ရှေးဟောင်းသားရဲထိန်းဖြစ်ဖို့ နတ်ဆေးကို သောက်ရမှာလား
Vol. 67 Ch. 1325
“ဒါပေမဲ့ ကျုပ်တို့က...” ဒါဆို သူတို့က ဘယ်လိုလုပ် နတ်ဘုရားဖြစ်လာ တာလဲ။ ပေထင်းချင်းမေးတော့မည်အပြုတွင် ရုတ်တရက် နတ်ဘုရားအဆင့်ခွဲ ဆေးကို သတိရသွားသည်။ အဲထဲမှာများ နတ်မိစ္ဆာစွမ်းအင်အများကြီးပါနေတာ လား။ အဲဒီနတ်မိစ္ဆာစွမ်းအင်က ဘယ်ကနေရတာလဲ။
ယန်ယဲ့တွင် တခြားသရုပ်မှန်ရှိနေသေးသည်ကို တွေးမိသွားသည်။ အမှောင်နတ်မိစ္ဆာနန်းတော်မှလူဖြစ်နေရာ ထိုနတ်မိစ္ဆာစွမ်းအင်သည် ယန်ယဲ့ဆီ မှရလာသည်လား။
ပေထင်းချင်းတွေးမိသည့်အတိုင်း တခြားဂိုဏ်းထောက်သုံးယောက် လည်း တွေးမိကြသည်။ သူတို့သည် နှစ်ပေါင်းရာချီကျော်အောင်နေလာခဲ့ပြီးဖြစ် လေသည်။ သေချာပေါက်ပင် သူတို့သည် ယန်ယဲ့အား အတော်အများမမေးနေ ရန်မလိုပေ။
ယန်ယဲ့သည် သူတို့အား ရှင်းပြရန်စိတ်ကူးမရှိသော်လည်း ပြောလေသည် “ဒါပေမဲ့ ဒီလိုပြဿနာမျိုးက ခင်ဗျားတို့မှာရှိမှာမဟုတ်ဘူး၊ ၃၃ ကောင်းကင်ဘုံ ကိုသွားရင် ဟွမ်အာပေးတဲ့ အဆင့်ခွဲဆေးသောက်ထားသရွေ့ ပြဿနာမရှိဘူး၊ အဆင့်တစ်ခုရောက်ပြီး တန့်နေတဲ့အဆင့်ကိုကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့် တက်နိုင်မှာပဲ၊ ၃၃ ကောင်းကင်ဘုံက ခင်ဗျားတို့အတွက် အန္တရာယ်များတယ် ဆိုပေမဲ့ အခွင့်အရေးတွေလည်း တွဲလျက်ရှိနေတယ်၊ အဲဒီမှာဝိညာဉ်စွမ်းအင် အများကြီးရှိတယ်၊ ခင်ဗျားတို့အနာဂတ် တိုးတက်ဖို့အတွက် အကျိုးအမြတ်ကြီး ရှိနေတယ်”
ပေထင်းဟွမ်၏ ဝိညာဉ်အဆင့်ခွဲဆေးထဲတွင် ကစဥ့်ကလျားနတ်အရင်း အမြစ်ရောနှောပါဝင်နေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အငွေ့အသက် ခန္ဓာကိုယ်ထဲတွင် ကျန်ခဲ့လျှင် ကစဥ့်ကလျားနတ်အရင်းအမြစ် သည်ခန္ဓာကိုယ်ထဲတွင် နတ်မိစ္ဆာစွမ်းအင်ကို အားအင်ပြန်လည်ပြည့်ဝစေရန် ထိန်းသိမ်းပေးမည်ဖြစ်သည်။
ယန်ယဲ့၏စကားလံဒးများသည် သူတို့၏ရှေ့တက်လမ်းကို အလင်းရောင်ပေးလိုက်သလိုပင်။ ဂိုဏ်းထောက်ကြီးလေးယောက်သည် ယခု အချိန်တွင် သူတို့၏စိတ်ထဲ၌ မည်သို့ဖြစ်နေသည်ကို မပြောနိုင်ကြဘဲ စည်းဖောက်မိသည်ဟုသာ ခံစားမိကြလေသည်။ သူတို့၏မျက်နှာအိုကြီးများ သည် စိတ်လှုပ်ရှားမှုများဖြင့် အရောင်လက်သွားရာ သွေးတိုးသွားမည်ကိုပင် စိတ်ပူရသည်။
ဝိညာဉ်အဆင့်ခွဲဆေးသည် ဤမျှအားကောင်းလိမ့်မည်ဟု တကယ်ပင် ထင်မှတ်မထားပေ။ ယခုအချိန်မှစ၍ မှော်စွမ်းအင်ပြဿနာကို စိုးရိမ်ရန်မလို တော့ပေ။ ၃၃ ကောင်းကင်ဘုံ၏မှော်အရင်းအမြစ်သည် အင်အားစုနှစ်ခုကြား ရင်ဆိုင်တွေ့ဆုံရန် ခလုတ်ဖြစ်နိုင်သည့် လက်ချောင်းအရွယ်အစာ မှော်အရင်းအမြစ်ကျောက်တုံးထက်ပင် အဖိုးတန်သည်။ ထိုမှော်အရင်းအမြစ် သည် သူတို့၏ခန္ဓာကိုယ်ထဲတွင် မှော်အရင်းအမြစ်ကို လည်ပတ်စေနိုင်သည့် စက်တစ်လုံးနှင့်တူသည်။ မှော်စွမ်းအင်အားလုံးကို အဆင့်တက်ရန် ပံ့ပိုးပေး သည်။
ထိုအခိုက်အတန့်တွင် ပေထင်းချင်းသည် ပေထင်းဟွမ်အား ကျေးဇူးတင် မိသလို စိတ်ထဲ၌လည်း အနည်းငယ်အပြစ်မကင်းသလိုခံစားရသည်။ ထို့အပြင် ပေထင်းဟွမ်သည် လော့ပေမြို့တွင် သူ့ကြောင့် အနိုင်ကျင့်ခြင်းခံခဲ့ရသည်။ တခြားဂိုဏ်းထောက်သုံးယောက်လည်း စိတ်ထဲတွင် တွေးနေကြသည်။ ဝိညာဉ် အဆင့်ခွဲဆေးကြောင့်ဖြစ်လျှင်တောင် ဤဘဝတွင် ပေထင်းဟွမ်အတွက် အသက်ပေးရန် တုံ့ဆိုင်းနေကြမည်မဟုတ်ပေ။
“နတ်ဘုရားအဆင့်ကိုဝင်ပြီးရင် ၃၃ ကောင်းကင်ဘုံကို သွားဖို့ဖြစ်နိုင်လား ဒါပေမဲ့ ငါတို့သွားချင်ရင် ဘာလုပ်ရမှာလဲ” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား ကြည့်လေသည် “ရှောင်ကျို့ ငါ မင်းနဲ့ ၃၃ ကောင်းကင်ဘုံကို သွားချင်တယ်”
“ငါက ၃၃ ကောင်းကင်ဘုံကိုသွားမယ်လို့ ဘယ်သူပြောလဲ” ပေထင်းဟွမ် သည် နှုတ်ခမ်းကို အသာတွန့်လိုက်သည် “ငါက အမှောင်နတ်မိစ္ဆာဘုံကိုသွားမှာ ၃၃ ကောင်းကင်ဘုံကို မသွားဘူး”
“အာ.. ဘာလို့လဲ” တုန်ဖန်းကျောက်သည် စိတ်ပျက်သွားမိ၏ “ငါ တစ် ယောက်ပဲ ပင်မတိုက်ကြီးမှာ နေမှာမို့လို့လား၊ ဒီရွှေ့ပြောင်းအစီအရင်က ၁၀ နှစ် ကြာပြီးရင် အလုပ်ဖြစ်ဦးမှာလား”
“သခင်တုန်ဖန်းကျောက်၊ ဒီရွှေ့ပြောင်းအစီအရင်က နှစ်ပေါင်းသောင်းချီ အကြိမ်ပေါင်းတစ်ထောင်ထက်မနည်း အသုံးပြုလာတာပါ၊ မင်းအလှည့်ကျမှ သုံးမရဘူးဆိုရင်တော့ မင်းက ပင်မတိုက်ကြီးမှာပဲ နေရတော့မှာပဲ” အကြီးအကဲ သည် ပြုံးပြီးပြောလေသည်။
“လွှတ်မယ့်သူတွေကို မင်းဆုံးဖြတ်လို့ရတယ်” ထိုအဘိုးကြီးများ ကြောက်လန့်၍သေသွားမည်ကို ယန်ယဲ့မစိုးပေ။ ထို့နောက် ဗုံးတစ်လုံးထပ်ပစ် ပြန်သည် “ပြီးတော့ ငါမှန်းတာမှန်ရင် မင်း ဝိညာဉ်အဆင့်ခွဲဆေးသောက်လိုက် ရင် ရှေးဟောင်းသားရဲထိန်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ မင်းတို့က သတင်းကိုမပြော နိုင်လောက်အောင် စိတ်ထဲမှာပုပ်နေလို့ပဲ၊ ပင်မတိုက်ကြီးမှာနေရင်တော့ သားရဲ ထိန်းကျောင်းနိုင်မှာမဟုတ်ဘူး”
ဘုန်း
ပေထင်းဟွမ်အပါအဝင် အားလုံးနီးပါးပင် ထိုအခိုက်အတန့်တွင် ဦးနှောက်များအေးခဲသွားလေသည်။ သူတို့သည် ကြားလိုက်ရသည့်စကားကိုပင် မယုံနိုင်ကြပေ။ ဝိညာဉ်အဆင့်ခွဲဆေးသောက်လိုက်လျှင် ချွင်းချက်မရှိ ရှေးဟောင်းသားရဲထိန်းဖြစ်နိုင်သည်။ မည်သို့ဖြစ်နိုင်မည်နည်း။