← Chapters

စားသောက်ဖို့ဆန္ဒ

Vol. 67 Ch. 1329

စားသောက်ဖို့ဆန္ဒ

Vol. 67 Ch. 1329

ပေထင်းဟွမ်သည် သက်ပြင်းချကာ ယန်ယဲ့၏လည်ပင်းကို လက်ဖြင့် သိုင်းဖက်ပြီး သူ၏နှုတ်ခမ်းများကို နမ်းတော့သည်။ ယန်ယဲ့သတိပြန်ဝင်မလာ ခင်တွင် သူမ လွှတ်ပေးလိုက်သည်။ ထိုးတက်လာသော စွမ်းအင်နှင့် သွေးများ ကို ဖိနှိပ်ချကာ ပေထင်းဟွမ်သည် မျက်နှာလွှဲပြီး ယန်ချန်း၏ညကောင်းကင်ကို ကြည့်လေသည် “ယန်ယဲ့ ဖြစ်နိုင်ရင် ရှင့်ကိုလေ တစ်စစီဆွဲဖြဲပစ်ချင်တာ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကျွန်မသေမှာ”

သူမသည် လက်လွှတ်ပြီးနောက် သူ၏ပေါင်ပေါ်သို့လှဲလျောင်းကာ လေးလံစွာ သက်ပြင်းချပြန်သည် “ကံကောင်းလို့ အသက်ကယ်ဆေးရှိသေး တယ်၊ မဟုတ်သေးဘူး ကျွန်မစားလို့မပြီးသေးခင် သေသွားမှာကိုကြောက်နေ တာ အဲလိုဆိုရင် တော်တော်ဆိုးမှာပဲ”

ချစ်သူနှစ်ဦးအကြားတွင် ကျီစယ်စကား၊ ချစ်စကားများမရှိဘဲ ခေါင်းကိုက်စရာများသာရှိနေသည်။

ယန်ယဲ့သည် ပေထင်းဟွမ်၏ကိုယ်လေးကို သိုင်းဖက်ကာ ဘာမှမပြောဘဲ ရင်ခွင်ထဲထည့်ပြီး အာရုဏ်တက်ကိုသာ စောင့်ဆိုင်းနေလေသည်။

စောစီးစွာနိုးထလာသည်နှင့် မနက်ခင်းပထမဆုံးအလင်းရောင်သည် ပင်မတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားရာ ယန်ချန်းသည်လည်း မနက်ခင်း အလင်းနှင့်လှပလျက်ရှိသည်။ ယန်ချန်းတစ်ခုလုံးသည် အဝတ်စအသစ်နှင့် ဖုံးအုပ်ထားသကဲ့သို့ ပုံမှန်နှင့်မတူသည့် အသွင်အပြင်ကို ပြသလေသည်။

မနက်ခင်းအစောတွင် အင်အားစုများသည် တစ်ခုပြီးတစ်ခုရောက်လာကြ သည်။ ချူဖုန်းသည်လည်း သံမဏိသွေးကြေးစားတစ်ဖွဲ့လုံးနှင့်ရောက်လာ သည်။ သို့သော် သည်တစ်ခေါက်တွင် ပေထင်းဟွမ်နောက်သို့ အစကတည်းက လိုက်လာသော သံမဏိသွေးကြေးစားအဖွဲ့၏ လက်ရွေးစင်များကိုသာ ခေါ်လာ သည်။ တစ်ယောက်ချင်းစီမှာ ကောင်းကင်အဆင့်အထက်တွင်ရှိကြသည်။

ပေထင်းဟွမ်သည် ချူဖုန်းကို တွေ့ရသည်ကို ပျော်ရွှင်မိသည်။ သည်တစ် ခေါက်တွင် သူသည် မင်းသမီးချန်လဲ့ဟုခေါ်သည့်မိန်းကလေးကို ခေါ်မလာ သလို အပြင်တွင် ချန်လဲ့သတင်းကိုမကြားရသဖြင့် ပေထင်းဟွမ်သည် အချိန်ကို စောင့်ကာ ချူဖုန်းအား သတင်းမေးလေသည်။ ဝမ်ဝေ့မေးလေသည် “ဝမ်းကွဲက အဲဒီမိန်းကလေးအတွက် ဘာအဓိပ္ပာယ်လဲ”

မင်းသမီးချန်လဲ့သည် အရင်ယင်ယွဲ့အင်ပါယာ၏ စစ်သူကြီး၏သမီးဖြစ် သည်။ သူမသည် ချူဖုန်း၏ သတို့သမီးလောင်းဖြစ်ခဲ့သည်။ သို့သော် ချူဖုန်း၏ ပုလ္လင်အလုခံရပြီး ငွေလရောင်အင်ပါယာမှ နှင်ထုတ်ခံရချိန်တွင် မင်းသမီးချန်လဲ့နှင့် ချူဖုန်းတို့ ဝေးကွာခဲ့ကြသည်။

မင်းသမီးချန်လဲ့သည် ရှန်းယန်မြို့တွင် သံမဏိသွေးအဖွဲ့နှင့် တိုက်ခိုက်ခဲ့ သည်။ သို့သော် ပေထင်းဟွမ်၏ အနိုင်ယူမှုအောက်တွင် နောက်ဆုံး၌ ချူဖုန်း ဆီသို့ လက်လွှဲပေးခဲ့၏။ ချူဖုန်းသည်လည်း ဒေါသကို ဖြေဖျောက်ချင်မိသည်။

ဝမ်ဝေ့လည်း ထိုကိစ္စအကြောင်းအရာများကို သိသည်။ မဟာမိတ် အင်ပါယာ၏ခေါင်းဆောင်တစ်ယောက်အနေနှင့် ပေထင်းဟွမ်သည် ဤကဲ့သို့ အသေးအဖွဲကို ဂရုစိုက်နေသည်မှာ အနည်းငယ်ရယ်ရသည်။ သို့သော် ထိုကိစ္စ ကြောင့်ပင် သူသည် အလွန်စိတ်ထဲထိမိသည်။ ကံကောင်းစွာပင် ချူဖုန်းသည် ပေထင်းဟွမ်၏သရုပ်မှန်ကို မသိစဉ်ကတည်းကပင် နောက်မှလိုက်လာခဲ့သည်။

“ခေါင်းဆောင်က အဲဒီမိန်းကလေးကို ဘယ်လိုလုပ် လုပ်ရက်မှာလဲ၊ သူက အဲဒီမိန်းကလေးကို တစ်ခါမှသဘောမကျခဲ့ဘူး၊ ရန်ငြိုးလည်းမရှိဘူး” ဝမ်ဝေ့ ထိုသို့ပြောချိန်တွင် ပေထင်းဟွမ် သူ့ကိုပေးခဲ့သည့် အထောက်အပံ့များကို တွေ့ခဲ့စဉ်က ချူဖုန်းကို တွေးမိသားသည်။ သူ့ဆီသို့ အထူးလက်ဆောင်များ ရောက်လာချိန်က သူရင်ထဲအလွန်ထိမိသည် “ခေါင်းဆောင်မှာ မင်းလို ဝမ်းကွဲ ရှိတာ သူ့အတွက်တော့ အရမ်းပျော်ပြီးကျေနပ်စရာကောင်းတဲ့ကိစ္စပဲ”

ပေထင်းဟွမ် ခေါင်းညိတ်လေသည်။ သူမသည် သူ့အနားမှလူများကို အပြစ်တင်စိတ်မရှိအောင်ထားသည်။ ချူဖုန်း ချန်လဲ့နှင့် စာရင်းရှင်းမည့်ကိစ္စကို လည်း သူ့ကိုသာ အပ်ထားပေးခဲ့သည်။ ပေထင်းဟွမ်သည် ဝင်မပါပေ။ သူတို့ လူအများအပြားခေါ်လာသည်ကိုကြည့်ပြီး ဤကိစ္စသည်မရိုးရှင်းသည်ကို သိ လိုက်သဖြင့် သူမသည် ဝမ်ဝေ့အားမေးလိုက်သည် “မင်းတို့လည်း သခင်ကြီး ၄ ယောက်နဲ့ ၃၃ ကောင်းကင်ဘုံကို သွားဖို့စီစဉ်နေတာလား”

ဝမ်ဝေ့သည် ခေတ္တမျှ မှင်တက်သွားလေသည်။ သူရောက်လာစဉ်က အဖွဲ့ ခေါင်းဆောင်သည် ထိုကိစ္စကို လျှို့ဝှက်ထားခိုင်းပြီး ၃၃ ကောင်းကင်ဘုံသို့ သွားမည့်အကြောင်းကို ပေထင်းဟွမ်အား ပေးမသိခိုင်းပေ။ မထင်မှတ်စွာပင် ခေါင်းဆောင်ကြီးသည် သိနှင့်ပြီးသားဖြစ်လေသည်။ သူသည် ခေါင်းကုတ်ပြီး ပြုံးကာပြောလေသည် “ဟုတ်တယ် ခေါင်းဆောင် ကျုပ်တို့ ပင်မတိုက်ကြီးမှာ ဆက်နေရင်လည်း အဓိပ္ပာယ်မရှိတော့ဘူးလေ၊ အဖွဲ့တွေကုန်လုံးက ကျုုပ်တို့ကို မြင်တာနဲ့ လှည့်ပြေးကြတာ၊ သားရဲတွေတောင် ရှားကုန်ပြီ၊ ၃၃ ကောင်းကင်ဘုံ ကိုသွားပြီး ဂုဏ်သရေပြန်တည်ဆောက်ရမှာပေါ့”

All Chapters