နတ်မိစ္ဆာဧကရာဇ်က ရှောင်ကျို့ကို ကောင်းကောင်း ဆက်ဆံမှာလား
Vol. 67 Ch. 1340
ထိုအချိန်တွင် နတ်မိစ္ဆာဧကရာဇ်ပြန်လာခြင်းနှင့်အတူ အားလုံးသည် ရောင်ဝါသည် ချက်ချင်းပင် ပြင်းပြင်းထန်ထန်ပြောင်းလဲလေသည်။ အားလုံး၏ ဦးခေါင်းအထက်တွင် တောင်များဖိထားသကဲ့သို့ အားလုံးခံစားလိုက်ကြရလေ သည်။ နတ်တိုင် ၄ လုံးမှ ဖိနှိပ်မှုနှင့် တွဲဖက်လိုက်သောအခါ လူတစ်သိန်းမျှ သည် ထိုအခိုက်အတန့်တွင် မွန်းကြပ်မှုကိုခံစားရလေသည်။
ထိုအချိန်တွင် ဟွမ်ချန်းမှလူများသည် ပေထင်းဟွမ်အား အလွန်စိုးရိမ်လာ ကြသည်။ အားလုံးသည် ပေထင်းဟွမ်အပေါ် နတ်မိစ္ဆာဧကရာဇ်၏ ကြင်နာမှုကို သာမြင်ရသည်။ သို့သော် သူတို့၏ခေါင်းဆောင်သည် နတ်မိစ္ဆာဧကရာဇ်၏ သရုပ်မှန်ကိုသိသလား။ ထို့အပြင် ကမ္ဘာတစ်ခုလုံးကို ဖြိုဖျက်နိုင်အောင် သန်မာ ပြီး ဘုံသုံးခုကို ပြောင်းပြန်လှန်နိုင်သော သန်မာသည့်လူသည် ရှောင်ကျို့ကို ကောင်းမွန်စွာ ဆက်ဆံရဲ့လား။
နန်လင်း၊ ပေထင်းချင်း၊ ပေထင်းကျင်နှင့် ဟွမ်ချန်းမှလူများသည် နတ် မိစ္ဆာဧကရာဇ်နှင့် သူ၏လက်အောက်ငယ်သားများကို လုံးဝမကြောက်ပေ။ ထို အခိုက်အတန့်တွင် သူတို့သည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်ကြသည်။ သူတို့၏မျက်လုံးထဲမှ စိုးရိမ်မှုကိုခံစားမိသဖြင့် ပေထင်းဟွမ်သည် လှမ်းကြည့် ပြီး ပြုံးလေသည်။ သူမသည် ယန်ယဲ့၏ သရုပ်မှန်ကိုသိထားသည်မှာ ကြာပြီဖြစ် သည်။
ဟွမ်ချန်းမြို့ဟောင်း အစောပိုင်းတွင် နန်လင်းနှင့် ယန်ယဲ့၏ ကိုယ်ရံတော် နှစ်ယောက်တို့ လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရာဇ်နှင့် ဇနီး၏ အဖြစ်ကို ပြောကြစဉ်က ပေထင်းဟွမ်သည် တံခါးအပြင်ဘက်တွင် နားထောင် နေလိမ့်မည်ဟု ဟွမ်ချန်းမှလူများထင်ထားကြမည်မဟုတ်ပေ။ ထို့ကြောင့် ထို အချိန်တွင် သူမတွင်သံသယများရှိကာ နောက်မှ တစ်စုံတစ်ရာကို သိလိုက်ရ မည်ကို ကြောက်သည်။
ပေထင်းချင်းနှင့် ပေထင်းကျင်တို့၏ ရင်ထဲမှ ထိတ်လန့်မှုသည် ပို၍လေးနက်လာသည်။ ရှောင်ကျို့သည် ငယ်စဉ်ကတည်းကပင် ဒေါသမကြီး ဘဲ ကြောက်တတ်ကာ တွန့်ဆုတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံ၍မရပေ။ သူမ သည် ၁၄ နှစ်ကြာအောင် ပြည်နှင်ဒဏ်ပေးခံခဲ့ရကာ သေလုနီးပါးဖြစ်ခဲ့သည်။
ပေထင်းဟွမ် လော့ပေမြို့တွင် ခွဲခြားခံရသည်ကို ပေထင်းချင်းသိပြီး နောက် ပေထင်းဟွမ်၏ အတိတ်ကို စုံစမ်းခဲ့သည်။ ပေထင်းဟွမ်သည် နတ်မိစ္ဆာ ဧကရာဇ်နှင့်တွေ့ပြီးနောက် နတ်မိစ္ဆာဧကရာဇ်ဖြစ်ကြောင်းသိခဲ့သည်ကိုလည်း သိသည်။ ပေထင်းဟွမ်သည် ဧကရီပြန်လည်မွေးဖွားခြင်းဖြစ်ကြောင်းကို နတ်မိစ္ဆာဧကရာဇ်တွင် သိရန်နည်းလမ်းရှိလေသလား။
မိုးနတ်မင်းရေ။ နတ်မိစ္ဆာဧကရီက ပေထင်းမိသားစုမှာ ပြန်လည်မွေးဖွား လာတာ။ လူတွေကို ဒါနဲ့ခြောက်လှန့်ချင်လို့လား။
ထိုသို့တွေးသည်မှာ ပေထင်းချင်းသာမကဘဲ ဇာမဏီမြို့တစ်မြို့လုံးမှလူ များလည်း ထိုသို့တွေးသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ဦးနှောက်များ မွန်းကြပ်သွားသလိုခံစားရလေသည်။ သို့သော် သူတို့နားမလည်သည့်အရာများ ဟု ထိုလူများမတွေးကြပေ။ ပေထင်းဟွမ်သည် ပေထင်းဟွမ်ဖြစ်ကြောင်းကို သူတို့ သိရန်လိုနေခြင်းသာ။ သူမသည် ဧကရီမွေးဖွားခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမသည် ပေထင်းဟွမ်သာဖြစ်သည်။ ခေါင်းဆောင်သာ ဖြစ်သည်။
ပင်ဖုန်းသည် နတ်မိစ္ဆာဧကရာဇ်ကိုကြည့်ရင်း မီးမြှိုက်ခံလိုက်ရသည့်တိုင် အောင် ထိုအခိုက်တွင် သူမ၏မျက်လုံးများသည် ပြင်းပြသောချစ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤယောက်ျားသည် နှစ်ပေါင်းသောင်းချီ သူမ တွေးတော၊ မျှော်လင့်နေသည့်လူပင်ဖြစ်သည်။ ပင်ဖုန်းသည် မြေပြင်တွင်ဒူးထောက်ပြီး ခေါင်းမော့ကာ မိုးပေါ်မှနတ်မိစ္ဆာဧကရာဇ်ကို ကြည့်လေသည်။ သူမ၏ မျက်လုံး ထဲမှ မျက်ရည်များစီးကျလာပြီး သူမ ခုတ်လိုက်သည့်ဓားသည် ပေထင်းဟွမ်နှင့် ၃ ပေအကွာတွင်ကျသွားသည်ကိုပင် မေ့လျော့နေခဲ့သည်။
လုကျီနှင့်ကွမ်ယန်းတို့သည် ပင်ဖုန်းကဲ့သို့ သတ္တိမရဲသဖြင့် ပင်ဖုန်းကို သတိပေးချိန်ပင်မရလောက်အောင် ထောင့်တစ်ထောင့်တွင် သွားပုန်းနေ၏။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် နတ်မိစ္ဆာဧကရာဇ်ပြန်လာခြင်းနှင့် ဧကရီ ပြန်လည်မွေးဖွားခြင်းကို သိကြသည်။ သို့သော် နတ်မိစ္ဆာဧကရာဇ်သည် နတ်ဘုရားပေးသနားသည့် သွေးစာချုပ်ကို ဖျက်ရန်ကြိုးစားလောက်အောင် ရဲတင်းလိမ့်မည်ဟု သူတို့မသိကြပေ။ သူသည် နတ်ဘုရားမှအပြစ်ပေးမည်ကို ပင်မကြောက်ပေ။
မည်သို့ပင်ဖြစ်စေကာ ၃၃ ကောင်းကင်ဘုံသို့ ပြောရမည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသမီးပေးလိုက်သည့် အရေးအကြီးဆုံးတာဝန် မှာ နတ်မိစ္ဆာဧကရီသတင်းအကြောင်း ပြန်ယူသွားရန်ဖြစ်လိမ့်မည်ဟု ကွမ်ယန်း နှင့် လုကျီတို့မသိကြပေ။ ဖြစ်နိုင်လျှင် နတ်မိစ္ဆာဧကရီကို အားကုန်သုံးပြီး သတ် ချင်ကြသည်။
ပေထင်းဟွမ်အား ခေါင်းဖြတ်ရန် လုကျီအတွက် အခွင့်အရေးမရှိပေ။ သူမ ယခုလုပ်ရမည်မှာ ပေထင်းဟွမ်၏လက်ထဲမှ လွတ်မြောက်ရန် နည်းလမ်းရှာ ရန်သာဖြစ်သည်။