Chapters

ဝူကျင်းတိလုံ၏ ယဉ်ပါးမှု

Vol. 67 Ch. 1326

ဝူကျင်းတိလုံ၏ ယဉ်ပါးမှု

Vol. 67 Ch. 1326

“ယဲ့ ခင်ဗျား မှားများမှားနေသလား” ယန်ယဲ့မှာ နောက်ပြောင်နေပုံ မပေါက်သော်လည်း နောက်ပြောင်နေခြင်းဖြစ်လိမ့်မည်ဟု ပေထင်းဟွမ်ခံစားမိ သည်။

ရှေးဟောင်းသားရဲထိန်းမှာ မည်မျှရှားပါးလိုက်သနည်း။ ယန်ယဲ့ မသိလေ သလား။ ဆိုလိုသည်မှာ အရှင်ပင်လျှင် ထိန်းကျောင်းနိုင်သည်ဟုဆိုလိုခြင်းပင်။

ယန်ယဲ့သည်ပြုံးပြီးနောက် ခေါင်းကိုပွတ်လိုက်သည်။ ဤကဲ့သို့ကိစ္စမျိုးက ပင် ဤကောင်လေးကို ထိတ်လန့်နိုင်၏။ သူခေါင်းညိတ်လိုက်သည် “ဟွမ်အာ မင်း ဘာလို့ရှေးဟောင်းသားရဲထိန်းဖြစ်နိုင်တာလဲဆိုတာ သိသင့်တယ်”

ပေထင်းဟွမ်သည် လေကိုခပ်ပြင်းပြင်းရှူလိုက်သည်။ သူမ ခေါင်းညိတ် လိုက်သည်။ သေချာပေါက်ကပင် သားရဲများထိန်းကျောင်းရန် ကစဥ့်ကလျား နတ်အရင်းအမြစ်ကို သုံးခဲ့သည်။ နတ်အဆင့်ခွဲဆေးတွင်လည်း အထူးသဖြင့် မိသားစုအတွက် နတ်အဆင့်ခွဲဆေးသန့်စင်ရာတွင် ထည့်လိုက်သော ကစဥ့်ကလျားနတ်အရင်းအမြစ် ပမာဏမှာအများအပြားပင်။ ထိုအကြောင်းအရင်းကြောင့်သာလား။ သူမ သန့်စင်သည့် ဆေးကိုသောက်လျှင် ထိုသက်ရောက်မှုကြောင့် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲနိုင်ပြီး ရှေးဟောင်းသားရဲထိန်းဖြစ်ရန် ပံ့ပိုးပေးနိုင်သည်လား။

“မှော်စွမ်းအင်၊ ဝိညာဉ်စွမ်းအင်နဲ့ မင်းထည့်လိုက်တဲ့ ဆေးတွေမှာပဲ အဲလို သက်ရောက်မှုရမှာ၊ နောက်ပိုင်း မင်း ဝိညာဉ်အဆင့်ခွဲဆေးသန့်စင်ရင်လည်း ဒီလိုသက်ရောက်မှုရှိမှာပဲ အဲဒါကြောင့် မင်း ဂရုစိုက်ရမယ်” ယန်ယဲ့သည် ပေထင်းဟွမ်၏ ဦးခေါင်းကို ပွတ်သပ်ပေးပြီး သူမအား ရင်ခွင်ထဲထည့်ထား လိုက်သည်။

တုန်ဖန်းကျောက်နှင့် ပေထင်းကျင်အပါအဝင် မျိုးဆက်ငယ်များသည် ထို အခိုက်အတန့်တွင် ထိတ်လန့်သွားကာ သတိပြန်ဝင်မလာကြသေးပေ။ သူတို့၏ မိသားစုထဲတွင် မည်သို့သောလူမျိုးရှိနေသည်ကို မသိတော့ပေ။ နတ်ဘုရား အဆင့်ရှိလျှင် ရှေးဟောင်းသားရဲထိန်းရှိမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲကြီးသည် အင်္ကျီလက်ကိုဝေ့ယမ်းကာ ဂိုဏ်းထောက်ကြီးလေးယောက်ရှေ့တွင် အထွတ်အမြတ်သားရဲများပါသည့် လှောင်အိမ်ကိုထုတ်လိုက်သည်။ သူသည် ပြုံးပြီး ပီတိတဖွားဖွားဖြင့်ပြောလေ သည် “ခင်ဗျားတို့လေးယောက် ဘယ်သူစမ်းကြည့်ချင်လဲ၊ အရှင်အဆင့် သားရဲ တော့မရှိဘူး၊ သခင်ပေထင်းဟွမ်မှာ နတ်ဘုရားအဆင့်သားရဲပဲရှိတယ် အဲဒီတော့ ဒီအထွတ်အမြတ်သားရဲကိုပဲ စမ်းကြည့်ဖို့သုံးတာပေါ့”

လှောင်အိမ်ထဲတွင် အသက်လှောင်အိမ် ဖိနှိပ်ထားခြင်းကြောင့် ပုံစံငယ် အဖြစ်ပြောင်းနေသည့် မြေကြီးနဂါးအရိုင်းသည် ဂိုဏ်းထောက်လေးယောက် အား ခက်ထန်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူတို့လာလျှင် ကိုက်ဖြတ်စားသောက်တော့မည့်အတိုင်းပင်။

အသက်ကိုပြင်းပြင်းရှူကာ နန်ကုန်းချန်းသည် ထိုခက်ထန်ပြီး အားကောင်းသည့် ဝူကျင်းတိလုံကိုလျစ်လျူရှုပြီး အင်္ကျီလက်ကိုလိပ်ကာ သတ္တိ များစုစုည်းလိုက်သည် “ကျုပ်လုပ်မယ်”

ပြောပြီးနောက်တွင် နန်ကုန်းချန်းသည် လှောင်အိမ်ပေါ်သို့ လက်တင် လိုက်သည်။ သားရဲများကို ပထမဆုံး ထိန်းကျောင်းခြင်းဖြစ်သော်လည်း နန်ကုန်းချန်းကိုကြည့်ရသည်မှာ အစိမ်းသက်သက်ဖြစ်မနေပေ။ ထို့အပြင် နန်ကုန်းမိသားစုတွင် အားကောင်းသော ရှေးဟောင်းသားရဲထိန်းသခင် နန်ကုန်းရှို့ရှိသည်။ နန်ကုန်းရှို့သည် ခေါင်းဆောင်နန်ကုန်းချန်းရှေ့တွင် သူ၏ အရည်အချင်းကို ပြသဖူးသည်။

နတ်စွမ်းအင်ပါဝင်သည့် ဝိညာဉ်စွမ်းအင်သည် သားရဲ၏ ဝိညာဉ်အသိစိတ် ပင်လယ်သည် ပထမဆုံးအကြိမ်အနေနှင့် အလွန်ချောမွေ့စွာဝင်သွားလေ၏။ များပြားသောဝိညာဉ်စွမ်းအင်သည် သားရဲ၏အသိစိတ်ပင်လယ်ကို ရစ်ပတ်ပြီး ဝူကျင်းတိလုံ၏ ဝိညာဉ်အတားအဆီးရှေ့တွင် ခေတ္တမျှရပ်တန့်လေသည်။ နောက်ဆုံးတွင် သူသည် စိတ်စွမ်းအင်ကို ထုတ်လွှတ်ရာ နတ်စွမ်းအင်နှင့်အတူ ဝိညာဉ်အတားအဆီးကို တိုက်ခိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ် အတားအဆီးသည် ပြိုကျသွားပြီး ဝူကျင်းတိလုံ၏ဝိညာဉ်သည် ငြိမ်ကျသွားလေ သည်။ ထိုသားရဲကို ထိန်းကျောင်းမှုပြီးစီးသည်ဟု သတ်မှတ်နိုင်သည်။

လွယ်လွန်းသည်။

နန်ကုန်းချန်းသည် မယုံနိုင်သေးပေ။ သူသည် လက်မြှောက်ကာ ဖန်ဆင်း ရေးနတ်ဘုရားမှ ပေးသနားသည့် မှော်စွမ်းအင်ရှိဟန်တူသည့် လက်ကိုကြည့် လိုက်သည်။ သူ၏လက်သည် သူကိုယ်ပိုင်မဟုတ်တော့သလို ခံစားရသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါက ဘယ်လိုလုပ် ရှေးဟောင်းသားရဲထိန်း ဖြစ်လာရတာလဲ” နန်ကုန်းချန်းသည် သူ့ဘာသာသူရေရွတ်ပြီး မိမိကိုယ်ကိုပင် ကြောက်မိလေသည်။