← Chapters

စစ်ကြောင်းနှစ်ခု

Vol. 011 Ch. 1008

စစ်ကြောင်းနှစ်ခု

Vol. 011 Ch. 1008

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၈ခုနှစ် အစပိုင်းတွင် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းသည် နန်းတော်သို့ ပြန်လာခဲ့သည်။ ချက်ချင်းပင် ပြည်နယ်ကိုးခုမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။ အထူးသဖြင့် တော်ဝင်စစ်ပွဲတွင် တော်ဝင်ကျဲ နန်းတော်အား ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသော တော်ဝင်မြေ ခြောက်ခုသည် ကြီးမားသော ဖိအားများကို ခံစားလာခဲ့ကြရသည်။

တော်ဝင်အလင်း နန်းတော်မှ ရှန့်ထိုသည်သာ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုများအား ရင်ဆိုင်နိုင်လောက် ပေသည်။ တခြားသော တော်ဝင်မြေငါးခုမှာ တော်ဝင်ကျဲ နန်းတော်အား ရင်ဆိုင်နိုင်ရန် မလွယ်ကူပေ။

လက်ရှိတွင် တော်ဝင်ကျဲ နန်းတော်၌ ရှန့်ထိုလေးပါး ရှိသည်။ ရာရာ၏ စွမ်းအားများမှာ မည်မျှ ကြီးမားသည်ကို မသိရသေးပေ။ သို့သော် ရှန့်ထိုကျန့်သည် ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်ဆယ့်နှစ်တွင် ရှိကာ ရှီဟွာတောင် ရှန့်ထိုအား အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။ ကျောက်ပြည်ထောင်တွင် ရှန့်ထိုနှစ်ပါး ရှိသော်လည်း သူတို့သည်လည်း တော်ဝင်ကျဲ နန်းတော်ထက် ပိုမို အားနည်းပေသည်။ အဆုံးမဲ့ပင်လယ်မှ ရှန့်ထိုများမှာ ပို၍ပင် အားနည်းပေ၏။

ရှန့်ထိုများ၏ အခြေအနေမှာ ထိုသို့ ဖြစ်ပေသည်။ ရှီအဆင့်များ၌ကား ရီဖူရှင်း ရှိသည်။ ပြည်နယ်ကိုးခုတွင် မည်သည့် တော်ဝင်မြေကမှ တော်ဝင်ကျဲ နန်းတော်မှ ရီဖူရှင်းအား ရင်မဆိုင်နိုင်ပေ။

တော်ဝင်မြေ ခြောက်ခုမှ သူလျှိုများစွာတို့သည် ကျုံးကျိုးမြို့သို့ တိတ်တဆိတ် ရောက်လာခဲ့ကြကာ တော်ဝင်ကျဲ နန်းတော်၏ လှုပ်ရှားမှုများအား စောင့်ကြည့် ကြသည်။ ထူးခြားသော လှုပ်ရှားမှု တစ်ခုခု ရှိသည်နှင့် တော်ဝင်မြေ ခြောက်ခုက တိုက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ကြပေမည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်သို့ ရီဖူရှင်း ပြန်ရောက်လာပြီး နောက်ပိုင်း မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။ တော်ဝင်မြေ ခြောက်ခုက ခန့်မှန်းထားခဲ့သလို စစ်တပ်ကြီးများ၏ လှုပ်ရှားမှုများလည်း ဖြစ်မလာခဲ့ပေ။

တော်ဝင်ကျဲ နန်းတော်ကား ပြန်လည် တည်ဆောက်ထားပြီ ဖြစ်ကာ နန်းတော်မှာ ယခင်ထက်ပင် ပို၍ ထည်ဝါ ခန့်ညားပေသည်။ မိုးထိုးနေသော နန်းဆောင်များမှာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ကြီးကျယ် ခမ်းနားစွာ ရပ်တည် နေကြသည်။ မဟာ တော်ဝင်စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။ တော်ဝင်ကျဲ နန်းတော် သည်လည်း ပုံစံမျိုးစုံဖြင့် မူလ အနေအထားသို့ ပြန်ရောက် လာခဲ့သည်။ တိုက်ပွဲ၌ လူများစွာ ကျဆုံးခဲ့သော်လည်း နန်းတော်သခင်၏ ဇနီးမှလွဲ၍ ပင်မဒေါက်တိုင် တန်ခိုးရှင်များမှာ ယိုယွင်းခြင်း မရှိခဲ့ပေ။ သူတို့ အားလုံးမှာ တိုက်ပွဲအပြီး၌ ပို၍ပင် တိုးတက် လာခဲ့ကြသည်။

သေခြင်း ရှင်ခြင်း အခိုက်အတန့်များက တန်ခိုးရှင်များအား အကြီးမားဆုံး ပြောင်းလဲ စေနိုင်သည်။ နောက်ပိုင်း နေ့ရက်များတွင် တော်ဝင်ကျဲ နန်းတော်မှာ ပို၍ အင်အားကြီး လာသည်ကို မည်သူမှ မငြင်းနိုင်ပေ။ ရီဖူရှင်းနှင့် သူ့လူများမှာလည်း ပိုမိုစွမ်းအား ကြီးလာခဲ့ကြ၏။ ထို့အပြင် တော်ဝင်စစ်ပွဲ၌ သူတို့က တော်ဝင် ရတနာများစွာကိုလည်း သိမ်းပိုက် ရရှိခဲ့ကြသည်။

ရီဖူရှင်းက အရာအားလုံးကို စနစ်တကျ နေရာချပြီးနောက် တံခါးပိတ် လေ့ကျင့်ခဲ့သည်။ သူ့အတွက် အရေးအကြီးဆုံး အရာမှာ လေ့ကျင့်ခြင်း ဖြစ်သည်။ သူက ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့အား ချက်ချင်း သွားရောက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ တော်ဝင်မြေ ခြောက်ခုက  သူလာမည်ကို ပြင်ဆင်ထားကြမည် ဖြစ်ရာ အကယ်၍ သူသာ ချက်ချင်း သွားရောက် တိုက်ခိုက်ခဲ့ပါက အလွယ်တကူ အသာစီး ရယူနိုင်မည် မဟုတ်ပေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူ နန်းတော်သို့ ပြန်လာခဲ့သည်မှာ နှစ်ဝက်ခန့် ရှိခဲ့ပြီဖြစ်သည်။ တော်ဝင်ရှီ နန်းဆောင်အတွင်း တစ်နေရာ၌ အဖြူရောင် ဝတ်စုံဝတ် လူတစ်ယောက်သည် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ့အနီးတွင် ထူးဆန်းသော အရောင်အဝါများ ရစ်သိုင်း နေသည်။

ပေါ့ပါးသော ခြေသံ အနည်းငယ်နှင့်အတူ ရီဖူရှင်း၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် လူနှစ်ယောက် ရပ်နေသည်ကို မြင်နိုင်ပေ၏။ သူတို့သည် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်ကြ၏။ နှစ်ယောက်လုံးမှာ ထူးခြား ကောင်းမွန်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေသည်။ ယောက်ျားသည် ချောမော ခန့်ညားပြီး မိန်းကလေးသည် လှပ၏။ သူတို့က ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်ကာ ရီဖူရှင်းအား စောင့်ဆိုင်း နေကြဟန် တူသည်။ အတန်ကြာလျှင် ရီဖူရှင်း၏ မျက်လုံးများ ပွင့်လာခဲ့ကာ သူက ထရပ်သည်။

“ဆေးတွေ အဆင်သင့်ဖြစ်ပြီ ... မင်း အခု ဆေးစမ်းသပ်လို့ ရပြီ” စုချီဟန်က ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ ပြောသည်။ ယခု ရီဖူရှင်းအား ကြည့်ကာ သူ့အား သတ်ရန်မှာ မဖြစ်နိုင်တော့ဟု သူ ခံစားရသည်။ သို့သော်လည်း သူ့တွင် ရီဖူရှင်းအား သတ်ဖြတ်လိုသော စိတ်များ မရှိပါချေ။ သူက ရီဖူရှင်းအား ကျေးဇူးပင် တင်မိပေသည်။ ရီဖူရှင်းကြောင့် မဟုတ်လျှင် သူက သူ့ဆရာ၏ သဘောထား အစစ်အမှန်နှင့် လိပ်ပြာလေး၏ ခံစားချက်များအား သိနားလည်ခဲ့မည် မဟုတ်ပေ။

“ယူချင်းနဲ့ သိမ်းငှက်နက်တို့ ဘယ်လို အခြေအနေရှိလဲ...” ရီဖူရှင်းက နောက်လှည့်ကာ စုချီဟန်အား မေးသည်။

“နှစ်ယောက်လုံး အခြေအနေ ကောင်းပါတယ်။ ယူချင်း စမ်းသပ်တဲ့ ဆေးရည်က မင်း စမ်းသပ်ခဲ့တာထက် မနည်းအောင် အားပြင်းတယ်။ ဒါပေမဲ့ သူ့ရုပ်ခန္ဓာက တော်တော် အားကောင်းပြီးတော့ ဒါကို ခံနိုင်ရည် ရှိတယ်။ သိမ်းငှက်နက် အတွက်တော့ ငါတို့က သူ့ဖွဲ့စည်း တည်ဆောက်ပုံကို ပိုကောင်းအောင် ကြံဆနေတယ်” စုချီဟန်က ပြောသည်။

“ဒါဆိုလည်း သွားကြည့် ရအောင်...” ရီဖူရှင်းက ပြောသည်။ စုချီဟန်နှင့် လိပ်ပြာလေးတို့က ခေါင်းညိတ်ကြသည်။ သူတို့က ဦးဆောင်ပြီး ဆေးရည်ကန် နေရာသို့ ရောက်လာခဲ့ကြ၏။ ဆေးရည်ကန်မှာ ဆေးဝါး နန်းဆောင် အတွင်း၌ ရှိပေသည်။ ယခုတွင် ဆေးဝါး နန်းဆောင်၏ အရှင်သခင်မှာ ရှန့်ထိုကျန့် ဖြစ်ပေသည်။ သူ့အား ရီဖူရှင်းက ရှန့်ထို အကြီးအကဲ ဟူသော ဂုဏ်ပုဒ်ကိုလည်း ပေးအပ် ထားပေသည်။

ဆေးဝါး နန်းဆောင်တွင် လူသုံးယောက်သာ ရှိသော်လည်း သူတို့မှာ သီးသန့်နေရာကို ပိုင်ဆိုင်ကြ ပေသည်။ တစ်ဖက်တွင် ဆေးဝါးနန်းဆောင်မှာ ရှန့်ထိုကျန့်၏ သဘောထားဖြင့် တော်ဝင်ရှီ နန်းဆောင်အနီး၌ ဆောက်လုပ် ထားခဲ့ပေသည်။

သူတို့သည် ရေကန်တစ်ခုသို့ ရောက်လာခဲ့ကြ၏။ ရေကန်ထဲတွင် ဆေးရည်များ ရှိနေကာ အပေါ်ယံ၌ ကြောက်မက်ဖွယ် ရေငွေ့လှိုင်းများ၊ တဖျတ်ဖျတ် လက်နေသော လျှပ်စီးများကို တွေ့ရပေ၏။ ထိုဆေးရည်ထဲ၌ စိမ်နေသောသူမှာ သိမ်းငှက်နက် ဖြစ်၏။ သို့သော်လည်း သူ၏အနက်ရောင် သားမွေးများသည် ယခု ရွှေရောင် တလက်လက် ထနေကာ အထက်ရှဆုံးသော ဓားသွားများနှင့် တူနေသည်။ သူ့မျက်လုံးများမှာ ဒီမွန်းနတ်ဘုရား၏ မျက်လုံးများအလား စူးရှတောက်ပြောင် နေ၏။ သာမန် သိမ်းငှက်နက် ကလေးကား ယခုတွင် အလွန် အားကောင်းသော နတ်ငှက် တစ်ကောင်အလား ဖြစ်နေပေပြီ။

“သိမ်းငှက်နက် သုံးနေတဲ့ ဆေးပင် ဆေးမြစ်တွေက ဆရာ စီစဉ် ရွေးချယ်ထားတာ။ ဒါက သူ့ရုပ်ခန္ဓာနဲ့ စိတ်စွမ်းအားတွေကို အားကောင်းစေသလို ဆေးရည်တွေထဲမှာ နတ်ငှက်ရဲ့သွေး၊ ရွှေနဂါးရဲ့ သွေးတွေကိုလည်း ရောထားလို့ သူ့ကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက် စေတယ်။ ပြီးတော့ သူက ရှင်နဲ့ စိတ်ဝိညာဉ်ချင်း ဆက်နွှယ်ထားလို့ သူ့လက်ရှိ စွမ်းအားကလည်း ရှန့်ထို အဆင့်အောက်မှာ ပြိုင်ဘက်ကင်းပဲ” လိပ်ပြာလေးက ပြောသည်။

“အခုလို ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြောသည်။ ဆေးဝါး နန်းတော်တွင် ဆေးစမ်းသပ်မှု ခံယူနေသူများမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ယူချင်း၊ သိမ်းငှက်နက်၊ ကျူဂီ၊ ဝူချင်းနှင့် တခြားလူများ သည်လည်း ပထမအဆင့် ဆေးစမ်းသပ်မှုများကို ခံယူနေကြသည်။ သူတို့က ရီဖူရှင်းကဲ့သို့ အပြင်းထန်ဆုံးသော ဆေးရည်များဖြင့် စမ်းသပ်မှု ခံယူခြင်းတော့ မဟုတ်ပေ။ သူတို့၏ တစ်ကိုယ်ရည် ခွန်အားများကိုသာ လေ့လာ ဆန်းစစ်ပြီးမှ သင့်တော်သော အချိုးအဆဖြင့် စမ်းသပ်ခြင်း ဖြစ်သည်။

“ဒါဆိုလည်း သွားရအောင်…” ရီဖူရှင်းက သူ့အတွက် ပြင်ဆင်ထားသော ဆေးရည်ကန်သို့ ဦးတည် လိုက်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ အလယ်အလတ် ကွန်းရှီဖြစ်သည်။ သူ့အတွက် နောက်ဆုံး ပြင်ဆင်ထားသော ဆေးရည်များမှာ အပြင်းထန်ဆုံးဟု ပြောရပေမည်။ ထိုအရာကလည်း ရှန့်ထိုကျန့်က သူ့အတွက် ယခင် အချိန်များစွာ ကတည်းက ပြင်ဆင်ထားပြီး ဖြစ်၏။

ရီဖူရှင်း ရေကန်ထဲသို့ ဆင်းလျှင် လျှပ်စီးအက်ကွဲသံ တဝုန်းဝုန်း မြည်သံများ ဖြစ်ပေါ်လာကာ အသံမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ရီဖူရှင်းက နောက်ဆုံးအဆင့် ဆေးစမ်းသပ်မှုကို ၈၁ ရက်တိတိ ခံယူရသည်။

၈၁ ရက် ကြာမြင့်ပြီးနောက် ဆေးရေကန်ထဲတွင် ကြောက်မက်ဖွယ် လျှပ်စီးများ မုန်တိုင်း ထန်နေသည်ကို မြင်တွေ့ရပေမည်။ လူအများအပြားက ရီဖူရှင်းရှိရာသို့ လှမ်းကြည့်ကြလျှင် ထိုနေရာတွင် ကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းသည် နတ်ဘုရား ဆေးကြော သန့်စင်ခြင်း စွမ်းအားများအလား အရာအားလုံးကို ဖျက်ဆီးရန် ဆင်းသက် လာခဲ့သည်။ ထိုစွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ကြည့်ပြီး အားလုံးမှာ တုန်လှုပ်ရ၏။

အတန်ကြာလျှင် ဆူညံသံများ ပျောက်ကွယ်သွားပြီး လူရိပ်တစ်ခု ကောင်းကင်သို့ ထိုးတက် သွားသည်ကို မြင်ကြရသည်။ သူ့အနီးတစ်ဝိုက် လေထဲတွင် ကြောက်မက်ဖွယ် လျှပ်စီးများသည် နတ်ဘုရား ပြစ်ဒဏ်အလား ဖြစ်ပေါ်နေသည်။ သူ၏ ငွေရောင်ဆံပင်များ လေထဲလွင့်နေပြီး ဆံပင်မွေး တစ်ချောင်းစီက ဓားတစ်လက်အလား ခံစားရပေသည်။

“အောင်မြင်ခဲ့ပြီ …” တော်ဝင်ကျဲ နန်းတော်မှ လူများသည် ဤကာလအတွင်း ရီဖူရှင်း ဘာလုပ်နေသည်ကို သိကြပေသည်။

မျှော်စင် တစ်ခုပေါ်တွင် ရှန့််ထိုကျန့်သည် အဝေးမှ ရီဖူရှင်း၏ ပုံရိပ်အား ကြည့်ကာ ကျေနပ်စွာ ပြုံးသည်။ နောက်ဆုံးတွင် သူ၏ရည်မှန်းချက် တစ်စိတ်တစ်ဒေသမှာ ပြည့်မီခဲ့ပြီ ဖြစ်သည်။ သူ၏ နောက်ဆုံး ရည်ရွယ်ချက်မှာ တန်ခိုးရှင်များအား နတ်ဘုရား ပြစ်ဒဏ်မှ အသက်ရှင် နိုင်စေရန် ဖြစ်သည်။

ရီဖူရှင်းက လေထဲ၌ပင် အမိန့် အချို့ကို ထုတ်ပြန်လိုက်သည်။ ချက်ချင်းပင် နွေဦးပြည်နယ် အတွင်း သားရဲတစ်ကောင်သည် ယွီကလန်သို့ ရောက်လာကာ ပြောသည် … “တော်ဝင်ကျဲ နန်းတော်ရဲ့ ရီဖူရှင်းက စီနီယာ လစန္ဒာရှန့်ထိုကို စစ်တပ် ဦးဆောင်ပြီးတော့ ရှီဟွာတောင်သို့ ချီတက်ဖို့ ဖိတ်ခေါ်ပါတယ်”

“ကောင်းပြီ …” လစန္ဒာရှန့်ထိုက ချက်ချင်းပင် ယွီကလန်မှ အင်အားစုများအား လှုပ်ရှားစေသည်။

ထိုအခိုက်တွင် မှန်နန်းတော် သခင်မနှင့် တန်ခိုးရှင်များ ရှိနေရာ အရှေ့ဘက် ပြည်နယ်မှ မြို့ငယ်လေး တစ်ခုသို့ သားရဲတစ်ကောင် ပျံသန်းလာကာ ကောင်းကင်၌ လှည့်ပတ်သည်။ မှန်နန်းတော် သခင်မက ထိုသားရဲအား မြင်သည်နှင့် ရီဖူရှင်း၏ သားရဲဖြစ်ကြောင်း သိသည်။

“သွားရအောင် … ကျုပ်တို့က ကျောက်ပြည်ထောင်သို့ ချီတက်မယ် …” သိမ်းငှက်နက်က ရီဖူရှင်း၏ လေသံနှင့် တစ်ထေရာတည်း တူသော ဟန်ပန်ဖြင့် ပြောသည်။

မှန်နန်းတော် သခင်မ၏ မျက်လုံးများက အေးစက် သွားသည်။ သူမ၏စိတ်မှာ အနည်းငယ် လှုပ်ရှား နေခဲ့သည်။

ဤသို့ဆိုလျှင် သူမမျှော်လင့်သော နေ့ရက်မှာ အမှန်တကယ် ရောက်လာခဲ့လေပြီ။ ယနေ့တွင် ကျောက်ကျိမင် သေချာပေါက် သေရမည်။

တော်ဝင်ကျဲ နန်းတော်၌ ရီဖူရှင်း၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူက လေထဲတွင် ရပ်ကာ ကြည်လင် ပြတ်သားသော အသံဖြင့် ပြောသည်… “ကျွန်တော်က စီနီယာ ရှန့်ထိုကျန့်နဲ့ ဆရာတို့ကို ရှီတန်ခိုးရှင်တွေကို ဦးဆောင်ပြီး ရှီဟွာတောင်သို့ ချီတက် စေလိုပါတယ်”

လက်စားချေရန် အချိန် ရောက်လေပြီ။ သူတို့အားလုံး ဤနေ့ ဤရက်အား စောင့်စား နေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ တက်လာကြသည်။ စစ်တပ်မှာ မကြာခင် ရှီဟွာတောင်သို့ ချီတက်ရန် အဆင်သင့် ဖြစ်လာခဲ့သည်။

ရီဖူရှင်း၏ ပုံရိပ်က လျှပ်တစ်ပြက် တစ်နေရာတွင် ပေါ်လာသည်။ ရာရာနှင့် ကျေးရွာ ခေါင်းဆောင်တို့သည် ထိုနေရာတွင် ရပ်ကာ ရီဖူရှင်းအား ကြည့်နေကြသည်။

“ကျောက်ပြည်ထောင်သို့ ခရီး တစ်ခေါက်သွားလို့ ရမလား…” ရီဖူရှင်းက ရာရာကို ပြောသည်။ ရာရာက ကြည်လင်သော မျက်လုံးများဖြင့် ငွေရောင် ဆံပင်ဖြင့်လူငယ်ကို ကြည့်ကာ ခေါင်းညိတ်သည်။ ထို့နောက် သူမက မြန်ဆန်စွာပင် လေထဲသို့ တက်လာပြီး ကျေးရွာ ခေါင်းဆောင်က သူမနောက်မှ လိုက်သည်။

“ နန်းတော်ရဲ့  ဓားသမားတွေ စုစည်းမယ်… ” ရီဖူရှင်းက ပြောသည်။

လေထဲတွင် ကျန်ကျောင်း၊ ဓားမိစ္ဆာ၊ စုရှမ်း၊ ရီဝူချင်း၊ စုချွဲနှင့် တခြားသော ဓားသမားများ သည်လည်း အမိန့်အရ စုစည်း လာကြသည်။

“ကျုပ်တို့က ကျောက်ပြည်ထောင်သို့ သွားကြမယ်…” ရီဖူရှင်းက ပြောသည်။

***

All Chapters