← Chapters

မင်းငါ့ကို ခြိမ်းခြောက်နေတာလား…

Vol. 81 Ch. 1210

မင်းငါ့ကို ခြိမ်းခြောက်နေတာလား…

Vol. 81 Ch. 1210

“ လုံးဝ မဖြစ်နိုင်ဘူး…”

လျိုဟုန် လင်းရီကို တစ်မဟုတ်ချင်း ငြင်းဆန်လိုက်ပြီး “ ငါ ပြန်ယူလာပြီးတော့ သတ္တုရိုင်းကို အထက်လက် အပ်လိုက်ပြီ… ငါက ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး ဌာနရဲ့ ဒါရိုက်တာ ဆိုပေမယ့် သတ္တုရိုင်းကို ဘယ်မှာ ထိန်းသိမ်းထားလဲ ငါ မသိဘူး… မင်းကို ကူညီပေးချင်တယ်ဆိုရင်တောင် ငါ ကူညီပေးလို့ မရဘူး…”

“ ပူမနေစမ်းပါနဲ့ကွာ… ဒီလိုမျိုး ကိစ္စတွေ ဖြစ်ပျက်ပြီးမှတော့ ကျုံးဝေ့တပ်ဖွဲ့က ကျိန်းသေပေါက် တာဝန်ယူပြီး ဖြေရှင်းမှာပါ…”

“ အဲ့လို လုပ်ဖို့ မလိုဘူး…”

ပြောပြီးနောက် လင်းရီ မတ်တပ်ရပ်ပြီး ထထွက်သွားခဲ့တော့၏။

ကောင်းကင်ယံတွင် ကြယ်များကို မြင်တော့ လင်းရီ ညရောက်နေပြီမှန်း သတိပြုမိလိုက်သည်။ မှိတ်တုတ် မှိတ်တုတ်နှင့် ငွေရောင်ကလည်း မြေပြင်ကို အလင်းပေးနေလျက် ရှိပြီး တိတ်ဆိတ်၍ အေးစိမ့်နေသည်။

လင်းရီ ဖုန်းကို ထုတ်ပြီး လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်သည်။

“ မင်းမှာ လုပေချိန်ရဲ့ နံပါတ်ရှိလား…”

“ ဟင်…”

လျန်ရူရွှယ်၏ လေသံမှာ အလေးအနက် ဖြစ်လာခဲ့ပြီး “ အကြီးအကဲလုရဲ့ ဖုန်းနံပါတ်ကို နင်က ဘာလဲ လုပ်မလို့…”

“ ကိုယ်ရေးကိုယ်တာ ကိစ္စ…. မင်းမှာ ရှိတယ်ဆို ငါ့ပေးစမ်းပါ…”

ဖုန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လျန်ရူရွှယ် စကားပြန်ပြောလာသည်။

“ ငါ့မှာတော့ မရှိဘူး… ဒါပေမယ့် ငါ့ကို လေးငါးမိနစ်လောက် စောင့်… ငါ နင့်ကို ပြန်ခေါ်လိုက်မယ်…”

“ အင်း… မြန်မြန်လေး လုပ်ပေးဦး…”

“ အေးပါ…”

လျန်ရူရွှယ် ဖုန်းချသွားခဲ့၏။ သို့သော် လင်းရီ ချက်ချင်း ပြန်မသွားချေ။ သူ စခန်းဘေးရှိ ပန်းခင်းဘောင်တွင် ထိုင်လျက် လျန်ရူရွှယ်ထံမှ ဝီချက်မက်ဆေ့ချ်ကို စောင့်ဆိုင်းနေသည်။

စက္ကန့်နှင့် မိနစ် လက်တံတို့ တရွေ့ရွေ့ ပြောင်းလဲလာခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် လျန်ရူရွှယ်ထံမှ ဝီချက် အသိပေးစာကို လင်းရီ ရရှိလိုက်၏။

ယင်းက လိုင်းဖုန်းနံပါတ်ပါပင်။

လင်းရီ မက်ဆေ့ချ်ကို ဆုံးအောင် မဖတ်ရသေးခင်မှာပဲ လျန်ရူရွှယ် ဖုန်းခေါ်ဆိုလာခဲ့လေသည်။

“ ငါ အဘိုးဆီကနေ အကြီးအကဲလုရဲ့ နံပါတ်ကို တောင်းပေးထားတယ်.. ဒါပေမယ့် နင် ဖုန်းဆက်တော့မယ် ဆိုရင်တော့ သတိထားနော်… သိပ်ပြီးမှ အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးဆိုရင် သူ့ဆီ မခေါ်လိုက်နဲ့… ရာထူးအဆင့်ချင်း မတူတာက နင်သူ့ကို ဒီလိုမျိုး ဆက်သွယ်လို့ မရဘူး ပြောချင်တာပဲ… နင် နားလည်မယ်လို့ ငါ ယုံကြည်တယ်…”

“ ငါနားလည်တယ်… နောက်မှ ဆက်ပြောကြတာပေါ့…”

လင်းရီ ဖုန်းချပြီး နံပါတ်ကို တုံ့ဆိုင်းခြင်း မရှိ ရိုက်နှိပ်လိုက်၏။

တီ တီ တီ …

တီ တီ တီ…

“ ဟယ်လို… ဘယ်သူလဲ…”

ဖုန်းက သုံးလေးကြိမ် ဝင်ပြီးနောက် တစ်ဖက်သူမှာ ဖုန်းကိုင်လာခဲ့သည်။

သို့သော် ဖုန်းဖြေလာသည့်သူက အမျိုးသမီး တစ်ယောက် ဖြစ်နေသည်။ သူမ၏ အသံက ကြင်နာသံလွှမ်းသည့် အသံမျိုး ဖြစ်၏။

“ ကျွန်တော် လင်းရီပါဗျ… မစ္စတာလုနဲ့ ဖုန်းပြောချင်လို့ပါ…”

“ ခဏစောင့်နော်…”

နောက်မိနစ်ဝက်ခန့် ကြာသည့်တိုင် လင်းရီ ဖုန်းထဲမှ လမ်းလျှောက်နေသည့် အသံများအား ကြားနေရသည်။

၎င်းနောက် ချက်ချင်း သူ လူအိုကြီး တစ်ယောက်၏ အသံကို ကြားလိုက်ရ၏။

“ ဘာကိစ္စလဲ…”

“ ကျုပ် ဘက်စ် နှစ်ကီလိုကို သုံးဖို့ လိုချင်လို့ပါ…”

“ ဘက်စ်လား…”

သူ မျက်မှောင်ကြုတ်မိလိုက်ပြီး လေသံသည်လည်း ပို၍ လေးနက်လာခဲ့တော့၏။

“ မင်းက ဘာလုပ်မှာ…”

ထပ်တူညီစွာဖြင့် လင်းရီ လျိုဟုန်ကို ပြောပြခဲ့သည့် အတိုင်း လုပေချိန်ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။

“ ငါက ဘာ အရေးကြီးကိစ္စလဲ မှတ်တယ်… ဒါပေမယ့် အဲ့လူငယ်လေးက ထူးခြားတဲ့ အဆင့်အတန်း ရှိတယ်ဆိုတော့ ငါ ဒီကိစ္စ ကိုင်တွယ်ဖို့ ညွှန်ကြားလိုက်မယ်… မင်း စိတ်ချလက်ချသာနေ…”

“ ကျုပ် ဒီကိစ္စကို တရားဝင်နည်းလမ်းနဲ့ ကိုင်တွယ်မှာကို မလိုချင်ဘူး… ကျုပ် ဘယ်လို အခွင့်အရေးမှလဲ မရချင်ဘူး..”

ယာမာဂူချီဂိုဏ်းက မြေ‌အောက် အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်သော်လည်းပဲ အင်အားစု အားလုံးကို စုစည်းလိုက်မည်ဆိုပါက လျန်မိသားစုနဲ့ ကွာခြားလိမ့်မည် မဟုတ်ချေ။

အကယ်၍ ၎င်းတို့တွင်သာ အရည်အချင်းနှင့် နောက်ခံ တစ်ခု ရှိမထားပါက ဂျပန်၏ နံပါတ်တစ် မြေအောက် အဖွဲ့အစည်း ဖြစ်လာမည် မဟုတ်သည်မှာ သေချာသည်။

ဤအချက်နှင့်ပဲ ၎င်းတို့ကို အထင်တသေး ရှုမြင်လိုက်လို့ မဖြစ်ချေ။ အနည်းဆုံးတော့ လင်းရီ မရှုမြင်နိုင်ချေ။

ဒုတိယ တစ်ချက် အနေဖြင့် လင်းရီ အစိုးရိမ်ဆုံးက ရွှေနက်ကော်ပိုရေးရှင်းမှ အယ်လက်ဆာသည်လည်း ယူရှီ မစ်ဆူနှင့်အတူ ရှိနေလျက်ရှိသည်။

ထိုမိန်းမက ယူရှီ မစ်ဆူထက်ပင် ပို၍ ကျိုးကြောင်း မညီညွှတ်သေး၏။

အကယ်၍ အစိုးရ အရာရှိများသာ ကြားဝင်နှောင့်ယှက်လာမည်ဆိုပါက ကိစ္စသည်လည်း ပေါက်ကွဲထွက်သွားလိမ့်မည်။

ယူရှီ မစ်ဆူက မလှုပ်ရှားဘူး ဆိုလျှင်တောင် အယ်လက်ဆာက ကျိန်းသေပေါက် လှုပ်ရှားနိုင်သည်။

ယင်းက အန္တရာယ်ကို ပို၍ တိုးပွားလာစေလာရရုံသာ ရှိလိမ့်မည်။

အကယ်၍ လျန်ကျင်းမင် တစ်စုံတစ်ခု ဖြစ်သွားမည် ဆိုပါက လင်းရီ ထွက်ပေါ်လာသည့် ရလဒ်ကို မည်သို့မျှ လက်သင့်ခံနိုင်မည် မဟုတ်ချေ။

“ ဒါပေမယ့် မင်း ပြောနေတာက ဘာကို ဆိုလိုနေလဲဆိုတာ မင်းကိုယ်မင်းတော့ နားလည်တယ်မလား….”

“ ကျုပ်သိတယ်.. အဲ့တာကြောင့်မို့ ကျုပ် အကြီးအကဲကို ဖုန်းခေါ်လိုက်တာ…”

“ ဘက်စ်က သိပ္ပံ သုတေသနအတွက် အများကြီး အရေးပါတယ်… ငါ သဘောမတူနိုင်ဘူး..”

“ ကျုပ်က အခု ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေး စခန်းမှာ…” လင်းရီ ပြောလိုက်သည်။

“ အဲ့တော့…. မင်းက ဘာကို သွယ်ဝိုက်ပြီး ပြောချင်နေတာ….”

“ လျိုဟုန်၊ ချိုးယွီလော့နဲ့ နင်ချဲ့က ကျုပ် လက်ထဲမှာ… သူတို့ရဲ့ အသက်တွေက ဘက်စ် နှစ်ကီလိုထက် ပိုပြီး တန်ဖိုးရှိမယ်လို့တော့ ကျုပ်ထင်တယ်…”

“ မင်း ဒီအဘိုးကြီးကို လာခြိမ်းခြောက်နေတာလား…”

ဖုန်းထဲမှ တစ်ဆင့် စကားပြောနေသော်လည်း လင်းရီ တစ်ဖက်သူမှ ထုတ်လွှတ်နေသည့် အေးစက်စက် အငွေ့အသက်များကို လင်းရီ ခံစားနေနိုင်စဲပင်။

စိတ်မခိုင်သည့် လူတစ်ယောက်ဆိုပါက ထိုလူ၏ စကားကို လွန်ဆန်နိုင်ရန် ခဲယဉ်းလှ၏။

“ ဟုတ်တယ်… အဲ့လို စဉ်းစားလည်းရတယ်…” လင်းရီဖျော့တော့စွာ ပြောဆိုလိုက်သည်။

“ ဟမ့်…” လုပေချိန် အေးစက်စွာ ဟမ့်ခနဲ ပြုလိုက်ပြီး “ အဲ့လို လုပ်တာနဲ့ပဲ ငါ့အပေါ် အလုပ်ဖြစ်မယ် ထင်နေရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဒီလိုနေရာနဲ့ ထိုက်တန်မှာတောင် မဟုတ်တော့ဘူး…”

“ ကျုပ် သတ္တုရိုင်းကို ရွှေနက် ကော်ပိုရေးရှင်း လက်ထဲကနေ တစ်ယောက်တည်း ယူလာခဲ့တယ်.. ဆိုလိုချင်တာ ကျုပ်ယူခဲ့တဲ့ ပစ္စည်းကို ကျုပ် ပြန်ယူနိုင်တယ်ဆိုတာပဲ…”

နှစ်ဖက်လုံးမှ ဖုန်းထဲတွင် အချိန်အကြာကြီး တိတ်ဆိတ်နေကြသည်။

မည်သူကမျှ စကားပြောဆိုခြင်း မရှိပါဘဲ ညင်သာသည့် အသက်ရှူသံမျှင်းမျှင်းကိုသာ ကြားနေရ၏။

တစ်မိနစ်ကျော် ကုန်လွန်သွားပြီးနောက် လုပေချိန်မှ “ ကျုံးဝေ့ တပ်ဖွဲ့မှာ စောင့်နေ… ငါ တစ်ယောက်ယောက်လွှတ်ပြီး လာပို့ခိုင်းလိုက်မယ်…”

“ ကျေးဇူးပါ အကြီးအကဲလု…”

…………………….

ရန်ကျင်း ၊ အထွေထွေ ဝန်ထမ်းရေးရာ ဌာန။

ဖုန်းချပြီးနောက် လုပေချိန် အတွင်းလိုင်းဖုန်းနံပါတ်ကို ခေါ်ဆို၍ တစ်စုံတစ်ယောက် စေလွှတ်ပြီး လင်းရီထံ ဘက်စ် နှစ်ကီလို ပို့ပေးရန် ပြောဆိုလိုက်သည်။

အရာအားလုံးကို ရှင်းပြရန်အတွက် သူ့အဖို့ ဆယ်မိနစ်မျှ အချိန်ပေးလိုက်ရလေသည်။

ပြီးနောက် သူ၏ ခရမ်းနက်ရောင် အကြမ်းအိုးကို ကိုင်၍ ထိုင်နေကြဖြစ်သည့် ကြိမ်ထိုင်ခုံထံ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

သူ၏ အိမ်က မသေး။ မီတာ တစ်ရာ စတုရန်း မီတာကျော် ကျယ်ဝန်းပြီး သုံးခန်း နှစ်ခန်းဖြစ်၏။

သူ၏ လက်ရှိ ရာထူး အဆင့်အတန်းဖြင့် ယခုထက် အဆပေါင်းများစွာ ကြီးကျယ်ခမ်းနားသည့် အိမ်ကြီးတွင် နေချင်ပါက နေလို့ရသည်။ သို့သော် သူမနေခဲ့။ ဘိုးကြီးဘွားကြီး နှစ်ယောက်တည်းသာ ရှိသည့် အတွက် အကယ်၍ အိမ်က ကြီးလွန်းနေလျှင်လည်း အထီးကျန်သည်ဟု ခံစားရသည်။ အခြားသော လူအိုကြီးများ နည်းတူ လုပေချိန်၏ အိမ်သည်လည်း အတိတ်၏ လွမ်းဆွေးဖွယ်ရာတို့ဖြင့် ပြည့်နှက်နေပါသည်။

ပရိဘောဂ ပစ္စည်းများက ဟောင်းနွမ်းပြီး အချိန်၏ တိုက်စားမှုဒဏ်ကို ခံထားရပါသော်လည်း သန့်ရှင်း သပ်ရပ်နေသည်။ အိမ်သို့ ရောက်လာသည်နှင့် ဟွာရှ၏ အစောပိုင်း နှစ်များမှ အငွေ့အသက်ကို ကောင်းမွန်စွာ ခံစားနိုင်သည်။

“ ရှင် လက်ဖက်ရည်တွေ မသောက်နဲ့တော့ … ဆေးသောက်ဖို့ အချိန်ကျပြီ…”

ပြောလိုက်သူက ငွေအိုရောင် ဆံနွယ်ဘက်သို့ ကူးသန်းနေပြီးဖြစ်သည့် အမယ်အိုကြီး တစ်ယောက်ပင်…။ သူမက သာမန် ကွက်ကျား ချည်ထည် အင်္ကျီကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်က အဝတ်စတစ်ခုကို ကိုင်၍ ကျန်တစ်ဖက်က ဆေးနှစ်လုံးကို ကိုင်ထားသည်။ သူမ ထိုအရာများအား လုပေချိန်ထံ ကမ်းပေးလိုက်၏။

အမယ်အိုကြီး၏ နာမည်မှာ စုန့်ယွီကျိန်း ဖြစ်ပြီး လုပေချိန်၏ ဇနီးသည်ပင်။ သူမသည်လည်း ကျုံးဝေ့ တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး လုပေချိန်လောက်တော့ မထူးချွန်ခဲ့ချေ။ သူမ မိသားစု၏ အကျိုးကို ရှေးရှု၍ တပ်ဖွဲ့မှ စောလျင်စွာ အနားယူခဲ့၏။

“ အိုးထဲ ကျန်တာလေး လက်စဖြတ်ပြီး သောက်လိုက်မယ်… ဒီလက်ဖက်ခြောက်က ဝူရီတောင်တန်းကနေ ထုတ်တဲ့ သဟုန်ပေါင်း လက်ဖက်ခြောက်ကွ.. တစ်နှစ်ကို ကီလိုနည်းနည်းတည်း ရတာရယ်… ဖြုန်းတီးလို့ နှမြောစရာကြီး..”

“ဒါဆိုလည်း မသောက်နဲ့… လက်ဖက်ခြောက်က ဆေးဓာတ်ပြယ်တယ်…” စုန့်ယွီကျိန်း ပြောလိုက်ပြီး “ လူကဖြင့် အသက်ခုနစ်ဆယ် ကျော်နေပြီကို ကိုယ့်ကိုယ်ကို ငယ်တယ်များ မှတ်နေလားမသိဘူး.. ရှင့်မျက်စိထဲ ရှင့်ရောဂါနဲ့ အဲ့လက်ဖက်ခြောက် ဘယ်ဟာက အရေးကြီးလဲ မခွဲခြားတတ်ဘူးလား…”

“ ဘွားကြီး.. မင်းကလည်း အမြင်တိမ်လိုက်တာ… ဒီ ဆေးလုံးတွေက ငါ့ သဟုန်ပေါင်းနဲ့ ယှဉ်နိုင်မှာလား… ဆေးဆိုတာ နောက်မှ အေးဆေးသောက်လည်း ရတယ်..”

“ အဲ့ဒီ ရှင့်ရဲ့ အမြင်မရှိတဲ့ ကျွန်မကပဲ ရှင့်အတွက် သားတစ်ယောက် သမီးတစ်ယောက် မွေးပေးခဲ့တယ်လေ…. အပိုတွေ လာမပြောနဲ့ … ဆေးမသောက်ရင် ရှင့်မြေးမကို ဖုန်းဆက်လိုက်တော့မယ်…”

“ အေးပါ အေးပါ.. ခုသောက်လိုက်ပါ့မယ်…”

လုပေချိန် အကြမ်းအိုးကို ချ၍ မသောက်ချင် သောက်ချင်နှင့် ဆေးကို မော့လိုက်ရတော့၏။ ထို့နောက် သူ၏ ကြိမ်ထိုင်ခုံထံ ပြန်သွားထိုင်နေလိုက်သည်။ လက်ထဲတွင် အကြမ်းအိုးကို ကိုင်ထားရင်း မျက်လုံးကို မှိတ်လျက် ပေကျင်း အော်ပရာပြဇာတ်ကို နားဆင်နေသည်။

စုန့်ယွီကျိန်း စားပွဲကို အဝတ်စဖြင့် ဖုန်များ သုတ်နေပြီး “ စောနတုန်းက ကျွန်မ ဖုန်းကိုင်တော့ ဖုန်းဆက်လာတဲ့သူက လင်းရီလို့ ပြောတယ်နော်…”

All Chapters