← Chapters

အိပ်မွေ့ချခြင်း

Vol. 81 Ch. 1202

အိပ်မွေ့ချခြင်း

Vol. 81 Ch. 1202

“ ငါတို့ချင်း သိတာ သုံးရက်ပဲ ရှိသေးတာကို မင်းက ငါ့ကို သဘောကျနေပြီပေါ့…” လင်းရီ ပြုံးလျက် ဆိုရင်း “ ဒါ တအား ဈေးမပေါလွန်းဘူးလား..”

လင်းရီ၏ မှတ်ဉာဏ်ထဲတွင် ကျီချင်းရန်၊ လျန်ရူရွှယ်၊ လီချူးဟန် သို့မဟုတ် ဝမ်ရင်း မည်သူကမျှ ထိုစကားမျိုး မပြောခဲ့ဖူးပါချေ။

ရှင့်ကို သဘောကျတယ်…

ရှင့်ကို ချစ်တယ်…

ဤသည်က လူတစ်ဦးတစ်ယောက်၏ အတွင်းစိတ်ခံစားချက်များကို အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အဆန်ဆုံး ‌ဖော်ပြသည့် နည်းလမ်းဖြစ်သော်လည်းပဲ တစ်ချိန်တည်းတွင် ဤသို့ ပြောဆိုသည်က အဓိပ္ပာယ် မရှိဆုံး လုပ်ရပ်တစ်ခုလည်း ဖြစ်နေပြန်သည်။

တစ်ချို့သော စကားလုံးများက ထုတ်ပြောလိုက်လျှင် အတော်လေးကို တန်ဖိုးနည်းသွားတတ်၏။

ကိုယ်တိုင် လုပ်ရပ်နှင့် လက်တွေ့ သက်သေပြခြင်းက စကားအခွန်း ထောင်သောင်းချီ ပြောဆိုသည်ထက် ပိုပြီး စစ်မှန်မှုရှိသည်။ လေးနက်ရာလည်း ရောက်သည်။

ရှိုကို နာခါဂျီးမားမှာ ထိတ်လန့်နေသည့် သမင်ငယ် တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ပြီး လင်းရီကို ကြည့်၍ “ မစ္စတာလင်း.. ကျွန်မ ရှင့်ကို မလိမ်ညာရပါဘူး… ကျွန်မ မှန်သော စကားကို ဆိုနေတာပါ… ကျွန်မ - ကျွန်မ ရှင့်ကို တကယ် သဘောကျတယ်......”

ပြောပြီးနောက် ရှိုကို နာခါဂျီးမား မျက်လွှာလေးကိုချ ခေါင်းငုံ့ထားရင်း “ ဒါပေမယ့် ရှင် ကျွန်မကို ပြန်ကြိုက်ဖို့ မဖြစ်နိုင်မှန်းလည်း သိပါတယ်.. ကျွန်မလို လူက ရှင်နဲ့ မထိုက်တန်ပါဘူး…”

လင်းရီ ဘာမျှ မဖြေပဲ ကန်ရေပြင်ကိုသာ ငေးမောနေလျက် ရှိသည်။

အလှတရား၏ ကျက်သရေကို ရယူရန် ဤမျှ ခဲယဉ်းရလေသလော။

အချိန်အတော်ကြာသည်ထိအောင် တိတ်ဆိတ်မှုက ကြီးစိုးနေပြီးနောက် လင်းရီ ဖန်တရာထေနေသည့် ဤစကားများကို ပြန်ပြောလိုက်ရတော့၏။

“ မင်းက မိန်းမကောင်းလေးပါ… ငါ မင်းရဲ့ အချိန်တွေ မဖြုန်းချင်ဘူး..”

ရှိုကို နာခါဂျီးမား၏ ခန္ဓာကိုယ်သည် ဆတ်ကနဲ တုန်ယင်သွားခဲ့ပြီး မျက်ရည်များဖြင့် ကြည်လဲ့လာခဲ့၏။ သို့သော် ချောမွေ့သည့် ပါးပြင်ထက်တော့ စီးကျမလာပဲ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၍ “ မစ္စတာလင်း… ရှင် ကျွန်မကို မုသား မဆိုချင်ပါနဲ့… ကျွန်မဆိုတာ ဂေးရှားတစ်ယောက်… အတူသောက်ဖူးခဲ့တဲ့ ယောက်ျားတွေဆိုတာလည်း မနည်းဘူး… ကျွန်မကိုယ်ကျွန်မ မသန့်ရှင်းတော့ဘူးဆိုတာ နားလည်ပါတယ်… ဒါပေမယ့် ကျွန်မ ရှင်သိအောင်တော့ ပြောပြချင်တယ်… တကယ်လို့ ရှင်ထွက်သွားပြီးရင် ဒီလိုမျိုး မပြောပြနိုင်လိုက်မှာကို ကျွန်မ အရမ်းကြောက်တာပဲ…”

ရှိုကို နာခါဂျီးမား အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခံစားချက်များကို အနည်ထိုင်အောင် ပြုလုပ်လိုက်၏။

“ မစ္စတာလင်းဖို့ ကျွန်မ လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပေးတယ်… ရှင် လက်ခံနိုင်မယ်လို့လည်း မျှော်လင့်မိတယ်…”

“ လက်ဆောင်လား…”

လင်းရီ ရှိုကို နာခါဂျီးမားကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူ့အတွက် လက်ဆောင်လို အရာမျိုး ပြင်ဆင်ထားပေးလိမ့်မည်လို့ သူ အမှန်ပင် မျှော်လင့်မထားခဲ့ချေ။

ရှိုကို နာခါဂျီးမား သူမ၏ ရင်အုံကြားမှ အနီရောင် အိတ်ရှုံ့လေးကို ဆွဲထုတ်လိုက်၏။

သွယ်လျသည့် လက်ချောင်းများက အိတ်ရှုံ့လေးကို ဖြည်လိုက်တော့ အထဲတွင် စိန်စီခြယ်ထားသည့် အိတ်ဆောင် နာရီတစ်လုံး ရှိနေသည်။

ဒီဇိုင်းသွင်ပြင်က ချဲ့ကား မျက်စိစူးဖွယ်ကြီးဖြစ်ပြီး ဝတ်ဆင်ဖို့အတွက်တော့ မသင့်လျော်။ စုဆောင်းသိမ်းဆည်းမှုအတွက်သာ ပို၍ သင့်လျော်သည်။

ထို့ပြင် ယင်းက ပီတက် ဖီလစ်ပီ တံဆိပ် ဖြစ်နေသေး၏။ အဖိုး အများကြီး ထိုက်မှာ ကျိန်းသေလှသည်။

“ ခါဘူကီကိုမှာ ကျွန်မ ဖျော်ဖြေတာကို သိပ်နှစ်ခြိုက်တဲ့ အစ်မကြီး တစ်ယောက် ရှိခဲ့ဖူးတယ်… ပြီးတော့ သူကပဲ ကျွန်မကို ဒီနာရီလေး လက်ဆောင်ပေးခဲ့တာ… အခု ကျွန်မကနေပြီး မစ္စတာလင်းကို အမှတ်တရ အနေနဲ့ ကျွန်မရဲ့ အမြတ်တနိုး ပစ္စည်းလေးကို ပေးချင်တယ်…”

သိမ်မွေ့စွာဖြင့် ရှိုကို နာခါဂျီးမား အိတ်ဆောင် နာရီကို ထုတ်၍ လင်းရီရှေ့တွင် ပြလိုက်သည်။

ထူးခြားလှပသည့် နာရီက လင်းရီရှေ့တွင် ဖြည်းညင်းစွာဖြင့် ဘယ်ညာ ယိမ်းနွှဲ့နေသည်။

တလက်လက်နှင့် ကြည်လင်နေသည့် စိန်များက အေးစက်သည့် ငွေလရောင်အောက်တွင် ဆထက်တိုး၍ ဆွဲဆောင်မှုအား ကောင်းနေတော့၏။

“ မစ္စတာလင်း… ဒီနာရီက ကြည့်လို့ကောင်းလားဟင်…”

“ အင်း… ကောင်းတယ်…”

“ ဒါဆိုလည်း အနီးကပ်ကြည့်လေ… ရှင် မကြိုက်ဘူးလား…”

“ ငါ - ငါကြိုက်တယ်…”

လင်းရီ ငူငိုင်စွာ ပြောလိုက်၏။ သူ့မျက်ဝန်းထဲရှိ အလင်းရောင်များက မှိန်ဖျော့နေပြီး နောက်တစ်စက္ကန့်တွင် အိပ်မောကျတော့မည့် နှယ်ပင်။

ရှိုကို နာခါဂျီးမား ပြုံးလိုက်၏။

သူမ အိတ်ဆောင်နာရီကို လက်ထဲတွင် ညင်သာစွာ ဝှေ့ရမ်းရင်း လင်းရီ၏ အခြေအနေကို ကျေနပ်နေဟန်ရှိသည်။

“ ထပ်တိုးပြီး ကြည့်ကြည့်ပါဦး… ပြီးရင် ရှင် ဘယ်လောက်ထိ သဘောကျလဲ ကျွန်မကို ပြောပြ…”

“ အများ… အများကြီး သဘောကျတယ်…”

ဤတစ်ကြိမ်တွင်တော့ ရှိုကို နာခါဂျီးမား ဘာမျှ ထပ်မပြောတော့ဘဲ မလှမ်းမကမ်းရှိ လူနှစ်ယောက်ကို လာခဲ့ရန် အချက်ပြလိုက်သည်။

မကြာမီ ခန်းဂျိတာခါယာမနှင့် သူ့လူတို့ မှောင်ရိပ်ခိုနေရာမှ ပေါ်ထွက်လာလေသည်။

“ ပြီးပြီလား…”

ရှိုကို နာခါဂျီးမား ခေါင်းညိမ့်လိုက်သည်။ “ သူက နိုးနိုးကြားကြား ရှိလွန်းတယ်… တကယ်လို့ ကျွန်မသာ ဒီနည်းလမ်း အသုံးမပြုဘူးဆိုရင် သူ့နား ချဉ်းကပ်ဖို့ သိပ်ခက်မှာ…”

“ ဒီလောက်ဆိုရင်ကိုပဲ ကောင်းနေပြီ…” ခန်းဂျိ တာခါယာမ ပြောလိုက်ပြီး “ ပစ္စည်းကို ဘယ်မှာ ဝှက်ထားလဲ သူ့ကို မေးလိုက်… ငါ့လူတွေကို အခု သွားရှာခိုင်းလိုက်မယ်…”

ရှိုကို နာခါဂျီးမား၏ အကြည့်က လင်းရီ အပေါ် တစ်ဖန် ကျရောက်သွားခဲ့ပြီး “ မစ္စတာလင်း … ကျွန်မ သိချင်တာ ရှင့်ဆီမှာ အနက်ရောင် သေတ္တာလေး တစ်လုံး ရှိတယ်မလား…”

“ ရှိတယ်…”

လင်းရီ အမူအရာကင်းမဲ့စွာဖြင့် ဖြေဆိုလိုက်သည်။

“ အဲ့ သေတ္တာထဲမှာ ဘာရှိလဲ…”

“ ကျောက်တုံး…”

ထိုကဲ့သို့ အဖြေမျိုးကို ကြားသိလိုက်ရတော့ ခန်းဂျိတာခါယာမ ပျော်ရွှင်တက်ကြွသွားခဲ့တော့၏။

“ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားလဲ မေးလိုက်...”

ရှိုကို နာခါဂျီးမား လင်းရီကို ပြန်ကြည့်လိုက်ပြီး “ ရှင်ရခဲ့တဲ့ အနက်ရောင် သေတ္တာက အခု ဘယ်မှာလဲ…”

“ အဲ့တာက..”

လင်းရီ ခေတ္တကြာအောင် ရပ်တန့်သွားခဲ့သည်။ ယခင်ကကဲ့သို့ ရှိုကိုနာခါဂျီးမား၏ အမေးကို တိုက်ရိုက်ပြန်ဖြေခြင်း မရှိပေ။

နှစ်ယောက်လုံး ထိတ်ထိန်ပျာပျာ ဖြစ်သွားခဲ့ပြီး ခန်းဂျိတာခါယာမမှ အလျင်စလို လေသံဖြင့် “ ဘာတွေ ဖြစ်နေတာလဲ… “

“ မစ္စတာ တာခါယာမ … ဘာမှ စိတ်ပူစရာ မလိုပါဘူး…” ရှိုကို နာခါဂျီးမား ပြောလိုက်ပြီး “ သူ့ စိတ်က ကျွန်မတို့ ထင်ထားတာထက် ပိုသန်မာတယ်… ဒီလို အထိခိုက် မခံတဲ့ မေးခွန်းတွေ မေးလိုက်တော့ ပြန်ပြီး သတိလည်လာချင်သလို ဖြစ်တာ ပုံမှန်ပဲလေ…”

“ ဒါဆိုလည်း ပြန်လုပ်… ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ အလွဲအချော် ဖြစ်လို့မရဘူး…”

“ ကျွန်မ သိတယ်…”

ရှိုကို နာခါဂျီးမား လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူမ လက်ထဲရှိ အိတ်ဆောင် နာရီကို ဆက်လက် လှုပ်ရမ်းနေရင်း “ မစ္စတာလင်း… ရှင်ရလာခဲ့တဲ့ သေတ္တာက ဘယ်မှာရှိလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါလားဟင်…”

“ အခန်း 2308 ၊ အိုမန် ဟိုတယ်……”

ထိုစကားကြားတော့ ခန်းဂျိ တာခါယာမ စိတ်ထဲ ပြောပြလို့ မတတ်အောင် ပျော်ရွှင်သွားခဲ့တော့၏။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီး နောက်ဆုံးတော့ ထို ပစ္စည်း၏ တည်နေရာကို သိရှိလိုက်ရချေပြီ။

“ ကျန်တာကို မင်းဘာမင်း မီးစင်ကြည့်ကထားလိုက်… ငါတခြား လုပ်စရာလေးတွေ ရှိတယ်..”

“ နားလည်ပါပြီ…”

တိကျသေချာသည့် အဖြေကို ရရှိပြီးနောက် ခန်းဂျိ တာခါယာမ သူ့လူများနှင့် အလျင်စလို ထွက်ခွာသွားခဲ့သည်။ အဖြေ၏ တိကျစစ်မှန်မှုကို သူ သံသယ တစ်စက်လေးမျှ မဖြစ်ပေါ်မိချေ။

အိပ်မွေ့ချပြီး မေးမြန်းရာမှ ရရှိလာခဲ့သည့် အဖြေက မှားယွင်းမည်လို့လည်း သူ မယုံကြည်ချေ။

ခန်းဂျိ တာခါယာမ ထွက်ခွာသွားပြီးနောက် ညဉ့်သန်းခေါင်ရှိ ကန်နံဘေးတွင် ဆိတ်သုဉ်းမှုက ပြန်လည် အစိုးရသွားပြန်သည်။

ရှိုကို နာခါဂျီးမား လက်တစ်ဖက်ဖြင့် အိတ်ဆောင်နာရီကို ကိုင်ထားရင်း ကျန်တစ်ဖက်မှနေ၍ လင်းရီကို ပုတ်လိုက်သည်။ လင်းရီမှာ ချက်ချင်းလက်ငင်း ဆိုသလို အိပ်မောကျ သတိလစ်သွားခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်က ရှိုကို နာခါဂျီးမားထံ ပုံကျသွားခဲ့ပြီး တိုးညှင်းသည့် ဟောက်သံသဲ့သဲ့ကိုလည်း ကြားနေရ၏။

ရှိုကို နာခါဂျီးမား ဘေးဘီကို တစ်ချက် ကြည့်လိုက်တော့ မည်သူမျှ ရှိမနေကြောင်းကို သေချာသွားခဲ့သည်။ ထို့နောက် သူမ လင်းရီကို ပခုံးမှနေ၍ တွဲပြီး ဟိုတယ်တစ်ခုသို့ ဆွဲခေါ်လာလိုက်၏။

ရှိုကို နာခါဂျီးမား အခန်း တစ်ခု ယူ၍ လင်းရီကို အထဲထည့်ထားလိုက်သည်။

ကလင် ကလင် ကလင် …

ထိုအခိုက်အတန့်တွင် လင်းရီဖုန်းသံ မြည်လာခဲ့၏။ ယင်းက လျန်ကျင်းမင်ထံမှပင်။

မူလကတော့ ရှိုကို နာခါဂျီးမား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သော်လည်းပဲ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် အကယ်၍ သူမ ဖုန်းမဖြေလိုက်ဘူးဆိုပါက တစ်ဖက်သူမှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေတယ်ထင်ပြီး စိတ်ပူသွားနိုင်သည်။ ထို့ကြောင့် သူမ ဖုန်းဖြေရန် ဆုံးဖြတ်လိုက်၏။

“ လင်းကြီးဟျောင့်… မင်းရဲ့ ခဏက ဘယ်ထိ ခဏသွားတာတုန်း… ငါတို့ ဒီမှာ သောက်ဖို့ စောင့်နေကြတုန်းပဲ…” ဖုန်းကိုင်လိုက်သည်နှင့် လျန်ကျင်းမင်၏ ကျယ်လောင်သည့် အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လို့လာသည်။

“ မစ္စတာလျန်… မစ္စတာလင်းက အမူးလွန်နေလို့ နေလို့ ထိုင်လို့ သိပ်မကောင်းဘူး ဖြစ်နေတာ… ဒါကြောင့် ကျွန်မ သူ့ကို အနားယူလို့ တစ်နေရာ ခေါ်သွားလိုက်တယ်… ရှင်တို့ပဲ ဆက်သောက်လိုက်ကြနော်…”

ရှိုကို နာခါဂျီးမား၏ အသံကို ကြားလိုက်ရ၍ ဖုန်းတစ်ဖက်ခြမ်းရှိ လျန်ကျင်းမင်မှာ စက္ကန့်အနည်းငယ်ကြာအောင် ကြက်သေသေသွားခဲ့ပြီးနောက် ခေတ္တကြာတော့မှ “ ကောင်းပြီလေ…. ဒါဆိုလည်း မင်း ညီကိုလင်းကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ဦး….”

“ ဒါပေါ့… စိတ်ချပါ မစ္စတာလျန်…”

ပြောပြီးနောက် ရှိုကို နာခါဂျီးမား ဖုန်းကို ချလိုက်ပြီး လင်းရီ နံဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

သူမ လင်းရီကို ငေးကြည့်ရင်း နဖူးရှိ ဆံစများအား အပေါ်သို့ သပ်ပေးလိုက်၏။

နာရီဝက်ကြာပြီးနောက် အခန်းအပြင်ဘက်မှ နေပြီး အလျင်လိုနေသည့် ခြေလှမ်းသံများကို သူမ ရုတ်တရက် ကြားလိုက်ရသည်။

သစ်သား တံခါးမှာ ပွင့်ဟလာခဲ့ပြီး ခန်းဂျိ တာခါယာမနှင့် သူ့လူများကို ဖွင့်လှစ် ပြသလာသည်။ ယင်းက ရှိုကို နာခါဂျီးမားကို အံ့အားသင့်သွားစေခဲ့၏။

ဒီအချိန်ဆို မစ္စတာ တာခါယာမက အနက်ရောင် သေတ္တာကို ယူပြီး ပြန်သွားသင့်ပြီ မဟုတ်ဘူးလား… ဒီကို ဘာပြန်လာလုပ်တာပါလိမ့်….

“ မစ္စတာ တာခါယာမ … ရှင် တစ်ခုခု လိုအပ်တာများ ရှိသေးလို့လား…” ရှိုကို နာခါဂျီးမားမှ ပျော့ပျောင်းစွာ မေးမြန်းလိုက်သည်။

“ ငါတို့တွေ အနက်ရောင် သေတ္တာကို အိုမန်ဟိုတယ်မှာ ရှာလို့ မတွေ့ခဲ့ဘူး… မင်းရဲ့ အိပ်မွေ့ချတာကြီးက တစ်ခုခုတော့ မှားနေပြီ….”

All Chapters