အခမ်းအနားပွဲကြီး ၁၅ နှစ်ပြည့်မွေးနေ့
Vol. 67 Ch. 1330
သို့သော် အားလုံးသည် သူမအား နှစ်သိမ့်ပေးကြသည်။ သူတို့အားလုံး သည် ပေထင်းဟွမ်အတွက် တိုက်ခိုက်မည်ဆိုလျှင်တောင် သူတို့ရင်ထဲမှ ပေထင်းဟွမ်သည် လက်ရှိဂုဏ်သရေနှင့်ပြည့်စုံပြီးသားဖြစ်သည်။ ဝမ်ဝေ့ပင် ထိုသို့တွေးသည်။
ဝမ်ဝေ့သည် ဓားဂိုဏ်းဖြစ်ခဲ့ရာမှ နှစ်တစ်ဝက်အတွင်းတွင် ကြယ်ဝိညာဉ် သခင်မှ ဓားဂိုဏ်းအဖြစ် အဆင့်တက်ခဲ့သည်။ သူသည် ပေထင်းဟွမ်အား ကျေးဇူးတင်ရုံတင်မဟုတ်ပေ “ခေါင်းဆောင်က သံမဏိသွေးကို တပ်ဖွဲ့တစ်ခု တင်မဟုတ်ဘဲ ပတ္တမြားတစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်မယ့်တပ်ဖွဲ့ဖြစ်အောင် လုပ်မယ်လို့ ခေါင်းဆောင် ငါတို့ကိုပြောခဲ့တယ်၊ ခေါင်းဆောင် သတင်းကို ပြော တုန်းက ကျုပ်တို့တွေ ဘယ်လောက်ပျော်သွားမှန်း ခေါင်းဆောင်ကြီးသိမှာ မဟုတ်ဘူး၊ မိသားစုခေါင်းဆောင်က သူတို့ကိုခေါ်မသွားချင်ဘူးလို့ပြောပေမဲ့ အကုန်လုံးက လိုက်လာကြတာပဲ”
၃၃ ကောင်းကင်ဘုံအတွက် တိုက်ခိုက်ရသည်မှာ ရှေ့သွားရမည့်လမ်း သည် ခက်ခဲသည်ကို သိလျှင်တောင် စိတ်ထဲတွင် ခိုင်မာသောယုံကြည်ချက်ရှိ သည်နှင့် မည်သူမှ မကြောက်ကြပေ။
၉ လပိုင်း ၁၆ ရက်နေ့သည် ပေထင်းဟွမ်၏ အရင်ဘဝရော ယခုဘဝ၌ပါ မွေးနေ့ဖြစ်သည်။ ထိုနေ့တွင် သူမသည် ၁၅ နှစ်ပြည့်မည်ဖြစ်သည်။ ယန်ချန်း တစ်မြို့လုံးသည် ပွဲကြီးကျင်းပကြသည်။
ယန်ချန်း၏အခမ်းအနားပွဲကြီးကို ယန်ချန်း၏ အတွင်းမြို့နှင့် အပြင်မြို့ ချိတ်ဆက်ထားသည့် ကျို့လင်ရင်ပြင်တွင် ကျင်းပမည်။ ရင်ပြင်တစ်ခုလုံးမှာ ကွင်းပုံစံဖြစ်နေပြီး အလယ်ရှိမြေပြင်တွင် အဖြူနှင့်အနက်ဖြင့် ထွင်းထုထား သော ရှေးဟောင်းသစ်ထွင်းစာတချို့ရှိနေသည်။ မနက်ခင်းတွင် ကောင်းကင် တောက်ပပြီး တိမ်များ၏ အရောင်စုံရောင်ပြန်စပ်မှုအောက်တွင် ထိုသစ်ထွင်း စာ ကျောက်များသည် ရွှေရောင်နေအောက်တွင် ထူးဆန်းစွာတောက်ပနေရာ ကျို့လင်ရင်ပြင်သို့ ရောက်နှင့်ပြီးသားလူများမှာ ထိုသစ်ထွင်းစာများအနားကို မနင်းရဲလောက်အောင်ဖြစ်စေသည်။
ရင်ပြင်သည် လူပေါင်းသိန်းချီဆံ့သည်။ ယန်ချန်းမှလူများသည် အင်အားစု အားလုံးကို နေရာချထားပြီးဖြစ်လေသည်။ အရသာရှိသော သေရည်နှင့် လတ်ဆတ်သောသစ်သီးများ တောက်ပသောအလင်းများနှင့် အားလုံးသည် အခမ်းအနားကြီးရောက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။
မီးတောက်မြို့သည် လျှို့ဝှက်ဆန်းကြယ်ပြီး လှပသည်။ ပင်မတိုက်ကြီး အရင်ဖြစ်လာသလား၊ မီးတောက်မြို့အရင်ဖြစ်လာသလားဆိုသည်ကို ပြောရန် ခက်သည်။ နှစ်ပေါင်းတစ်သောင်းတွင် မည်သူမှယန်ချန်းကို မဝင်ရသလောက် ဖြစ်ခဲ့ကာ ယန်ချန်းအကြောင်းကိုလည်း မည်သူမှမသိခဲ့ကြပေ။ နှစ်ပေါင်း တစ် သောင်းအတွင်းတွင် ယန်ချန်းဖွင့်လိုက်သည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ ပင်မတိုက်ကြီးမှလူများအားလုံးသည် ပွဲအခမ်းအနားကြီးတွင် ဆင်နွှဲ ရန်ဖိတ်ကြားခံရသည်။
“မိုးနတ်မင်းရေ ငါ ယန်ချန်းကို ပထမဆုံးအကြိမ်ရောက်တာပဲ၊ ဒီမှာ ရောင်ဝါတွေအများကြီးပဲ၊ မြို့ကလူတွေက အပြင်ကလူတွေလိုမျိုး ရန်မလိုဘူး၊ ငါ ဒီမှာပဲကျင့်ကြံပြီး အပြင်မထွက်ချင်တော့ဘူး”
“ယန်းမြို့ရဲ့သခင်က ဘယ်သူလဲမသိဘူး၊ ညအရှင်သခင်လို့လည်းကြား တယ် ငါယုံတောင်မယုံနိုင်ဘူး”
“ယန်ချန်းက ငါတို့ကို ဘာလို့ဖိတ်တာလဲမသိဘူး၊ ဇာမဏီမြို့နဲ့ ပူးပေါင်း ပြီး ငါတို့အားလုံးကို သတ်ချင်လို့များလား”
“မင်းကိုယ်မင်း အထင်ကြီးနေပြန်ပြီ ဟွမ်ချန်းနဲ့ယန်ချန်းက ငါတို့ကိုသတ် ချင်ရင် ဒီလောက်ဒုက္ခရှာစရာလိုမှာတဲ့လား၊ နတ်ဘုရားအဆင့်လောက်နဲ့တင် လုံလောက်နေပြီ”
ယန်ယဲ့သည် ပေထင်းဟွမ်ကို ဦးဆောင်လာကာ ကျို့လင်ရင်ပြင်ဆီသို့ လျှောက်လာသည်။ သူမသည် အားလုံးတီးတိုးပြောနေသံများကို သိချင်မိလေ သည်။ သူမသည် ယောက်ျားလေးပုံစံဝတ်ဆင်ထားဆဲဖြစ်သည်။ သို့သော် ရှုပ်ထွေးသည့်အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံပေါ်တွင် ရွှေရောင် ပီအန်းပန်းထိုးထားရာ ယန်ယဲ့၏ခရမ်းရောင်ဝတ်ရုံနှင့် တွဲဖက်ညီလှလေသည်။ သူတို့ရင်ပြင်သို့ ခြေချသည့်အခိုက်အတန့်မှစပြီး ထိုနေရာရှိလူများသည် နေရာမှထပြီး သူတို့နှစ်ယောက်အား အံ့ဩသော မျက်လုံးများဖြင့်ကြည့်ကြလေသည်။
ယန်းမြို့၏သခင်သည် ဤမျှခံ့ညားသောလူဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ရှည်လျားသောငွေရောင်ဆံပင်ကို လေတိုးခြင်းမရှိဘဲ သူ သည် လူငယ်ကို တစ်လှမ်းချင်းဦးဆောင်လာသည်။ မျက်လုံးထောင့်များသည် အနည်းငယ်လှည့်သွားပြီးနောက် နှုတ်ခမ်းသည် စောင်းသွားရာ အလွန်ပင် ကလူသယောင်ရှိ၏။ သူ့ဘေးမှလူငယ်သည် ယှဉ်မရသော ချောမွတ်သည့် မျက်နှာရှိပြီး နေနှင့်လတို့၏ အဆီအနှစ်မှအသွင်ပြောင်းထားသလိုပင်။