← Chapters

ပေထင်းဟွမ်အတွက် နောက်ဆုံးပဲ

Vol. 67 Ch. 1328

ပေထင်းဟွမ်အတွက် နောက်ဆုံးပဲ

Vol. 67 Ch. 1328

ထိုစကားများကို ပေထင်းကျင်မပြောလျှင် ပေထင်းဟွမ်မသိပေ။ ပေထင်းချင်းအပါအဝင် တခြားသူများသည် ၃၃ ကောင်းကင်ဘုံသို့ သွားကြ မည်။ အကြောင်းအရင်းများစွာရှိသော်လည်း သူတို့သည် ပေထင်းဟွမ်အတွက် အဆုံးစွန်လုပ်ပေးကြမည်။ သို့သော် ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ် နတ်ဘုရားမျိုးနွယ်လိုချင်နေသည့် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိသည်ကို ပေထင်းချင်းသိသည်။ တခြားမိသားစုသုံးခုမှာ ဘာကြောင့်နည်း။ သူတို့သည် ဘာအတွက်လုပ်နေသနည်း။

ပေထင်းဟွမ်လည်း သူတို့သုံးစုကို မပတ်သက်စေချင်ပေ။

နန်ကုန်းချန်းသည် ဉာဏ်နီဉာဏ်နက်များသည်။ သူသည် ပေထင်းဟွမ်၏ အတွေးများကိုမြင်သောအခါ သက်ပြင်းအသာချကာ ပြောလေသည် “ခေါင်းဆောင် ငါတို့တွေက အိုနေပါပြီ၊ အရင်က ရည်မှန်းချက်တွေရှိခဲ့ရင် တောင် တစ်ချိန်လုံးမလုပ်နိုင်ခဲ့ဘူး၊ နှစ်ပေါင်းတစ်ရာကျော်မှာ ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ပြီးမှ နတ်ဘုရားအဆင့်ကို ထပ်တက်ခဲ့တယ်မလား၊ အသက်လည်း ဆွဲဆန့်သွားတယ် ကျင့်ကြံမှုက အသက်ရှင်ဖို့အတွက်ပဲ အဲဒါ သာမရှိတော့ရင် အဓိပ္ပာယ်မရှိတော့ဘူး၊ ပြီးတော့ ဒီအငယ်တွေက မင်းနောက် ကို နေ့တိုင်းမလိုက်နိုင်ကြဘူးမလား ငါတို့မသွားရင် သူတို့မသွားနိုင်ဘူးလို့ ထင် လား၊ ငါတို့က မင်းရှေ့မှာ စွမ်းအားဖြစ်ပေးမှာပါ”

ပေထင်းဟွမ် မည်မျှပင် ငြင်းဆန်စေကာမူ အသုံးမဝင်ပေ။

ယန်ချန်းတွင် အခမ်းအနားပွဲကြီးမတိုင်ခင် တစ်ညအလိုတွင်ဖြစ်သည်။ အခမ်းအနားပွဲပြီးသည်နှင့် ဇာမဏီမြို့မှလူများသည် အသီးသီးလမ်းခွဲသွားကြ မည်ဖြစ်သည်။ ထိုညတွင် ပေထင်းဟွမ်၏ ခံစားချက်သည် မတည်ငြိမ်နိုင်တော့ ပေ။ သူမနှင့် ယန်ယဲ့တို့သည် ဝိညာဉ်ခန်းမ၏အိပ်ခန်းခေါင်မိုးထက်တွင် ထိုင်နေကြသည်။ သူမသည် နန်းတွင်းအဝတ်အစားဝတ်ထားပြီး ဆံပင်ကို ခရမ်းရောင်ဖဲပြားဖြင့်ချည်ထားကာ ဆံမြိတ်ကိုကျောအနောက်တွင် ဖြန့်ချ ထားသည်။ ခရမ်းရောင်စကတ်အလွှာများသည် အုတ်ကြွပ်ပြားပေါ်တွင် ပြန့်နေပြီး လနန်းတော်မှ ပျံထွက်လာသည့် ဆွဲဆောင်မှုရှိသော နတ်သမီး အလားပင်။

ယန်ယဲ့သည်လည်း ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားပြီး သူ၏ရှည်လျား သော ဆံပင်ငွေရောင်သည် လေနှင့်အတူ အနောက်သို့လွင့်ပါနေကာ ခရမ်းရောင်မျက်ခုံးများသည် လရောင်အောက်တွင် ပို၍တွန့်နေသလိုပင်။ သူ၏မျက်အိမ်များသည် ရွှန်းလဲ့နေပြီး ကြယ် များရောင်ပြန်ဟပ်နေသလိုပင်။ သူသည် ခေါင်မိုးပေါ်တွင် ခြေထောက်တစ်ဖက်ကွေး၊ တစ်ဖက်ဆင်းပြီး ထိုင်နေကာ ပေထင်းဟွမ်သည် သူ၏ဒူးပေါ်တွင် လှဲလျောင်းပြီး ယန်ယဲ့ ၏ ချယ်ရီပန်းပွင့်များနှင့်တူသော နှုတ်ခမ်းမှ လွင့်ပျံလာသည့် ပုလွေသံကို နားဆင် နေ၏။ ပေထင်းဟွမ်သည် သူ၏ဘေးစောင်းမျက်နှာနှင့် နှုတ်ခမ်းကို စိုက်ကြည့်ပြီး သာယာသော အရသာကိုခံစားနေသည်။

အရင်ကခံစားဖူးသည့်အရသာသည် ချိုမြသော်လည်း အီခြင်းမရှိ၊ ချောမွတ်နူးညံ့ပြီး အရသာအပြည့်နှင့်ပင်။ အရသာခံစားရခြင်းသည် ကမ္ဘာ့ထိပ်တန်းစားသောက်ဆိုင်မှ ပြင်သစ်စားဖိုမှူး၏ ရေခဲမုန့်ကိတ် စားရသည့်အတိုင်းပင်။ ရေခဲမုန့်ကိတ်ထက်ပင် ပို၍ အရသာပိုရှိလေသည်။

“ယန်ယဲ့ရဲ့ နှုတ်ခမ်းတွေက အရင်ဘဝမှာရော အခုဘဝမှာရော ငါစားဖူးတဲ့ အရသာအရှိဆုံး အစားအသောက်တွေတောင် သူ့နှုတ်ခမ်းတွေ လောက်အရသာမရှိမှာစိုးတယ်၊ နောက်တစ်ကိုက်စားချင်လိုက်တာ” ပေထင်းဟွမ်သည် ပုလွေသံကိုနားထောင်ပြီး ယန်ယဲ့နှုတ်ခမ်း၏ အလှတရားကို စိတ်ကူးယန်ပြီး ရုတ်တရက် စိတ်လွတ်သွားသည်။ အရင်က နမ်းခဲ့ဖူးသည်များ ကိုတွေးပြီး အသိဉာဏ်ပင်ပျောက်လုနီးပါးဖြစ်သည်။ ပေထင်းဟွမ်၏ နဂိုက တောက်ပနေသောမျက်လုံးများသည် စိတ်ပျက်မှုကြောင့် မှေးမှိန်သွား၏။

ပုလေသံသည် သာယာနာပျော်ဖွယ်ရှီပြီး ဝါးတောထဲသို့ဖြတ်တိုက်ခတ် သွားသည့် လေပြေလေညှင်းအလား ကန်ပေါ်တွင် လရောင်တောက်ပသည့် အလား၊ ခေါင်းအုံးဘေးတွင် ချစ်သူ၏ တိုးညှင်းသောလေသံအလားထင်ရလေ သည်။ ယန်းမြို့တစ်မြို့လုံးတွင် ပြတင်းပေါက်ဘေး၌ ထိုင်နေကြသော မရေမတွက်နိုင်သည့်လူများသည် ကောင်းကင်ပေါ်ရှိလကိုကြည့်ကာ ပျံ့လွင့်လာသော ပုလွေသံကို နားဆင်နေကြသည်။ အတွေးများသည် ပုလွေသံ ကြောင့် လွင့်ပျယ်သွား၏။

ပေထင်းဟွမ်တစ်ယောက်သာ ပုလွေသံနားထောင်ပြီး အာရုံပျက်နေ၏။ ပုလွေသံသည် လှပသော်လည်း အနားမှလူများ၏တစ်ဝက်လောက်ပင် မခံစားနိုင်ပေ။ ပါးစပ်အရသာကိုမမှီနိုင်၍လားမသိပေ။

ယန်ယဲ့သည် ဆက်ပြီးမတီးမှုတ်နိုင်တော့ပေ။ ဘေးနားရှိကောင်လေး၏ နှုတ်ခမ်းမှ သွားရည်များစီးကျလာသံကိုပင် သူကြားနေရသည်။ 'ဇာမဏီမှ ဇာမဏီရှာခြင်း' သီချင်း တစ်ဝက်အရောက်တွင် ယန်ယဲ့သည် ပုလွေကိုချပြီး လက်မြှောက်ကာ ပေထင်းဟွမ်၏မျက်နှာကို ဆိတ်လိုက်သည် “ဒီလို သွားရည် ကျလောက်အောင်ကြည့်နေပုံထောက်တော့ မင်းက ကိုယ့်ကိုအစိမ်းလိုက် ဝါးစားတော့မှာလား”

All Chapters