မီးတောက်မြို့၊ ပင်မတိုက်ကြီး၏ အဆင်ပြေနေမှု
Vol. 67 Ch. 1331
ကျွတ်
တစ်ချက်ကြည့်ပြီးနောက် အားလုံးသည် ပင့်သက်ရှိုက်ကြသည်။ ပင်မ တိုက်ကြီးတွင် ဤမျှကြောက်စရာကောင်းသောလူနှစ်ယောက်ရှိနေသည်။ သူတို့၏မျက်လုံးနှင့် ကိုယ်တိုင်မမြင်ရပါက သူတို့နှစ်ယောက်သည် ဤကဲ့သို့ မှင်တက်လောက်စရာ အသွင်အပြင်ရှိသည်ကို မည်သူမှယုံကြည်ကြမည် မဟုတ်ပေ။
အားလုံးသည် ထိတ်လန့်သွားကြသည်။ သို့သော် သူတို့သည် ထပ်မကြည့် ရဲတော့ပေ။ လူနှစ်ယောက်၏မျက်နှာမှ ခပ်ဖျော့ဖျော့ အကျပ်ကိုင်မှုသည် စိုက် မကြည့်နိုင်လောက်အောင်ဖြစ်စေသည်။ ချက်ချင်းပင် ထိုအမျိုးသားနှစ်ဦးကို မြင်လိုက်ချိန်တွင် ရင်ပြင်တစ်ခုလုံးမှလေထုသည် မည်မျှပင်ဖိစီးစေကာမူ ပါးစပ်အဟောင်းသားဖြစ်နေသည်ကို မတားနိုင်တော့ပေ။
“ဒါက သခင်ပေထင်းဟွမ်မလား၊ မိုးနတ်မင်းရေ သခင်ပေထင်းဟွမ်က ဘယ်လိုလုပ် ဒီလောက်တောင်ကြည့်ကောင်းရတာလဲ”
“ဘုရားရေ ငါ ကြေးမုံတောင်မကြည့်ရဲတော့ဘူး၊ ငါဆို ဘယ်လောက် တောင် ငတုံးနဲ့တူလိုက်မလဲ”
“မိုးနတ်မင်းရေ ဒါက ယန်မြို့ရဲ့ သခင်လား၊ ယန်မြို့ရဲ့သခင်တစ်ယောက် ပဲ သခင်ပေထင်းဟွမ်နဲ့ထိုက်တန်မှာ နတ်ဘုရားက တကယ်အမြင်ရှိတာပဲ”
လူပေါင်း တစ်သိန်းထဲတွင် လှပသောအမျိုးသမီးများစွာရှိသော်လည်း ထို လူနှစ်ယောက်အားမြင်ပြီးနောက် မရှက်ဘဲမနေနိုင်ကြတော့ပေ။ တချို့လူများ သည် သူတို့မျက်နှာကိုကိုင်ပြီး ဖျစ်ညှစ်ကြည့်ကြသည်။ အရင်က သူတို့၏ အသွင်အပြင်အပေါ် ယုံကြည်ချက်ရှိခဲ့သည်ကို ရှက်မိကြလေသည်။
ရှည်လျားသောအနီရောင်ကော်ဇောသည် အတွင်းခန်းမမှ ရင်ပြင်အလယ် ထိဖြန့်ခင်းထားပြီး ကွင်းပြင်ကို ထူးဆန်းသောထွင်းစာများဖြင့် ထွင်းထုထား သည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကိုဆွဲကာ လူအုပ်အား လျစ်လျူရှုစွာ ဖြင့် ဖြတ်လျှောက်သွားလေသည်။ သူ၏ခမ်းနားမှုဖြင့် ဖိနှိပ်လိုက်ရာ လူအုပ်ထဲ မှလူများအားလုံးသည် ထိုအခိုက်အတန့်တွင် တိတ်ဆိတ်သွားလေသည်။ ဘုရင် တစ်ပါး၏ ခမ်းနားမှုသည် အထင်သေး၍မရပေ။
သူတို့နှဏ်ယောက်သည် အားလုံး၏စောင့်ကြည့်နေသော မျက်လုံးများ အောက်တွင် ကြီးမားသောရင်ပြင်၏ တိတ်ဆိတ်မှုများအကြားတွင် တစ်လှမ်း ချင်းလျှောက်သွားလေသည်။
ရှည်လျားသောဝတ်ရုံများသည် အနီရောင်ကော်ဇော်ပေါ်တွင် ဖြန့်ကား နေပြီး ပီအန်းပန်းများသည် ခြေလှမ်းတိုင်းတွင် ပွင့်လန်းနေသည့်အလား ရနံ့ခပ် သင်းသင်းသည် လေထဲတွင် စတင်မွှေးပျံ့နေသလိုပင်။
ရင်ပြင်အလယ်တွင် ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကိုလွှတ်ပြီး လက်ကိုပြောင်းချိတ်ခိုင်းကာ သူတို့နှစ်ယောက်သည် ကောင်းကင်ပေါ်သို့ အတူ ပျံသန်းကြလေသည်။ သူတို့နှစ်ယောက်သည် လေထဲတွင် ဖြည်းဖြည်းချင်း လည်နေပုံရပြီး အားလုံးကို မျက်နှာပြလိုက်သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ပင် နားမလည်တော့ပေ။ ဒီလူဘာလုပ်ချင်နေတာလဲ။
ပေထင်းဟွမ်၏သံသယများကို မြင်နေရသည့်အလား ယန်ယဲ့သည် ခပ်သဲ့သဲ့ပြုံးကာ ပင်မတိုက်ကြီးတစ်ခုလုံးမှလူများကို မျက်နှာချင်းဆိုင်လိုက် သည်။ “ဒီနေ့ ကျုပ် ယန်မြို့က ခင်ဗျားတို့အားလုံးကို ဒီလာဖို့ဖိတ်လိုက်တာက အကုန်လုံးကို အရေးတကြီးကြေညာစရာရှိလို့ပါ၊ ဒါပေမဲ့ မကြေညာခင်မှာ ယန်ချန်းက ဒီနေလို့ နေ့ထူးနေ့မြတ်မှာ ပင်မတိုက်ကြီးတစ်ခုလုံးအတွက် ယူဆောင်လာတဲ့ အကျိုးအမြတ်ကို အရင်ကြေညာပါမယ်”
ထိုစကားကိုကြားပြီးနောက် အားလုံးသည် အသက်အောင့်မိကြလေ၏။ ဤလူသည် ဤတိုက်ကြီးပေါ်တွင် အားအကောင်းဆုံးဖြစ်သည်ကို သူတို့ ကောင်းကောင်းသိကြသည်။ အကျိုးအမြတ်သည်လည်း သူတို့ တွေးမရနိုင် လောက်သည့်အရာပင်ဖြစ်လိမ့်မည်။
“ယန်မြို့ရဲ့သခင်က တကယ်ပဲ ညအရှင်သခင်ဖြစ်နေတာပဲ မိုးနတ်မင်း ညအရှင်သခင်က အဂ္ဂိရတ်ပညာရှင်ပဲ၊ ဇာမဏီမြို့ရဲ့သခင်ကလည်း အဂ္ဂိရတ် ပညာရှင်ပဲ၊ ဆေးရှိမယ်လို့မျှော်လင့်ပါတယ်”
“သခင်ပေထင်းဟွမ်က သားရဲထိန်းလည်းဟုတ်တယ် ဝူး ဝူး ဝူး သားရဲတွေလည်းရှိမယ်ထင်တယ်”
“ပြောမနေနဲ့တော့ ဟွမ်ချန်းနဲ့ ယန်ချန်းတို့ လှုပ်ရှားလိုက်ရင် မကောင်းတဲ့ ကိစ္စတွေကို စိတ်ပူဖို့မလိုဘူး အဲဒါကိုယူဖို့ ခွန်အားရှိမရှိကိုပဲ စိုးရိမ်ရတော့မှာ”
ရင်ပြင်တစ်ခုလံဒးသည် ငြိမ်ကျသွားကာ အားလုံးသည် ထိုအကျိုးအမြတ် ကို မည်သို့အရယူမည်ကို စတင်စဉ်းစားကြတော့သည်။ တချို့အင်အားစုများ သည် ဌာနချုပ်များနှင့်ဆက်သွယ်ကာ ယန်ချန်းမှပေးမည့် အကျိုးအမြတ်ကို အရယူရန် ပြင်ဆင်မှုများပြုလုပ်ကြတော့သည်။
ယန်ယဲ့သည် ယန်မြို့၏ ကျို့လင်ရင်ပြင်အထက်တွင် ပေါလောပေါ်ရင်း ယန်မြို့တစ်မြို့လုံးကို မျက်နှာချင်းဆိုင်လိုက်ကာ ပင်မတိုက်ကြီးတစ်ခုလုံးမှ လာကြသည့် အင်အားစုအားလုံးကို စတင်ကြေညာတော့သည် “ပင်မတိုက်ကြီး အတွက် ယဉ်ပါးပြီးသား ဝိညာဉ်သားရဲ တစ်ထောင်ကျော်ကို လေလံပစ်မယ်၊ ပင်မတိုက်ကြီးတစ်ခုလုံးအတွက် ဆေးတစ်ရာလည်းရှိလိမ့်မယ်၊ တော်ဝင် လေလံမှာလေလံပစ်တဲ့ အရင်းအမြစ်အရည်ကိုလည်း ဘာကန့်သတ်ချက်မှမရှိ ဘဲ လေလံပစ်မယ်”