← Chapters

ပေထင်းကျင်လည်း သွားမယ်

Vol. 67 Ch. 1327

ပေထင်းကျင်လည်း သွားမယ်

Vol. 67 Ch. 1327

နန်ကုန်းချန်းတစ်ယောက်သာ ထင်ယောင်ထင်မှားဖြစ်နေသည်ဟုခံစားရ ခြင်းမဟုတ်ပေ။ အားလုံးသည် မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်လိုက်ကြပြီး အသက်လှောင်အိမ်အား ခါးကိုင်းပြီးကြည့်ကြလေသည်။ သို့သော် နားလည်အောင်မည်မျှပင် ကြိုးစားစေကာမူ မျက်စိရှေ့မှ ဝူကျင်းတိလုံသည် ယဉ်ပါးပြီးသားဖြစ်သည်ကို မယုံနိုင်ကြပေ။

ထိန်းကျောင်းသည့်လုပ်ငန်းစဉ်တစ်ခုလုံးသည် ရိုးရှင်းသည်။ တစ်နာရီပင် မကြာလိုက်ပေ။ ထိုအချိန်သည် သားရဲထိန်းအစည်းအရုံးမှ ကျော်ကြားသော အချိန်အတိုဆုံး သားရဲထိန်းသခင်ထက်ပင် နည်းပါးသည်။

“တကယ်ကို အံ့ဖွယ်သရဲသက်ရောက်မှုရှိတာပဲ” ပေထင်းဟွမ်သည် မရယ်ဘဲမနေနိုင်ပေ။ ထိုသို့ဆိုလျှင် ကောင်းလွန်းနေပြီ။ သူမသည် ပြုံးပြီး ပေထင်းချင်းနှင့် တခြားဂိုဏ်းထောက်သုံးယောက်ကိုပြောလေသည် “ဘိုးဘိုးနဲ့ အဘိုးတို့သုံးယောက်ကို ဂုဏ်ပြုပါတယ်”

သူတို့ကို ဂုဏ်ပြုတယ်ဟုတ်လား။ လေးယောက်သား ငေးငိုင်စွာနှင့် ခေါင်းမော့လိုက်သည်။ သူတို့ရှေ့မှလူငယ်ကိုမြင်သောအခါ ရုတ်တရက် သတိ ပြန်ဝင်လာကြသည်။ အမှန်သာဆိုလျှင် အားလုံးသည် အမှန်သာဆိုလျှင် ထိုအရာများသည် ဤလူငယ်လေးမှ ယူဆောင်လာပေးခြင်းဖြစ်သည်။

“ရှောင်ကျို့ ဘိုးဘိုးရဲ့ မြေးလိမ္မာလေး” အဘိုးကြီး ပေထင်းချင်းသည် မျက်ရည်များကျလာကာ ရုတ်တရက် ရှေ့တိုးပြီး ပေထင်းဟွမ်အား ပွေ့ဖက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ မျက်ရည်များမှာ မရပ်မနားပင်။

တခြားဂိုဏ်းထောက်သုံးယောက်သည် ထိုအချိန်တွင် စိတ်လှုပ်ရှားနေပုံ ပေါက်သည်။ သူတို့သည် အရှင်အဆင့်သားရဲနှင့် စာချုပ်မချုပ်သော်လည်း ဤအခိုက်အတန့်တွင် ယန်ယဲ့၏စကားလုံးများမှာ သံသယဝင်ဖွယ်ရာမရှိပေ။ ရင်ဘတ်သည် တက်လိုက်ကျလိုက်ဖြစ်ကာ လက်များသည် တုန်ယင်လာ သည်။ သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကြရာ မျက်လုံးများထဲတွင် တူညီသောရည်ရွယ်ချက်ရှိသည်ကို တွေ့လိုက်ရသည်။

နန်ကုန်းချန်းပြောလိုက်သည် “ညအရှင်သခင် ကျုပ်တို့က ဇာမဏီမြို့ တည်ထောင်ပြီးကတည်းက ခေါင်းဆောင်နောက်ကိုလိုက်ဖို့ သစ္စာဆိုခဲ့ကြတယ် ထပ်ပြီးပြောဖို့မလိုတော့ပါဘူး၊ ကျုပ်တို့ ၃၃ ကောင်းကင်ဘုံကိုသွားရင် နှစ် ၁၀၀ အတွင်းမှာ နောက်ထပ်မြို့တစ်မြို့တည်ထောင်နိုင်မယ် အဲဒီမြို့ကို ဟွမ်ကျို့မြို့ လို့နာမည်ပေးမယ်”

“ဟုတ်ပြီ ဟွမ်ကျို့မြို့လို့ခေါ်ကြတာပေါ့” တုန်ဖန်းလုနှင့် ရှီမန်ကျင်းတို့ သည် တညီတညွှတ်တည်းပြောကြသည်။ သူတို့သုံးယောက် သေချာနေသည် မှာ ရှေးဟောင်းသားရဲထိန်းသည် အချိန်တိုအတွင်းတွင် လူများကိုအောင်နိုင်ရန် လုံလောက်သည့် စွမ်းအားရှိသည်ဟု ယုံကြည်ကြသည်။ အချိန်တစ်ခုအတွင်း တွင် အင်အားတစ်ခုတည်ထောင်နိုင်မည်ဖြစ်သည်။

သို့သော် လူလေးယောက်တွင် ထိုမျှကြီးမားသောရည်မှန်းချက်ရှိလျှင် တောင် ယန်ယဲ့သည် သဘောမတူဘဲ ခေါင်းသာညိတ်ပြလေသည် “အကောင်း ဆုံးလုပ်ကြပါ”

ထိုလူသုံးယောက်၏စကားများကိုကြားပြီး ပေထင်းဟွမ် ထိတ်လန့်မိ၏။ သို့သော် သူမ စကားမပြောနိုင်ခင်မှာပ်င ပေထင်းချင်းသည် သူမကိုလွှတ်ကာ ပခုံးကိုပုပ်ပေးလေသည် “လိမ္မာတယ် ဘိုးဘိုးက အသက်ကြီးပါပြီ၊ ဟုတ်တယ် အချိန်ကြာလေလေ မင်းအဖေကို သတိရလေလေပဲ၊ ငါတို့အဘိုးကြီးတွေရဲ့ ခွန်အားကအသန်မာဆုံးပဲ၊ အရင် ငါတို့ မိသားစုခေါင်းဆောင်ဖြစ်တုန်းက မိသားစုဆက်ခံသူတချို့ရှိတယ်၊ ငါတို့လေးယောက်သွားလိုက်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်”

ပေထင်းဟွမ်သည် ဘာပြောရမည်ကိုမသိတော့ပေ။ မနေ့ညက ဆွေးနွေး မှုအပြီးတွင် သူတို့သည် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်ကို သူမ သိသဖြင့် ခေါင်းသာညိတ်လိုက်လေသည် “ဟုတ်ကဲ့ပါ ဘိုးဘိုးတို့လေးယောက်အပြင် ဘယ်သူသွားမလဲကြည့်လိုက်ဦးမယ်”

“ငါတို့” ပေထင်းကျင်သည် ရှေ့တစ်လှမ်းတိုးလိုက်ရာ ရှီမန်ဆုန်းတို့လည်း နောက်မှလိုက်လာကြကာပြောလေသည် “ငါတို့”

ထိုအရာကို ပေထင်းဟွမ် ထင်မှတ်မထားပေ။ သူတို့၏ခွန်အားသည် ဝိညာဉ်ဂိုဏ်းအဆင့်သာရှိသေးသည်။ တုန်ဖန်းကျောက်၏ခွန်အားပင်လျှင် အတန်ကြာသည်အထိ မတိုးတက်သေးပုံပေ။ ၃၃ ကောင်းကင်ဘုံကို လိုက်သွား ချင်နေကြတာလား။

“ရှောင်ကျို အစ်ကိုကြီးက နည်းနည်းတစ်ကိုယ်ကောင်းဆန်တယ်” ပေထင်းကျင်သည် ခေါင်းငုံ့လေသည် “အဖေနဲ့အမေက ၃၃ ကောင်းကင်ဘုံမှာ မရှိဘူး ဒါပေမဲ့ အစ်ကိုကြီးက သွားပြီး အလုပ်တစ်ခုတည်ထောင်မယ် အဲဒါမှ သူတို့တွေ အစ်ကိုကြီးရဲ့ဂုဏ်သတင်းကိုကြားပြီး လာရှာလို့ရမယ် အစ်ကိုကြီးကို ဂုဏ်ယူစေရမယ်၊ သူတို့ကို ကာကွယ်ပေးမယ်”

အရေးအကြီးဆုံးမှာ ပေထင်းဟွမ်နှင့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်တို့ ရင်ဆိုင်တွေ့ချိန်တွင် အားကောင်းဆုံးအထောက်အပံ့ပေးနိုင်ရန်ဖြစ်သည်။

All Chapters