← Chapters

၃၃ ကောင်းကင်ဘုံ၏ သန်မာမှု

Vol. 67 Ch. 1324

၃၃ ကောင်းကင်ဘုံ၏ သန်မာမှု

Vol. 67 Ch. 1324

ပေထင်းဟွမ်သည် ငြင်းတော့မည့်ပုံပင်။ ပေထင်းချင်သည် ရှေ့တိုးကာ ပေထင်းဟွမ်ဆီသို့ လျှောက်သွားလေသည်။ “အဘိုးလည်း သားနဲ့ချွေးမ ပျောက်သွားခဲ့တယ် ဒါကမိသားစုကိစ္စပဲ မင်းတစ်ယောက်တည်းကိစ္စမဟုတ်ဘူး ငါတို့အားလုံးမှာ တာဝန်ဝတ္တရားရှိတယ်”

အမှန်ပင်။ ပေထင်းဟွမ်သည် အဘိုးဖြစ်သူ သားနှင့်ချွေးမတို့ကိုရှာသည့် ကိစ္စကိုတားခွင့်မရှိသလို အစ်ကိုကြီးမှ မိခင်နှင့်ဖခင်ကိုရှာသည့်ကိစ္စကို တားခွင့် မရှိပေ။ သူမ၏မျက်လုံးများသည် နန်ကုန်းချန်းနှင့် တခြားဂိုဏ်းထောက်သုံး ယောက်ဆီသို့ရောက်သွားကြသည်။ သို့သော် သူမ ဘာမှမပြောနိုင်ခင်တွင် နန်ကုန်းချန်းပြောလေသည်။

“ခေါင်းဆောင် မင်းက ငါတို့ရဲ့ခေါင်းဆောင်ပဲ၊ မဟာမိတ်အင်ပါယာ တည်ထောင်တုန်းက မင်းရဲ့သံမဏိသွေးအဖွဲ့ကို ပတ္တမြားကမ္ဘာရဲ့နေရာတိုင်း ကို ရောက်စေမယ်ဆို၊ မဟာမိတ်အင်ပါယာရဲ့ မြို့စားအနေနဲ့ ဒီဂုဏ်သရေက လည်း ငါတို့အတွက်လည်းပေးပါဦး” နန်ကုန်းချန်းသည် သူ့ရင်ထဲမှ ပန်းထွက် လာသည့် သွေးများပျောက်ကွယ်သွားသလို ခံစားရလေသည် “၃၃ ကောင်းကင် ဘုံက ဘယ်လိုလဲဆိုတာမသိရင် အခုမဟုတ်လည်း နောက်ကျသိအောင်လုပ်ရ မှာပဲ၊ သွားချင်ရင်တော့ နောက်ကျမှသွားတာထက် စောစောသွားတာပိုကောင်း တာပေါ့”

“ဟုတ်တယ်” တုန်ဖန်းအောင်လည်း ပြောလာလေသည် “ငါတို့က အိုပြီ လို့ခေါင်းဆောင် မတွေးသရွေ့ နတ်ဘုရားအဆင့်ရောက်ပြီးရင် အိုတယ်လို့ တွေးလို့မရပါဘူး၊ မင်ဟွမ်က နှစ်ပေါင်းထောင်ချီနေခဲ့ပြီလို့ အကြီးအကဲကြီးဆီ က ကြားထားတယ်၊ ငါတို့က အသက်တစ်ရာကျော်လေးပဲရှိသေးတာ သူတို့နဲ့ ယှဉ်ရင် ငါတို့က အများကြီးငယ်တာပေါ့၊ ငါတို့ကငယ်မှတော့ ဘာလို့ တိုက်ခိုက် နိုင်ရမှာလဲ”

“ခေါင်းဆောင် လွန်ခဲ့တဲ့နှစ်တစ်သောင်းက တိုက်ကြီးသုံးခုက တစ်ခု တည်းဖြစ်ခဲ့တာလို့ ညအရှင်သခင်ပြောတယ်၊ ငါတို့ဘိုးဘေးတွေကလည်း ၃၃ ကောင်းကင်ဘုံက မြူခိုးမြေနဲ့အရိပ်ကနေ ဆင်းသက်လာတဲ့ မိသားစုကြီးလေး ခုပဲ၊ အခု ငါတို့မှာ အခွင့်အရေးရှိလာပြီ၊ ဘာလို့ သွားပြန်ပြီးမကြည့်ရမှာလဲ၊ အရင်းအမြစ်နဲ့ ဇစ်မြစ်ကိုသွားကြည့်ရမှာပေါ့” ရှီမန်ကျင်သည်လည်း နောက်မှ လိုက်ပြောလေသည်။ သူသည် ဤလူငယ်လေး တခြားသူများအတွက် စဉ်းစား ပေးနေပြီး ပေးဆပ်နေသည်ကို မကြည့်ရက်ပေ။

ပေထင်းဟွမ်၏ နှာခေါင်းများရဲလာသည်။ သူမသည် အရူးမဟုတ်ပေ။ သူမ မကြားနိုင်စရာအကြောင်းမရှိပေ။ မိသားစုကြီးသုံးခုသည် ပေထင်းမိသားစု ၏ ကိစ္စများကို လုံးဝလျစ်လျူမရှုပေ။ အနာဂတ်တွင်ပင်လျှင် သူတို့သည် အားအကောင်းဆုံးအမြင့်ဆုံးဧကရာဇ်ကို ရင်ဆိုင်ရမည်ဆိုလျှင်တောင် တုံ့ဆိုင်း နေမည်မဟုတ်ပေ။

မိသားစုကြီးလေးခုသည် ပင်မတိုက်ကြီးတွင် နှစ်ပေါင်းထောင်ချီ ခိုင်မာ စွာ ရပ်တည်လာခဲ့သည်။ မိသားစုကြီးလေးခုမှ ဆင်းသက်လာသည့် ကျင့်ကြံသူ များမှလွဲပြီး အရေးအကြီးဆုံးမှာ ဤကဲ့သို့စိတ်ဓာတ်ဖြစ်သည်။

မည်သူကမှ ပေထင်းဟွမ်အပေါ် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမပေးချင် ကြပေ။ ယန်ယဲ့သည် အစီအရင်ကိုညွှန်ပြကာ ပြောလိုက်သည် “လွန်ခဲ့တဲ့ နှစ် တစ်သောင်းက လေဟာနယ်ကိုဖြိုတုန်းက ဘုံတစ်ဘုံနဲ့တစ်ဘုံကြားမှာ ရွှေ့ပြောင်းအစီအရင်ချန်ထားခဲ့တာ၊ ယန်ချန်း ဒီနေရာမှာရှိနေရတဲ့အကြောင်း အရင်းကလည်း ရွှေ့ပြောင်းအစီအရင် ဒီမှာရှိနေလို့ပဲ၊ ဒါပေမဲ့ စွမ်းအင်ချွေတာဖို့ ရွှေ့ပြောင်းအစီအရင်ကို ၁၀ နှစ်မှာတစ်ကြိမ်ပဲသုံးလို့ရတယ်၊ တစ်ခါပို့ရင် လူ အရေအတွက် ၁၀၀ ကျော်လို့မရဘူး၊ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ပင်မတိုက်ကြီးကလူတွေက ဒီရွှေ့ပြောင်းအစီအရင်နဲ့ ၃၃ ကောင်းကင်ဘုံကို သွားချင်စိတ်တွေရှိခဲ့တယ်”

“ဝိညာဉ်ဂိုဏ်းသခင်တွေက ၃၃ ကောင်းကင်ဘုံကိုသွားခဲ့ကြတာလား” ပေထင်းချင်းသည် ရုတ်တရက် ယားကျိကျိဖြစ်လာသည် “ကျုပ်တို့အားလုံးက နတ်ဘုရားတွေပဲ၊ ကျုပ်တို့ ၃၃ ကောင်းကင်ဘုံကိုသွားရင် ကျုပ်တို့က ခွန်အား အောက်ဆုံးအဆင့်ဖြစ်နေမှာမလား”

ထိုအချိန်တွင် ယန်ယဲ့သည် သူတို့အား ကိစ္စများကို ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ်လိုက်သည် “၃၃ ကောင်းကင်ဘုံမှာ အားကောင်းတဲ့လူတွေအများ ကြီးရှိတာ အမှန်ပါပဲ၊ ပြီးတော့ သူတို့ခွန်အားကလည်း အမြင့်ဆုံးဘုံကိုရောက် နေကြပြီ၊ သူတို့က နယ်ပယ်တစ်ခုမှာ အုပ်စိုးတဲ့ကျင့်ကြံသူတွေဖြစ်လာနိုင် တယ်၊ ၃၃ ကောင်းကင်ဘုံမှာ အရှင်နဲ့ အရှင်ကြီးအဆင့်တွေက သခင်အဆင့် တွေပဲ၊ ဒါပေမဲ့ အရှင်ထက်မြင့်တဲ့အဆင့်တွေက သာမန်ခွန်အားတွေလို့ပြောလို့ ရတယ်၊ ပတ္တမြားကမ္ဘာတစ်ခုလုံးမှာ နတ်မိစ္ဆာဝိညာဉ်စစ်ပွဲကတည်းက မှော်စွမ်းအားက ကုန်ခမ်းခဲ့တယ် ဒါပေမဲ့ နတ်ဘုရားအဆင့်ပြီးတဲ့လူတိုင်း နတ်ဘုရားအမြင့်ဆုံးအဆင့်ကို တက်သွားခဲ့တာ၊ အဆင့်တက်ဖို့အတွက် လူတစ်ယောက်က နတ်မိစ္ဆာစွမ်းအင် အများအပြားကို စုပ်ယူရမယ်၊ ပြီးတော့ အဲဒါက ၃၃ ကောင်းကင်ဘုံမှာမရှိတဲ့အရာပဲ”

All Chapters