← Chapters

အခမ်းအနားစတော့မယ်

Vol. 67 Ch. 1322

အခမ်းအနားစတော့မယ်

Vol. 67 Ch. 1322

ရလဒ်အနေနှင့် ခန်းမတစ်ခုလုံးမှ လေထုသည် အနည်းငယ်ထိုင်းမှိုင်းသွား သလိုပင်။ မူလက ရာယာအင်ပါယာသည် ဤအခွင့်အရေးတွင် ဟွမ်ချန်းကို ဂုဏ်ပြုမည်၊ ဟွမ်ချန်းကိုဖျက်ဆီးခဲ့သူကို သတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမည် ပြင်ဆင်ထားသော်လည်း အနည်းငယ်ဆွံ့အမိလေသည်။ ဟွမ်ချန်းသည် ရှန်းယန်မြို့တွင်တည်ရှိခဲ့သည်။ မင်ဟွမ် ဟွမ်ချန်းကို ဖျက်ဆီးစဉ်က မိသားစုကြီး လေးခုတည်ရှိရာ၊ တော်ဝင်မိသားစုတည်ရှိရာအစရှိသည့်နေရာမျိုး ကို မမျှော်လင့်ထားသည်မှာ မလွဲဧကန်ပင်။

ရှန်းယန်မြို့သည်လည်း တခြားဘုံမှလူ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ ရာယာအင်ပါယာတစ်ခုလုံးမှလူများသည်လည်း တူညီသောအမုန်းတရားကို မျှဝေပြီး ရန်သူကို သတ်ရန် အရည်အချင်းမွေးမြူချင်ကြသည်။ သို့သော် ဂိုဏ်းထောက်ကြီးလေးဦးသည် သူတို့တွင် ဤကဲ့သို့အရည်အချင်းမျိုးမရှိသည် ကို ရှင်းရှင်းလင်းလင်းသိသည်။

ယမန်နေ့က လမ်းပေါ်တွင်ရှိစဉ်က ဟွမ်ချန်းမြို့စား ပေထင်းဟွမ်သည် ဟွမ်ချန်းကိုဖျက်ဆီးခဲ့သူကိုသတ်ပြီး နတ်ဘုရားထိပ်ဆုံးအဆင့်ခွန်အားနှင့် တခြားအင်အားစုများသို့ ဖြန့်ခဲ့သည်။ ရှန်းယန်ပိုနှင့်တခြားသူများ ပျော်မိ သော်လည်း ရန့်လန်နှင့် ချင်းရှန့်တို့သည် စိတ်ထဲတွင် ထိတ်လန့်မိလေသည်။ သူတို့၏အဆင့်အတန်းနှင့်ဆိုလျှင် ပေထင်းဟွမ်၏ ဇစ်မြစ်နှင့်အတွေ့အကြုံများ ကို မသိနိုင်စရာအကြောင်းမရှိပေ။ လွန်ခဲ့သည့်နှစ်ဝက်က အမှိုက်ဖြစ်ခဲ့သူသည် နတ်ဘုရားထိပ်ဆုံးအဆင့်ဖြစ်သားကာ ဓား ၃ လက်နတ်ဘုရားကို သတ်နိုင်ခဲ့ သည်။

ဇာမဏီမြို့တည်ထောင်စဉ်က မြို့စားရာထူးမှာ မိသားစုကြီးလေးခု၏ ထောက်ပံ့မှု၊ ညအရှင်အိမ်တော်၊ ယန်ချန်းနှင့် အမှောင်နန်းတော်တို့ နောက်ခံ ရှိသည်ဟု ဆိုကြလျှင် သူမ၏ ကိုယ်ပိုင်ခွန်အားရောမည်သို့ရှီသနည်း။ သူမကို မည်သူမှ ဖိအားပေးခဲ့ခြင်းမရှိပေ။

သူမသည် နှစ်ပေါင်းတစ်ထောင်တွင် ပင်မတိုက်ကြီးရှိ ထူးချွန်သော ပါရမီရှင်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ပင်မတိုက်ကြီး၏ အင်အားစုအမျိုးမျိုး၊ အားကောင်းသောလူအမျိုးမျိုးကိုတွေ့ခဲ့သည်။ သူတို့သည် ပါးစပ်တင်းတင်းစေ့ ထားကာ ဇာမဏီမြို့မှထွက်ခွာခြင်းမရှိဘဲ ယန်ချန်းမြို့မှ အခမ်းအနားကြီးကို အာရုံစိုက်ထားကာ ဇာမဏီမြို့ဆီဿို့တစ်ယောက်ပြီးတစ်ယောက်သွားကြပြီး ရာယာအင်ပါယာကိုဝင်ရန် မျှော်လင့်ကြလေသည်။ ဂိုဏ်းထောက်နှစ်ယောက် ဖြစ်သည့် ရန့်လန်နှင့် ချင်းရှန့်တို့သည် ရင်ထဲမှထိတ်လန့်မှုကို မဖိနှိပ်နိုင်တော့ ပေ။

ဤလူငယ်၏ ထိုးထွက်မှုမှာ တားမရပေ။

သို့သော် ခန်းမထဲမှ လေထုမှာမည်သို့ပင်ဖြစ်စေကာမူ ရန့်လန်နှင့် ချန်းရှန့်တို့သည် ဧကရာဇ်၏ဆန္ဒကို လိုက်နာမည်ဖြစ်ကာ ဟွမ်ချန်းအား ဂုဏ်ပြုပေးပြီး ဟွမ်ချန်းနှင့် မဟာမိတ်တည်ထောင်မည်ဖြစ်သည်။

“ယန်ချန်းရဲ့မြို့စားက ဘယ်လိုလုပ် မင်းသား ၃ ဖြစ်လာလဲဆိုတာမသိ ပေမဲ့၊ သူ ကလေးဘဝကတည်းက ကျုပ်နဲ့မရင်းနှီးဖူးလို့ သူ့ကို တစ်ခါမှ နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ ယန်ချန်းက ရာယာအင်ပါယာကို နှစ်တွေအများကြီး ကာကွယ်ခဲ့တာကတော့ သူ့ရဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်မယ်လို့ ယုံကြည်တယ်၊ ယန်ချန်းနဲ့ဟွမ်ချန်းအကြားက ဆက်ဆံရေးမှာ ဟွမ်ချန်းက ကျုပ်တို့ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို လျစ်လျူမရှုဘဲ ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ကို မငြင်းဆန်ဘဲနေမယ်လို့မျှော်လင့်ပါတယ်”

ထိုအကြောင်းအားတွေးပြီး ရန့်လန်နှင့် ချင်းရှန့်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် အတူထလိုက်ကြပြီး အပေါ်တွင်ထိုင်နေကြ သည့် ယန်ယဲ့နှင့်ပေထင်းဟွမ်တို့ဆီသို့ လက်အုပ်ချီကာ ရင်ထဲမှ စိတ်ရင်းနှင့် ပြောကြလေသည် “အရှင် သခင်လေး ၉ ကျုပ်တို့ကစောင့်နေတာပါ၊ လမ်းမှာ သခင်လေး ၉ က ဟွမ်ချန်းကိုဖျက်ဆီးခဲ့တဲ့လူကို ခေါင်းဖြတ်ပြီး ရှန်းယန်မြို့ အတွက် ဆုံးရှုံးမှုနည်းစေတယ်လို့ကြားတော့ ရာယာအင်ပါယာရဲ့ဧကရာဇ်က ဇာမဏီမြို့စားကို ကျေးဇူးတင်ဖို့ အမိန့်ပေးလိုက်ပါတယ်၊ ပြီးတော့ ကျုပ်လည်း တောင်းဆိုစရာရှိပါတယ်”

ထေင်းဟွမ်သည် ထိုကြင်နာမှုမရှိသည့် ဖိတ်ကြားချက်ကို စိတ်မရှည် တော့ပေ။ ကံကောင်းစွာပင် ဘေးတွင်နန်လင်း၊ ဟွမ်ချန်း၏ရာထူးမြင့်အရာရှိ များရှိသဖြင့် နန်လင်းသည် မဟာမိတ်အကြောင်းဆွေးနွေးရန် သူတို့ကို ဘေးခန်းမဆီသို့ ခေါ်သွားလေသည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ဆွဲပြီးထွက်လာလိုက်သည်။

ထိုအခြေအနေကိုကြည့်ပြီး အစည်းအဝေးတွင်ပါဝင်ရန် အရည်အချင်း မပြည့်မှီသေးသည့် ရှန်းယန်ပိုတို့သည် ပို၍ဝမ်းနည်းမိလေသည်။ ယန်ယဲ့နှင့် တခြားသူများ ပြောခဲ့ကြသည့်အကြောင်းအရာများကို သူတို့ သိကြသည်။ ဤ အခြေအနေကိုကြည့်ပြီး တံခါးပိတ်ကျင့်ရာမှထွက်လာပြီးနောက် ကောင်းကင် အဆင့်သို့တက်သွားသည့် မုချင်းလင်သည် ကမ်းလှမ်းလေသည် “အခမ်းအနား က မနက်ဖြန်စတော့မယ်၊ ဒီနေ့ နေ့လယ် နေ့တစ်ပိုင်းရှိသေးတယ် ပေရှန့်ကို သွားလေ့ကျင့်ရအောင် အချိန်မဖြုန်းနဲ့တော့”

All Chapters