← Chapters

ပြောင်မြောက်တဲ့ ရွေ့ကွက်

Vol. 81 Ch. 1207

ပြောင်မြောက်တဲ့ ရွေ့ကွက်

Vol. 81 Ch. 1207

" တကယ်ကြီး လိုလို့လားဟ... "

ကောင်းကျုံးယွမ် အနည်းငယ် စိတ်ထိတ်လန့်နေလျက်ရှိပြီး " သူက မင်းရဲ့ သူဌေးလေ... မင်းတို့ချင်း ဒီလောက်ရင်းနှီးတာကို မင်း သူ့အကြောင်း မသိတာလည်း မဟုတ်... "

" ငါလည်း ဟုတ်မယ် မထင်ဘူးနော်.. ဥက္ကဌလင်းက အဲ့လိုလူစားမျိုးမှ မဟုတ်တာ... " ထျန်းရန်မှ ၀င်ပြောလိုက်သည်။

သူမ ယခုလို ပြောလိုက်သည်က လင်းရီ မည်သို့သော လူစားမျိုး ဖြစ်မှန်းကို သူမ သိနေသောကြောင့် ဖြစ်လေသည်။

သို့သော်လည်း လက်အောက်ငယ်သား တစ်ယောက်အနေဖြင့် သူမ၏ ခေါင်းဆောင်ကို ကူညီပေးသင့်၏။

" ငါတို့ချင်းရင်းနှီးလို့ပဲ သူ ဘယ်လိုလူစားမျိုးမှန်း ကောင်းကောင်းကြီး သိတာပေါ့ဟဲ့... အပိုတွေ မပြောနဲ့ .. ခေါ်ဆိုခေါ်လိုက်... "

သုံးကောင်သား အချင်းချင်း ခိုးကြောင်ခိုးဝှက် အကြည့်ဖလှယ်လိုက်ကြ၏။ သူတို့ မည်သို့ ဆက်လုပ်ရမှန်း ဝေခွဲရခက်နေသည်။

အကယ်၍ ဖုန်းခေါ်လိုက်မည် ဆိုပါကလည်း ဖော်ထုတ်ခံရနိုင်ချေက များသည်။

သူတို့ တတ်နိုင်တာ ဘာမျှ မရှိတော့။ မီးစင်ကြည့်ကရန်သာ တတ်နိုင်တော့၏။ သောက်ကျိုးနည်း လင်းရီသည် ပါးနပ်ချက်ချာကောင်းလေရဲ့ဟု ကြိတ်လျက်သာ ဆုတောင်းရင်း

" ‌လုပ် လုပ် ခေါ်လိုက်ကွာ... " ချင်းဟန် ပြောလိုက်တော့သည်။

ယခု အခြေအနေထိ ရောက်နေပြီးမှတော့ အကယ်၍ သူတို့သာ ဖုန်းမခေါ်ပေးဘူးဆိုပါက ပို၍ပင် သံသယ များလာနိုင်သည်။ တစ်နည်းဆိုရသော် လင်းရီ မိန်းမ သွားရှုပ်နေတယ်ဆိုတာကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

" ခေါ်ဆိုလည်း ခေါ်ပေးတာပေါ့.. ဘာများ ထူးဆန်းသွားတာ မှတ်လို့... " ကောင်းကျုံးယွမ် တည်ငြိမ်စွာ ပြောလိုက်၏။

သို့သော် ရင်ဘက်ကြီးကတော့ မတည်ငြိမ်နိုင်။

သူစိတ်ထဲတွင် လင်းရီကို ဆုတောင်းပေးလိုက်တော့၏။

" လင်းကော... ဒီညီလေးကို အပြစ်မတင်ပါနဲ့ဗျာ..."

လက် ကတုန်ကယင်နှင့် ကောင်းကျုံးယွမ် ဖုန်းကို ထုတ်၍ လင်းရီနံပါတ်ကို နှိပ်လိုက်သည်။

တီ တီ တီ .... (ဖုန်း၀င်သံ )

တီ တီ တီ ....

တီ တီ တီ တီ တီ ....

ဖုန်းက နှစ်ကြိမ်သာ ၀င်ပြီး တတိယ တစ်ကြိမ်တွင် ပြုတ်ကျသွားခဲ့တော့၏။

'ဟင်...'

ကောင်းကျုံးယွမ်နှင့် ကျန်နှစ်ယောက်မှာ ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားခဲ့ပြီး မကောင်းသည့် ခံစားချက်တို့ကလည်း စိတ်ထဲ ဆက်တိုက်ဆိုသလိုကို ပေါ်ပေါက်လာနေသည်။

သာမန် အခြေအနေအောက်တွင် ဆိုပါက လင်းရီသည် အင်မတန် အရေးကြီး ကိစ္စတစ်ခု ရှိမနေသရွေ့ သူ၏ ဖုန်းကို ချပစ်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အဖြေတစ်ခုတည်းသာလျှင် ရှိ၏။

လင်းရီက စိတ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖုန်းဖြေဆိုရန် အချိန် မရှိသောကြောင့်ပင်။

သောက်ကျိုးတော့ နည်းချေပြီတကား ။

" ကြည့်ရတာ သန့်စင်ခန်း ၀င်နေလို့နဲ့တူတယ်... " ကောင်းကျုံးယွမ် သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

" ယွမ်ယွမ်...မင်း အရင်ထိုင်နှင့်... လင်းကောက မကြာခင် ပြန်လာတော့မှာပါ... "

" ဟုတ်တယ် ဟုတ်တယ် .. မရီးလည်း ထိုင်လေ.. ဒီညရဲ့ ရှိုးပွဲက သိပ်စိတ်၀င်စားဖို့ကောင်းတာ... မကြည့်ဖြစ်လိုက်ရင် နောင်တ ရစရာကြီး... "

" ခု နင်တို့ သုံးယောက် သူ့ကို ကာပြီးပြောပေးနေတယ်ဆိုတာ သေချာသွားပြီ... "ဟော်ယွမ်ယွမ် ခါးထောက်လျက် ပြောဆိုလိုက်ပြီး " သူ နောက်ကွယ်မှာ တခြားကောင်မလေး တစ်ယောက်နဲ့ ရှိနေတာပဲ ဖြစ်ရမယ်... "

ချင်းဟန် တိတ်တဆိတ် ခေါင်းလှည့်၍ ကျီချင်းရန်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ၏ အမူအရာ ကင်းမဲ့နေသည်ကို သူသတိထားမိလိုက်၏။ အင်မတန် တည်ငြိမ်လွန်းနေပြီး သူမ မည်သည်ကို စဉ်းစားနေကြောင်း မျက်နှာ အရိပ်အကဲကြည့်၍ သိရှိရန် မဖြစ်နိုင်ချေ။

ဒူ ဒူ ဒူ...

ဟော်ယွမ်ယွမ် လင်းရီ အကြောင်းကို ထပ်ပြောတော့မည့် အချိန်တွင်ပဲ သူမ ကောင်းကျုံးယွမ်၏ ဖုန်း အသံမြည်လာသည်ကို ကြားလိုက်ရသည်။

ကောင်းကျုံးယွမ်လည်း ကြက်သေသေသွားခဲ့၏။ သူ ပြန်ထုတ်ကြည့်လိုက်တော့ လင်းရီထံမှ ဝီချက် အသိပေးစာပင်။

ထို့ပြငိ ဗွီဒီယိုကော ခေါ်ဆိုလာမှု အသိပေးစာ တစ်ခုလည်း ဖြစ်နေသေး၏။

" ဖက်ခ် ပြီးပြီ... အားလုံး အဆုံးသတ်ပြီ.. "

ကောင်းကျုံးယွမ် စိတ်ထဲတွင် အကျယ်ကြီး အော်ဟစ် ပြောဆိုနေမိတော့သည်။

ဘာလို့ ဗွီဒီယိုကောမှ ခေါ်လာရတာတုန်း... ယွမ်ယွမ်တို့မြင်ရင် ပိုရှုပ်ကုန်မယ် မဟုတ်ဘူးလား...

" မြန်မြန် ကိုင်လိုက်လေ... နင် ဘာတွေ ငေးကြောင်နေတာလဲ... " ဟော်ယွမ်ယွမ် ဘေးမှနေပြီး လောဆော်လိုက်၏။

" ဟမ်... အေးအေး... "

တုန်လှုပ်ခြောက်ခြားနေမှု အပြည့်ဖြင့် ကောင်းကျုံးယွမ် ဖုန်းကိုင်လိုက်ပြီး စိတ်ထဲတွင်တော့ ' လင်းကော .. မင်း ဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့... နှစ်တိုင်း ချင်မင်ပွဲတော်ရောက်ရင် လင်းကောဖို့ စက္ကူတွေ မီးရှို့ပေးပါ့မယ်... "

စိတ်ဆုံးဖြတ်ပြီးနောက် ကောင်းကျုံးယွမ် ' ဖြေဆိုမည်' ဆိုသည့် ခလုတ်ကို နှိပ်လိုက်၏။

လင်းရီ ဘက်ခြမ်းရှိ မြင်ကွင်းက ချက်ချင်း အမြင်ဖမ်းစားသွားခဲ့ပြီး ဟော်ယွမ်ယွမ်မှ မသိမသာ အနီးကပ်တိုးလာကြည့်သည်။

" ခုနက ဘာလုပ်ဖို့ ဖုန်းခေါ်လာတာ... "

" ဟင်.... "

လင်းရီ၏ ထွက်ပေါ်လာမှုက လူတိုင်းကို ကြက်သေသေသွားစေသည်။

" လင်း-လင်းကော... မင်း အခု ဘယ်လဲရောက်နေတာ... "

" အခန်းထဲမှာလေ... ငါ အောက်ထပ်မှာ ပျင်းတာနဲ့ တက်လာပြီး အိပ်နေလိုက်တာ... ငါ့ မိန်းမရဲ့ အိပ်ယာကို နွေးအောင် လုပ်ပေးရင်းပေါ့... ဒါမှ သူ ခဏနေ ၀င်လာအိပ်ရင် အေးစက်မနေမှာ... "

ပြောပြီးနောက် လင်းရီ ဖုန်းကင်မရာကို လှည့်၍ သူ၏ အခန်းဖြစ်ကြောင်းကို သက်သေပြလိုက်သည်။

ချင်းဟန် "??? "

ကောင်းကျုံးယွမ် "??? "

လျန်ကျင်းမင် "??? "

သူ အာယာနဲ မစ်ဆူနဲ့ တွေ့ဖို့ သွားခဲ့တာ မဟုတ်ဘူးလား.. ဘာလို့ သူ့အခန်းထဲ ပြန်ရောက်နေတာလဲတဲ့....

ဘာတွေ ဖြစ်နေတာလဲ...

သူဘယ်လိုမျိုး လုပ်လိုက်တာလဲ...

" ဒါနဲ့ ဖုန်းခေါ်လာတာ ဘာကိစ္စလဲ... " လင်းရီ မေးမြန်းလိုက်သည်။

" အာ... ဘာမှ ထွေထူး မဟုတ်ပါဘူး... လင်းကော ဘာလုပ်နေလဲ မေးကြည့်ချင်လို့ပါ... ရုတ်တရက်ကြီး ပျောက်သွားတော့ ဘယ်ရောက်နေလဲပေါ့... ဒီမှာ လူတိုင်းက ဖျော်ဖြေပွဲ အတူကြည့်ဖို့ စောင့်နေကြတာကို အသံမပေး ဘာမပေးနဲ့... "

" ဖျော်ဖြေပွဲကြည့်တာက ငါ့မိန်းမရဲ့ အိပ်ယာကို နွေးအောင် လုပ်ပေးရတာလောက် အရေးမပါဘူး... "

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့ပြီး ကျန်သူများ၏ မျက်၀န်းကို မရင်ဆိုင်ရဲ ဖြစ်နေသည်။

" မှန်းစမ်း... ဟော်ယွမ်ယွမ်နဲ့ တခြားသူတွေ ပြန်ရောက်လာပြီး ငါ့ကို သင်္ကာမကင်း ဖြစ်နေတာမလား... "

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဘာပဲဆိုဆို လင်းကောတို့က ဆိုးတူကောင်းဘက်တွေကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာ... "ကောင်းကျုံးယွမ် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်ပြီး " ပြီးတော့ ယွမ်ယွမ်တို့က ရေပူစမ်းသွားနေကြတာ ပြန်တောင်မလာသေးဘူး... သူတို့ဘာသူတို့ ပျော်လို့ကောင်းလို့ လင်းကောကို သတိရရဲ့လားတောင် မပြောတတ်... "

" အဲ့လိုဆိုရင်တောင် ငါကတော့ မကြောက်ပေါင်... ငါ့လို ရိုးသားမြင့်မြတ်တဲ့လူဆိုတာ မီးထွန်းရှာလို့တောင် ဒီဘက်ခေတ်မှာ မမြင်နိုင်တော့ဘူး... ငါ့ရဲ့ ချင်းရန်ကလည်း သူပြောတာတွေ နားထဲ၀င်မှာ မဟုတ်ပါဘူး... "

" အာ.... "ကောင်းကျုံးယွမ် ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး " အိုကေ .. လင်းကော.. ဒါဆို ဖုန်းချလိုက်တော့မယ်နော... ဖျော်ဖြေပွဲက စတော့မှာ... အိပ်ရာကို ဆက်ပြီး နွေးအောင် လုပ်ထား... ငါတို့လည်း ဆက်ကြည့်လိုက်ဦးမယ်... "

" ကောင်းပြီလေ... "

ကောင်းကျုံးယွမ် ဖုန်းချလိုက်ပြီး ဤကိစ္စက တော်တော်ကြီးကို မှော်ဆန်လွန်းသည်ဟု စိတ်ထဲ ခံစားနေရ၏။

ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ...

" ခု လင်းကောကို မင်း အထင်လွဲနေပါတယ်ဆိုတာ ယုံပြီမလား... "

ဝီချက် ဗွီဒီယိုကောကြောင့် သူ့ရှေ့ရှိ အခြေအနေမှာ သိသိသာသာကို ပြောင်းလဲသွားခဲ့တော့သည်။

ဟော်ယွမ်ယွမ်၏ အရှိန်အဝါမှာလည်း အားနည်းသွားခဲ့တော့၏။

" နင်တို့ လုပ်တာ မဆိုးပါဘူး.. ကြည့်ရတာတော့ ဘာမကောင်းတာမှ လုပ်မနေတဲ့ ပုံပါပဲ... "

" သေချာပေါက်ပဲပေါ့... လင်းကောက ဒီလောက်ထိ ကိုယ်ကျင့်တရား ကောင်းတာ သူဆို လျန်ကျင်းမင်နဲ့ အကြာကြီး တွဲလာတာတောင် သူ့စရိုက်တွေ မကူးသွားဘူး... "

လျန်ကျင်းမင် "??? "

ကိစ္စက ဖြေရှင်းပြီးနေပြီလေ... ဘာလို့ ငါ လာချနင်းနေရတာတုန်း...

" တော်ပြီ.. နင်လည်း လိုက်ခဲ့တော့... " ဟော်ယွမ်ယွမ် ကောင်းကျုံးယွမ်၏ နားရွက်ကို လိမ်ဆွဲထားရင်း " ငါ့ သူဌေးဆီကနေ ကြည့်ပြီး သင်ယူစမ်း... နင် မိန်းကလေး တစ်ယောက်ရဲ့ အိပ်ယာကို နွေးအောင် လုပ်ပေးရတယ်ဆိုတာ သင်ယူ... ခုတော့ နင့်ကိုယ်နင်ကြည့်စမ်း... "

ကောင်းကျုံးယွမ် "??? "

ဘော်လီဘောက သူ့ဘက်ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ...

ဟော်ယွမ်ယွမ်၏ အကျပ်ကိုင်မှု အောက်တွင်ပဲ ကောင်းကျုံးယွမ်သည် ဘားမှ ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့၏။

သို့သော်လည်း ထျန်းရန်ကတော့ တစ်ကိုယ်တည်း ဖြစ်သည့်အတွက် ချင်းဟန် ၊ လျန်ကျင်းမင်နှင့်အတူ ကျန်ရစ်ခဲ့လေသည်။

" ဥက္ကဌလင်းက အိပ်ယာ နွေးအောင် သွားလုပ်တာ မဟုတ်ဘူးမလား... "

လူတိုင်း ထွက်ခွာသွားပြီးနောက် ထျန်းရန်မှ ပျော့ပျောင်းစွာ မေးမြန်းလာခဲ့သည်။

" မင်းသိနေတယ်ပေါ့.. " ချင်းဟန်မှ အံ့အားသင့်သွားခဲ့၏။

" ‌ဒါပေါ့ " ထျန်းရန်မှ ယုံကြည်ချက် အပြည့်ဖြင့် " ဥက္ကဌလင်းရဲ့ ပူပင်ကြောင့်ကြမဲ့တဲ့ စရိုက်နဲ့ဆိုရင် အဲ့လိုတွေ လုပ်ပြီး ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ....."

" တကယ်တမ်းကျ ငါတို့လည်း အဲ့တာကို ပဟေဠိ ဖြစ်နေကြတာ... ဒါပေမယ့် မျက်တောင် တစ်ခတ်အတွင်း သူ့ အခန်းထဲ ပြန်ရောက်သွားခဲ့တယ်ဆိုတော့ ဒီကောင် စူပါမန်းပဲ ဖြစ်ရမယ်... "

ထျန်းရန် ပြုံးပြီး ဝိုင်တစ်ကျိုက် စုပ်သောက်လိုက်၏။

ဥက္ကဌလင်းက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ...

..........

ကျီချင်းရန် သူမ အခန်းထဲ ပြန်ရောက်တော့ လင်းရီမှာ စောင်အောက်တွင် ဖုန်းဆော့နေသည်ကို သတိပြုမိလိုက်သည်။

" အိုး.. အစောကြီးပါလား... "

သူမ ပြန်လာသည်ကို မြင်တော့ လင်းရီ ပြံးပြလိုက်၏။

" အင်း... ငါတို့ ခဏလောက်ပဲ စိမ်ခဲ့ကြတာလေ... "ကျီချင်းရန် ပြုံးလျက် ကုတင်ပေါ် တွားသွားတက်လာရင်း လင်းရီနောက်ကျောပေါ် မှီထားလိုက်၏။

" နင် ဒီနေ့ လုပ်တာ မဆိုးဘူး... အစောကြီး ပြန်လာပြီး အိပ်ယာ နွေးအောင် လုပ်ထားပေးရကောင်းမှန်းတောင် သိနေတယ်ပေါ့... "

လင်းရီ ဘာမျှ နားမလည်သယောင် ဖမ်းလိုက်ရင်း " မနေ့က ငါအိပ်နေတုန်း မင်းပဲ ပြောတော့ စောင်က အေးတယ်ဆို... ဒါကြောင့်မို့ ဒီနေ့ စောစီးပြန်လာခဲ့လိုက်တာ... "

ကျီချင်းရန် နှစ်ခြိုက်စွာဖြင့် တခစ်ခစ် ရယ်မောနေတော့၏။ သူမ၏ ရွှန်းစိုတောက်နေသည့် မျက်၀န်းကြီးများက အထူးတလှယ် လှပနေလျက်ရှိလေသည်။

" မစ္စတာလင်းတောင် တော်တော်လေး သိတတ်လာနေပြီပဲ... ဆုချတဲ့အနေနဲ့ နင့်ကို ငါးမိနစ် ပေးကိုင်မယ်... "

" ငါးမိနစ်... ဟုတ်လား "

လင်းရီ မတုံ့ပြန်နိုင်သေးခင်မှာပဲ ကျီချင်းရန် သူ့လက်ကို ဆွဲ၍ သူမ၏ အ၀တ်အစားများအောက် ထည့်ထားပေးလိုက်၏။

ဟစ်....

လင်းရီ သူ့လက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရသည်။

" ဒါ နင့်ရဲ့ ဆုလဒ်ပဲ... နောင်ကျ ပိုပြီးကြိုးစား... "

" ဟဲဟဲ... နောင်ကျ ပိုပြီး ကြိုးစားပေးရမှာပေါ့..."

" သွားပါ... လေသံကိုက.... “

All Chapters