ရှင်ဘယ်သွားမလို့လဲ ကျွန်မတို့ကို ချန်ထားခဲ့တော့မလို့လား
Vol. 67 Ch. 1321
ပေထင်းဟွမ်၏စကားများကို နားထောင်ပြီးနောက် သိုလှောင်လက်စွပ် ထဲတွင် သူမအတွက် သားရဲများရှိသည်ကို နန်ကုန်းချန်းမိုသိလိုက်သည်။ သို့သော် ယခုအချိန်တွင် နန်ကုန်းချန်းမိုသည် သားရဲနှင့်စာချုပ်တည်ထောင်ရန် ခွန်အားမရှိပေ။ သူမ၏ မျက်လုံးများသည် ဆောင်းဦးရေကဲ့သို့ ငြိမ်နေပြီး ပေထင်းဟွမ်အားကြည့်ကာ မျက်ရည်များဖြင့်ပြောလေသည် “ခေါင်းဆောင် ပြန်တွေ့ဖို့မျှော်လင့်တယ်လို့ပြောတော့ ဘယ်သွားမလို့လဲ ကျွန်မတို့ကို ချန်သွားတော့မလို့လား”
ထိုမေးခွန်းမေးလိုက်သည်နှင့် အားလုံးသည် စကားပြောရပ်ကာ သူတို့ ဘက်သို့လှည့်ကြည့်ကြလေသည်။ ပေထင်းဟွမ်ကြည့်လိုက်သည်။ သူတို့အားလုံးနီးပါးသည် သူမ၏ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အကြီးအကဲ များဖြစ်ကြသည်။ ဟွမ်ချန်း၊ ရာယာအင်ပါယာနှင့် ယန်ချန်းမှလူများဖြစ်သည်။ သူမနှင့် မပတ်သက်သည့်လူကပင် သူမအား စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်လေသည်။
ရန့်လန်နှင့် ချင်းရှန့်တို့နှင့်အတူ ဝမ်ထင်းဂိုဏ်းထောက်နှစ်ယောက်သည် လည်း သူတို့၏မြေးဖြစ်သူကြောင့် ပေထင်းဟွမ်အား စိုးရိမ်ပေးကြသည်။
ပေထင်းဟွမ်သည် နှာခေါင်းပွတ်ကာ ပြုံးလိုက်သည်။ အားလုံး၏ မျက်လုံးများအလယ်တွင် အားနာသည့်မျက်လုံးများဖြင့် ပြန်ကြည့်ကာ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဟုတ်တယ် ပင်မတိုက်ကြီးက ကျွန်တော် မွေးဖွားတဲ့နေရာပဲ ဒါပေမဲ့ ဒီမှာအကြာကြီးနေလို့မရဘူး၊ ယန်ချန်းရဲ့ကိစ္စပြီးရင် ထွက်သွားရလိမ့်မယ်၊ ကျွန်တော့်အဖေနဲ့အမေတို့က ပျောက်နေတုန်းပဲ သေသလားရှင်သလားမသိသေးဘူး၊ သူတို့ရဲ့ကလေးအနေနှင့် နေ့တိုင်းမရှာနိုင် ရင် နေ့တိုင်း စိတ်အေးရမှာမဟုတ်ဘူး”
ပေထင်းဟွမ်သည် လူများကို စိတ်ဓာတ်ကျအောင် ပြုလုပ်နိုင်သည်။ သူမ သည် ၁၅ နှစ်သာရှိသေးသော်လည်း လေးလံသောဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်နေသည်။ ထိုအချိန်တွင် ယန်ယဲ့၏မျက်လုံးထဲ၌ လူငယ်၏ပုံရိပ် ရောင်ပြန်ဟပ်နေလေသည်။ သူသည် တခြားသူများထက် ဤလူငယ်လေးကို မြတ်နိုးသည်။ သူသည် ခုံမှထကာ အောက်ဆင်းသွားပြီး ပေထင်းဟွမ်၏လက် ကို ယူကာ ယန်းမြို့စားနေရာတွင် သူမအား ထားလိုက်သည်။ သူ့ဘေးတွင်ထား ပြီး လက်မြှောက်ကာ အားလုံးရှေ့တွင် ပေထင်းဟွမ်၏ဆံပင်ကို ပွတ်သပ်ပေး လေသည် “ငါ မင်းရဲ့ဘေးမှာရှိတာကို အမြဲတမ်း မှတ်ထားရမယ်”
ထိုအချိန်တွင် ပေထင်းကျင်လည်း ရောက်လာပြီး ယန်ယဲ့၏ဘေးမှ ပေထင်းဟွမ်ကို ဆွဲယူလိုက်သည်။ သူသည် ပေထင်းဟွမ်အား စိတ်မချမ်းမြေ့ စွာနှင့် ပွေ့ဖက်လိုက်ပြီး ငိုတော့မည့်အတိုင်းဖြစ်နေသည် “ရှောင်ကျို့ အစ်ကိုကြီးက မင်းကိုတောင်းပန်ပါတယ်၊ မိဘတွေကိုရှာဖို့က အစ်ကိုကြီး လုပ်သင့်တာ”
ဤကဲ့သို့ လေးလံသောဝန်ထုပ်ဝန်ပိုးကို အရွယ်မရောက်သေးသည့် ညီမငယ်ပခုံးပေါ်သို့ တင်ပေးခဲ့သည်။ သူမည်မျှမျှော်လင့်မိသလဲဆိုလျှင် ပေထင်းဟွမ်သည် တစ်ကိုယ်ကောင်းဆန်ပြီး မသန်မာလျှင် အရာအားလုံးကို သူတစ်ယောက်တည်းလုပ်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ ရင်ထဲတွင် နာကျင်မှုကိုခံစားရမည်မဟုတ်ပေ။
ပေထင်းကျင်၏ ပခုံးသည် လှုပ်ခါနေပုံရသည်။ မြောက်ရုံးတော်၏ ဤကဲ့သို့မြင်ကွင်းကိုကြည့်ပြီး အပျော်ပါဝင်ရန်ရောက်လာသည့် အိပ်ရာပေါ်မှ ထလာခဲ့သော ရှီရှောင်မိုသည် ရုတ်တရက် မကြည့်ရက်သလိုဖြစ်လာသည်။ သူမသည် မျက်နှာလွှဲကာ ဝိညာဉ်ကိုးပါးခန်းမအပြင်ဘက်မှ မြင်ကွင်းကိုကြည့် လိုက်သည်။ မည်သို့ဖြစ်သွားသည်ကို သူမ နားမလည်သော်လည်း ပေထင်း မိသားစုအား တည်ငြိမ်စွာမျက်နှာချင်းမဆိုင်နိုင်တော့ပေ။
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။ တစ်စုံတစ်ယောက်သာ ပေထင်းဟွမ်အား ယခုလိုပွေ့ဖက်ပါက ယန်ယဲ့ သေချာပေါက် ရူးသွားမည်ဖြစ် သည်။ သို့သော် ယခုအချိန်တွင် ထိုလူသည် ပေထင်းကျင်ဖြစ်ကာ အရေးအကြီး ဆုံးမှာ ယခုလိုခံစားချက်ရှိနေချိန်ဖြစ်နေသည်။ ယန်ယဲ့သည် တစ်ကိုယ်လုံး တုန်ယင်အောင် သဝန်တိုမိသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား လေသည်။ သူသည် ပေထင်းကျင်အား ဖယ်ပစ်ချင်စိတ်ကို ချုပ်တည်းထားရ ကာ တခြားဘက်သို့ အကြည့်လြွှလိုက်သည်။ မမြင်ချင်လျှင် နှုတ်ဆိတ်နေရ မည်ဖြစ်သည်။
ကံကောင်းစွာပင် ပေထင်းဟွမ်သည် လျင်မြန်စွာပင် ပေထင်းကျင်၏ ရင်ဘတ်မှခွဲလိုက်ကာ အစ်ကိုကြီးနှင့် ခွာလိုက်သည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ပေထင်းကျင် သူမကို အားနာသည့်ခံစားချက် ဝင်ချိန်တွင် သူမသည် ပေထင်းကျင်ကို အားမနာမိပေ။ သူမ မမွေးခင် ၁၄ နှစ် က အစ်ကိုကြီးသည် သူမအတွက်ကိုသာ တွေးပေးခဲ့သည်။ သူမအစ်ကိုကြီး သည် သူမထက်ပင် ပို၍ ခံစားခဲ့ရလိမ့်မည်။