← Chapters

ယန်ယဲ့ ကျွန်တော်က အတူနေချင်ရုံတင်ပါ

Vol. 67 Ch. 1333

ယန်ယဲ့ ကျွန်တော်က အတူနေချင်ရုံတင်ပါ

Vol. 67 Ch. 1333

ထိုစကားများကိုပြောပြီးနောက် ပေထင်းဟွမ်သည် ယန်ယဲ့အား ကြည့် လိုက်သည်။ ထိုအချိန်တွင် ယန်ယဲ့သည် ခေါင်းငုံ့ထားကာ သူ၏မျက်လုံးထဲတွင် လူငယ်၏ပုံရိပ်ရောင်ပြန်ဟပ်ကာ သူမ၏ပြောင်မြောက်သောမျက်နှာကို ကြည့်မဝဖြစ်နေ၏။ ပေထင်းဟွမ်သည် စိတ်လှုပ်ရှားစွာနှင့်သူ့ကိုကြည့်လိုက် သည်။ ယန်ယဲ့သည် လက်ဆန့်ထုတ်ကာ ပေထင်းဟွမ်အား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ သူ၏မျက်နှာသည် ပေထင်းဟွမ်၏မျက်နှာအား ဖိကပ်ပြီး နှစ်သိမ့်ပေးလေသည် “ဟွမ်အာ စိတ်မလှုပ်ရှားနဲ့၊ စိတ်မပူနဲ့ ဘယ်လိုတွေပဲဖြစ် ဖြစ် ကိုယ် မင်းကိုထားမသွားဘူး”

ပေထင်းဟွမ်သည် လိပ်အိုကြီးကို အောင်နိုင်ကာ သူနှင့်စာချုပ် တည်ထောင်ခဲ့သည်။ သို့သော် ပေမင်သည် ကောင်းကင်သွေးစာချုပ်ကို ဖျက် သည့်နောက်ဆက်တွဲမှလွဲ၍ တခြားအသုံးဝင်မည့်အကြောင်းအရာကို မပြောပြ ခဲ့ပေ။ ထိုရက်များတွင် ပေထင်းဟွမ်သည် သတိရှိသောမင်ကိုပင် နတ်ဘုရားမှ ပေးသနားသည့် သွေးစာချုပ်အကြောင်းမေးခဲ့သော်လည်း မင်လည်း မသိပေ။

အရေးအကြီးဆုံး အခိုက်အတန့်ရောက်လာကြောင်းကို သူမ သိသည်။

နတ်ဘုရားမှပေးသနားသည့် သွေးစာချုပ်သည် မှော်မန္နာန်ကဲ့သို့ သူမ၏ ကံတရားကို ကန်ထွက်ကာ တစ်ခဏလေးပင် အေးအေးချမ်းချမ်း မနေနိုင် အောင်လုပ်လေသည်။ သူမရှေ့မှယန်ယဲ့အားကြည့်ပြီး ပေထင်းဟွမ်၏ စိတ်ထဲ တွင် ပူဆွေးမှုနှင့်ဒေါသတို့ ထိုးတက်လာသည်။ ကောင်းကင်ဘုံ၏အပြစ်ပေးမှုမှ ယန်ယဲ့အား ကယ်တင်နိုင်မည့်နည်းလမ်းမျိုး ဤကမ္ဘာပေါ်တွင်ရှိပါက ပေထင်းဟွမ်သည် ကြိုးစားကြည့်ချင်သည်။

“ဘာလို့ မချန်ထားတာလဲ” ပေထင်းဟွမ် ပြုံးလိုက်သည်။ ပထမဆုံးအနေ နှင့် ယန်ယဲ့သည် ငိုခြင်းထက်အကျည်းတန်သည့်အပြုံးကိုမြင်လိုက်ရသည်။ သူမ၏မျက်လုံးထောင့်မှ မျက်ရည်များပင် စီးကျလာသည်။ “ဆိုတာက ကျွန်တော်က ရှင့်ကိုပဲကြည့်ပြီးချစ်ပေးရမယ်လို့လား၊ ယန်ယဲ့ အဲဒီစကားတွေ က ကျွန်တော်အတွက် အသုံးမဝင်ဘူး”

ပေထင်းဟွမ်သည် ခေါင်းမော့ပြီး တက်ချင်သည့်အလား အဝေးမှ တောင်များကိုကြည့်လိုက်သည်။ “ကျွန်တော်လိုချင်တာက နှစ်ယောက်အတူရှိ ချင် တာပဲ၊ နေ့စဉ်လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ကလေးပဲရှိတဲ့ သာမန် အဖြစ်ဆုံးဘဝ ဆိုရင်တောင်ရတယ်၊ ကောင်းကင်တစ်ခုလုံး မနက်ခင်းအလင်း ထွက်လာတာကိုကြည့်မယ်၊ နေဝင်တာကိုအတူကြည့်မယ်၊ ညဆိုရင် မီးတောက်တွေကြည့်မယ် ကျွန်တော်က အတူနေချင်ရုံပဲ”

သူသည် ထိုအရာများကို အချိန်တစ်ခုကြာသည်အထိ မပေးနိုင်ပေ။ ယန်ယဲ့၏မျက်လုံးများသည် စုဝေးလာပြီး ပေထင်းဟွမ်၏မျက်နှာကို လက်ဖြင့် ကိုင်ထားသည်။ သူ၏တိုးညင်းသောအသံသည် တဖြည်းဖြည်းအက်ကွဲလာ သည် “ဟွမ်အာ ကိုယ်မင်းကို ကတိပေးတယ်၊ တစ်နေ့ကျရင်တော့ မင်းလိုချင် တာမှန်သမျှ ပေးနိုင်တယ် အခုတော့ မင်း သွေးစာချုပ်ဖောက်ဖျက်တာကို ကူညီ ခွင့်ပေးပါ”

ကောင်းကင်သွေးစာချုပ်၊ တခြားနတ်ဘုရား၏သွေးစာချုပ်။ ပထမဆုံး အကြိမ်အနေနှင့် ပေထင်းဟွမ်သည် ကံတရား၏ရှေ့မှောက်တွင် ကူကယ်ရာမဲ့ သလိုခံစားရလေသည်။ သို့သော် ဤအချိန်တွင် သူမ၏ ဆန္ဒသည် ပိုပို၍သန်မာ လာသည်။ ထို့ကြောင့် စိတ်ထဲမှပြောမိ၏ “တစ်နေ့ တစ်နေ့ကျရင် ဒီမြေကို သိမ်းမယ်၊ ကျွန်တော်ခြေထောက်အောက်မှာ ဒီကောင်းကင်ကို နင်းခြေမယ်၊ ကောင်းကင်နဲ့မြေကြီး စည်းမျဉ်းကို ထိန်းချုပ်နေတဲ့ နတ်ဘုရားအကုန်လုံးကို သုတ်သင်မယ်”

မည်သူမှမလှုပ်ရဲကြပေ။ သို့သော် ဤအခိုက်အတန့်တွင် ရင်ပြင်မှ သောင်းချီသောမျက်လံဒးများသည် မျက်ဆံများထွက်ကျမတတ် စိုက်ကြည့် လေသည်။ ‌ယန်ယဲ့နှင့် ပေထင်းဟွမ်အောက် မြေပြင်ပေါ်တွင် ဖြန့်ခင်းထား သည့် ကော်ဇောနီသည် မီးတောက်များကြောင့် လိပ်တက်သွားပြီး ပြာအဖြစ် ပြောင်းသွားသလိုပင်။

မြေပြင်ပေါ်မှ ထွင်းစာများသည် ထိုအခိုက်အတန့်တွင် ရုတ်တရက် တောက်ပလာပြီး အလင်းတန်းလေးခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လေ သည်။ အလင်းသည် မိုးပေါ်သို့ တန်းတန်းတက်သွားသော်လည်း တစ်ခဏ အတွင်းမှာပင် လျင်မြန်စွာပျောက်ကွယ်သွားလေသည်။ သို့သော် အားလုံး ဖတ် သည်မှာမှန်သည်။ အလင်းတန်းလေးခုသည် အပြာရောင်၊ ဟင်္သပြဒါးရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ဖြစ်ကြသည်။

ထိုနေရာတွင်ရှိနေကြသူများသည် သန်မာသူများဖြစ်ကြသည်။ ထိုထူးဆန်းသော ပုံရိပ်ကိုကြည့်ပြီး အားလုံးသည် အနည်းငယ်ကြောက်ရွံ့မိကြ သည်။ သို့သော် မည်သူမှ ထွက်မသွားချင်ကြပေ။ ထိုအချိန်တွင် ယန်ချန်းသည် ပင်မတိုက်ကြီးမှလူများကို ဤနေရာသို့ ဖိတ်ကြားရခြင်းမှာ ထိုအကျိုးအမြတ် များကို ကြေညာရုံတင်မဟုတ်ဘဲ ယန်ချန်းတွင် အရေးကြီးသည့် တစ်စုံတစ်ရာ ဖြစ်တော့မည်ကို ပြသရန်ဖြစ်သည်ကို မြင်နိုင်ကြသည်။

ဇာမဏီမြို့မှ သခင်ကြီးလေးဦးသည် ထိုင်ရာမှ ထလာကြသည်။ ဂိုဏ်းထောက်လေးယောက်သည် မိသားစုလေးခုမှဖြစ်ကာ ယခုအချိန်တွင် လေးယောက်လုံးသည် နတ်ဘုရားအဆင့်များဖြစ်ကြသည်။ အားလုံးသည် ပိုပို၍ ထူးဆန်းသလိုခံစားလာရသည်။ သို့သော် ဂိုဏ်းထောက်လေးယောက် သည် အလင်းတန်းလေးခု အသီးသီးထုတ်လွှတ်ကြလေသည်။ သူတို့လေးဦး လက်မြှောက်လိုက်သည်နှင့် လက်ချောင်းထိပ်မှ နတ်အလင်းပေါ်လာပြီး လက်ချောင်းမှ သွေးစီးကာ မြေပေါ်သို့ကျလေသည်။

All Chapters