← Chapters

စီဖန်းရှန့်ကျို ထွက်လာခြင်း

Vol. 67 Ch. 1335

စီဖန်းရှန့်ကျို ထွက်လာခြင်း

Vol. 67 Ch. 1335

ပေထင်းချင်းအပါအဝင် သခင်ကြီးလေးယောက်သည် ထိုးဖောက်ထား သော သွေးစီးကျနေသည့်လက်ချောင်းများကိုကြည့်လိုက်သည်။ သူတို့သည် ဖန်ဆင်းရေးနတ်ဘုရားခေတ်မှ အစောင့်အရှောက်နတ်ဘုရားလေးပါးကို ခေါ် နိုင်စွမ်းရှိကြသည်။ သူတို့သည် ဝိညာဉ်အဆင့်ခွဲဆေးသောက်ပြီးနောက် ရှေးဟောင်းသားရဲထိန်းဖြစ်လာသည်။

သွေးမခြောက်ခင်တွင် ယန်ယဲ့ တောင့်တင်းနေသည်ကို သူတို့လေးဦး ခံစားမိကြသည်။ ယန်ယဲ့သည် သူတို့လေးဦးဆီမှ သွေးယူချင်နေသည်သလား ဆိုသည်ကို မသိသော်လည်း ယန်ချန်းသည် ဟွမ်ချန်း၏ အမြဲတမ်းမဟာမိတ် မဖြစ်နေဦးမည်။ ပေထင်းဟွမ်နှင့်ဆက်ဆံရေးသည်လည်း သာမန်မဟုတ်ပေ။ ယန်ယဲ့သည် ဟွမ်ချန်းအပေါ် အမြဲတမ်းကြင်နာပေးသည်။ သူတို့၏ သွေးတစ် စက်ကိုမဆိုထားနှင့် သူတို့၏အသားအပိုင်းအစကို တောင်းမည်ဆိုလျှင်တောင် သူတို့လေးယောက်သည် ဘာမှပြောမည်မဟုတ်ပေ။

သူတို့စိုးရိမ်သည်မှာ ဤသွေးစက်သည် မည်သို့သောသက်ရောက်မှုရှိ မည်နည်း။

ကံကောင်းစွာပင် သွေးသည် ထွင်းစာအလင်းထဲသို့ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်ကာ ပုံရိပ်လေးခုသည် ထိုထဲမှအောင်မြင်စွာ မြင့်တက်လာလေ၏။ ထိုအခိုက်အတန့်တွင် အစောင့်အရှောက်သားရဲများသည် အဘက်ဘက်မှ တဖြည်းဖြည်းတက်လာပြီး ကမ္ဘာတစ်ခုလုံးကိုခမ်းနားမှုဖြင့် လွှမ်းမိုးလေသည်။ သို့သော် နဂိုကကြည်လင်နေသော ကောင်းကင်သည် ထိုအချိန်တွင် မှင်ရောင် တိမ်တိုက်များဖြင့် ပြည့်နက်သွားကာ နေကိုပင်ကွယ်သွားလေသည်။ အဘက် ဘက်မှလေတိုက်လာသကဲ့သို့ ကြီးမားသော လေပွေများဖြစ်ပေါ်လာသည်မှာ ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ပင် လွင့်သွားမတတ်ပင်။

ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးမှာ အနည်းငယ်လှုပ်ခါသွားလေသည်။ အားလုံးသည် တုန်ခါမှုလာသည့် အရင်းအမြစ်ကိုသိချင်သဖြင့် လှည့်ပတ်ကြည့် ကြသည်။ ကံကောင်းစွာပင် သူတို့အားလုံးသည် ပင်မတိုက်ကြီးတွင် သန်မာသူ များဖြစ်ကြသဖြင့် ပျာယာခတ်ခြင်းမရှိကြပေ။“”

“ကြည့်လိုက် တိုင်လေးတိုင်ရှိနေတယ်”

ရုတ်တရက် လူတစ်ယောက်အော်လိုက်သဖြင့် အားလုံး၏မျက်လုံးများ သည် ပေထင်းဟွမ်တို့ပတ်ပတ်လည်ဆီသို့ရောက်သွားသည်။ ထွင်းစာထဲမှ အလင်းတွင် အဖြူရောင်နှစ်တိုင်၊ အနက်ရောင်နှစ်တိုင် အစရှိသဖြင့် အရောင် မတူသောတိုင်လေးတိုင်ကို မြင်လိုက်ရသည်။ ၎င်း၏မျက်နှာပြင်တွင် မတူသော ရောင်များဖြင့် ထူးဆန်းသောကမ္ပည်းစာများထွင်းထားသည်။ ထိုကမ္ပည်းစာများ တလက်လက်ဖြစ်နေချိန်တွင် ကမ္ဘာတစ်ခုလုံးသည် မှောင်မိုက်သွားသလိုပင်။

ပေထင်းဟွမ်သည် ထိုအခြေအနေကို သတိထားမိသည်။ အဘက်ဘက်မှ အအစောင့်အရှောက်သားရဲလေးပါး၏ ပုံရိပ်အသွင်အပြင်ကိုလည်း ခံစားမိ၏။ ယန်ယဲ့သည် စိတ်သက်သာရာရသွားသည့်အလား တစ်ကိုယ်လုံးပြေလျော့သွား လေသည်။ သို့သော် အချိန်ကြာမြင့်စွာရှိလာခဲ့သောဆန္ဒသည် အမှန်တကယ် ဖြစ်လာသည့်အတိုင်း ထိုအခိုက်အတန့်တွင် သူ၏မျက်နှာတွင် အပြုံးသဲ့သဲ့ရှိနေ သည်။

သူသည် ရင်ထဲမှ ပျော်ရွှင်မှုကိုပင် မဖုံးဖိနိုင်သည့် လေးနက်သောလူဖြစ် သည်။ သူသည်လှည့်ပြီး ပေထင်းဟွမ်အား ရင်ထဲထည့်ဖက်ကာ သူမ၏ဆံပင် နှင့် သူ၏မျက်နှာကိုဖိကပ်ပြီး ပွတ်သပ်လေသည် “ဟွမ်အာ မင်းသိလား၊ ကိုယ် မလုပ်နိုင်ရင် ဒီအချိန်မှာ မင်းအတွက် သွေးစာချုပ်မဖျက်ပေးနိုင်ရင် ကိုယ် သေရင်တောင် မျက်လုံးမှိတ်နိုင်မှာမဟုတ်ဘူး”

ထိုအချိန်တွင် ပေထင်းဟွမ်သည် သူမ၏နှလုံးသားကို ကြိုးဖြင့် ခပ်တင်း တင်းဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ သူမသည် ယန်ယဲ့အား ပြန် ပွေ့ဖက်ကာ မျက်လုံးကိုစေ့စေ့မှိတ်ကာ နှစ်ကိုယ်ကြား လေဝင်ပေါက်ပင်မရှိ လောက်အောင်ကပ်ထားလိုက်သည်။ အသက်ကိုပြင်းပြင်းရှူလိုက်ရာ ကြာပန်း အမြစ်ရနံ့နှင့် ရောယှက်နေသော ယန်ယဲ့၏ ကိုယ်သင်းနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ “ယန်ယဲ့ သေတယ်ဆိုတဲ့ စကားကိုမပြောပါနဲ့ ကျွန်မရှေ့ မှာမပြောနဲ့၊ ဒီစကားကို ကြောက်တယ်၊ ကျွန်မ ဒီလိုမျိုးမောက်မာပြီး အကုန်လုပ်ရဲတာ ရှင့်ကြောင့်ပါ”

စစချင်းတွင် ယန်ယဲ့သည် သူမကိုကယ်တင်ပြီး ချုံချီပေးခဲ့သော ဆေးပုလင်းကြောင့် ဤလူသည် ဤကမ္ဘာတွင် သူမ၏နောက်ခံဖြစ်လာခြင်း လည်းဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူ့ကိုလွှမ်းမိုးခွင့်ပေးခြင်းလည်းဖြစ်နိုင်၏။

ထိုအချိန်တွင် တိုင်လေးတိုင်သည် စစ်မှန်သောအရောင်အဖြစ် ပွင့်ထွက် ပြီး ကောင်းကင်နှင့်မြေကြီးသည် လေးပိုင်းကွဲသွားသကဲ့သို့ အပြာရောင်လေ သည် ဦးတည်ရာမရှိတော့ဘဲ ကောင်းကင်ကိုခွဲကာ အရှေ့ဘက်မှလေဟာနယ် ကို ဖြည့်လေသည်။ ရင်ပြင်တွင် အရှေ့ဘက်တွင်ထိုင်နေကြသောလူများသည် ထိုအခိုက်အတန့်တွင် ရုတ်တရက်တိုက်လာသောလေကို ကြောက်လန့်မိ သဖြင့် တစ်ယောက်နှင့်တစ်ယောက်လက်တွဲမိကြသည်။

All Chapters