၃၃ ကောင်းကင်ဘုံသို့ရောက်သည့် ရွှေ့ပြောင်းအစီအရင်
Vol. 67 Ch. 1323
အစည်းအဝေးခန်းမမှာ မကြီးလှပေ။ သို့သော် ထိုအနီးအနားမှ အစောင့် အကြပ်များသည် အတွင်းမြို့ခန်းမများထက်ပင် ပို၍တင်းကြပ်သည်။ အားလုံး သည် အပြင်ထွက်ပြီး ပေရှန့်ရှိရာသို့ လျှောက်သွားကြလေသည်။ သူတို့သည် ရှေ့လမ်းကိုပင် မကြည့်နိုင်ကြပေ။ စင်္ကြံမှာ ကျဉ်းမြောင်းရှည်လျားပြီး လမ်းဘေးတစ်ဖက်တစ်ချက်မှာ မြင့်မားသော နန်းတော်တံတိုင်းများရှိသည်။ လမ်းတစ်ဖက်အဆုံးတွင် တခြားနန်းတော်များကိုသွားသည့် လမ်းကွေ့ ၉ ကွေ့မှ ၁၈ ကွေ့ထိရှိသည်။
ပေထင်းဟွမ် လမ်းမပြောနိုင်မည်ကိုစိုးသဖြင့် ယန်ယဲ့သည် စိတ်ရှည်ရှည် နှင့်ရှင်းပြလေသည် “ဝိညာဉ်ကိုးပါးခန်းမကနေထွက်သွားလိုက်ရင် အစီအရင် တစ်ခုရှိတယ်၊ မင်း မှတ်မိဖို့မလိုဘူး အကြီးအကဲကြီးနဲ့ ကိုယ်ရံတော်တွေက အတွင်းမြို့ကနေ အဲဒီကိုသွားတဲ့လမ်းကို တာဝန်ယူထားတယ်”
“ဟင်” ပေထင်းဟွမ် တုံ့ပြန်လေသည်။ သူမဘေးမှ အကြီးအကဲကြီးသည် လမ်းပြသည့်အလား ရှေ့မှဦးစွာလမ်းကိုဦးဆောင်သွားလေသည်။
ရောင်ဝါသည် ဆောင်းဦးနှင့်ဆောင်းတွင်းရှိ တဖြည်းဖြည်းထူထဲလာပြီး ထူထဲသောမြူခိုးများကဲ့သို့ပင်။ ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ လက်တွဲထားလျှင် တောင် သူတို့သည် တစ်ယောက်နှစ်တစ်ယောက်၏ မျက်နှာကိုပင် ရှင်းလင်းစွာ မမြင်နိုင်ပေ။ ယန်ယဲ့သည် ထိုခံစားချက်နှင့် အသားမကျပုံပင်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲမပြီး သူမအား ထူထဲသောမြူခိုးများအကြား ချီသွား လေသည်။
ဝိညာဉ်စွမ်းအင်မှာ မြင့်မားလှသဖြင့် ထိုလူများသည် အသက်မရှူရဲပေ။ သူတို့သည် အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်တွင်ရှိနေသည့်အလားပင်။ ထိုကဲ့သို့ ဖိနှိပ်မှုသည် ပေထင်းဟွမ်နှင့်တခြားသူများကို အလွန်ပင် မသက်မသာ ဖြစ်စေသည်။ သူတို့သည် ခြေထောက်ပင်မမြှောက်နိုင်ပေ။ ခြေတစ်လှမ်းလှမ်း ရန် ခက်ခဲနေတော့သည်။
ကံကောင်းစွာပင် ထိုလမ်းမှာ မရှည်လျားပေ။ ၁၀ မီတာအကွာအဝေး လျှောက်ပြီးနောက် ဝိညာဉ်စွမ်းအင်သည် ရုတ်တရက်ပါးလာသည်။ ပေထင်းကျင်နှင့်တခြားသူများသည် တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုခံစားရလေ သည်။
မျက်စိရှေ့မြင်ကွင်းမှာ ရှင်းလင်းကြည်လင်လာသည်။ ထိုလမ်းသည် တောင်ချိုင့်ခွက်ဖြစ်ကာ ဘေးပတ်ပတ်လည်တွင် တောင်များဝန်းရံလျက်ရှိပြီး ရှေ့တွင်ကျဉ်းမြောင်းသော တောင်လမ်းလေးရှိသည်။ တောင်လမ်းအလယ်တွင် ရပ်လိုက်လျှင် တောင်ချိုင့်ခွက်အတွင်း၌ လူရာချီနေနိုင်သည့် အဆောက်အဦး တစ်ခုရှိသည်။ တိုင်လေးတိုင်မှာ အစောင့်အရှောက်သားရဲလေးကောင်ဖြစ် သည့် ချင်းလုံ၊ ပိုင်ဟူ၊ စူးဇကုနှင့် ရွှမ်ဝူတို့ကို မတူညီသောအရောင်ဖြင့် ခြယ်သ ထားသည်။
ဝိညာဉ်စွမ်းအင်ခပ်ဖျော့ဖျော့သည် တိုင်လေးတိုင်ပေါ်တွင်တွဲလွဲခိုနေရာမှ ပျောက်ကွယ်သွားလေသည်။ တိုင်များအထက်တွင် မြူခိုးနေရာရှိပြီး မြင်ကွင်း သည် ပြောင်းလဲနေသည်။ ရံဖန်ရံခါတွင် မှင်ရောင်တိမ်တိုက်များ လွင့်မျောသွား ပြီး အရောင်စုံသောတိမ်တိုက်များ စုဝေးလေသည်။
ထိုအဆောက်အဦးကိုကြည့်ပြီး ၎င်းသည် သာမန်ရှေးဟောင်းပြင်ဆင်မှု မဟုတ်ဘဲ လေဟာနယ်ရွှေ့ပြောင်းအစီအရင်ဖြစ်သည်ကို ကောင်းကောင်း သိသည်။ သူမသည် ခေါင်းမော့ကာ ယန်ယဲ့၏မျက်နှာအား ကြည့်လိုက်သည်။ ယန်ယဲ့သည် ရှုပ်ထွေးသောအမူအရာနှင့် ပြင်ဆင်မှုကို ငေးငိုင်စွာကြည့်နေ သည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ ဘာမှမပြောတော့ပေ။
အကြီးအကဲကြီးသည် ထိုအဆောက်အဦးကို ညွှန်ပြပြီး ပေထင်းဟွမ်နှင့် တခြားသူများကိုပြောလေသည် “ဒါပဲ”
မည်သူမှဘာမှမပြောတော့ပေ။ တိုင်လေးတိုင်သည် တဖြည်းဖြည်းနှင့် အသံတိတ်လှည့်လာသည်။ ပေထင်းဟွမ် လျှောက်သွားပြီး ရွှေ့ပြောင်း အစီအရင်ပေါ်တွင်မရပ်ဘဲ တိုင်တစ်ခုကို ထုကြည့်ပြီး အကြီးအကဲအားပြော လေသည် “ဒီအစီအရင်က ဘယ်ကိုပို့ပေးတာလဲ”
အကြီးအကဲကြီးသည် ပေထင်းဟွမ်အား စူးစိုက်ကြည့်လေသည်။ ဤလူငယ်သည် အမြဲတမ်းထက်မြက်သည်။ လူများ စိတ်ဓာတ်ကျလောက် အောင်ထိ ထက်မြက်သည်။ သူ ပြန်ဖြေတော့မည့်အပြုတွင် ယန်ယဲ့မှ တားလေ သည်။
ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ဆွဲယူပြီး လှည့်ကာ ဟွမ်ချန်းမှ ဂိုဏ်းထောက်လေးယောက်ကိုပြောလိုက်သည် “ဟွမ်အာက မနေ့ညက ဆွေးနွေးချက်ကို သိခွင့်ရှိမယ်လို့ထင်ပါတယ်” သူသည် ပေထင်းဟွမ်ဆီသို့ ခေါင်းညွှတ်လိုက်သည် “မင်းအဘိုးနဲ့တခြားသူတွေက ၃၃ ကောင်းကင်ဘုံကို လူလွှတ်ချင်နေကြတယ် မင်းအမြင်ကရော”
၃၃ ကောင်းကင်ဘုံကို လူပို့မှာလား။ ဘာလို့လဲ။
ပေထင်းဟွမ်သည် ထက်မြက်လျှင်တောင် ထိုသတင်းကို ရုတ်တရက် လက်မခံနိုင်ပေ။ မည်သူ့ကိုပို့မည်၊ ဘာကိစ္စကြောင့်ပို့မည်ကိုပင် မမေးပေ။ ယန်းမြို့မှလူဖြစ်စေ၊ ဇာမဏီမြို့မှလူဖြစ်စေ သူတို့အားလုံးသည် သူ၏ဆွေမျိုး နှင့် သူငယ်ချင်းများဖြစ်ကြသည်။ ၃၃ ကောင်းကင်ဘုံသည် ချစ်ခြင်းပေါများပြီး ချမ်းသာကြွယ်ဝ၊ နူးညံ့သည့်နေရာမဟုတ်ပေ။ ဝံပုလွေများ၊ ကျားများ၊ ကျားသစ်များရှိသည့်နေရာဖြစ်ပြီး ထိုနေရာမှလူများကလည်း သူတို့ထက် များစွာသန်မာကြသည်။