မင်းဘာတွေ ပြောနေတာလဲ
Vol. 81 Ch. 1214
သူတို့ သေနတ်သံ တစ်သံကို ကြားလိုက်ကြရ၏။
လင်းရီနှင့် လျန်ကျင်းမင်တို့ နှစ်ယောက်လုံး ကြက်သေသေသွားကြလေသည်။
သူတို့ အယ်လက်ဆာကို တစ်ဖန်ပြန်ကြည့်လိုက်တော့ သူမ နဖူးထက်တွင် သွေးများ စီးကျနေပြီး ကျည်ပေါက်ရာတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရ၏။
သူမ၏ ကိုယ်က နောက်သို့ ချက်ချင်း လှန်ကျသွားခဲ့တော့သည်။
လင်းရီ မသိစိတ်မှ နောက်လှည့်ကြည့်လိုက်တော့ ဟွန်ဒါ အက်ကော့၏ ကားပြတင်းပေါက်မှ တစ်ဆင့် တစ်စုံတစ်ယောက်မှာ အနက်ရောင် သေနတ်တစ်လက်အား ချိန်ထားသည်ကို မြင်တွေ့လိုက်ရသည်။
“ သူတို့ပဲ…”
လင်းရီ အံ့အားသင့်စွာဖြင့် မျက်လုံး ပြူးကျယ်မိသွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် ကားမောင်းနေသူက ချိုးယွီလော့ဖြစ်ပြီး ပစ်လိုက်သည့်သူက နင်ချဲ့ ဖြစ်နေသောကြောင့် ဖြစ်လေသည်။
‘ ဒီနှစ်ယောက်က ဘာလို့ ဒီရောက်နေတာပါလိမ့်..’
အယ်လက်ဆာကို ကိုင်တွယ်ပြီးနောက် ချိုးယွီလော့ ကားကို မောင်းချလာပြီး လျန်ကျင်းမင်သည်လည်း သူမတို့ နှစ်ယောက်ကို မြင်တွေ့သွားခဲ့လေသည်။
သူ ချက်ချင်းဆိုသလို ရှော့ခ်ရသွားခဲ့တော့၏။
“ လင်း - လင်းကြီး… ဒါ … သူတို့က ငါတို့နဲ့ ရေပူစမ်း အတူသွားခဲ့ကြတဲ့ နှစ်ယောက်မလား…”
“ ဟုတ်တယ်လေ… မင်း သူတို့ကိုတော့ မမေ့သေးဘူးမလား…”
လျန်ကျင်းမင် ကျောစိမ့်သွားခဲ့၏။ သူမတို့ နှစ်ယောက်က ခါး သေးသေးသွယ်သွယ်နှင့် လှပသည့် မိန်းကလေး နှစ်ယောက် ဖြစ်သော်လည်းပဲ သေနတ်နှင့် မည်သို့ လူသတ်ရမလဲဆိုတာကို သိနေကြသည်လော။
ချီးတဲ့မှ ဒါ ဘယ်လိုသောက်ကျိုးနည်း စပရိုက်ကြီးလဲ…
“ ဘယ်လိုလဲ… ငါတို့ ရောက်လာတာ အချိန်ကိုက်ပဲနော် ..” နင်ချဲ့ ကားတံခါးဖွင့်ရင်းဖြင့် ပြုံးလျက် ပြောလိုက်လေသည်။
“ မင်းတို့တွေ ဒီ ဘယ်လိုလုပ်ပြီး ရောက်လာခဲ့ကြတာလဲ…”
“ နင်ထွက်သွားပြီးတော့ ဘော့စ်လျို ငါတို့ကို နင့်နောက် လိုက်ပြီး ကူညီပေးဖို့ အမိန့်ပေးခဲ့တယ်လေ…. ဒါကြောင့်မို့ ငါတို့လည်း နင့်နောက် တိတ်တိတ်လေး လိုက်လာခဲ့လိုက်တာ…” နင်ချဲ့ သူမ၏ ဆံပင်ကို သပ်လျက် ပြောလိုက်ပြီး “ အဲ့နောက် ငါတို့ တရားဝင် သဘောတူညီချက် အောက်မှာပဲ ဂျပန်က အရာရှိတွေနဲ့ ပူးပေါင်းပြီး လေဆိပ်က ကင်မရာတွေကို လိုက်စစ်ဆေး… နင် ငှားသွားခဲ့တဲ့ ကား ကုမ္ပဏီရဲ့ GPS ကနေ တစ်ဆင့် နင့်ကို ရှာတွေ့သွားခဲ့တာပဲလေ…”
“ အထင်ကြီးလောက်စရာပဲ…”
“ ကျုံးဝေ့ တပ်ဖွဲ့ကို အထင် မသေးစမ်းပါနဲ့… ငါတို့မှာ နင် အံ့အားသင့်သွားမယ့် နည်းပညာတွေ အများကြီး ရှိသေးတုန်းပဲ…”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ… ငါမင်းတို့ကောင်တွေကို အထင်မသေးပါဘူး ဟုတ်ပြီလား…”
“ ကောင်းပြီ… ခု စကားပြောနေတာတွေ တော်လိုက်ကြတော့… ခုနောက် ဘာလဲဆက်လုပ်ကြမှာ..” ချိုးယွီလော့ မေးမြန်းလိုက်လေသည်။
“ အရင်ဆုံး ငါ့ကောင်ကြီးကို လေဆိပ် အရင်ပို့ကြမယ်… ပြီးရင် ငါ တချို့ ကိစ္စလေးတွေ ကိုင်တွယ်စရာ ရှိသေးတယ်….”
“ ကောင်းပြီ… သွားကြစို့…”
နင်ချဲ့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး “ ခုကစပြီးတော့ ငါတို့သွားမယ့် လမ်းမှာ အန္တရာယ်ရှိလာပြီဆိုတော့ တို့တွေလည်း ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားသင့်တယ်…”
“ ပြင်ဆင်ရမယ်… ဟုတ်လား…”
နင်ချဲ့ ကားနောက်ဖုံးသို့ လျှောက်လှမ်းသွားပြီး ကျည်ကာ ဝတ်စုံ သုံးလေးစုံခန့် ထုတ်ယူလာခဲ့လေသည်။ “ ဒါ ဝတ်ထားလိုက်… တကယ်လို့ တစ်ယောက်ယောက်က နင့်ကို သေနတ်နဲ့ ပစ်ခဲ့သည် ရှိသော် နင် နည်းနည်းတော့ ခံသာတာပေါ့… “
ကျည်ကာဝတ်စုံအပြင် နင်ချဲ့ ထန်ဓား သုံးလက်ကိုလည်း ထုတ်လာခဲ့သေး၏။
“ နင် ဒါတွေ ကိုင်တတ်တယ်မလား…” နင်ချဲ့ မေးမြန်းလိုက်ပြီး “ နင့်စကေးနဲ့သာဆိုရင် ဂေါ်ဖီထုပ် ခုတ်သလိုပဲ နေမှာ…”
“ တစ်ခါမှတော့ မသုံးဖူးဘူး… ဒါပေမယ့် ကြိုးစားကြည့်တာပေါ့…”
“ ဒါဆိုလည်း ယူလိုက်…”
“ ဒါနဲ့ မင်း ဒါတွေ ဘယ်ကနေ ရလာခဲ့တာ…”
“ သံရုံးက ကူညီပေးတာလေ… ငါတို့ လေယာဉ်ပေါ်ကဆင်းတာနဲ့ ချက်ချင်း သွားယူလာခဲ့တာ.. မဟုတ်ရင် ဒီကို အဲ့လောက် အမြန်ကြီး ရောက်လာနိုင်မှာတောင် မဟုတ်ဘူး…”
“ မင်းတို့ကောင်တွေ တော်တော်ကြီး ပြင်ဆင်ခဲ့ကြတာပဲ…”
“ နင် ထင်နေတာ မာစတာလုက ဟွာရှမှာ နာမည် သပ်သပ်ပဲ ရှိတယ်များ ထင်နေတာလား… သူ အမိန့်ပေးလိုက်ရင် ဘယ်သူက မနာခံရဲလဲ…”
“ အဲ့ အဘိုးကြီးကလည်း တော်တော်လေး အထင်ကြီးလောက်စရာပဲ….”
ဓားအပြင် နင်ချဲ့ သေနတ် သုံးလက်ကိုပါ ယူဆောင်လာခဲ့၏။ ယခုလို အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် မိမိကိုယ်ကို ကာကွယ်ဖို့ လိုအပ်လေသည်။
သုံးယောက်သား သေနတ်များကို ဖြုတ်တပ် ပြုနေသည်ကို မြင်တော့ လျန်ကျင်းမင် ချွေးပျံသွားခဲ့သည်။
ဒီသုံးကောင်က ဘာတွေလားဟ…
သေနတ်တွေ ၊ ဓားတွေနဲ့ .. ဒါ ငြိမ်းချမ်းတဲ့ လူအဖွဲ့အစည်းကြီးမှာ လက်လွတ်စပယ် သုံးသင့်တဲ့ ပစ္စည်းတွေလား…
“ လုပ် … လာခဲ့… ကားထဲဝင်… လေဆိပ် အရင်ဆုံး သွားကြမယ်… ငါတို့ ဒီကောင့်ကို အဲ့အရင်ပို့ကြမယ်…”
အခြားသော မတော်တဆ ဖြစ်ပွားမှုများမှ ကာကွယ်ရန်အတွက် လျန်ကျင်းမင်၏ ဘေးကင်းလုံခြုံမှုသည် လင်းရီအတွက် အရေးကြီးဆုံး ဖြစ်သည်။
ထို့ကြောင့် သကောင့်သားကို သူ လေဆိပ်သို့ ကိုယ်တိုင် လိုက်ပို့ပေးမည် ဖြစ်၏။
ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ ... သူမတို့တွင် ထွေထူးတိကျသည့် အစီအစဉ်များ ရှိမထားချေ။ သူမတို့ နောက်ဆက်လုပ်မည့် အရာက လင်းရီ အပေါ်တွင် မူတည်နေသဖြင့် သူမတို့ ထိုကောင်၏ ဦးဆောင်မှုနောက် လိုက်ရုံသာ ရှိလေသည်။
ပိုပြီး စိတ်ချရစေရန်အတွက် လေးယောက်သား သံရုံးမှ ပြင်ဆင်ပေးလိုက်သည့် ဟွန်ဒါ အက်ကော့ထဲ ၀င်လာခဲ့ကြသည်။ လျန်ကျင်းမင်၏ အမူအရာမှာတော့ ယခုထိတိုင် ကောင်းမွန်လို့ မလာသေးချေ။
" နင် ဘာဖြစ်နေတာလဲ... နင့်ကြည့်ရတာ တအားကြီး ထိတ်လန့်နေသလိုပဲနော်... " နင်ချဲ့ ပြုံးလိုက်ပြီး " ဘာပဲဆိုဆို နင်က လျန်မိသားစုရဲ့ အကြီးဆုံး သခင်လေးကို နင် ဒီလို ပြုမူနေတာက ဂုဏ်သရေ ညှိုးနွမ်းစရာပဲ... "
" မင်းတို့ကောင်တွေက သေနတ်တွေ ဓားတွေနဲ့လေ... ဒီလို မြင်ကွင်းကို အနီးကပ် မြင်ရတဲ့ ဘယ်သူမဆို ထိတ်လန့်မိမှာပဲ မဟုတ်ဘူးလား... "
လျန်ကျင်းမင် မလှမ်းမကမ်းရှိ အယ်လက်ဆာ၏ အလောင်းကို လက်ညိုးညွှန်ပြလိုက်ပြီး " ပြီးတော့ မင်းက သူ့ကို ပစ်သတ်ခဲ့တာနော်... ငါက ဒီတိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးပါ ဟုတ်ပြီလား.. ငါ ဒီလိုကိစ္စတွေနဲ့ လက်ပွန်းတသီး နေနေရတဲ့ကောင်မှ မဟုတ်တာ... "
" ဘာပဲပြောပြောလေ.. ငါတို့တွေ အကုန်လုံးက အထက်တန်းလွှာ အသိုင်းအဝိုင်းက လူတွေကိုပဲ နင်လည်း ဒီလူ့အဖွဲ့အစည်းကြီးက သန့်ရှင်းမှု မရှိဘူးဆိုတာ သိပြီးသားပဲမလား... "
နင်ချဲ့ သူမ၏ ဆံပင်ကို မြင်းမြီး သဏ္ဌာန် ချည်၍ " ပြီးတော့ ငါတို့တွေက ဒီနေရာမှာ အထူးပြု ကျွမ်းကျင်ကြတဲ့သူတွေလေ.. သိပ်ပြီးလည်း အံ့အားသင့်သွားမနေပါနဲ့... "
ဟုတ်ပေသည်။ ဤ လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး မည်သို့မည်ပုံ ရှိသည်ကို လျန်ကျင်းမင် မသိမဟုတ် သိသည်။ သို့သော် လူသတ် မီးရှို့သည့် ကိစ္စများကတော့ သူ့ကို နောက်လယ်ဗယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီ ဖြစ်၏။ ဤသည်က သူ၏ ပထမဆုံးအကြိမ် ယခုလို မြင်ကွင်းမျိုးကို မြင်ဖူးခြင်းပင်။ ထို့ကြောင့် သူ့အတွက် ဖြစ်ကြောင်းဖြစ်စဉ် အတုံးလိုက် အတစ်လိုက်ကြီးအား ကြေညက်အောင် အချိန်ပေးရန် လိုအပ်လေသည်။
" ဒါနဲ့ ငါတစ်ခု သိချင်တာ မင်းတို့တွေ အကုန်လုံးက ဘီလီယမ်နာ သခင်မလေးတွေပါ .. ညီကိုလင်းလောက် မကြွယ်၀ဘူးဆိုပေမယ့် ဟွာရှမှာ နာမည်ကြီးတဲ့ သူတွေလို့ သတ်မှတ်လို့ ရတယ်... နောက်ပြီး မင်းတို့က မိန်းမလှလေးတွေ... ဘာလို့ ဒီလိုအရာမျိုးတွေ လုပ်နေကြတာ... "
" နင့် အစ်ကိုကြီးလင်းကို မေးလှည့်.. သူက ငါတို့ထက် ပိုတော်တယ်... "နင်ချဲ့ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
" ငါ့ နာမည် တစ်လုံး ဖန်တီးပြီးရင် ငါပိုပြီးတော့ ဟိတ်ဟန်၀င့်ကြွားလို့ရပြီလေ.. ဒါ ငါ အတွေးပဲ... "
" အာ.... "
လျန်ကျင်းမင် ခေတ္တ တိတ်ဆိတ်သွားခဲ့ပြီး " ညီကိုလင်းက မိမိုက်သလိုလုပ်ရတာ ကြိုက်တယ်ဆိုတော့ ထားပါတော့... ဒါပေမယ့် မင်းတို့ နှစ်ယောက်က တကယ်ကြီး.... "
" သပတွေ လာပြောနေတာလား..."
နင်ချဲ့ လျန်ကျင်းမင်ကို ဂွက်ကနဲ ခေါင်းခေါက်လိုက်ပြီး " ငါနင်တို့ကို ဆက်သည်းမခံနိုင်တော့ဘူး... နင်တို့ ချမ်းသာတဲ့ သူဌေးသားတွေက ပေါက်တတ်ကရ လျှောက်ပြောဖို့လောက် သိတဲ့ကောင်တွေ... သောက်ရှက်လည်း မရှိကြဘူး... "
" ဒါ ဘာမှ မဟုတ်သေးဘူး... " လျန်ကျင်းမင် ပြောလိုက်ပြီး " ငါ မင်းတို့ကို နောက်ကျ ရာ၀မ်းကျွန်းက ရွက်လှေပြပွဲ လိုက်ပြပေးမယ်... အရှက်မရှိတာက ဘာလဲဆိုတာ မြင်အောင် ပြပေးမယ်... "
" ရာ၀မ်းကျွန်း ရွက်လှေပြပွဲ ဟုတ်လား... " နင်ချဲ့ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့ပြီး " ကြည့်ရသလောက်တော့ စိတ်လှုပ်ရှားစရာ ကောင်းမယ့်ပုံပဲ... အိုကေ.. နောက်နှစ်... အတည်ဖြစ်ပြီနော်... "
" ဒါပေါ့... "
ဂျောက် ဂျောက် ဂျက် ..
ဘွန်း ဘွန်း ဘွန်း ...
လင်းရီ ပြင်ဆင်ပြီးလို့ လေဆိပ်သို့ မောင်းတော့မည့် အချိန်တွင်ပဲ ကျယ်လောင်သည့် အင်ဂျင်သံ အတွဲလိုက်ကြီးအား ကြားလိုက်ရလေသည်။
ဤတစ်ကြိမ်တွင်တော့ ယခင်ကနှင့်မတူ။ လင်းရီ နားရွက်များ လှုပ်ခတ်သွားပြီး သေချာ ဂရုတစိုက်နှင့် နားစွင့်ကြည့်လိုက်တော့ အနည်းဆုံး ကားလေးငါးစင်းခန့် ရှိမည်ဟု လင်းရီ စိတ်ထဲ ခန့်မှန်းလိုက်သည်။
မသိစိတ်အလျောက် လင်းရီနှင့် ကျန်နှစ်ယောက်တို့ ရင်ခုန်နှုန်းတို့ မြန်ဆန်လာခဲ့ကြ၏။ ဤသည်က ကောင်းသည့် လက္ခဏာတော့ မဟုတ်ချေ။
သုံးယောက်သား ဓားများကို လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ပတ်၀န်းကျင်ကို သတိချပ်၍ စူးစမ်းလိုက်ကြ၏။
ထို့နောက် မျက်စိကန်းမတတ် တောက်ပနေသည့် အလင်းတန်းများ သူ၏ လားရာဘက်ဘက်မှ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ချက်ချင်းဆိုသလို မတူညီသည့် ဟွန်ဒါ မော်ဒယ် လေးစင်းမှ သူတို့ အနား ဝိုင်းရံလာခဲ့ကြသည်။ ထို့နောက် လူဆယ်ယောက်ကျော်မှာ ကားများထဲမှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာခဲ့ကြ၏။ အကုန်လုံးက လက်နက်ကိရိယာများ ကိုယ်စီ ကိုင်ဆောင်ထားပြီး လင်းရီကို စူးရဲစွာ စိုက်ကြည့်နေခဲ့ကြသည်။
ခေါင်းဆောင်လာသည့် သူက ခန်းဂျိ တာခါယာမ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် သူက ဂျပန်ခန်ထားကို ကိုင်ဆောင်ထားလျက် မနီးမဝေးတွင် ရှိသော နတ္ထိဇီ၀ကဖြစ်နေသည့် အယ်လက်ဆာကို လှမ်းကြည့်လိုက်သည်။
သူ့ရင်ထဲ ခံစားချက် လှိုင်းတံပိုးတို့ ကသောင်းကနင်း ဖြစ်ပေါ်လာခဲ့သည်။ သူ အနည်းငယ်မျှသာ နောက်ကျပြီး ရောက်လာခဲ့သော်လည်းပဲ လင်းရီက ဤမျှ မြန်ဆန်နေလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ပါချေ။
ယခု ပြဿနာက ကိုင်တွယ်ရ ခက်ချေပြီ။
သို့သော် ထိုအခိုက်အတန့်တွင် သူ့တွင် လွတ်လမ်း မရှိတော့။
လင်းရီ ရှေ့တူရှုသို့ ကြည့်နေလျက် ထိုင်ခုံခါးပတ်ကို ဂရုတစိုက်နှင့် ဖြုတ်လိုက်၏။
" မင်း ကားထဲမှာ ပုန်းနေ.. ငါတို့ သုံးယောက် အပြင်တစ်ချက် သွားစုံစမ်းလိုက်ဦးမယ်... "
" မပူနဲ့ ညီကိုလင်း.. မင်း ငါ့ သတိပေးစရာ မလိုဘူး... ငါ့ကိုယ်ငါ ပုန်းထားပြီးပြီ... " လျန်ကျင်းမင် ရှေ့နှင့်နောက် ခုံကြားတွင် ၀ပ်နေလျက် အသံထွက်လာသည်။
" ငါ -ိုး... “