Chapters

ဒီမှာရောက်နေပြီ

Vol. 67 Ch. 1332

ဒီမှာရောက်နေပြီ

Vol. 67 Ch. 1332

နောက်ဆုံးတွင် သူ၏တိုးညင်းသောအသံအောက်၌ နတ်စွမ်းအားထွက် ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်သံထွက်ကာ ဗုံးပေါက် ကွဲသကဲ့သို့ ထွက်ပေါ်လာ၏။ “မီးတောက်မြို့က ဟွမ်ချန်းနဲ့ ပူးပေါင်းပြီးတော့ ပင်မတိုက်ကြီးတစ်ခုလုံးအတွက် အဆင့်ခွဲဆေး ၁၀ လုံးနဲ့ မှော်လက်နက် ၁၀ ခု ကို ထုတ်ပေးမယ်၊ ဒါက ယန်ချန်းနဲ့ ဟွမ်ချန်းတို့က ပင်မတိုက်ကြီးကိုပေးတဲ့ အကျိုးအမြတ်ပဲဖြစ်လိမ့်မယ်”

ဘုန်း

ကျို့လင်ရင်ပြင်တွင် အားလုံးပေါင်း လူတစ်သိန်းရှိသည်။ ထိုအခိုက်အတန့်တွင် အားလုံးသည် မတ်တတ်ရပ်ကာ သူတို့ရှေ့တွင်ပေါလော ပေါ်နေသည့် အမျိုးသားနှင့် ဆယ်ကျော်သက်ကောင်လေးတို့ကို မယုံနိုင်စွာ ကြည့်လေသည်။ ရင်ပြင်အလယ်တွင် တိတ်ဆိတ်စွာထိုင်နေကြသော ဟွမ်ချန်း နှင့်ယန်ချန်းမှလူများကိုမြင်သောအခါ အားလုံးသည် ပိုပိုပြီးသံသယဝင်လာ သည်။ သူတို့ကြားသည်မှာ မှန်ရဲ့လား။

လေထုသည် အလွန်ပင် မသက်မသာရှိလှသည်။ ရင်ပြင်တစ်ခုလုံးတွင် အားလုံးနီးပါးသည် မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်နေကြပြီး ပါးစပ်များမှာ လည်း ယင်ကောင်ဥဝင်ဥနိုင်တော့မည့်အလား ဟ,နေကြသည်။ ထိုအခိုက်အတန့်တွင်တင်းမာသော အခြေအနေသို့ရောက်နေသည်ကို လူများ ၏ အသက်ရှူသံများက ပြသနေသည်။ သူတို့ရောက်နေသည့် အဆင့်သည် မသက်မသာရှိလှသည်။

သားရဲ၊ ဆေးသို့မဟုတ် လက်နက်ထဲမှ တစ်ခုရလျှင်တောင် ဤတိုက်ကြီး တွင် အမည်မသိမိသားစုဆိုလျှင်ပင် အားကောင်းသောအင်အားစုဖြစ်လာနိုင် သည်။ ဤနေရာသို့ဖိတ်ကြားထားသည့်လူများသည် တတိယအဆင့် သို့မဟုတ် ထိုထက်မြင့်သောအင်အားစုများဖြစ်လျှင်တောင် ထိုဆွဲဆောင်မှုကို မည်သည့် အင်အားစုကမှ လျစ်လျူမရှုနိုင်ကြပေ။

သန့်စင်သောသားရဲသည် ပင်မတိုက်ကြီးတွင် အဓိကအင်အားစုများကို အလုအယက်ကြိုးပမ်းသည်အထိဖြစ်နိုင်ရာ ဝိညာဉ်အဆင့်ခွဲဆေး၊ နတ်ဘုရား အဆင့်ခွဲဆေးနှင့် နတ်လက်နက်တို့ဆို ပြောရန်ပင်မလိုတော့ပေ။ မိသားစုထဲ တွင် ဝိညာဉ်ဂိုဏ်းခွန်အားရှိသည့် လူတစ်ယောက်ပေါ်လာလျှင် ထိုစွမ်းအားကို နှစ်ပေါင်းရာချီထိန်းသိမ်းရန် လုံလောက်သည်။

နတ်ဘုရားအဆင့်လူတစ်ယောက် သို့မဟုတ် နတ်ဘုရားအဆင့်စွမ်းအား ရှိသည့်လူတစ်ယောက်သည် သူတို့၏ခံစားချက်များကို ဖိနှိပ်ကာ ထိုအကြောင်း များကို မစဉ်းစားနိုင်တော့ပေ။

ရင်ပြင်အထက်တွင် အားလုံးထိတ်လန့်နေချိန်၌ လူသုံးယောက်သည် ထမရပ်ဘဲ တည်ငြိမ်နေပုံပေါက်သည်။ သူတို့နှစ်ယောက်သည် ခိုးဝင်လာခြင်း ဖြစ်ပြီး ထောင့်တွင် ထိုင်နေကြသည်။ ယန်ချန်း၏သခင်သည် ယန်ယဲ့ဖြစ်လိမ့် မည်ဟု ခန့်မှန်းပြီးသားဖြစ်သော်လည်း သူ၏မျက်လုံးနှင့်ကိုယ်တိုင်မြင်ရသည် ကို မယုံနိုင်ဖြစ်နေတုန်းပင်။

“သူပဲ၊ မင်းသမီးက ပုံတူဖွက်ထားခဲ့တာ၊ ဒီအမျိုးသားက အဲပန်းချီကလူပဲ၊ တစ်ဖက်က ရွှေရောင်ပန်းကိုလုံးဝမေ့မရဘူး” လုကျီသည် ယန်ယဲ့အား စိုက် ကြည့်နေသည်။ လူကိုယ်တိုင်သည် ပုံတူထက်ပင် ကြည့်ကောင်းလိမ့်မည်ဟု သူမ ထင်မထားပေ။ အလယ်မှလူသည် ပို၍လှပသည်။

သူတို့နှင့်မလှမ်းမကမ်းတွင် ပင်ဖုန်းရှိသည်။ သူမသည် နဂါး ၉ ကောင်နှင့် ဇာမဏီ ၉ ကောင်ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏မျက်လုံးများ သည် ယန်ယဲ့အား တပ်မက်စွာကြည့်နေသည်။ ရက်စက်သော မျက်နှာထားနှင့် အတူ ပေထင်းဟွမ်အား တစ်ခါတည်းဝါးမျိုချင်စိတ်ပေါက်နေသည်။

“သူတို့အကုန် ဒီရောက်နေပြီပဲ” ပေထင်းဟွမ်သည် လူတစ်သိန်းထဲတွင် ထိုဆင်းသက်သူများသည် လူအုပ်ထဲတွင် ထင်းနေပြီး သူတို့၏ခွန်အားသည် ပင်မတိုက်ကြီးရှိတခြားသူများထက်ပင် ပို၍မြင့်သည်။ နွေးထွေးမှုအရိပ်အမြွက် နှင့်အတူ “ယန်ချန်း မြို့သခင်ရဲ့စကားတွေကို သံသယမဝင်နဲ့ အကျိုးအမြတ် အားလုံးကို ထုတ်လိုက်ပြီ၊ ယန်ချန်းနဲ့ ဟွမ်ချန်းကလူတွေကို ဝင်လုခွင့်မပြုဘူး၊ သားရဲတစ်သောင်းကို ကိုယ်တိုင်ဖမ်းပြီးတော့ ဘယ်လိုသားရဲမျိုးမဆို ဟွမ်ချန်း ကို တိုက်ရိုက်ပို့လို့ရတယ်၊ မင်းတို့ကို ကူပြီးထိန်းကျောင်းပေးမယ့်သူရှိလိမ့်မယ်၊ ကျန်တဲ့သူတွေက ယန်ချန်းနဲ့ဟွမ်ချန်းရဲ့ စီစဉ်မှုကိုစောင့်နေကြပါ၊ တစ်လ အတွင်းမှာ လေလံပွဲကနေ အကျိုးအမြတ်အကုန်လုံးကို ထုတ်ပေးမယ်”

လေလံပွဲဟုဆိုသော်လည်း အမျှတဆုံးနည်းလည်းဖြစ်သည်။ များပြား သော ငွေပမာဏလိုအပ်လျှင်တောင် မည်သူမှ အထွန့်မတက်ကြပေ။ ယန်ချန်း (မီးတောက်မြို့)နှင့် ဟွမ်ချန်းတို့(ဇာမဏီမြို့)တို့မရှိလျှင် ငွေရှိလျှင်တောင် ထိုကဲ့သို့ ရတနာမျိုးကို ဝယ်ယူနိုင်မည်မဟုတ်ပေ။

ကျင့်ကြံသူများအတွက် ဒင်္ဂါးများသည် ခန္ဓာကိုယ်အပြင်ဘက်မှ ပိုင်ဆိုင်မှု သာဖြစ်သည်။