← Chapters

နတ်အစီအရင်ကို လှုံ့ဆော်ခြင်း

Vol. 67 Ch. 1334

နတ်အစီအရင်ကို လှုံ့ဆော်ခြင်း

Vol. 67 Ch. 1334

ပေထင်းဟွမ်သည် နားမလည်နိုင်ဖြစ်သွားလေ၏။ ထိုအချိန်တွင် အသိစိတ်ပင်လယ်ထဲ၌ အသံတစ်သံပေါ်လာလေသည် “အဓိကမိသားစုကြီး လေးခုက နတ်မိစ္ဆာဝိညာဉ်ခန်းမရဲ့ အစောင့်အရှောက်နတ်ဘုရားတွေဖြစ်ခဲ့ကြ တာ၊ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို ဖန်ဆင်းရေးနတ်ဘုရားက ချမှတ်ခဲ့ တာ၊ အစကတည်းက အစောင့်အရှောက်နတ်ဘုရားလေးဦးကနေ ထိန်းသိမ်းခဲ့ တာပဲ၊ ဒါပေမဲ့ နတ်မိစ္ဆာဝိညာဉ်စ်ပွဲပြီးတော့ ကမ္ဘာမြေကြီးမိခင်ကျဆုံးပြီးသွား တော့ နတ်မိစ္ဆာဝိညာဉ်ခန်းမမှာ အငြင်းအခုံတွေများလာတယ်၊ ဝိညာဉ်နတ် ဘုရားမျိုးနွယ်ရဲ့ အရင်နတ်သခင်ကြီးက လေးဦးအဖွဲ့က သူတော်စင်ကို နှင်ထုတ်ခဲ့တယ်၊ အခုတော့ စစ်မှန်တဲ့နတ်ဘုရားက နတ်မိစ္ဆာဝိညာဉ်မှာ ခိုင်ခိုင် မာမာအမြစ်တွယ်နေပြီ၊ ဒါပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အစောင့်အရှောက် နတ်ဘုရားတွေရဲ့ သွေးသားရှိနေတုန်းပဲ၊ မဟုတ်ရင် နတ်မိစ္ဆာဧကရာဇ်က သူတို့သွေးကိုသုံးမှာမဟုတ်ဘူး”

အစီအရင်တွင် ယန်ယဲ့သည်နတ်ဘုရားလေးပါးဖြစ်သည့် ချင်းလုံ၊ ပိုင်ဟူ၊ စူးဇကူနှင့် ရွှမ်ဝူတို့ကို လွန်ခဲ့သည့်နှစ်တစ်သောင်းက ပင်မတိုက်ကြီးတွင် ချန် ထားခဲ့သည်။ ပေထင်းဟွမ်ပြန်လာချိန်တွင် သူသည် ထိုနတ်ဘုရားလေးပါးကို စတင်ရရှိခဲ့ကာ အစီအရင်တည်ဆောက်ရန်အတွက် အသုံးပြုခဲ့ပြီး ကောင်းကင် မှပေးသနားသည့် သွေးစာချုပ်ကို ဖောက်ဖျက်ရန်လုပ်ခဲ့သည်။

ပေထင်းဟွမ်သည် အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။ သွေးစာချုပ်ကို ဖျက်ရန် ဤမျှများပြားလှသောလူများ လိုအပ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ ပေ။ သို့သော် ယခုအချိန်တွင် သူမ လက်လျော့ရန်ပြောလျှင်လည်း သူ လိုလား မည်မဟုတ်ပေ။ ထိုတင်သာမကဘဲ သူမသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသားနှင့် သွေးစာချုပ်မင်္ဂလာပွဲကို အလိုမရှိပေ။ သူမသည် ဤမျှများပြား သောလူများကို စိတ်မပျက်စေချင်ပေ။

“ငါ့ခွန်အားက အားနည်းနေတုန်းပဲ၊ ငါ အရှင်ကြီးအဆင့်ရှိတဲ့ ရွှမ်မင်နဲ့ စာချုပ်တည်ထောင်ရင်တောင် ခွန်အားက အရမ်းနည်းနေတုန်းပဲ၊ ငါက နတ်ဘုရား ထိပ်ဆုံးအဆင့်ပဲရှိသေးတာ အထွတ်အထိပ်၊ အထွတ်အထိပ်အမြင့် ဆုံးနှင့် ဧကရာဇ်အထွတ်အထိပ်ရောက်ဖို့လိုသေးတယ်၊ ငါ မင်ဟွမ်ကိုသတ် တုန်းက ကစဥ့်ကလျားနတ်အရင်းအမြစ်က လျော့သွားပြီး လှုပ်ရှားမှုမရှိတော့ တာသေချာတယ်” ပေထင်းဟွမ်သည် စိတ်ငြိမ်ရန်ပိုပိုခက်လာကာ သက်ပြင်းချ လိုက်သည် “ကံကောင်းလို့ အချိန်ရှိသေးတယ် အကုန်လုံးကအချိန်မှီသေးတယ်”

ပေထင်းဟွမ်သည် ယန်ယဲ့၏လက်ကို တင်းကြပ်စွာကိုင်ထားပြီး သူမကို စိက်ကြည့်နေသည့် ယန်ယဲ့သည် ယခုအခါ သခင်လေးဦးကို ကြည့်လေသည်။ သွေးသားတချို့သည် နိုးထလာတော့မည်။

ထိုအပိုင်းလုံလောက်သည်နှင့် ယန်ယဲ့သည် အစောင့်အရှောက်လက်နက် လေးခုကို လှုံ့ဆော်ရန်သုံးရမည်။

ယန်ယဲ့ တစ်ခါမှ ယခုလိုစိတ်လှုပ်ရှားသည်ကို ပေထင်းဟွမ်မမြင်ဖူးပေ။ သူသည် ပေထင်းဟွမ်၏လက်ကို ဖျစ်ညှစ်လိုက်ကာ အလိုလိုပင် အားထည့် လိုက်မိ၏။ သူသည် ပေထင်းဟွမ်၏လူကို ထိခိုက်လိုစိတ်မရှိပေ။ ထိုအချိန်တွင် သူ၏ကိုယ်ပိုင်ခွန်အားကိုပင် မထိန်းချုပ်နိုင်ပေ။ သူ၏ လက်ချောင်း ၅ ချောင်း သည် သံတူအလား ပေထင်းဟွမ်အား တင်းကြပ်စွာဆုပ်ကိုင်လေသည်။ ပေထင်းဟွမ်၏လက်သည် ရဲတက်လာ၏။

သူ၏မျက်လုံးများသည် သခင်လေးဦးဆီမှမခွာဘဲ သူ၏အသိစိတ်မှာ ထူးဆန်းသောထွင်းစာများဖြင့် ဖုံးအုပ်ထားသည့် မြေကြီးအထက်ဧရိယာကိုသာ မြဲမြံစွာကြည့်နေသည်။ သခင်လေးဦး၏ လက်ချောင်းထိပ်မှ သွေးကျသည်နှင့် ယန်ယဲ့၏ လက်သည် အလိုလိုပင် တုန်ယင်သွား၏။

ထိုအချိန်တွင် ရင်ပြင်တစ်ခုလုံးတွင် သောင်းချီသောလူများသည် အတူ မတ်တတ်ရပ်ကာ ရှေ့သို့တိုးလာကြသည်။ သူတို့၏မျက်လုံးများသည် သွေးကျ သွားသည့်နောက်သို့လိုက်ကာ ထူးဆန်းသောထွင်းစာထဲသို့ သွေးနစ်ဝင်သွား သည်ကိုကြည့်နေသည်။ အလင်းတန်း၊ အရောင်မတူသောအလင်းတန်းလေးခု သည် ထိုအခိုက်တွင် ကောင်းကင်ဆီသို့ ထိုးတက်သွားပြီး ထွင်းစာအပေါ်တွင် နဂါး ၊ကျား၊ ဟင်္သပဒါး၊ လိပ်အစရှိသည့် မှော်သားရဲလေးကောင်၏ ကြီးမားသောကိုယ်ထည်သည် ထွက်လာသည်။

ထိုသားရဲလေးကောင်၏ ပုံရိပ်ကိုကြည့်ပြီး ရင်ပြင်ထဲမှ သားရဲပိုင်သည့် ကုသသူများသည် နေရာထဲမှ သူတို့၏သားရဲများ တုန်ယင်နေသည်ကို ခံစားမိ ကြသည်။ ဤကဲ့သို့ ဝိညာဉ်အတွင်းထဲထိ ကြောက်ရွံ့မှုသည် ဝိညာဉ်အသိစိတ် ပင်လယ်မှဖြတ်၍ ဝိညာဉ်သခင်များ၏စိတ်ထဲသို့ နစ်ဝင်သွားလသေည်။

ဤရင်ပြင်သို့ဖိတ်ကြားထားသူများသည် ပင်မတိုက်ကြီးတစ်ခုလုံးတွင် အားအကောင်းဆုံး လူများဖြစ်ကြသည်။ သူတို့၏သားရဲများသည် မည်သို့များ သာမန်ဖြစ်မည်နည်း။ သို့သော် ထိုသားရဲလေးကောင်ကိုမြင်သောအခါ သွေးထဲ မှဆင်းသက်လာသည့် ကြောက်ရွံ့မှုကို မကျော်လွှားနိုင်ကြပေ။

အားကောင်းလိုက်တာ။ ဒီအတိုင်းပုံရိပ်ပဲရှိသေးတာလေ။ သို့သော် သားရဲ များသယ်ဆောင်လာသည့် ဖိနှိပ်မှုသည် ဝိညာဉ်သခင်များဖြစ်သည့်လူသားများ ပင် အသက်မရှူနိုင်လောက်အောင်ဖြစ်စေသည်။

အားလုံးသည် တညီတညွှတ်တည်း နောက်ဆုတ်မိကြသည်။ စပ်စုချင်လျှင်တောင် မစပ်စုနိုင်လောက်အောင်ဖြစ်နေကြသည်။

All Chapters