← Chapters

ဖော်ထုတ်ခံရပြီလော

Vol. 81 Ch. 1206

ဖော်ထုတ်ခံရပြီလော

Vol. 81 Ch. 1206

လင်းရီ ဓာတ်လှေကားစီး၍ ၂၈ လွှာသို့ ရောက်ရှိလာသည်။

အခန်း (၂၈၀၈ ) ၏ တံခါးမှာ အနည်းငယ် ဟလျက်သားရှိသဖြင့် လင်းရီသည်လည်း အသင့်တွန်း၍ အထဲသို့ ၀င်လာခဲ့လိုက်သည်။

ထိုအခိုက်တွင် အာယာနဲ မစ်ဆူမှာ ကျောပေးထားပြီး ပန်းနုရောင် ပိုးထည် ရေချိုး၀တ်ရုံကို ၀တ်ဆင်ထားသည်။ ဧရာမ ပြင်သစ်မှန် ပြတင်းပေါက်ကျယ်ကြီးရှေ့ဘက်သို့ မျက်နှာမူနေရင်းဖြင့် တိုကျိုရှိ မီးရောင်များနှင့် တောက်ပနေသည့် ညမြင်ကွင်းကို ရှုစားနေသည်။

" မင်းလောက် သတ္တိကောင်းတဲ့လူကို ငါ ပထမဆုံး မြင်ဖူးတာပဲ.. ငါတို့အခန်းက ဒီအောက်ထပ်မှာမှန်း သိရဲ့သားတဲ့ အပေါ်ထပ်ကို ယူရဲတယ်ပေါ့... "

အာယာနဲ မစ်ဆူ သူမ လက်ထဲရှိ ဝိုင်နီခွက်ကို စားပွဲပေါ်တင်လိုက်ရင်း အပြုံးလေးဖြင့် " မစ္စတာလင်း... ဒီလိုမျိုးက ပိုပြီးစိတ်၀င်စားဖို့ ကောင်းတယ်လို့ ရှင်မထင်ဘူးလား... "

" တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်.. ငါတို့ကိုသာ မိသွားရင် ပိုပြီးတောင် စိတ်၀င်စားဖို့ ကောင်းသွားမှာ... "

" ရှင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် အဲ့လိုမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားပါ... "

" ငါ့အပေါ် အဲ့လောက်တောင် ယုံကြည်နေတယ်ပေါ့.... "

လင်းရီ ရယ်သွမ်းရင်း ဆိုဖာပေါ်သို့ ထိုင်လိုက်၏။

" ရှင် ဟွာရှမှာ မိန်းမ တစ်ယောက်ထက်ပိုပြီး ရှိတယ်ဆိုတာ ကျွန်မ သိတယ်... အဲ့လို အခြေအနေမျိုးမှာတောင် ကိစ္စတွေကို အဆင်ပြေအောင် စီစဉ်နိုင်ခဲ့သေးတာကိုပဲ ရှင် ဒီနေ့ ထွက်လာတာက ကျွန်မနဲ့ တွေ့ဖို့ပဲလေ... အဲ့လို ကိစ္စတွေ ဖြစ်လာမယ် မထင်ပါဘူး... "

" ဒီတော့ အစီအစဉ်က ဘာလဲ... သောက်မှာလား... "

" အဲ့လိုမျိုးပဲ ဆိုပါတော့... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီး " ကျွန်မကြားတာ ရှင်တို့ရဲ့ ခရီးစဉ်က မနက်ဖြန်ဆိုပြီးလို့ ကျိုးဟိုင်ပြန်ကြတော့မယ်ဆို... ဒါကြောင့်မို့ အချိန်တစ်ချို့ပေးပြီး ရှင်နဲ့တွေ့ချင်နေတာ... ကျွန်မတို့မှာ နောင်ကျ ဒီလိုမျိုး အခွင့်အရေး ထပ်ရဖို့ဆိုတာ မသေချာဘူး... "

" မင်းပြောပုံကလည်း ငါက ကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားတော့မှာ ကျနေတာပဲ... "လင်းရီ ပြောလိုက်ပြီး " မင်းတို့ မိသားစုမှာ လေယာဉ် မရှိဘူးဆိုရင် ငါ ကြိုပေးဖို့ လေယာဉ်လွှတ်ပေးလိုက်လို့ ရတယ်... တစ်သက်လုံး ခွဲရမယ့်သူတွေလို နောက်ဆုံး နှုတ်ဆက်စကားတွေ လာပြောမနေစမ်းပါနဲ့... "

" ကျွန်မတို့ ပြန်တွေ့ကြမယ်ဆိုတာ သိတယ်... ဒါပေမယ့် အခြေအနေတွေက တူညီကြမှာမှ မဟုတ်တာ..." အာယာနဲ မစ်ဆူ ပြတင်းပေါက်သို့ မှီလိုက်ရင်း " အဲ့ခါကျ ကျွန်မက မစ်ဆူမိသားစုရဲ့ အကြီးဆုံး သခင်မလေး တစ်ယောက်ဖြစ်နေပြီး ရှင်က လင်းယွင်အုပ်စုရဲ့ သူဌေးကြီးပေါ့.... ကျွန်မတို့ နှစ်ဦးက ချိန်ခွင်လျှာရဲ့ တစ်ဖက်တစ်ချက်မှာ ရှိနေကြမှာ.... ပြီးတော့ အဲ့တာကြောင့်လည်း အခြေအနေ‌က အများကြီး ပြောင်းလဲသွားနိုင်တယ်...."

"ခုကရော ဘာများ ကွာခြားသွားလို့...."

အာယာနဲ မစ်ဆူ ဝိုင်ခွက်ကို ဝှေ့ရမ်းရင်း အတွေးများထဲ နစ်မြောနေဟန် ပြုံးလိုက်သည်။

" ကျွန်မ အပျော်ရွှင်ဆုံး၊ အကြိုက်နှစ်သက်ဆုံး နေ့က တမြန်မနေ့ကပဲ... ကျွန်မတို့တွေ မစ်ဆူ အုပ်စုကို အတူသွားလည်ကြတယ်... ထမင်းအတူစားတယ်... ယူရှီ မစ်ဆူရဲ့ လက်အောက်ငယ်သားတွေကြောင့်သာ မဟုတ်ရင် ရုပ်ရှင်ပါ အတူ ကြည့်ဖြစ်ကြဦးမယ်... ကျွန်မအဖို့ အဲ့တာတွေက စုံတွဲတွေသာ လုပ်လေ့လုပ်ထ ရှိတာမျိုးပဲ.... ကျွန်မကို အဖော်ပြုပေးခဲ့တဲ့သူက ရှင်ဖြစ်နေတဲ့အတွက် ကျွန်မ ကျေနပ်မိတယ်... "

" ဒါဆိုလည်း အမှတ်တရကောင်းတွေအဖြစ်ပဲ သိမ်းထားကြတာပေါ့... "

လင်းရီ များများ မပြောလိုက်ချေ။ သူမကို အေးစက်စွာ မငြင်းပယ်လိုက်သကဲ့သို့ သူမ၏ အတွေးများအား ဖြတ်တောက်လိုက်ခြင်းကိုလည်း မပြုခဲ့ပေ။

သူ ဤအတိုင်း တည်ငြိမ်စွာဖြင့် သူ၏ အတွေးများကို မျှဝေထုတ်ဖော်ပြောလိုက်သည်။

နိုင်ငံရေး အမြင်များကို ဘေးချိတ်ပြီး ကြည့်မည်ဆိုပါက သူမသည်လည်း ကြင်နာတတ်သည့် မိန်းမသားတစ်ယောက် ဖြစ်၏။

တစ်ခါတစ်ရံ သူမတွင် သူသိသည့် အမျိုးသမီး လေးဦး၏ ကောာင်းနိုးရာရာများ စုစည်းနေသည်ဟုတောင် လင်းရီ ခံစားမိ၏။

ကျီချင်းရန်၏ အပြစ်ကင်းစင်သည့် ဆွဲဆောင်မှု..

လျန်ရူရွှယ်၏ ခေါင်းမာတတ်မှု....

လီချူးဟန်၏ ဂရုစိုက်တတ်မှုနှင့် ၀မ်ရင်း၏ ရမ္မက်နှိုးဆွစေပြီး ဝံ့ရဲသည့် သတ္တိမျိုးတို့ပင်။

ထို့ပြင် သူမက မစ်ဆူမိသားစု၏ အကြီးဆုံး သခင်မလေးတစ်ယောက် ဖြစ်နေသေး၏။

သူမကို အပေါ်ကနေ အုပ်မိုးနိုင်ရန်က အမျိုးသားတိုင်း တန်ကြေးပေး၍ မှန်းမိမည့် အိပ်မက်မျိုး ဖြစ်ပါလိမ့်မည်။

သို့သော် လင်းရီကတော့ သူမကို တောင်းပန်လိုပြီး အပြစ်မကင်းသည့် စိတ်သာ ရှိ၏။ မည်သို့ပင်ဆိုစေ သူက သူမကို အသုံးချခဲ့သည်။

ထို့နောက် သုံးပြီး စွန့်ပစ်ရန်လည်း ကြံရွယ်နေသည်။ မည်သည့် တာ၀န်ယူပေးမှုတို့ကမျှလည်း မရှိ။

" ဒါက ကျွန်မ ကျန်တဲ့ ဘ၀တစ်လျှောက်လုံး ထိန်သိမ်းသွားမယ့် အမှတ်တရပဲ.... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီး " ဒါကြောင့်မို့ ကျွန်မ ဒီည နေရာမှာ ရှိနေရတာ..."

လင်းရီ မျက်ခုံးပင့်လိုက်ပြီး" ဆိုတော့ မင်းက တစ်ခုခု စီစဉ်ထားတယ်ပေါ့... "

အာယာနဲ မစ်ဆူ အိပ်မက်ဆန်လွန်းသည့် အပြုံးတစ်ပွင့်ကိုပေးရင်း မျက်၀န်းတို့က ကျီစယ်ချင်စိတ်တို့ဖြင့် တလက်လက်တောက်ပနေလျက်ရှိကာ " ရှင်ဘာမှ လုပ်စရာ မလိုပါဘူး... ဒီတိုင်းလေး အဲ့မှာပဲ ထိုင်နေ...."

" ဟမ်... "

လင်းရီ သူမ ဘာလုပ်ချင်နေတာလဲဟု မေးတော့မည့် အချိန်မှာပဲ ဘာတွေ ဖြစ်နေလဲဆိုတာကို လင်းရီ အလျင်အမြန် သဘောပေါက်သွားခဲ့‌တော့သည်။

အာယာနဲ မစ်ဆူ သူမ၏ ဝိုင်ခွက်ကို ညင်သာစွာချလျက် ပန်းနုရောင် ရေကူး၀တ်ရုံကို ကြယ်သီးဖြုတ်လိုက်၏။

အောက်တွင် ၀င်ဆင်ထားသည်က အသည်းပုံသဏ္ဌာန် အနက်ရောင် အတွင်းခံ တစ်ထည်ဖြစ်ပြီး စတိုင်က ပွင့်လင်းမြင်သာမှု ရှိသည်။

အာယာနဲ မစ်ဆူ သူမ ၀တ်ရုံကို ဘေးသို့ ညင်သာစွာ ပစ်ချလိုက်၏။

သူမ၏ ပြုမူ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက အက်ရှင်ဇာတ်ကားများထဲရှိ ကြယ်ပွင့်သရုပ်ဆောင်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်ဟု လင်းရီ ခံစားနေရလေသည်။

ဧကန္တ သူမက အရိုးအသားထဲကနေ အဲ့ဒီ မျိုးရိုးဗီဇတွေနဲ့ မွေးဖွားလာတာများလား...

အာယာနဲ မစ်ဆူ ဖြေးညင်းစွာ လျှောက်လှမ်းလာ၍ လင်းရီ ရှေ့ ဒူးထောက်လိုက်၏။

( စာဖတ်သူများ၏ အွန်လိုင်းဒေသာ သက်သာစေရန် ဤနေရာတွင် စာလုံးပေါင်း နှစ်သောင်းခန့်ကို ချန်လှပ်ထားခဲ့ပါသည်... )

မိနစ် နှစ်ဆယ်ကြာပြီးနောက် အာယာနဲမစ်ဆူ မတ်တပ်ရပ်၍ လင်းရီပေါ် တက်ထိုင်လိုက်၏။

" ဒါဆိုလည်း ဘာမှ မပြောနဲ့... "

လင်းရီ အာယာနဲ မစ်ဆူကို ခါးမှ ပွေ့ချီ၍ ကုတင်ပေါ် ပစ်တင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြမ်းတမ်းသည့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲကြီးမှာ စတင်ပေတော့၏။

( စာဖတ်သူများ၏ အွန်လိုင်းဒေသာ သက်သာစေရန် ဤနေရာတွင် စာလုံးပေါင်း ၁ သန်းခန့်ကို ချန်လှပ်ထားခဲ့ပါသည်... )

...................

ဟိုတယ် မြေညီထပ်ရှိ ဘားတွင် ထိုအခိုက်အတန့်၌ အလွန်အမင်း အားပေးချီးမြှောက်သံတို့ဖြင့် ပြည့်နှက်နေပြီး လေထုမှာ လှုပ်ရှားသက်၀င်နေလေသည်။

လူတိုင်းက ခွက်များကို မြင့်မြင့် မြှောက်၍ စင်ပေါ်ရှိ သရုပ်ဆောင် သုံးယောက်ကို ကျယ်လောင်စွာဖြင့် သူတို့၏ ရိုသေလေးစားမှုကို ပြသနေခဲ့ကြသည်။

" အမ်... ဘာလို့ နင်တို့ သုံးယောက်တည်းလဲ... "

နောက်မှ တစ်စုံတစ်ယောက် စကားပြောလာသည့်အသံကို ကြားတော့ သုံးယောက်လုံး အလိုအလျောက် လှည့်ကြည့်မိလိုက်ကြသည်တွင် ကျီချင်းရန် ၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ အနောက်၌ ရောက်ရှိနေကြောင်းကို မြင်တွေ့လိုက်ရ၏။

သုံးကောင်သား၏ နှလုံးမှာ ဒိန်းခနဲ ဖြစ်သွားခဲ့တော့သည်။

လင်းရီမှာ ယခုအချိန်ထိ ပြန်မရောက်သေးချေ။ အကယ်၍ ကျီချင်းရန်သာ မေးမြန်းလာမည်ဆိုပါက သူ ဖော်ထုတ်ခံလိုက်ရလိမ့်မည် မဟုတ်ပေလော။

" အာ... ဟင် ...လင်းကြီး... ဟုတ်တယ် အဲ့ကောင် ဘယ်ရောက်နေတာ... သူ ခုလေးတင် ဒီမှာ ရှိနေတာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာတုန်းဟ... "

ချင်းဟန် မသိချင်ယောင် ဆောင်လိုက်သည်။

သူ တစ်ချိန်တည်းတွင် လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့အား လင်းရီကို မြန်မြန် ပြန်လာခဲ့ဖို့ ပြောရန် အကြည့်တစ်ချက် ပေးလိုက်သည်။ မဟုတ်ပါက အကြီးကြီးတွေ ဖြစ်ပျက်ချေတော့မည်။

" နေစမ်းပါဦး.. နင်တို့ နှစ်ယောက်က ဘာလို့ ဖုန်းတွေ ပြိုင်တူ ထုတ်နေကြတာ... နင်တို့တွေ သူ့ကို သတိပေးကြမလို့မလား.... "

ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့ ဖုန်းကို တစ်ချိန်တည်း ထုတ်လာကြသည်ကို မြင်တော့ ဟော်ယွမ်ယွမ်မှာ စုံထောက် တစ်ယောက်နှယ် စတင် အကဲခေတ်လေတော့သည်။

" ဘာတွေ လာပြောနေတာလဲ... ငါက ဒီတိုင်း အချိန်ကြည့်တာ... "လျန်ကျင်းမင် တည်ငြိမ်ချင်ယောင် ဆောင်၍ ပြောလိုက်ပြီး " ငါ့အထင် သူ အိမ်သာ သွားတာနေမှာပါ... မကြာခင် ပြန်ရောက်လာမှာပေါ့... ဒီမှာပဲ စောင့်လိုက်လေ.. လောစရာ မလိုပါဘူး... "

" တစ်ခုခုတော့ ကျိန်းသေပေါက် ဖြစ်နေပြီ... နင်တို့ကောင်တွေ မူမမှန်ကြဘူးနော်... " ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " သူ ငါ့ အစ်မကျီရဲ့ နောက်ကွယ်မှာ ကောင်မလေး တစ်ယောက်ယောက်နဲ့ သွားချိန်းတွေ့နေတာမလား.... "

" အာ.... "

သုံးယောက်လုံး တိတ်ဆိတ်သွားခဲ့ကြတော့၏။ အမျိုးသမီး တစ်ယောက်၏ အလိုလိုသိစိတ်က အမှန်ပင် ကြောက်ဖို့ ကောင်းလှချေသည်။

ညီကိုလင်း ချင်းကြီးကို အမြဲတမ်း အပြစ်ဖာခိုင်းသည်မှာ မဆန်းတော့။ အကယ်၍ သေသေချာချာမှ မစီစဉ်ထားဘူးဆိုလျှင် တကယ်ကြီး တစ်ခုခု ဖြစ်ပျက်သွားနိုင်သည်။

ချင်းဟန် တိတ်တဆိတ် နောင်တရသွားခဲ့မိ၏။ အကယ်၍ ယခုလို ဖြစ်လာမည်မှန်း ကြိုသိခဲ့ပါက သူ လင်းရီကို ကူပြီး ဖာထေးပြောပေးလိုက်ပါသည်။ ထိုသို့ဆိုပါက ယခုလို ဖြစ်လာလိမ့်မည် မဟုတ်ချေ။

" ယွမ်ယွမ် မင်း မဟုတ်တမ်းလျားတွေ လျှောက်မပြောစမ်းနဲ့... လင်းကောက ခုလေးတင် ဒီမှာရှိနေတာကို သူက ဘယ်လိုလုပ်ပြီး ကောင်မလေးတွေနဲ့ သွားဒိတ်နေမှာလဲ... "

" မပြောနဲ့... " ဟော်ယွမ်ယွမ် လက်ညိုးထိုးလိုက်ပြီး " ငါတို့ အတူနေလာတာ ဒီလောက်ကြာနေပြီ ငါ နင့်ကို နားမလည်ဘူးများ ထင်နေတာလား... နင် လိမ်ရင် မျက်လုံးတွေက ဘယ်တော့မှ ဂနာမငြိမ်ဘူး... "

ချင်းဟန် ".... "

ဘယ်လိုတောင် သောက်သုံးမကျလိုက်တဲ့ အသင်းဖော်လဲ...

" သူ့ကို အခုဖုန်းခေါ်လိုက်... ငါတို့ ဒီရောက်နေတယ်လို့ မပြောနဲ့... သူ ဘယ်မှာလဲဆိုတာကို မေးလိုက်... " ဟော်ယွမ်ယွမ် ကောင်းကျုံးယွမ်ကို ပြောလိုက်၏။

All Chapters