← Chapters

တောင်ကိုးရီးယားသို့ ခရီးတစ်ခေါက်

Vol. 81 Ch. 1205

တောင်ကိုးရီးယားသို့ ခရီးတစ်ခေါက်

Vol. 81 Ch. 1205

" ပြီးတာပဲလေ... နင့်အကြံနဲ့နင် ရှိပြီးသားဆိုတော့ ငါတို့ ၀င်မစွက်ဖက်တော့ပါဘူး... " နင်ချဲ့ ပြောလိုက်ပြီး " နင် တစ်ခုခုလိုအပ်ရင်တော့ ဖုန်းဆက်ဖို့ မမေ့နဲ့ .. ဟုတ်ပြီလား... "

" ကျေးဇူးပဲ... "

ရိုးရှင်းစွာ စကားတချို့ ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ သို့သော် သူဖုန်းကို ကိုင်ထားစဲဖြစ်ပြီး သူ၏ စိတ်အတွေးက ယူရှီ မစ်ဆူ ကိစ္စတို့ဖြင့် ပြည့်နှက် နစ်မြောနေသည်။

ယခုဆို ကုမ္ပဏီရှိ လူတိုင်းကလည်း ဂျပန်သို့ ရောက်ရှိနေပြီး တစ်နည်းအားဖြင့် ဤလူများက ယူရှီ မစ်ဆူ၏ ပစ်မှတ် ဖြစ်မလာဘူးလို့ ပြောမရချေ။

သို့သော်လည်း ဒုတိယ အတွေးတစ်ချက် ၀င်လာသည်နှင့် လင်းရီ သူ့ကိုယ်သူ အတွေးလွန်နေကြောင်းကို သတိပြုမိသွားခဲ့သည်။

သူ့ရှေ့ရှိ လူများမှလွဲ၍ ယူရှီ မစ်ဆူ အခြားသူများကို ပြန်ပေးဆွဲခဲ့လျှင်ပင် ထိုသူများကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်လို့ မဖြစ်နိုင်ချေ။

နောက်တစ်ခု ရှိသည်က နိုင်ငံတကာ မှုခင်းကိစ္စရပ်သို့ အသွင်ကူးပြောင်းသွားနိုင်သည်။ ယာမာဂူချီ ဂိုဏ်းက မြေအောက် အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်ပြီး ဂျပန်တွင် ထိုမျှ ဩဇာလွှမ်းမိုးမှု ကြီးမားမနေချေ။ အကယ်၍ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ချီသည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ဆိုပါက အစိုးရ အထက်လူကြီးများမှာ ၎င်းတို့ကို ကူညီပေးကြလိမ့်မည် မဟုတ်ချေ။ ယူရှီ မစ်ဆူ၏ အကျင့်စရိုက်အရ ထိုသို့ ပြုလုပ်ရန်ကလည်း မဖြစ်နိုင်ချေ။

လင်းရီ သူ့ရှေ့ရှိ အနှီလူအုပ်စုကို ဂရုစိုက် စောင့်ကြည့်နေသရွေ့ အရာအားလုံးက သူ့ဟာနှင့်သူ အဆင်ပြေသွားလိမ့်မည်။ သူမနက်ဖြန် ဟွာရှသို့ ပြန်ရောက်သည်နှင့် စိတ်ကို ဒုံးဒုံးချနိုင်ပေသည်။

ထိုအကြောင်း စဉ်းစားမိတော့ လင်းရီ အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့တော့သည်။ သို့သော် သူ အသိပြန်၀င်လာတော့ လူတိုင်းက သွားကုန်ကြပြီကို သတိပြုမိလိုက်လေသည်။

" ချီးပဲ.... ငါ့ စောင့်ကြပါဦးဟ... "

လင်းရီ ခပ်သွက်သွက်လမ်းလျှောက်ရင်း ကျီချင်းရန်တို့ကို ပြန်လိုက်မှီသွားခဲ့သည်။

သို့သော် သူ ဒက်ကနဲ သတိပြုမိလိုက်သည်က သူ လိုက်မီသည့်တိုင်အောင် အချည်းနှီး ဆိုတာကိုပင်။ ထိုပတ်၀န်းကျင်တွင် အမျိုးသားများက မိန်းကလေးများ၏ အထုပ်အပိုးများကို သယ်ပြုပေးရင်း သို့မဟုတ် ဓာတ်ပုံရိုက်ပေးကြရင်းဖြင့် အလုပ်ရှုပ်နေကြ၏။

လင်းရီ သူ ဤ သောက်ကျိုးနည်း အလုပ်များကို မလုပ်ချင်။

သို့သော် အနှီ ကပ်ဖားလျှက်ဖား ကောင်းကျုံးယွမ်က ဟော်ယွမ်ယွမ် ပြောသမျှကို တောက်တဲ့တစ်‌ကောင် ကဲ့သို့ နာခံနေလျက်ရှိ၏။

ကျီချင်းရန်ကို အရှက်မရစေရန်အတွက် လင်းရီသည်လည်း သိတတ်နားလည်သည့် ချစ်သူကောင်လေး တစ်ယောက်နေရာမှ လိုက်ပါ သရုပ်ဆောင်ပေးရတော့သည်။ သူ ကျီချင်းရန်ကို ပြုံးပြ၍ လက်ထဲ ကိုင်ထားသည့် အိတ်ကို ဆွဲယူလိုက်ပြီး သူမကို ဓာတ်ပုံများ တချပ်ချပ် ရိုက်ပေးလိုက်တော့၏။

ထိုသည်ကို ကြည့်ရင်း ချင်းဟန်နှင့် လျန်ကျင်းမင်တို့ နှစ်ယောက်မှာ စိတ်ထဲတွင် မြည်တွန်တောက်တီး နေလေတော့သည်။

လင်းရီသည် အတိတ်မှ သူတို့သိခဲ့သည့် လင်းရီ မဟုတ်တော့ချေ။

သူတို့ တောင်ထိပ်ကို ရောက်တော့ လူတိုင်းက အုပ်စုလိုက် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ကြ၏။ ဤ ခရီး၏ ပြီးပြည့်စုံသည့် အဆုံးသတ်လေးတစ်ခုဟုတောင် ပြော၍ ရသည်။

လူတိုင်း ဟိုတယ်ထံ ပြန်ရောက်လာတော့ မွန်းလွဲ ၂ နာရီပင် ရှိနေချေပြီ။ နေ့လည်စာ စားသောက်ပြီးနောက် လူတိုင်းက တိုကျိုကို ပြန်လာခဲ့ကြ၏။

နင်ချဲ့နှင့် ကျန်သူများကတော့ ခန်းဂျိ တာခါယာမနှင့် ကျန်သူများကို စောင့်ကြည့်ကြပ်မတ်ရန်အတွက် ဟူဂျီတောင်တွင် ကျန်ရစ်နေခဲ့သည်။

အန္တရာယ်အငွေ့အသက်က သူ့ဘေး နေရာအနှံ့ ပြည့်နှက်နေသည် ဆိုသော်လည်းပဲ လင်းရီတွင် စောလျင်စွာ အိမ်ပြန်မည့် ရည်ရွယ်ချက်တော့ မရှိ။

သူတို့၏ လာရင်းရည်ရွယ်ချက်ကိုက အပန်းဖြေရန် ဖြစ်သည့်အတွက် လင်းရီ သူ့ ၀န်ထမ်းများကို ကောင်းကောင်းမွန်မွန် အနားရစေချင်သည်။ သူ့ဘက်က အစီအစဉ်များ ပြောင်းလဲပြီး စောလျင်စွာ ထွက်ခွာမည် ဆိုပါက အသင်းအဖွဲ့ စိတ်ဓာတ်အပေါ် ထိခိုက်မှု တစ်ချို့ ရှိလာနိုင်လေသည်။ သူ့ဘက်က ထိုကိစ္စများကို ဂရုမစိုက်သော်လည်းပဲ ဒုက္ခပေးသူ တစ်ယောက်တော့ မဖြစ်ချင်ပေ။

သို့သော် အရာအားလုံးက ကောင်းသည့်ဘက်ခြမ်းသို့သာ ဦးတည်နေလျက်ရှိပြီး လင်းရီ ထင်မှတ်ထားသည့် မည်သည်ကမျှ ဖြစ်ပျက်မလာခဲ့ချေ။

ညတွင်တော့ လူတိုင်းက ရေပူစမ်းသို့ တစ်ခေါက်သွား၍ နွမ်းနယ်မှုများအားလုံးကို ဖြေဖျောက်ခဲ့ကြပြီး သို့မှသာ နောက်တစ်နေ့တွင် လန်းဆန်းတက်ကြွစွာဖြင့် ဟွာရှသို့ ပြန်နိုင်မည် မဟုတ်ပါလား။

လင်းရီနှင့် ကျန်သူများ အဖို့ကတော့ ဟိုတယ် မြေညီထပ်ရှိ ဘား၌ မထွက်ခွာမီ ပါတီ တစ်ခုပေးရန် ဟန်ပြင်နေခဲ့ကြ၏။

ကလင် ကလင် ကလင် ...

သူတို့ သောက်နေကြသည့် အချိန်တွင်ပဲ လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ သူ ကောက်ကြည့်လိုက်တော့ အာယာနဲ မစ်ဆူထံမှ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရလေသည်။

" မစ္စတာလင်း.. ရှင် အလုပ်ရှုပ်နေလား... "

" မရှုပ်ပါဘူး.. ဒီတိုင်း သောက်နေတာ... "

" ကျွန်မက တစ်ခွက် ၀ယ်တိုက်မယ်ဆိုရင်ကော..."

" မင်း ဒီ လာချင်လို့လား... "

" မဟုတ်ဘူး မဟုတ်ဘူး... ကျွန်မက အခု အိုမန်ဟိုတယ် အခန်း ၂၈၀၈ မှာ.... တံခါးကိုလည်း လော့ခ်မချထားဘူး.... "

" အိုကေ ... ငါ နားလည်ပြီ... "

ထိုမျှ အထိ ပြောလာသည့်တိုင်အောင် လင်းရီ ငြင်းပယ်လိုက်မည်ဆိုပါက သူ တော်တော်လေး ဂျေးများလွန်းရာ ကျသွားလိမ့်မည်။

" လင်းကြီး.. မင်း ဘယ်သွားမလို့တုန်း... " လင်းရီ မတ်တပ်ရပ်လိုက်သည်ကို မြင်တော့ လျန်ကျင်းမင်မှ မေးမြန်းလိုက်၏။

" လုပ်စရာလေး ပေါ်လာလို့ပါကွာ... "

" ငါကြားတာ ခဏနေ ဖျော်ဖြေပွဲ တစ်ခု ရှိမယ်တဲ့နော်... အန်ရီ အိုကီတာ၊ ယူကို အာခါရီ နဲ့ နိုဇိုမီ ဆာဆာကီတို့တောင် ဒီလာကြမှာ... မင်း သွားမှာ သေချာပြီလား... "

" ကျေးဇူးပြုပြီး... မင်းတို့ကောင်တွေက ဘီလီယမ်နာ သူဌေးသားလေးတွေပါကွာ.. ဒီလိုဟာမျိုးတွေတောင် ဘယ်လိုတောင် ကြည့်နေကြတာ... မင်းတို့ကောင်တွေက ချမ်းသာတဲ့ ဒုတိယမျိုးဆက်ရဲ့ ရှက်ဖွယ်ပဲ... "

" ဟေ့ကောင် သူတော်ကောင်းယောင် လာမဆောင်နဲ့... မင်း သူတို့ကို မမြင်ဖူးဘူးလို့ ပြောရင် ငါယုံမယ်များ ထင်နေလား... " လျန်ကျင်းမင်မှ ပြောလိုက်သည်။

" ငါ မင်းတို့ ပြောသွားတဲ့လူတွေကို တကယ်ကြီး တစ်ယောက်မှ မသိတာ...အီမီဖူကာခါတို့၊ ယူအာမီခါမီတို့ရောပဲ ဘယ်တုန်းကမှ မကြားဖူးဘူး.. "

" အကုန်လုံးက တစ်လှေတည်းစီးနေကြတဲ့သူတွေချင်းကို ဟန်ဆောင်နေစရာ မလိုပါဘူး... " လျန်ကျင်းမင် ပြောလိုက်ပြီးနောက် သေချာနေသည့် လေသံမျိုးဖြင့် " ဆိုတော့ မင်းကို စကီလေးတစ်ပွေက ခေါ်လာတယ်ပေါ့... "

" မင်း ဘယ်လိုသိတာ... "

" အသိသာကြီး မဟုတ်ဘူးလား.. မင်း ငါတို့လို ညီကိုတွေကို ပစ်ပြီးသွားရတဲ့အထိဆိုတော့ တစ်ဖက် မိန်းကလေးက အလန်းလေးပဲ ဖြစ်ရမယ် ... မဟုတ်ရင် မင်း ငါတို့ကို ပစ်သွားမှာ မဟုတ်ဘူး... "

" အဲ့လို မပြောစမ်းပါနဲ့... ဘာပဲဆိုဆို ငါ့မှာ မိသားစုနဲ့ အလုပ်နဲ့ အကိုင်နဲ့... ဒီလို လူမဆန်တာတွေ ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ... "

" ငါမင်းကို တစ်လှေတည်းစီးချင်းမို့ ဟန်ဆောင်နေစရာ မလိုဘူးလို့ ပြောပြီးပြီကို... " လျန်ကျင်းမင် သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် " မြန်မြန် .. အဲ့ကောင်မလေး ဘယ်လိုပုံစံရှိလဲ ငါတို့ကို ပြစမ်းပါဦး... "

" အမ်... အထင်ကြီးလောက်စရာ မရှိပါဘူးကွာ.. သာမန် မျက်နှာပေါက်နဲ့ မင်းတို့ ပြောစမှတ်ပြုလောက်စရာတောင် ရှာတွေ့မှာ မဟုတ်ဘူး... "

" ဟာ... မင်းကလည်း .. လုပ်စမ်းပါ... မင်း ပြောတဲ့ ' သာမန် ' ဆိုတာက ဘာလဲ ကြည့်ချင်တယ်... "

" ကောင်းပြီလေ... ကိုယ့်ကောင်တွေက တောင်းဆိုလာမှတော့ ငါ ဖျစ်ညစ်ပြီး(မပြချင်ပြချင်) ပြလိုက်မယ်... "

လင်းရီ၏ ဖုန်းထဲတွင် အာယာနဲ မစ်ဆူ၏ ဓာတ်ပုံ တော့ မရှိ။ သို့သော် မစ်ဆူ မိသားစု၏ အကြီးဆုံး သမီးတော် တစ်ယောက် ဖြစ်သည့် အလျောက် သူမ၏ သတင်းက အင်တာနက် နေရာတိုင်းတွင် ပျံ့နှံ့နေသည်။ ထို့ကြောင့် သူမ ဓာတ်ပုံတစ်ပုံရဖို့က မခက်ခဲချေ။

" ငိုးပဲ.. လင်းကြီးဟျောင့်... မင်း အင်တာနက်က ပုံတွေ ပြပြီး ငါတို့ကို အရူးလာလုပ်တာတော့ မဟုတ်သေးဘူးနော်... "

" လျန်ကြီး... မင်း အသာနေစမ်း... ငါ့စိတ်ထဲ ဒီကောင်မလေးက ဘာလို့ ရင်းနှီးသလို ဖြစ်နေပါလိမ့်... "ကောင်းကျုံးယွမ်မှ ပုံကို သေသေချာချာကြည့်ရင်း ပြောလိုက်သည်။

" ဒါမစ်ဆူ မိသားစုရဲ့ အမွေခံ သခင်မလေးလို့ နာမည်ကြီးနေတဲ့ အာယာနဲ မစ်ဆူ မဟုတ်ဘူးလား... ငါတို့ သူ့ကို ကြယ်ငါးပေါ်မှာတုန်းက တစ်ခေါက် တွေ့ခဲ့ဖူးသေးတယ်လေ... "

ချင်းဟန်၏ စကားကို ကြားတော့ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသွားခဲ့ကြသည်။

" အဲ့တာ တကယ်ကြီး သူပဲ... "

လျန်ကျင်းမင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး " အစ်ကိုကြီးလင်း... မင်း ဒီပန်းလေးကို ခူးလိုက်ပြီလို့တော့ ငါ့လာမပြောနဲ့... "

" ရိုးရိုးသားသား ၀န်ခံရရင် ငါလည်း အဲ့လို လူစားမျိုး မဟုတ်ပါဘူး... ဒါပေမယ့် သူ့ဘက်က ငါ့ကို ဆက်တိုက် တောင်းဆိုလာတော့ကွာ ငြင်းလို့ ဘယ်ကောင်းမှာလဲ ဟုတ်တယ်မလား... အဲ့တာနဲ့ သူ့ကို တစ်ခါလောက် အခွင့်အရေး ပေးလိုက်တာပဲ..."

" ငိုးပဲ ဟန်ကို များလွန်းတယ်... " လျန်ကျင်းမင် မနာလို ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး " မစ်ဆူမိသားစုရဲ့ သခင်မလေးက မင်းကို အပြင်ထွက်ဖို့ ကမ်းလှမ်းလာတယ်... ဒါ သောက်ကျိုးနည်း မနာလိုဖြစ်စရာပဲ... "

အာယာနဲ မစ်ဆူ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ပြောရက်စရာပင် မရှိ။ မျက်စိ အဖမ်းစားနိုင်ဆုံးကတော့ သူမ မည်သူမည်ဝါ ဆိုသည်ပင်။

သို့တိုင်အောင် ထိုသို့သော မိန်းကလေးက လင်းရီကို သူမထံ လာခဲ့ရန် ဖိတ်ခေါ်လာခဲ့သည်လော။ ယင်းက ချင်းဟန်နှင့် လျန်ကျင်းမင်၏ အသည်းနှလုံးကို ယားကျိယားကျိ ဖြစ်သွားစေသည်။

တိတိကျကျ ဆိုရပါက ကြိတ်မနိုင် ခဲမရ မနာလို ဖြစ်နေခြင်းပင်။

လင်းရီ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း " ကောင်းပြီ... မင်းတို့ကောင်တွေနဲ့ အရည်မရ အဖတ်မရတွေ ဆက်မပြောတော့ဘူး... သွားတော့မယ်... တစ်ခုခု ရှိရင် ဖုန်းဆက်လိုက်... "

" အဲ့ကိစ္စ ချင်းကြီး ကိုပြော.. အဲ့ကောင်က ဒီ ဖာတဲ့ကိစ္စတွေ လုပ်လာတာ အနှစ်နှစ်ဆယ် ရှိပြီ... ဘယ်လို အခြေအနေပဲလာပါစေ သူ့ဘက်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အပြစ်ဖာပေးလိမ့်မယ်... "

" မင်း ငါ့ကို သတိပေးလိုက်တာပဲ... "

လင်းရီ ချင်းဟန်၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး " သခင်လေးချင်း.. အားကိုးမယ်နော်... "

" ငိုးပဲ.. မင်းတို့ကောင်တွေက အပိုင်းတစ်ထောင်လောက် ခုတ်ပိုင်းပြီးမှ သေသင့်တဲ့ကောင်တွေ..."

ချင်းဟန် ကျိန်ဆဲလိုက်၏။

" တကယ်လို့ ဥက္ကဌကျီ ရောက်လာပြီး မင်း မရှိဘူးဆိုတာ သိရင် ငါက ဘာပြောရမှာ... ငါ ကြိုပြောထားမယ်နော်... မင်း ငါ့ကို နောက်တစ်ကြိမ် အင်တာနက်ဆိုင် ပို့ဖို့ မစဉ်းစားနဲ့... အဲ့လိုလုပ်လို့ကတော့ ငါတကယ်ကြီး ပေါက်ကွဲပစ်မှာ... "

လင်းရီ တဟားဟား ရယ်မောလိုက်ရင်း " ငါက ဒီတိုင်း နောက်တာပါဟ... ဒီတစ်ခေါက် မင်းကို အပြစ်မဖာခိုင်းဘူး... တကယ်လို့ ချင်းရန် မေးလာခဲ့ရင် မင်း မသိဘူးလို့ပဲ ဖြေလိုက်.. "

" အဲ့လိုလုပ်လို့ အဆင်ပြေမှာ သေချာလို့လား... "

" ဒါပေါ့... ဒီလောက် အသေးအမွှားလေးမှ မကိုင်တွယ်နိုင်ရင် ငါ လင်းရီလို့ အခေါ်ထိုက်ဦးမလား... "

" မင်း ကြွားဖို့ဆို တော်တော်တတ်တဲ့ကောင် .. လစ် လစ် လစ်... ငါတို့ သောက်နေတာကို လာမနှောင့်ယှက်နဲ့... "

လင်းရီ ရယ်သွမ်းလျက် ထွက်ခွာသွားခဲ့၏။

သို့သော် သုံးယောက်သား ဝိုင်း၏ လေထုကတော့ အနည်းငယ် လျော့ကျသွားခဲ့လေသည်။

လျန်ကျင်းမင် သူ့မေးစေ့ကို ပွတ်သပ်ရင်း " ချင်းကြီး ... ဒီ ဂျပန် ခရီးစဉ်ပြီးရင် ငါတို့ နောက်တစ်ခေါက် တောင်ကိုးရီးယား သွားကြမလား... "

" အေး ကောင်းသားပဲ .. ငါလည်း ငါ့နှာခေါင်းက သိပ်မမိုက်သလို ခံစားရတယ်... သွားပြီး ဆရာ၀န်တွေနဲ့ တိုင်ပင်ကြည့်လို့ ရတာပေါ့... “

All Chapters