← Chapters

သေရည်တစ်ခွက်နဲ့ ဓားတစ်လက်သာရှိရင် ဘုံလောကတစ်သောင်းကို အုပ်စိုးနိုင်တယ်

Vol. 81 Ch. 1211

သေရည်တစ်ခွက်နဲ့ ဓားတစ်လက်သာရှိရင် ဘုံလောကတစ်သောင်းကို အုပ်စိုးနိုင်တယ်

Vol. 81 Ch. 1211

" အင်း... အဲ့ကောင်လေး... " လုပေချိန် မျက်လုံးမှိတ်လျက် ပြန်ဖြေလိုက်၏။

" အချိန်တွေ ကုန်တာ မြန်လိုက်တာ အနှစ် ၂၀ ဆိုတာ မျက်စိတစ်မှိတ်လေးပဲနော်... ကလေးတောင် ဒီအရွယ် ရောက်နေပြီ... " စုန့်ယွီကျိန်း ပြုံးလျက် ပြောလိုက်၏။

"သူတို့နှစ်ယောက်က အဲ့လောက် အံ့ဩဖို့်ကောင်းတဲ့ အမွေကို ချန်ထားခဲ့မယ် မထင်ဘူး... တကယ်ကြီး ကျုံးဝေ့တပ်ဖွဲ့ထဲ ရောက်လာခဲ့တာပဲ... "

" ငါလည်း သိတော့ တော်တော်လေး အံ့ဩသွားခဲ့တာ... "

" အဲ့ဒီ ဝုန်းဒိုင်းဆန်တဲ့ စိတ်၊ ခေါင်းမာတဲ့ပုံတွေက လင်းကျင်ကျန့်အတိုင်းပဲ.. ဘမျိုးဘိုးတူ... တော်တော် လက်ပေါက်ကပ်တဲ့ကောင်တွေ "

" ကောင်လေး ရုပ်ရည်ရော ဘယ်လိုနေလဲ... " စုန့်ယွီကျိန်း ပြောလိုက်ပြီး " ရှုရီ ပြောသံကြားတာတော့ တော်တော်လေး ချောတယ်ဆို... "

" အမှန်ပဲ... စိတ်ကတော့ ဖအေတူသား.. ရုပ်ရည်ကျတော့ သူ့အမေနဲ့ သွားတူတာ... "

စုန့်ယွီကျိန်း စားပွဲပေါ်မှ ဘောင်ခတ်ထားသည့် ဓာတ်ပုံတစ်ခုက်ု ယူ၍ အ၀တ်စနှင့် သုတ်လိုက်၏။

ယင်းက လူလေးယောက် စုရိုက်ထားသည့် အုပ်စုဓာတ်ပုံပင်။

သူမက ခင်ပွန်းသည်နှင့်အတူ အလယ်တွင် ရပ်နေပြီး သူတို့နှစ်ဦး၏ တစ်ဖက်စီတွင် လူငယ် ကောင်‌ လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်တို့ ရှိနေကြ၏။

ကောင်မလေးက သူမ၏ လက်မောင်းကို ဖက်ထားရင်း ပြုံးရွှင်နေသည်။ လေပြေတစ်သွေးက ရှေ့ဆံစများကို တိုက်ခတ်သွားပြီး ကြည်လင် အေးချမ်းမှုရှိလှ၏။

ကောင်လေးကတော့ အရပ်အမောင်း တော်တော်လေးကို ကောင်းသည်။ လုပေချိန်ထက်ပင် ခေါင်းတစ်၀က်စာ ပိုမြင့်နေသည်။

မျက်နှာက ပိန်ပါးပြီး ပြီးပြည့်စုံသည့် မေးရိုးကြီးများ ရှိ၏။ သူ၏ သဏ္ဍာန်က ခန့်ညားသည့် လူငယ်လေးတစ်ယောက်နှင့် ဆင်တူသည်။

သို့သော် ထိုကောင်လေး၏ အမူအရာက အရိုအသေတန်လှ၏။ လျိုပေချိန်ကို သူငယ်ချင်းနှယ် ပခုံးဖက်ထားပြီး အားပါးတရ ရယ်မောနေလျက် ရှိသည်။

ဤ လူငယ်စုံတွဲကတော့ လင်းရီ၏ မိဘနှစ်ပါးဖြစ်သည့် လင်းကျင်ကျန့်နှင့် ချင်ရင်ယွဲ့တို့ပင် ဖြစ်ပါသည်။

" အဲ့လိုဆိုရင်တော့ တော်တော်လေး ကြည့်ကောင်းလောက်တယ်... "

" ကြည့်ကောင်းတာထက်ကို ပိုတယ်.. အရည်အချင်းက လုံး၀ မဆိုးဘူး.. အတိတ်က လင်းကျင်ကျန့်ထက်တောင် ပိုပြီးတော်နေသေးတယ်... "

" အဲ့တာ ဖြစ်သင့်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား ရှင်ကလည်း... တပည့်ထက် ဆရာ လက်စောင်းထက်ဆိုသလို သားကလည်း ဖအေထက်ကို တော်ရမယ်လေ... "

မကြာမီ စုန့်ယွီကျန်း ဓာတ်ပုံဘောင်ကို သန့်ရှင်းရေးပြုလုပ်လိုက်ပြီး စားပွဲပေါ် ပြန်တင်ထားလိုက်၏။

ညင်သာ သိမ်မွေ့လွန်းသည့် ချင်ရင်ယွဲ့ကို ကြည့်ရင်း သူမ ရင်ထဲ ၀မ်းသာ ကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

" ကျွန်မရဲ့ ဇာပန်းထိုးတဲ့ အတတ်က သူ့ဆီကလေ... ဒီလောက် နှစ်တွေ ကြာနေပြီကို ဒီကောင်မလေး ဘယ်တွေများ ရောက်နေလဲ မသိဘူး.... ကျွန်မ သူ့ကို တကယ်သတိရမိတယ်... "

" ငါ လျန်လေးတို့ လင်မယားဆီကကြားမိတာတော့ ရှောင်ချင် တလောတုန်းက ရန်ကျင်းကို ပြန်ရောက်လာပြီး လင်းရီကို နည်းနည်းပါးပါး ကူညီသွားပေးသေးတယ်ဆိုပဲ... "လုပေချိန် ပြန်ပြောလိုက်သည်။

" ကောင်းတယ်.. ကြားရတာတော့ အဆင်ပြေနေတဲ့ ပုံပါပဲ.. မဟုတ်ရင် အဲ့ ကောင်စုတ်လေး ကျင်ကျန့်ကို ဖုန်းဆက်ပြီး ဆဲငေါက်ပေးမှဖြစ်တော့မှာ... " စုန့်ယွီကျန်း ပြောလိုက်၏။

" စကားမစပ် ခုနက ရှင့်ဆီ ဖုန်းဆက်လာခဲ့တာ ဘာကိစ္စလဲ.. သူ ကျုံးဝေ့တပ်ဖွဲ့ကို ၀င်တာ မကြာသေးဘူးမလား... သူ့မှာ ရှင့်ဆီ ဖုန်းဆက်နိုင်တဲ့ အခွင့်အရေး မရှိပါဘူး... "

" ဘယ်သူသိမှာ.. အဲ့ကောင် မီလိလေးဆီကနေ နံပါတ်ရလာခဲ့တာ နေမှာပေါ့..."

“ ဘာဖြစ်တာလဲတဲ့… ရှင်နဲ့တောင် တိုက်ရိုက်ပြောရတယ်ဆိုတော့ အရေးကြီးကိစ္စများလား…” စုန့်ယွီကျိန်း အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။

“ အဲ့ကောင် ရှေ့ရက်တွေ တုန်းက ဘက်စ်နှစ်ကီလိုကို ယူလာခဲ့ပေးသေးတယ်မလား… အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်က အဖွဲ့အစည်းတစ်ခုက သူ့ သူငယ်ချင်း တစ်ယောက်ကို ဓားစာခံ လုပ်ထားလို့ အဲ့ သတ္တုရိုင်းကို ပြန်ယူပြီး သူ့ သူငယ်ချင်းကို ကယ်ချင်နေတာ… “

“ လာနောက်နေတာလား… ရှင် သူ့ကို တကယ်ကြီး ပေးလိုက်သေးလား…”

ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးသောကြာင့် စုန့်ယွီကျိန်းသည်လည်း နိုင်ငံအတွက် ဘက်စ်သတ္တုရိုင်း၏ အရေးပါမှုကို ရှင်းလင်းစွာ နားလည်ထားသည်။

သူ့ဘက်က သတ္တုရိုင်းကို လွှဲပြောင်းပေးပြီးသည်နှင့် ပြန်လည်ရယူနိုင်သည့် အခွင့်အရေး မရှိတော့ချေ။

“ ဘာများတတ်နိုင်ဦးမှာ … ငါကရော သူ့ကို ငြင်းနိုင်မှာလား…”

“ ဘာလို့ မရမှာလဲ…”

စောနက ဖုန်းထဲတွင် ပြောခဲ့သည်များကို ပြန်လည် မြင်ယောင်ရင်း လုပေချိန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ အဲ့ကောင်လေးပြောတာ သူ့မှာ ယူလာပေးနိုင်တဲ့ အစွမ်းအစရှိရင် ပြန်လည်း ယူနိုင်တယ်တဲ့ … သူ့ဘက်က အဲ့လောက်တောင် ပြောလာပြီးမှတော့ ငါက သဘောမတူဘဲ ဘယ်နေလို့ ရတော့မှာ… အဲ့တုန်းက လင်းကျင်ကျန့် ဝင်မွှေတဲ့ ကိစ္စနဲ့ နည်းနည်းလေး ဆင်တူမနေဘူးလား…”

“ ရှင်ကရော သူ ကျုံးဝေ့တပ်ဖွဲ့ ဌာနချုပ်ထဲ ဖောက်ဝင်ရဲမယ်လို့ ယုံကြည်တယ်ပေါ့…”

“ သူ လုပ်မှာ မဟုတ်ဘူး…. အဲ့ကောင်လေးက ငတုံးမှ မဟုတ်တာ… ဘာလို့ ကိုယ့်သေတွင်းကိုယ် ဘာလို့တူးမှာလဲ… သူ သေချာပေါက် တခြားနည်းလမ်းကို သုံးလိမ့်မယ်…” လုပေချိန် ပြောလိုက်ပြီး “ ဒါပေမယ့် သူ တစ်ခုခု လုပ်မှာတော့ သေချာသလောက်ပဲ… တကယ်လို့ ဒီကိစ္စက ပေါက်ကွဲထွက်သွားခဲ့လို့ ဟွာရှက သူ့ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့ဘူးဆိုရင် သူ့ အဖေလိုပဲ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ဖိအားပေးခံလိုက်ရလိမ့်မယ်… အဲ့လို ဖြစ်လာရင် ငါတို့ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားတော့မှာ..”

“ အဲ့တာလည်း ဟုတ်တာပဲ… အဲ့ အရှက်မဲ့တဲ့ ကောင်စုတ်လေး လင်းကျင်ကျန့်တောင် ခုဆို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးကို ဖြစ်လို့…” စုန့်ယွီကျိန်း သက်ပြင်းချလိုက်၏။

လုပေချိန် ရယ်မောလိုက်ရင်း “ ဒိတ်ဒိတ်ကျဲ… ဟုတ်လား… သူက ခုဆို ကောင်းကင်ကို ခေါင်းနဲ့တိုက်နေနိုင်တဲ့ ကောင်တောင် ဖြစ်နေပြီ… “ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း လုပေချိန် လင်းရီ၏ စိတ်ခွန်အားအပြည့်နှင့် ပုံရိပ်ကို ပြန်လည်မြင်ယောင်မိတော့ ခံစားချက် များစွာတို့ဖြင့် သက်ပြင်းချမိသည်။

“ ငယ်ရွယ်မှုဆိုတာ တကယ့်ကို ကောင်းတာပဲ… သေရည်တစ်ခွက်နဲ့ ဓားတစ်လက်သာ ရှိရင် ဘုံလောက တစ်သောင်းကိုလည်း အုပ်စိုးနိုင်တယ်… ဒီလိုမျိုး ပါရမီရှင် နှစ်ယောက်နဲ့… လင်းမိသားစုကတော့ အနာဂတ်မှာ တောက်ပလာတော့မှာပဲ…”

…….

လုပေချိန်၏ ဖုန်းကို ချပြီးနောက် လင်းရီ ယခင်အတိုင်းပဲ တိတ်ဆိတ်စွာ ထိုင်ရင်း စောင့်ဆိုင်းနေသည်။

လျန်ရူရွှယ်ထံမှ ဝီချက် မက်ဆေ့ချ်များစွာလည်း ရောက်ရှိနေခဲ့၏။

သူ ရိုးရှင်းစွာ စာပြန်ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။

သူ တတ်နိုင်သည်ဆိုလို့ စောင့်ဆိုင်းဖို့ရာပင်။

ပြတင်းပေါက်နံဘေးတွင် လျိုဟုန်နှင့် ကျန်သူများကို လင်းရီကို ကြည့်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်သလို ခံစားနေကြရသည်။

“ ဘော့စ်လျို… ရှင်ဘာလို့ မျက်မှောင်ကြီး ကြုတ်နေတာလဲ..” ချိုးယွီလော့မှ မေးမြန်းလိုက်သည်။

“ ငါ သူ့ကို မကူညီခဲ့ဘူးဆိုတော့ ဒီကောင်လေး ငါ့ကို မုန်းများ မုန်းသွားမလားလို့…”

“ လင်းရီက အဲ့လို လူစားမျိုးမှ မဟုတ်တာ…” ချိုးယွီလော့ ပြောလိုက်ပြီး “ သူလည်း လောကဓမ္မတာကို နားလည်ပါတယ်… ဒီလို ကိစ္စတွေ စဉ်းစားနေမှာ မဟုတ်ဘူး…”

“ ဒါပေမယ့် ဒီကိစ္စကို ကိုင်တွယ်နိုင်မယ့် တခြား နည်း မရှိဘူး… သူ့ အစီအစဉ်က ကျရှုံးနိုင်လောက်တယ်…” လျိုဟုန် သက်ပြင်းချလိုက်သည်။ “ ဒီကောင် မိုက်မိုက်ကန်းကန်းတွေ လျှောက်မလုပ်ပစ်ဖို့ မျှော်လင့်ရတာပဲ…”

“ ဒါဆိုလည်း သူ ပျက်စီးမှာကို ရပ်ကြည့်မနေကြစို့လေ… သူ့ကို ပြန်ခေါ်လာပြီး ဖျောင်းဖြကြတာပေါ့… အကုန်လုံးပေါင်းပြီး စဉ်းစားရင် တခြားနည်းလမ်းတစ်ခုလည်း ထွက်ရင် ထွက်လာနိုင်တာပဲလေ…” နင်ချဲ့ ပြောလိုက်သည်။

“ သူက ခင်မင်ရင်းနှီးမှု သံယောဇဉ်ကို တော်တော်လေး တန်ဖိုးထားတဲ့လူ ဆိုတော့ သူ့ကို ဒီတိုင်း စွန့်လွှတ်လိုက်ဖို့ ဖျောင်းဖြတာက ယုတ္တိမတန်တဲ့ စကားပဲ… အရင်ဆုံး သူ့စိတ်ကို တည်ငြိမ်သွားအောင် အချိန်တစ်ချို့ ပေးလိုက်ပါ ..” လျိုဟုန်မှ ပြောလိုက်ပြီး “ သူ့လိုမျိုး ဒီလောက် နားလည်ထားတဲ့လူကို ဖျောင်းဖြလို့ အလကားပဲ.. အချိန်တစ်ချို့ပေးပြီး သူ့ဘာသူ အဖြေရှာတွေ့ပါလေ့စေ…”

နင်ချဲ့ နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ရင်း “ ကောင်းပါပြီ…”

သုံးယောက်သား ဘယ်ကိုမျှ မထွက်သွားကြချေ။ သူတို့ လင်းရီကိုသာ ပြတင်းမှတစ်ဆင့် ကြည့်ရှုရင်း ရောက်တတ်ရာရာ တွေးတောနေခဲ့ကြလေသည်။

“ ဟမ်… အပြင်မှာ ဘာတွေ ဖြစ်နေတာ.. ဘာလို့ အထွေထွေ ဝန်ထမ်းရေးရာ ဌာနက ကားက ဒီရောက်လာခဲ့တာလဲ…”

“ အဲ့လူကလည်း အပြင်ထွက်ပြီး လင်းရီကို တစ်ခုခု ပေးနေတယ်..” ချိုးယွီလော့မှ ပြောလိုက်သည်။

သုံးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ ရှော့ခ်ရမှုနှင့် အံ့အားသင့်နေမှုတို့က သူတို့ မျက်ဝန်းကိုယ်စီထဲတွင် အထင်းသားပင်။

ယခုလို အချိန်မျိုးတွင် အထွေထွေ ဝန်ထမ်းရေးရာ ဌာနမှ တစ်စုံတစ်ဦး ရောက်ရှိလာပြီး လင်းရီကို တစ်ခုခု ပေးသွားသည်ဆိုတော့ သတ္တုရိုင်းမှလွဲ၍ မည်သည်မျှ မဖြစ်နိုင်ချေ။

“ ဒီကောင်က ဘာလားကွ… တကယ်ကြီး ပေးပြီးတဲ့ သတ္တုရိုင်းကို ပြန်ယူနိုင်နေတယ်… အဲ့တာကို ဌာနကလည်း တကယ်ကြီး ပေးလိုက်နေတယ်… ကောင်းကင်ဘုံရေ….”

လျိုဟုန် မယုံကြည်နိုင်စွာဖြင့် သူ့ဆံပင်သူ ဆွဲနှုတ်နေပေတော့သည်။

ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း အံ့အားသင့်နေခဲ့ကြလေသည်။

ဒါ သာမန်လူ တစ်ယောက် လုပ်နိုင်တဲ့ ကိစ္စမှ ဟုတ်စ…

လျိုဟုန် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီး “ မင်းတို့နှစ်ယောက် ဂျပန်ကို သွားဖို့ အဆင့်သင့်လုပ်ထားကြ… ဒါပေမယ့် အဲ့တာကို သူမသိစေနဲ့… “

…………

ပစ္စည်းရပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့တွင် တစ်စက္ကန့်ကြာအောင်တောင် ထပ်မနေဘဲ အပြင်သို့ထွက်၊ တက္ကစီငှား၊ လေဆိပ်သို့ ချက်ချင်းရောက်လာပြီး ဂျပန်သို့ လေယာဉ်ဖြင့် တိုက်ရိုက် ပျံသန်းလာခဲ့လိုက်သည်။

ညသန်းခေါင်ယံကို ရောက်တော့ လင်းရီ လျန်ကျင်းမင်ထံ ဖုန်းတစ်ကြိမ် ထပ်ခေါ်လိုက်၏။

“ မစ္စတာလင်း…”

“ ငါ သတ္တုရိုင်းရလာပြီ… မင်းတို့ အခု ဘယ်မှာလဲ…”

“ အဲ့လောက် အမြန်ကြီး ရလာခဲ့တယ်ပေါ့… ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်..”

“ ငါ မင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်၀င်စားမယ်လို့ ထင်လား…”

“ မစ္စတာလင်းကလည်း စိတ်ကြီးပဲ... ကျွန်မတို့ အခု ရိုရိုဂီ ပန်းခြံက တာခါရှီမာယာ ဟိုတယ်မှာ… ရှင်ရောက်တာနဲ့ ရှင့်ကို ကြိုဖို့ ကျွန်မတို့ လူလွှတ်လိုက်မယ်…”

“ ကောင်းပြီ…”

လင်းရီ ဖုန်းချ၍ လေဆိပ်အနီးရှိ တက္ကစီတစ်စင်းကို ငှားလိုက်သည်။ ထို့နောက် တာခါရှီမာယာ ဟိုတယ်သို့ တန်းမတ်စွာ မောင်းနှင်လာခဲ့၏။

All Chapters