲ့သို့ပင်။
ယန်ယဲ့ အစစ်အမှန်ဟုတ်ပါသလား။ ယန်ယဲ့၏ ယခုလိုပုံစံနှင့်ဆိုလျှင် ၃၃ ကောင်းကင်ဘုံမှလာသည့် မိန်းကလေးမဆိုထားနှင့် နတ်မိစ္ဆာဧကရာဇ်ကို မမြင်ဖူးသည့် ပင်မတိုက်ကြီးမှလူများသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့် နတ်မိစ္ဆာဧကရာဇ်ဖြစ်သည်ကိုပင် သံသယဝင် ဖွယ်ရာမရှိတော့ပေ။
နတ်မိစ္ဆာဧကရာဇ်သည် ဤအချိန်တွင် ရုပ်လုံးထွက်လာလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။
ပေါ့ပါးသော်လည်း အနည်းငယ်နက်ရှိုင်းသောအသံသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်ပြီး တိုးညင်းစွာဖြင့် မိုးကြိုးပဲ့တင်ကဲ့သို့ ထွက် ပေါ်လာသည်။ ထိုအသံသည် ရင်ပြင်တစ်ခုလုံးတွင် ခွန်အားနည်းပါးသော လူ များကို စွမ်းအင်နှင့်သွေးများတက်လာသဖြင့် လည်ချောင်းများချိုသွားစေ၏။ စိတ်ထဲတွင်လည်း လွန်စွာအထိတ်တလန့်ဖြစ်မိကြ၏။ နတ်မိစ္ဆာဧကရာဇ်သည် သူတို့ မကြည့်နိုင်လောက်အောင် အင်အားကြီးလွန်းသည်။ ထိုအသံသည် ရင်ပြင်တစ်ခုလုံးမှလူများကိုပင် တစ်ခဏအတွင်း ရှင်းထုတ်နိုင်စွမ်းရှိသည်။
ငလျင်ပြိုကျသွားသကဲ့သို့ လေဟာနယ်ပြိုကွဲနိုင်အောင်လုပ်နိုင်သည့် ဇာတ်ကောင်တစ်ခုဖြစ်ထိုက်ပေသည်။
“အဲတော့ဘာဖြစ်လဲ” အသံသည် အားလုံးကို ကာကွယ်ပေးလေသည် “ငါက ကောင်ကင်က အပြစ်ပေးခံရရင်ရော ဘာဖြစ်လဲ၊ တခြားသူနဲ့ သွေးစာချုပ်ရှိတဲ့သူက ဘယ်လိုလုပ် ဒီနေရာရောက်နိုင်မှာလဲ”
ကောင်းကင်မှအပြစ်ပေးခံရလျှင်တောင် သူ သေဆုံးမည်ဆိုလျှင်တောင် သူသည် ဤမိန်းကလေးကို တခြားယောက်ျားတစ်ယောက်နှင့် သွေးစာချုပ် အချုပ်မခံနိုင်ပေ။ ထို့အပြင် သူသည် ကောင်းကင်၏အပြစ်ပေးမှုကြောင့် သေဆုံးမည်ဟု မည်သူပြောသနည်း။ ကောင်းကင်၏အပြစ်ပေးမှုကြောင့် ရာထူးဆင်းရမည့်နေ့ရောက်လာမည်ဟု မည်သူပြောသနည်း။
သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး နဂိုက ချယ်ရီပန်း ပွင့်ကဲ့သို့ နူးညံ့ပြီးပန်းရောင်သန်းသော နှုတ်ခမ်းများသည် ယခုအခါ ခရမ်းရင့် ရောင်ပြသကာ သူ၏မျက်နှာတစ်ခုလုံးကို ပို၍ရက်စက် ကြောက်မက်မှုအပြည့် ဖြစ်စေသည်။ ဝိညာဉ်အတွင်းထဲမှ အကြောက်တရားကို ဖြစ်စေသည်။
သို့သော် ထိုအချိန်တွင် ယန်မြို့မှလူများသည် သက်ပြင်းချမိကြသည်။ ကောင်းကင်ပေါ်ရှိ ယန်ယဲ့ကို ထိုအသွင်အတိုင်းမြင်လိုက်ရာ အကြီးအကဲကြီး နှင့်ချုံချီတို့သည် ယန်ယဲ့ရှိရာသို့ ဦးညွှတ်ပြီး ဒူးထောက်ကြသည်။ သူတို့သည် ဒူးထောာက်ပြီးအော်လေသည် “အရှင်က အရှင်မပြန်လာတာကိုစောင့်နေတာ၊ နတ်မိစ္ဆာဧကရီအရှင်မ ပြန်လည်မွေးဖွားလာတာကို ကြိုဆိုပါတယ်”
တောင်တစ်လုံးကို လှုပ်ခါနိုင်သည့်အသံသည် ကောင်းကင်ကို ဖြတ်ကာ ပဲ့တင်ထပ်စေသည်။ ကောင်းကင်ဘုံ ၉ ခုဆီသို့ ထိုးတက်နေသော သူတော်စင် တိုင်လေးခုမှာလည်း ထိုအခိုက်အတွင် အနည်းငယ်တုန်ခါသွားလေသည်။
အကြီးအကဲကြီးနှင့် တခြားသူများဆီမှ အော်သံကိုကြားပြီးနောက် ယန်ချန်း မှ အဆင့်မြင့်လူများသည် အလဟဿအသက်ရှင်လာမိသည်ဟု ခံစား မိကြလေသည်။